နိုင်ငံတော်၏ ဘယ်လက်ရုံးများ (ဆောင်းပါး)
![](/img/icon_eye.svg)
1612
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/6666a850121fba31d729c506/banner-6666a850121fba31d729c506-x800.jpg)
ဖြိုးဝေလင်း (ပုသိမ်)(NP News) - ဇွန် ၁၂
“ လက်ရုံး ” ဟူသော ဝေါဟာရကို မြန်မာ အဘိဓာန်တွင် “ အားကိုးအားထားပြုလောက်သူ ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ မိမိ၏ကိုယ်ပွားတမျှ အားကိုးအားထားရသူများကို ဘယ်လက်ရုံး၊ ညာလက်ရုံး ဟူ၍တင်စားခေါ်ဝေါ်ကြသည်။ နိုင်ငံတစ်ခုအနေဖြင့်ကြည့်သော် ပြည်တွင်း အင်အားသည် တိုင်းပြည်၏ ညာလက်ရုံးဖြစ်ပြီး ပြည်ပရောက်သွေးချင်းများကို ဘယ်လက်ရုံးဟု သတ်မှတ်နိုင်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်ပရောက် နိုင်ငံသားများသည် ၎င်းတို့၏ အမိနိုင်ငံအား ကဏ္ဍပေါင်း စုံမှ ပံ့ပိုးကူညီလျက်ရှိသည်။ သိသာထင်ရှားသော ပံ့ပိုးကူညီမှုများမှာ ငွေလွှဲပေးပို့ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း ကဲ့သို့သော စီးပွားရေးဆိုင်ရာပံ့ပိုးကူညီမှု၊ သိပ္ပံနှင့် နည်းပညာ၊ ကျွမ်းကျင်မှု ကဲ့သို့သော ပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု၊ သက်ဆိုင်ရာနိုင်ငံများတွင် ဇာတိမြေ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား တို့ကိုဖြန့် ဝေခြင်းကဲ့သို့သော လူမှုရေးဆိုင်ရာပံ့ပိုးကူညီမှု၊ တွန်းအားပေးခြင်း၊ စည်းရုံးခြင်း၊ ကိုယ်စားပြုခြင်း ကဲ့သို့သော နိုင်ငံရေးဆိုင်ရာပံ့ပိုးကူညီမှုတို့ဖြစ်သည်။
ကုလသမဂ္ဂလက်အောက်ရှိ International Organization for Migration (IOM) \ World Migration Report, 2024 အရ အိန္ဒိယ နိုင်ငံသည် ရွှေ့ပြောင်းနေထိုင်သူ ဦးရေ ၁၈ သန်းခန့်ဖြင့် ကမ္ဘာပေါ်တွင် ပြည်ပရောက်နိုင်ငံသားအများဆုံး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ ထို့နောက်တွင် ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၂ သန်းခန့်ဖြင့် မက္ကဆီကိုနိုင်ငံမှ ဒုတိယလိုက်သည်။ တတိယနေရာတွင် ရုရှားနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၁ သန်းခန့် ဖြင့် ရပ်တည်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ၁၀ သန်းခန့်ဖြင့် စတုတ္ထ နေရာတွင်ရပ်တည်လျက်ရှိသည်။ ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံသား ၁.၆ သန်းခန့်သည် ပြည်ပတွင် ရောက်ရှိနေကြောင်း တွေ့ ရသည်။ လက်ရှိအချိန်တွင် ၃ သန်း ခန့်ရှိသည်ဟု UN စာရင်းများတွင်ဖော်ပြထားသည်။ ၎င်းတို့အထဲ တွင် နိုင်ငံသားမဟုတ်သူ ဘင်္ဂါလီများပါဝင်သည်ကို သတိချပ်ရမည်။ ပြည်ပရောက်နိုင်ငံသားများ၏ ၆၇ % သည် ထိုင်းနိုင်ငံ၊ ၁၄ % သည် မလေးရှားနိုင်ငံ၊ ၆.၇ % သည် တရုတ်နိုင်ငံ၊ ၄.၅ % သည် စင်ကာပူ နိုင်ငံ၊ ၂% သည် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံအချို့တွင် ၅.၈% ခန့်ရှိကြောင်း ၂၀၁၉ ကြားဖြတ် သန်းခေါင်းစာရင်းတွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့တွင် ထုတ်ပြန်သည့် အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာန၏ စာရင်းဇယားများအရ ပြည်ပရောက် နိုင်ငံသားများမှ ပြည်တွင်းသို့ ၂၀၂၃ ခုနှစ် (၈)လတာ ကာလအတွင်း လွှဲပို့ငွေ အမေရိကန်ဒေါ်လာ (၁ ဒသမ ၅)ဘီလျံကျော် ရှိကြောင်းသိရသည်။ ထို့အတူ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၁၃ သန်းကျော် ရှိခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ပြည်ပရောက်နိုင်ငံသားများထံမှ လွှဲပို့ငွေ ၁ နှစ်လျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၂ ဘီလျံခန့် ရှိမည်ဟု ခန့်မှန်းရသည်။
နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာသော ပြည်ပရောက် မြန်မာနိုင်ငံသားပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားအင်အားပမာဏကို တိကျစွာမသိရသော်လည်း လွန်စွာနည်းပါးမည်ဟု သုံးသပ် ရပါသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားတို့သည် အမိမြေအပေါ် နိုင်ငံရေး ဆိုင်ရာပံ့ပိုးကူညီမှုများလည်း ရှိသလို တားဆီးပိတ်ပင်မှုများလည်းရှိသည်ကို တွေ့ရပါသည်။ ခြုံငုံသုံးသပ်ရလျှင် မိမိတို့နိုင်ငံ၏ ဘယ်လက်ရုံး ဖြစ်သော ပြည်ပ ရောက်နိုင်ငံသားများထံမှ ပံ့ပိုးကူညီမှုများသည် ရသင့်သလောက် မရနိုင်သေးသည်ကို တွေ့ရသည်။
နိုင်ငံတော်၏ ဘယ်လက်ရုံးပမာ အားထားရမည့် အဝေးရောက်သားချင်းများထံမှ ပံ့ပိုးကူညီမှုများ ပိုမိုရရှိနိုင်ရန်အတွက် ၎င်းတို့ နှင့် အမိမြေအကြား စိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုကိုပြုစုပျိုးထောင်ရန်နှင့် ပိုမိုခိုင်မာစေရန်အတွက် နည်းလမ်းပေါင်းစုံ ကြိုးပမ်းရမည်။ ထိုသို့ ဆောင်ရွက်ရာတွင် အကြမ်းဖျင်းအား ဖြင့် နည်းလမ်း ၄ ခု ဖြင့်ဆောင်ရွက်သင့်သည်။
၁။ အုပ်ချုပ်ရေးဆိုင်ရာပံ့ပိုးကူညီမှု
၂။ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနှင့်တွေ့ဆုံမှုများ
၃။ လူမှုအသိုင်းအဝိုင်း
၄။ အသိအမှတ်ပြုခြင်းနှင့် ပါဝင်မှု
၁။ အုပ်ချုပ်ရေးဆိုင်ရာပံ့ပိုးကူညီမှု
နိုင်ငံအချို့သည် မိမိတို့၏ ပြည်ပရောက် နိုင်ငံသားရေးရာကိစ္စများကိုဆောင်ရွက်ရာတွင် ဝန် ကြီးဌာနအဆင့်၊ ဝန်ကြီးဌာနခွဲအဆင့်၊ အမျိုးသား အဆင့်အဖွဲ့အစည်းအဆင့် စသဖြင့်ထားရှိပြီး စီမံ ဆောင်ရွက်ကြသည်။ ဥပမာအားဖြင့် အစ္စရေးနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ဝန်ကြီး ဌာနထားရှိ၍ လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ ဂရိနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့တွင် ဝန်ကြီး ဌာနခွဲများထားရှိ၍ လည်းကောင်း၊ တရုတ်နိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံတို့တွင် အမျိုးသားအဆင့်အဖွဲ့အစည်းများထားရှိ၍ လည်းကောင်း စီမံဆောင်ရွက်လျက်ရှိသည်။
ထို ဝန်ကြီးဌာန၊ ဝန်ကြီးဌာနခွဲနှင့် အမျိုးသားအဆင့်အဖွဲ့အစည်းတို့သည် မိမိတို့၏ ပြည်ပ ရောက်နိုင်ငံသားများ၏ အချက်အလက်များကို နှစ်စဉ်ရယူပြီး သုံးသပ်ချက်များနှင့် မူဝါဒဆိုင်ရာ အကြံ ပြုချက်များကို ရေးသား၍ သက်ဆိုင်ရာအစိုးရထံ တင်ပြကြသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ခြင်းမရှိသည့် နိုင်ငံများအနေဖြင့် သံရုံးများမှ စီမံဆောင်ရွက်ကြသည်။
အစီရင်ခံတင်ပြရာတွင် အကြမ်းဖျင်းအားဖြင့်
(က) လူဦးရေဆိုင်ရာအချက်အလက်များ (အသက်၊ ကျား၊မ၊ ပညာရေးအဆင့်၊ အလုပ်အကိုင်၊ ဖြန့်ခွဲနေ ထိုင်မှု စသဖြင့်)
(ခ) စီးပွားရေးဆိုင်ရာအချက်အလက်များ (စီးပွားရေးအခြေအနေ၊ ငွေလွှဲပို့မှု၊ ဇာတိမြေတွင် ရင်းနှီးမြှုပ် နှံမှု၊ ရင်းနှီးမြှုပ်နှံသူဖြစ်လာနိုင်သောအနေအထား စသဖြင့်)
(ဂ) လူမှုရေးဆိုင်ရာအချက်အလက်များ (အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ ဇာတိမြေအကျိုးသယ်ပိုးမှု စသဖြင့်)
(ဃ) နိုင်ငံရေးဆိုင်ရာအချက်အလက်များ (ဒေသန္တရအစိုးရအပေါ်လွှမ်းမိုးမှုအနေအထား၊ သက်ဆိုင်ရာနိုင်ငံတွင်အစိုးရတာဝန်ထမ်းဆောင်မှု၊ တည်ဆဲ အစိုးရအပေါ်သဘောထား စသဖြင့်) တို့ပါဝင်သည်။
ထို့ပြင် အခြားသော အုပ်ချုပ်ရေးဆိုင်ရာပံ့ပိုးကူညီမှုများအဖြစ် ပြည်ပရောက် နိုင်ငံသားများတွင် တွေ့ကြုံနိုင်သော စီးပွားရေး/ လူမှုရေး/ ဥပဒေရေး ပြဿနာများအတွက် လိုအပ်သည့် consultancy များတည်ထောင်ပေးခြင်း၊ နိုင်ငံတော် အစိုးရမှ ကမကထပြု၍ စီးပွားရေး၊ လူမှုရေး အသင်း အဖွဲ့များ တည်ထောင်ပေးခြင်း (ဥပမာ-စင်ကာပူရောက်မြန်မာလုပ်ငန်းရှင်များအသင်း၊ ထိုင်းနိုင်ငံရောက် ကုန်သည်ကြီးများအသင်းတို့အတွက် ရုံး အဆောက်အအုံနေရာ တာဝန်ခံငှားရမ်းပေးခြင်း)၊ အခြား နိုင်ငံသားအဖြစ်ခံယူပြီးသူများ သို့မဟုတ် ၎င်းတို့နွယ်ဖွား များမှ မူရင်းနိုင်ငံသားအဖြစ် ပြန်လည် ခံယူနိုင်ရန် လွယ်ကူသောလုပ်ငန်းစဉ်ထားရှိခြင်း(ဥပမာ - အခြား နိုင်ငံသားကဒ်ကိုင်ဆောင်ထားသူကို မိမိနိုင်ငံသားလျှောက်ထားဆဲကဒ် ကိုင်ဆောင်ခွင့်ပြု ခြင်း)၊ အဝေးရောက်နိုင်ငံသားများ၏ ဇာတိမြေ ရင်းနှီးမြှုပ်နှံမှုအပေါ် အခွင့်အလမ်းများနှင့် ဖြေလျှော့မှုများထားရှိခြင်း (ဥပမာ-အိန္ဒိယ၊ အစ္စရေး၊ နိုင်ဂျီးရီး ယားနိုင်ငံများတွင် ပြည်ပရောက်နိုင်ငံသားများတွက် Diaspora Bonds ရောင်းချရာတွင် အောင်မြင်မှု များရှိသည်ကို လေ့လာနိုင်သည်။လူ့သဘောသဘာဝအရ လူတို့သည် မိမိ တို့အသိုက်အမြုံအိမ်ကို သံဃောဇဉ်ရှိတတ်သည် ဖြစ်ရာ ပြည်တွင်း၌ ပြည်ပရောက်နိုင်ငံသားများအတွက် သီးသန့်ဖော်ဆောင် ထားသော မြို့ပြစီမံကိန်း များ(ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကဲ့သို့) ဆောင်ရွက်နိုင်သည်။) ပြည်ပရောက် နိုင်ငံသားများ၏ ကျွမ်းကျင်မှု နှင့် ပညာရည်မြှင့်တင်ပေးခြင်း (ဥပမာ-မိခင်နိုင်ငံ အတွင်းရှိ တက္ကသိုလ် များတွင် Online စနစ်ဖြင့် ဘွဲ့ ရရှိသည်အထိတက်ရောက်၍ လက်တွေ့လုပ်ငန်းခွင်အတွက် အထောက် အကူပြု ဘွဲ့များ၊ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခြင်း)တို့ဆောင်ရွက်နိုင်ပါသည်။
၂။ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနှင့်တွေ့ဆုံမှုများ
နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များသည် ပြည်ပ နိုင်ငံများသို့ ရောက်ရှိသည့်အခါ ထိုနိုင်ငံများရှိ ပြည်ပ ရောက်နိုင်ငံသားများ နှင့် လုပ်ငန်းသဘော သို့မဟုတ် အလွတ်သဘောတွေ့ဆုံခြင်းသည် နိုင်ငံတော် အစိုးရ နှင့် ပြည်ပရောက်နိုင်ငံသားများအကြား နွေးထွေးသောရင်းနှီးမှုကိုရရှိစေပြီး ရလဒ်ကောင်းများ ဖော်ဆောင်လာနိုင်မည်ဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ သည် ပြည်ပရောက်နိုင်ငံသားများ နှင့် တွေ့ဆုံမှု အများဆုံးနိုင်ငံ့ခေါင်းဆောင် ၁ ဦးဖြစ်သည်။
၃။ လူမှုအသိုင်းအဝိုင်း
ပြည်ပရောက်နိုင်ငံသားများ စုဝေးရာ (Community Center) များဖန်တီး၍ စုပေါင်းပရဟိတ ဆောင်ရွက်ခြင်း၊ ဘာသာရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ ပွဲလမ်းသဘင်များ၊ နေ့ထူးနေ့မြတ်များကျင်းပခြင်း တို့သည် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် မျိုးချစ်စိတ်ကိုထိန်းသိမ်းရာ ရောက်ပါသည်။ သက်ဆိုင်ရာသံရုံးမှ မိခင်ဘာ သာစကားသင်ကြားပေးခြင်း၊ ရိုးရာ အစားအစာချက်ပြုတ်မှု သင်ကြားပေးသည့်အစီအစဉ်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခက်အခဲဖြစ်နေသော ပြည်ပရောက်နိုင်ငံသားများအား ပံ့ပိုးကူညီခြင်း တို့သည် ပြည်ပ နှင့် ပြည်တွင်းနိုင်ငံသားများအကြား နွေးထွေးသောရပ်ဝန်းတစ်ခုကို တည်ဆောက်ပေး ခြင်းဖြစ်သည်။
သံရုံးများသည် ပြည်ပရောက်နိုင်ငံသားများကို ပံ့ပိုးကူညီရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ပြည်ပနိုင်ငံတစ်ခုရှိ မိမိနိုင်ငံသား လူမှုအသိုင်းအဝိုင်းအားကောင်းခြင်း၊ အားနည်းခြင်း သည် ထိုနိုင်ငံရှိ သံရုံး၏ လုပ်ကိုင်နိုင်စွမ်းပေါ် မူတည်သည်။
၄။ အသိအမှတ်ပြုခြင်းနှင့် ပါဝင်မှု
ပြည်ပရောက်နိုင်ငံသားများ၏ ကြိုးစားအားထုတ်မှုများနှင့် ပတ်သက်၍ အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုချီးမြှောက်ခြင်း ပြုလုပ်၍ နိုင်ငံ့ရေးရာကိစ္စရပ် များတွင် ပိုမိုပါဝင်လာအောင် ဆောင်ရွက်ပေးရ မည်။ (ဥပမာအားဖြင့် အစ္စရေး-ပါလက်စတိုင်းစစ်ပွဲတွင် အစ္စရေးအပေါ်အရေးယူမှုဆောင်ရွက်ရန် ပြည်ပ ရောက် ပါလက်စတိုင်းနိုင်ငံသားများမှ ကြိုးပမ်းခြင်း)။ ဥပဒေပြုရေးအခန်းကဏ္ဍတွင်လည်း ပြည်ပ ရောက် နိုင်ငံသားများ အရေးအလေးပေးဆောင်ရွက်နိုင်ရန် လွှတ်တော်တွင် ပြည်ပရောက်နိုင်ငံသားများ ဆိုင်ရာကော်မတီဖွဲ့စည်းခြင်း၊ လွှတ်တော်အတွင်း၌ ပြည်ပရောက်နိုင်ငံသား ကိုယ်စားလှယ်နေရာထားရှိ ခြင်း တို့ဆောင်ရွက်နိုင်သည်။
အီတလီနိုင်ငံ၏ အောက်လွှတ်တော် (Chamber of Deputies) တွင် ၈ နေရာ၊ အထက် လွှတ်တော် (Senate of the Republic)တွင် ၄ နေ ရာ ထားရှိပေးပါသည်။ ထို့ပြင် ရွေးကောက်ပွဲကာလ များ၌ ပြည်ပရောက်နိုင်ငံသားများ၏ ဆန္ဒမဲများကို ပိုမိုပွင့်လင်းမြင်သာစွာရေတွက်နိုင်ရန်အတွက် ပြည်ပ နိုင်ငံများသို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များ စေလွှတ်၍ ပြည်တွင်းရှိ ရွေးကောက်ပွဲနှင့် အချိန်ကိုက် ကျင်းပကာ ၎င်းတို့၏ရှေ့မှောက်တွင် ရေတွက်စေခြင်းမျိုးဆောင်ရွက်နိုင်သည်။
နိုင်ငံတော်၏ ဘယ်လက်ရုံးဖြစ်သော ပြည်ပရောက် နိုင်ငံသားများ၏ စီးပွားရေးပံ့ပိုးမှု၊ ယဉ်ကျေး မှု ပေါင်းကူးခြင်း၊ အသိပညာလွှဲပြောင်းမှု၊ ကမ္ဘာလုံးဆိုင်ရာကွန်ရက်ချိတ်ဆက်နိုင်မှုများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အပံ့ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရမှလည်း အဆိုပါ ပံ့ပိုးမှုများကို အသိအမှတ်ပြုပြီး ပြည်ပရောက် နိုင်ငံသားများကို ပံ့ပိုးကူညီပေးသည့် မူဝါဒများ ချမှတ် ကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် အပြန်အလှန်အကျိုးရှိသောဆက်ဆံရေးကို စဉ် ဆက်မပြတ်တည်ဆောက်ထားရမည်။ လက်ရှိကာလတွင် အဝေးရောက်သားချင်းအချို့တွင် နိုင်ငံတော် အပေါ်မတူညီသောအမြင်တချို့ ရှိသော်လည်း Chameleons effect ကိုအသုံးပြုကာ ဘယ်လက်ရုံး များ၏ တန်ဖိုးများကို အသုံးချခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကြံ့ကြံ့ခိုင်မှု၊ သွေးစည်းညီညွတ်မှု နှင့် ကမ္ဘာ့အလယ်ရပ်တည်မှု တို့ကို မြှင့်တင်ရမည်ဖြစ်ကြောင်း အကြံပြုရေးသားအပ်ပါသည်။
(စကားချပ်။ Chameleons effect ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခုတွင် မူလအခြေအနေ မှမပြောင်းလဲလိုသူ ၂၀ % ၊ အခြေအနေအသစ်သို့ ပြောင်းလဲလိုသူ ၂၀% နှင့် Chameleons (ပုတ်သင် ညို) ကဲ့သို့ လိုက်လျောညီထွေနေတတ်သူများ ၆၀ % ရှိတတ်ပါသည်။ မပြောင်းလဲသူ နှင့် ပြောင်းလဲလို သူတို့က ပုတ်သင်ညိုကဲ့သို့ လူများမိမိဘက်သို့ ပြောင်းလဲလာစေရန် ဆောင်ရွက်ခြင်းကိုခေါ်သည်။)
zawgyi version
ႏိုင္ငံေတာ္၏ ဘယ္လက္႐ုံးမ်ား (ေဆာင္းပါး)
ၿဖိဳးေဝလင္း (ပုသိမ္)(NP News) - ဇြန္ ၁၂
“ လက္႐ုံး ” ဟူေသာ ေဝါဟာရကို ျမန္မာ အဘိဓာန္တြင္ “ အားကိုးအားထားျပဳေလာက္သူ ” ဟု အဓိပၸာယ္ဖြင့္ဆိုထားသည္။ မိမိ၏ကိုယ္ပြားတမွ် အားကိုးအားထားရသူမ်ားကို ဘယ္လက္႐ုံး၊ ညာလက္႐ုံး ဟူ၍တင္စားေခၚေဝၚၾကသည္။ ႏိုင္ငံတစ္ခုအေနျဖင့္ၾကည့္ေသာ္ ျပည္တြင္း အင္အားသည္ တိုင္းျပည္၏ ညာလက္႐ုံးျဖစ္ၿပီး ျပည္ပေရာက္ေသြးခ်င္းမ်ားကို ဘယ္လက္႐ုံးဟု သတ္မွတ္ႏိုင္သည္။
ကမာၻ႔ႏိုင္ငံအသီးသီးရွိ ျပည္ပေရာက္ ႏိုင္ငံသားမ်ားသည္ ၎တို႔၏ အမိႏိုင္ငံအား က႑ေပါင္း စုံမွ ပံ့ပိုးကူညီလ်က္ရွိသည္။ သိသာထင္ရွားေသာ ပံ့ပိုးကူညီမႈမ်ားမွာ ေငြလႊဲေပးပို႔ျခင္း၊ ရင္းႏွီးျမႇဳပ္ႏွံျခင္း ကဲ့သို႔ေသာ စီးပြားေရးဆိုင္ရာပံ့ပိုးကူညီမႈ၊ သိပၸံႏွင့္ နည္းပညာ၊ ကြၽမ္းက်င္မႈ ကဲ့သို႔ေသာ ပညာပိုင္းဆိုင္ရာ ပံ့ပိုးကူညီမႈ၊ သက္ဆိုင္ရာႏိုင္ငံမ်ားတြင္ ဇာတိေျမ၏ ယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္း၊ ဘာသာစကား တို႔ကိုျဖန႔္ ေဝျခင္းကဲ့သို႔ေသာ လူမႈေရးဆိုင္ရာပံ့ပိုးကူညီမႈ၊ တြန္းအားေပးျခင္း၊ စည္း႐ုံးျခင္း၊ ကိုယ္စားျပဳျခင္း ကဲ့သို႔ေသာ ႏိုင္ငံေရးဆိုင္ရာပံ့ပိုးကူညီမႈတို႔ျဖစ္သည္။
ကုလသမဂၢလက္ေအာက္ရွိ International Organization for Migration (IOM) \ World Migration Report, 2024 အရ အိႏၵိယ ႏိုင္ငံသည္ ေ႐ႊ႕ေျပာင္းေနထိုင္သူ ဦးေရ ၁၈ သန္းခန႔္ျဖင့္ ကမာၻေပၚတြင္ ျပည္ပေရာက္ႏိုင္ငံသားအမ်ားဆုံး ႏိုင္ငံအျဖစ္ ရပ္တည္လ်က္ရွိသည္။ ထို႔ေနာက္တြင္ ေ႐ႊ႕ေျပာင္းေနထိုင္သူဦးေရ ၁၂ သန္းခန႔္ျဖင့္ မကၠဆီကိုႏိုင္ငံမွ ဒုတိယလိုက္သည္။ တတိယေနရာတြင္ ႐ုရွားႏိုင္ငံမွ ေ႐ႊ႕ေျပာင္းေနထိုင္သူဦးေရ ၁၁ သန္းခန႔္ ျဖင့္ ရပ္တည္လ်က္ရွိသည္။ တ႐ုတ္ႏိုင္ငံသည္ ၁၀ သန္းခန႔္ျဖင့္ စတုတၳ ေနရာတြင္ရပ္တည္လ်က္ရွိသည္။ ၂၀၁၉ ၾကားျဖတ္ သန္းေခါင္စာရင္းမ်ားအရ ျမန္မာႏိုင္ငံသား ၁.၆ သန္းခန႔္သည္ ျပည္ပတြင္ ေရာက္ရွိေနေၾကာင္း ေတြ႕ ရသည္။ လက္ရွိအခ်ိန္တြင္ ၃ သန္း ခန႔္ရွိသည္ဟု UN စာရင္းမ်ားတြင္ေဖာ္ျပထားသည္။ ၎တို႔အထဲ တြင္ ႏိုင္ငံသားမဟုတ္သူ ဘဂၤါလီမ်ားပါဝင္သည္ကို သတိခ်ပ္ရမည္။ ျပည္ပေရာက္ႏိုင္ငံသားမ်ား၏ ၆၇ % သည္ ထိုင္းႏိုင္ငံ၊ ၁၄ % သည္ မေလးရွားႏိုင္ငံ၊ ၆.၇ % သည္ တ႐ုတ္ႏိုင္ငံ၊ ၄.၅ % သည္ စင္ကာပူ ႏိုင္ငံ၊ ၂% သည္ အေမရိကန္ႏိုင္ငံႏွင့္ အျခားႏိုင္ငံအခ်ိဳ႕တြင္ ၅.၈% ခန႔္ရွိေၾကာင္း ၂၀၁၉ ၾကားျဖတ္ သန္းေခါင္းစာရင္းတြင္ ေဖာ္ျပထားသည္။
၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၇ ရက္ေန႔တြင္ ထုတ္ျပန္သည့္ အလုပ္သမားၫႊန္ၾကားေရး ဦးစီး ဌာန၏ စာရင္းဇယားမ်ားအရ ျပည္ပေရာက္ ႏိုင္ငံသားမ်ားမွ ျပည္တြင္းသို႔ ၂၀၂၃ ခုႏွစ္ (၈)လတာ ကာလအတြင္း လႊဲပို႔ေငြ အေမရိကန္ေဒၚလာ (၁ ဒသမ ၅)ဘီလ်ံေက်ာ္ ရွိေၾကာင္းသိရသည္။ ထို႔အတူ ၂၀၂၀ ျပည့္ႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၇၁၃ သန္းေက်ာ္ ရွိခဲ့ေၾကာင္းသိရသည္။ ထို႔ေၾကာင့္ ျပည္ပေရာက္ႏိုင္ငံသားမ်ားထံမွ လႊဲပို႔ေငြ ၁ ႏွစ္လွ်င္ ပွ်မ္းမွ် အေမရိကန္ေဒၚလာ ၂ ဘီလ်ံခန႔္ ရွိမည္ဟု ခန႔္မွန္းရသည္။
ႏိုင္ငံတြင္းသို႔ ျပန္လည္ဝင္ေရာက္လာေသာ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားပညာရွင္မ်ားႏွင့္ ကြၽမ္းက်င္လုပ္သားအင္အားပမာဏကို တိက်စြာမသိရေသာ္လည္း လြန္စြာနည္းပါးမည္ဟု သုံးသပ္ ရပါသည္။ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားတို႔သည္ အမိေျမအေပၚ ႏိုင္ငံေရး ဆိုင္ရာပံ့ပိုးကူညီမႈမ်ားလည္း ရွိသလို တားဆီးပိတ္ပင္မႈမ်ားလည္းရွိသည္ကို ေတြ႕ရပါသည္။ ၿခဳံငုံသုံးသပ္ရလွ်င္ မိမိတို႔ႏိုင္ငံ၏ ဘယ္လက္႐ုံး ျဖစ္ေသာ ျပည္ပ ေရာက္ႏိုင္ငံသားမ်ားထံမွ ပံ့ပိုးကူညီမႈမ်ားသည္ ရသင့္သေလာက္ မရႏိုင္ေသးသည္ကို ေတြ႕ရသည္။
ႏိုင္ငံေတာ္၏ ဘယ္လက္႐ုံးပမာ အားထားရမည့္ အေဝးေရာက္သားခ်င္းမ်ားထံမွ ပံ့ပိုးကူညီမႈမ်ား ပိုမိုရရွိႏိုင္ရန္အတြက္ ၎တို႔ ႏွင့္ အမိေျမအၾကား စိတ္ပိုင္းဆိုင္ရာဆက္သြယ္မႈကိုျပဳစုပ်ိဳးေထာင္ရန္ႏွင့္ ပိုမိုခိုင္မာေစရန္အတြက္ နည္းလမ္းေပါင္းစုံ ႀကိဳးပမ္းရမည္။ ထိုသို႔ ေဆာင္႐ြက္ရာတြင္ အၾကမ္းဖ်င္းအား ျဖင့္ နည္းလမ္း ၄ ခု ျဖင့္ေဆာင္႐ြက္သင့္သည္။
၁။ အုပ္ခ်ဳပ္ေရးဆိုင္ရာပံ့ပိုးကူညီမႈ
၂။ ႏိုင္ငံေတာ္အဆင့္ပုဂၢိဳလ္မ်ားႏွင့္ေတြ႕ဆုံမႈမ်ား
၃။ လူမႈအသိုင္းအဝိုင္း
၄။ အသိအမွတ္ျပဳျခင္းႏွင့္ ပါဝင္မႈ
၁။ အုပ္ခ်ဳပ္ေရးဆိုင္ရာပံ့ပိုးကူညီမႈ
ႏိုင္ငံအခ်ိဳ႕သည္ မိမိတို႔၏ ျပည္ပေရာက္ ႏိုင္ငံသားေရးရာကိစၥမ်ားကိုေဆာင္႐ြက္ရာတြင္ ဝန္ ႀကီးဌာနအဆင့္၊ ဝန္ႀကီးဌာနခြဲအဆင့္၊ အမ်ိဳးသား အဆင့္အဖြဲ႕အစည္းအဆင့္ စသျဖင့္ထားရွိၿပီး စီမံ ေဆာင္႐ြက္ၾကသည္။ ဥပမာအားျဖင့္ အစၥေရးႏိုင္ငံ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံတို႔တြင္ ဝန္ႀကီး ဌာနထားရွိ၍ လည္းေကာင္း၊ အိႏၵိယႏိုင္ငံ၊ အိုင္ယာလန္ႏိုင္ငံ၊ ဂရိႏိုင္ငံ၊ ဗီယက္နမ္ႏိုင္ငံတို႔တြင္ ဝန္ႀကီး ဌာနခြဲမ်ားထားရွိ၍ လည္းေကာင္း၊ တ႐ုတ္ႏိုင္ငံ၊ အာေမးနီးယားႏိုင္ငံ၊ အဇာဘိုင္ဂ်န္ႏိုင္ငံတို႔တြင္ အမ်ိဳးသားအဆင့္အဖြဲ႕အစည္းမ်ားထားရွိ၍ လည္းေကာင္း စီမံေဆာင္႐ြက္လ်က္ရွိသည္။
ထို ဝန္ႀကီးဌာန၊ ဝန္ႀကီးဌာနခြဲႏွင့္ အမ်ိဳးသားအဆင့္အဖြဲ႕အစည္းတို႔သည္ မိမိတို႔၏ ျပည္ပ ေရာက္ႏိုင္ငံသားမ်ား၏ အခ်က္အလက္မ်ားကို ႏွစ္စဥ္ရယူၿပီး သုံးသပ္ခ်က္မ်ားႏွင့္ မူဝါဒဆိုင္ရာ အႀကံ ျပဳခ်က္မ်ားကို ေရးသား၍ သက္ဆိုင္ရာအစိုးရထံ တင္ျပၾကသည္။ ထိုကဲ့သို႔ ေဆာင္႐ြက္ႏိုင္ျခင္းမရွိသည့္ ႏိုင္ငံမ်ားအေနျဖင့္ သံ႐ုံးမ်ားမွ စီမံေဆာင္႐ြက္ၾကသည္။
အစီရင္ခံတင္ျပရာတြင္ အၾကမ္းဖ်င္းအားျဖင့္
(က) လူဦးေရဆိုင္ရာအခ်က္အလက္မ်ား (အသက္၊ က်ား၊မ၊ ပညာေရးအဆင့္၊ အလုပ္အကိုင္၊ ျဖန႔္ခြဲေန ထိုင္မႈ စသျဖင့္)
(ခ) စီးပြားေရးဆိုင္ရာအခ်က္အလက္မ်ား (စီးပြားေရးအေျခအေန၊ ေငြလႊဲပို႔မႈ၊ ဇာတိေျမတြင္ ရင္းႏွီးျမႇဳပ္ ႏွံမႈ၊ ရင္းႏွီးျမႇဳပ္ႏွံသူျဖစ္လာႏိုင္ေသာအေနအထား စသျဖင့္)
(ဂ) လူမႈေရးဆိုင္ရာအခ်က္အလက္မ်ား (အသင္းအဖြဲ႕ ဖြဲ႕စည္းမႈ၊ ဇာတိေျမအက်ိဳးသယ္ပိုးမႈ စသျဖင့္)
(ဃ) ႏိုင္ငံေရးဆိုင္ရာအခ်က္အလက္မ်ား (ေဒသႏၲရအစိုးရအေပၚလႊမ္းမိုးမႈအေနအထား၊ သက္ဆိုင္ရာႏိုင္ငံတြင္အစိုးရတာဝန္ထမ္းေဆာင္မႈ၊ တည္ဆဲ အစိုးရအေပၚသေဘာထား စသျဖင့္) တို႔ပါဝင္သည္။
ထို႔ျပင္ အျခားေသာ အုပ္ခ်ဳပ္ေရးဆိုင္ရာပံ့ပိုးကူညီမႈမ်ားအျဖစ္ ျပည္ပေရာက္ ႏိုင္ငံသားမ်ားတြင္ ေတြ႕ႀကဳံႏိုင္ေသာ စီးပြားေရး/ လူမႈေရး/ ဥပေဒေရး ျပႆနာမ်ားအတြက္ လိုအပ္သည့္ consultancy မ်ားတည္ေထာင္ေပးျခင္း၊ ႏိုင္ငံေတာ္ အစိုးရမွ ကမကထျပဳ၍ စီးပြားေရး၊ လူမႈေရး အသင္း အဖြဲ႕မ်ား တည္ေထာင္ေပးျခင္း (ဥပမာ-စင္ကာပူေရာက္ျမန္မာလုပ္ငန္းရွင္မ်ားအသင္း၊ ထိုင္းႏိုင္ငံေရာက္ ကုန္သည္ႀကီးမ်ားအသင္းတို႔အတြက္ ႐ုံး အေဆာက္အအုံေနရာ တာဝန္ခံငွားရမ္းေပးျခင္း)၊ အျခား ႏိုင္ငံသားအျဖစ္ခံယူၿပီးသူမ်ား သို႔မဟုတ္ ၎တို႔ႏြယ္ဖြား မ်ားမွ မူရင္းႏိုင္ငံသားအျဖစ္ ျပန္လည္ ခံယူႏိုင္ရန္ လြယ္ကူေသာလုပ္ငန္းစဥ္ထားရွိျခင္း(ဥပမာ - အျခား ႏိုင္ငံသားကဒ္ကိုင္ေဆာင္ထားသူကို မိမိႏိုင္ငံသားေလွ်ာက္ထားဆဲကဒ္ ကိုင္ေဆာင္ခြင့္ျပဳ ျခင္း)၊ အေဝးေရာက္ႏိုင္ငံသားမ်ား၏ ဇာတိေျမ ရင္းႏွီးျမႇဳပ္ႏွံမႈအေပၚ အခြင့္အလမ္းမ်ားႏွင့္ ေျဖေလွ်ာ့မႈမ်ားထားရွိျခင္း (ဥပမာ-အိႏၵိယ၊ အစၥေရး၊ ႏိုင္ဂ်ီးရီး ယားႏိုင္ငံမ်ားတြင္ ျပည္ပေရာက္ႏိုင္ငံသားမ်ားတြက္ Diaspora Bonds ေရာင္းခ်ရာတြင္ ေအာင္ျမင္မႈ မ်ားရွိသည္ကို ေလ့လာႏိုင္သည္။လူ႔သေဘာသဘာဝအရ လူတို႔သည္ မိမိ တို႔အသိုက္အၿမဳံအိမ္ကို သံေဃာဇဥ္ရွိတတ္သည္ ျဖစ္ရာ ျပည္တြင္း၌ ျပည္ပေရာက္ႏိုင္ငံသားမ်ားအတြက္ သီးသန႔္ေဖာ္ေဆာင္ ထားေသာ ၿမိဳ႕ျပစီမံကိန္း မ်ား(ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕ကဲ့သို႔) ေဆာင္႐ြက္ႏိုင္သည္။) ျပည္ပေရာက္ ႏိုင္ငံသားမ်ား၏ ကြၽမ္းက်င္မႈ ႏွင့္ ပညာရည္ျမႇင့္တင္ေပးျခင္း (ဥပမာ-မိခင္ႏိုင္ငံ အတြင္းရွိ တကၠသိုလ္ မ်ားတြင္ Online စနစ္ျဖင့္ ဘြဲ႕ ရရွိသည္အထိတက္ေရာက္၍ လက္ေတြ႕လုပ္ငန္းခြင္အတြက္ အေထာက္ အကူျပဳ ဘြဲ႕မ်ား၊ အသိအမွတ္ျပဳ လက္မွတ္မ်ား ေပးအပ္ျခင္း)တို႔ေဆာင္႐ြက္ႏိုင္ပါသည္။
၂။ ႏိုင္ငံေတာ္အဆင့္ပုဂၢိဳလ္မ်ားႏွင့္ေတြ႕ဆုံမႈမ်ား
ႏိုင္ငံေတာ္အဆင့္ပုဂၢိဳလ္မ်ားသည္ ျပည္ပ ႏိုင္ငံမ်ားသို႔ ေရာက္ရွိသည့္အခါ ထိုႏိုင္ငံမ်ားရွိ ျပည္ပ ေရာက္ႏိုင္ငံသားမ်ား ႏွင့္ လုပ္ငန္းသေဘာ သို႔မဟုတ္ အလြတ္သေဘာေတြ႕ဆုံျခင္းသည္ ႏိုင္ငံေတာ္ အစိုးရ ႏွင့္ ျပည္ပေရာက္ႏိုင္ငံသားမ်ားအၾကား ေႏြးေထြးေသာရင္းႏွီးမႈကိုရရွိေစၿပီး ရလဒ္ေကာင္းမ်ား ေဖာ္ေဆာင္လာႏိုင္မည္ျဖစ္သည္။ အိႏၵိယဝန္ႀကီးခ်ဳပ္ နာရန္ဒရာ မိုဒီ သည္ ျပည္ပေရာက္ႏိုင္ငံသားမ်ား ႏွင့္ ေတြ႕ဆုံမႈ အမ်ားဆုံးႏိုင္ငံ့ေခါင္းေဆာင္ ၁ ဦးျဖစ္သည္။
၃။ လူမႈအသိုင္းအဝိုင္း
ျပည္ပေရာက္ႏိုင္ငံသားမ်ား စုေဝးရာ (Community Center) မ်ားဖန္တီး၍ စုေပါင္းပရဟိတ ေဆာင္႐ြက္ျခင္း၊ ဘာသာေရး ႏွင့္ ယဥ္ေက်းမႈ ဆိုင္ရာ ပြဲလမ္းသဘင္မ်ား၊ ေန႔ထူးေန႔ျမတ္မ်ားက်င္းပျခင္း တို႔သည္ ကိုယ္ပိုင္ယဥ္ေက်းမႈႏွင့္ မ်ိဳးခ်စ္စိတ္ကိုထိန္းသိမ္းရာ ေရာက္ပါသည္။ သက္ဆိုင္ရာသံ႐ုံးမွ မိခင္ဘာ သာစကားသင္ၾကားေပးျခင္း၊ ႐ိုးရာ အစားအစာခ်က္ျပဳတ္မႈ သင္ၾကားေပးသည့္အစီအစဥ္မ်ား၊ ပညာေရး၊ က်န္းမာေရးဆိုင္ရာ အခက္အခဲျဖစ္ေနေသာ ျပည္ပေရာက္ႏိုင္ငံသားမ်ားအား ပံ့ပိုးကူညီျခင္း တို႔သည္ ျပည္ပ ႏွင့္ ျပည္တြင္းႏိုင္ငံသားမ်ားအၾကား ေႏြးေထြးေသာရပ္ဝန္းတစ္ခုကို တည္ေဆာက္ေပး ျခင္းျဖစ္သည္။
သံ႐ုံးမ်ားသည္ ျပည္ပေရာက္ႏိုင္ငံသားမ်ားကို ပံ့ပိုးကူညီရာတြင္ အေရးပါေသာအခန္းက႑မွ ပါဝင္ပါသည္။ ျပည္ပႏိုင္ငံတစ္ခုရွိ မိမိႏိုင္ငံသား လူမႈအသိုင္းအဝိုင္းအားေကာင္းျခင္း၊ အားနည္းျခင္း သည္ ထိုႏိုင္ငံရွိ သံ႐ုံး၏ လုပ္ကိုင္ႏိုင္စြမ္းေပၚ မူတည္သည္။
၄။ အသိအမွတ္ျပဳျခင္းႏွင့္ ပါဝင္မႈ
ျပည္ပေရာက္ႏိုင္ငံသားမ်ား၏ ႀကိဳးစားအားထုတ္မႈမ်ားႏွင့္ ပတ္သက္၍ အသိအမွတ္ျပဳျခင္း၊ ဂုဏ္ျပဳခ်ီးေျမႇာက္ျခင္း ျပဳလုပ္၍ ႏိုင္ငံ့ေရးရာကိစၥရပ္ မ်ားတြင္ ပိုမိုပါဝင္လာေအာင္ ေဆာင္႐ြက္ေပးရ မည္။ (ဥပမာအားျဖင့္ အစၥေရး-ပါလက္စတိုင္းစစ္ပြဲတြင္ အစၥေရးအေပၚအေရးယူမႈေဆာင္႐ြက္ရန္ ျပည္ပ ေရာက္ ပါလက္စတိုင္းႏိုင္ငံသားမ်ားမွ ႀကိဳးပမ္းျခင္း)။ ဥပေဒျပဳေရးအခန္းက႑တြင္လည္း ျပည္ပ ေရာက္ ႏိုင္ငံသားမ်ား အေရးအေလးေပးေဆာင္႐ြက္ႏိုင္ရန္ လႊတ္ေတာ္တြင္ ျပည္ပေရာက္ႏိုင္ငံသားမ်ား ဆိုင္ရာေကာ္မတီဖြဲ႕စည္းျခင္း၊ လႊတ္ေတာ္အတြင္း၌ ျပည္ပေရာက္ႏိုင္ငံသား ကိုယ္စားလွယ္ေနရာထားရွိ ျခင္း တို႔ေဆာင္႐ြက္ႏိုင္သည္။
အီတလီႏိုင္ငံ၏ ေအာက္လႊတ္ေတာ္ (Chamber of Deputies) တြင္ ၈ ေနရာ၊ အထက္ လႊတ္ေတာ္ (Senate of the Republic)တြင္ ၄ ေန ရာ ထားရွိေပးပါသည္။ ထို႔ျပင္ ေ႐ြးေကာက္ပြဲကာလ မ်ား၌ ျပည္ပေရာက္ႏိုင္ငံသားမ်ား၏ ဆႏၵမဲမ်ားကို ပိုမိုပြင့္လင္းျမင္သာစြာေရတြက္ႏိုင္ရန္အတြက္ ျပည္ပ ႏိုင္ငံမ်ားသို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕မ်ား ေစလႊတ္၍ ျပည္တြင္းရွိ ေ႐ြးေကာက္ပြဲႏွင့္ အခ်ိန္ကိုက္ က်င္းပကာ ၎တို႔၏ေရွ႕ေမွာက္တြင္ ေရတြက္ေစျခင္းမ်ိဳးေဆာင္႐ြက္ႏိုင္သည္။
ႏိုင္ငံေတာ္၏ ဘယ္လက္႐ုံးျဖစ္ေသာ ျပည္ပေရာက္ ႏိုင္ငံသားမ်ား၏ စီးပြားေရးပံ့ပိုးမႈ၊ ယဥ္ေက်း မႈ ေပါင္းကူးျခင္း၊ အသိပညာလႊဲေျပာင္းမႈ၊ ကမာၻလုံးဆိုင္ရာကြန္ရက္ခ်ိတ္ဆက္ႏိုင္မႈမ်ားသည္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္မ်ားစြာ အေထာက္အပံ့ျဖစ္ပါသည္။ ႏိုင္ငံေတာ္အစိုးရမွလည္း အဆိုပါ ပံ့ပိုးမႈမ်ားကို အသိအမွတ္ျပဳၿပီး ျပည္ပေရာက္ ႏိုင္ငံသားမ်ားကို ပံ့ပိုးကူညီေပးသည့္ မူဝါဒမ်ား ခ်မွတ္ ကာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းအားျဖင့္ အျပန္အလွန္အက်ိဳးရွိေသာဆက္ဆံေရးကို စဥ္ ဆက္မျပတ္တည္ေဆာက္ထားရမည္။ လက္ရွိကာလတြင္ အေဝးေရာက္သားခ်င္းအခ်ိဳ႕တြင္ ႏိုင္ငံေတာ္ အေပၚမတူညီေသာအျမင္တခ်ိဳ႕ ရွိေသာ္လည္း Chameleons effect ကိုအသုံးျပဳကာ ဘယ္လက္႐ုံး မ်ား၏ တန္ဖိုးမ်ားကို အသုံးခ်ျခင္းျဖင့္ ႏိုင္ငံေတာ္၏ စီးပြားေရးႀကံ့ႀကံ့ခိုင္မႈ၊ ေသြးစည္းညီၫြတ္မႈ ႏွင့္ ကမာၻ႔အလယ္ရပ္တည္မႈ တို႔ကို ျမႇင့္တင္ရမည္ျဖစ္ေၾကာင္း အႀကံျပဳေရးသားအပ္ပါသည္။
(စကားခ်ပ္။ Chameleons effect ဆိုသည္မွာ လူ႔အဖြဲ႕အစည္းတစ္ခုတြင္ မူလအေျခအေန မွမေျပာင္းလဲလိုသူ ၂၀ % ၊ အေျခအေနအသစ္သို႔ ေျပာင္းလဲလိုသူ ၂၀% ႏွင့္ Chameleons (ပုတ္သင္ ညိဳ) ကဲ့သို႔ လိုက္ေလ်ာညီေထြေနတတ္သူမ်ား ၆၀ % ရွိတတ္ပါသည္။ မေျပာင္းလဲသူ ႏွင့္ ေျပာင္းလဲလို သူတို႔က ပုတ္သင္ညိဳကဲ့သို႔ လူမ်ားမိမိဘက္သို႔ ေျပာင္းလဲလာေစရန္ ေဆာင္႐ြက္ျခင္းကိုေခၚသည္။)