တောင်ကိုရီးယား၊ တရုတ်၊ ဂျပန် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဘာတွေထူးခြားလဲ (ဆောင်းပါး)

 1105

သန်းထိုက်စိုး (NP News) - ဇွန် ၁၂

တောင်ကိုရီးယား၊ တရုတ်၊ ဂျပန် သုံးနိုင်ငံ တို့မှခေါင်းဆောင်များသည် ၂၀၂၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြသည်။ လေးနှစ်ကျော်ကာလအတွင်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ပထမဆုံး ပြန်လည်ကျင်းပ နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ၂၀ဝ၈ ခုနှစ်ကတည်းက ပုံမှန်စတင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကိုဗစ်ကပ်ရောဂါ၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့ကြား ဆက်ဆံရေး အဆင်မပြေမှုတို့ကြောင့် ၂၀၁၉ ခုနှစ်ကတည်းက မကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် မတ်လတွင် တောင်ကိုရီးယားနိုင်ငံသည် တရုတ်၊ မြောက်ကိုရီးယားနိုင်ငံတို့နှင့်ပတ်သက်၍ စိုးရိမ်မှုများဖြစ်လာကာ ဂျပန်နိုင်ငံနှင့်ဆက်ဆံရေး ပုံမှန် ပြန်ရောက်လာရန်ကြိုးပမ်းခဲ့သည်။ ထို့ပြင် အမေရိကန်နှင့်လည်း ပိုမိုနီးကပ်လာခဲ့သည်။

ထိုအခြေအနေတွင် တရုတ်နိုင်ငံအနေဖြင့် အာရှပစိဖိတ်ဒေသတွင် အမေရိကန်၏ အဓိက မဟာ မိတ် နှစ်နိုင်ငံဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန်နိုင်ငံ တို့နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းသည့် အမေရိကန်၏အားထုတ်နေမှုအပေါ်တုံ့ပြန်ရန် နည်းလမ်းရှာဖွေလာခြင်းဖြစ်သည်ဟု သုံးသပ်မှုလည်း ရှိသည်။ ဂျပန်နှင့်တောင်ကိုရီးယား နိုင်ငံတို့သည်လည်း အမေရိကန်နှင့်တရုတ်တို့ကြား တွင် စစ်ရေး၊ စီးပွားရေးအားပြိုင်မှုများကြား ဟန်ချက်ညှိနိုင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့သည် အမေရိကန်၏ လုံခြုံရေးမဟာမိတ်များဖြစ်ပြီး ဒေသတွင်းတွင် ပူးတွဲစစ် ရေး လေ့ကျင့်မှုများ ပြုလုပ်နေသော်လည်း စီးပွားရေးအရ တရုတ်နိုင်ငံအပေါ်မှီခိုနေရပြီး အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်များလည်းဖြစ်သည်။

အမေရိကန်နိုင်ငံအနေဖြင့် အာရှသုံးနိုင်ငံ အလှည့်ကျဆွေးနွေးပွဲ ပြန်လည်ကျင်းပခြင်းအပေါ် စိုးရိမ်စရာမရှိဟု အမေရိကန်သုတေသီတို့ကဆိုသည်။ သို့သော် အမေရိကန်၏ မဟာမိတ်များတွင်လည်း စီမံခန့်ခွဲရမည့် ကိုယ်ပိုင်အကျိုးစီးပွားများရှိနေကြောင်း အဆိုပါ သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲက အမေရိ ကန်ကို အချက်ပေးနေခြင်းဖြစ်သည်ဟု အမေရိကန် သုတေသီတို့ကယူဆသည်။

အစဉ်အလာအားဖြင့်ကြည့်ပါက တောင်ကိုရီးယားသမ္မတ၊ ဂျပန်ဝန်ကြီးချုပ်နှင့် တရုတ်ဝန်ကြီး ချုပ်တို့သည် အစိုးရအဖွဲ့ကိုဦးဆောင်ရသူများဖြစ်ကြပြီး လုံခြုံရေးကိစ္စရပ်များထက် စီးပွားရေး ကိစ္စရပ် များကို အဓိကထားဆောင်ရွက်ရန် သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာကြခြင်းဖြစ် သည်။ သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲ နောက်ဆုံး ကျင်းပခဲ့သည့်အချိန်နှင့် နှိုင်းယှဉ်ကြည့်ပါက အခြေ အနေမှာ များစွာပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ယခု အချိန်တွင်မူ ရုရှားက ယူကရိန်းကို တိုက်ခိုက်နေချိန်၊ တရုတ်နိုင်ငံက ထိုင်ဝမ်ပတ်ဝန်းကျင်တွင် စစ်အင် အားတိုးမြှင့်ပြသနေချိန်၊ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်အစီအစဉ်များ တိုးမြှင့်ပြုလုပ်နေချိန်ဖြစ်သည်။ အဆိုပါအခြေအနေများသည် ဂျပန် နှင့်တောင်ကိုရီးယားနိုင်ငံတို့ကို အမေရိကန်နိုင်ငံနှင့် ပိုမိုနီးကပ်စေရန် တွန်းအားတစ်ရပ် ဖြစ်စေ ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံတို့သည် အမေရိကန်နှင့်ပူးပေါင်း ဆောင်ရွက်သကဲ့သို့ တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ချိတ်ဆက်မှုများရှိနေသည်။ ဂျပန်နိုင်ငံ၏ အမျိုးသား လုံခြုံရေးမဟာဗျူဟာသည် တရုတ်နိုင်ငံနှင့်အပြုသဘောဆောင်ပြီး တည်ငြိမ်သည့်ဆက်ဆံရေးထားရှိ ရန် ရည်ရွယ်ထားသည်။ အထူးသဖြင့် စီးပွားရေးအရ ဆက်စပ်မှုများကို ထိန်းသိမ်းရန်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ အင်ဒိုပစိဖိတ်မဟာဗျူဟာသည်လည်း သုံးပွင့်ဆိုင်ထိပ်သီး ဆွေးနွေးပွဲ ပြန်လည်စတင်ရန် ဖြစ်သည်။

အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ၏ နည်းပညာတိုးတက်မှု နှေးကွေးစေရန်နှင့် စစ်ရေးရည်မှန်း ချက်များကို တန်ပြန်ရန်ရည်ရွယ်ပြီး အင်ဒိုပစိဖိတ် ဒေသတစ်လျှောက် မဟာမိတ်များစုဖွဲ့လာခဲ့သည်။ တရုတ်နိုင်ငံကလည်း အမေရိကန်၏ အဆိုပါကြိုးပမ်းအားထုတ်မှုဖိအားအပေါ် တန်ပြန်ရန်အတွက် အာရှ စီးပွားရေး အင်အားကြီးနှစ်နိုင်ငံနှင့်ဆွေးနွေးမှု ပြန်လည်စတင်လိုခြင်းဖြစ်နိုင်သည်ဟု လေ့လာ သူများက ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံကလည်း ၎င်းအား အမေရိကန်နှင့်သူ၏ မဟာမိတ်များက ဝိုင်းရံထားသည်ဟုခံစားနေရသည့်အတွက် ပြန်တွန်းလိုခြင်းလည်း ဖြစ်နိုင်သည်ဟု တိုကျိုတက္ကသိုလ်မှ နိုင်ငံတကာနိုင်ငံရေးပါမောက္ခတစ်ဦးဖြစ်သူ့ Yasuhiro Matsuda က ဆိုသည်။ သမ္မတ ဂျိုးဘိုင်ဒန်သည် လွန်ခဲ့သည့်နွေရာသီက Camp David စခန်းတွင် ဂျပန်၊ တောင်ကိုရီးယား ခေါင်းဆောင်များနှင့်တွေ့ဆုံ ပြီး မိတ်ဖက်ဖြစ်မှုခေတ်သစ် “new era of part­nership” အဖြစ်ကြေညာပြီးနောက်တွင် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်လည်စတင်ရန် တရုတ်အရာရှိများက အကြံပြုခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား အရာရှိ များကဆိုသည်။

ယခု သုံးပွင့်ဆိုင်ဆွေးနွေးပွဲသည် သုံး နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးစနစ် အပြည့်အဝ ပြန်လည် ရရှိစေခြင်းနှင့် ပုံမှန်ပြန်ဖြစ်စေရေးအတွက် အလှည့်အပြောင်းတစ်ခုဖြစ်နိုင်သည်ဟု တောင်ကိုရီးယား လုံခြုံရေးအကြံပေးတစ်ဦးဖြစ်သည့် Kim Tae hyo က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြော ဆိုခဲ့သည်။ ပိုမိုကောင်းမွန်သည့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခြင်းသည် ဒေသတွင်းတည်ငြိမ်ရေးအ တွက် အရေးကြီးသုံးနိုင်ငံတို့မှာ သီးခြားခွဲထုတ်၍ မရသည့် အိမ်နီးချင်းများအဖြစ် ရှေ့ဆက်ကြရမည်ဖြစ် သည်ဟု တရုတ်ပညာရှင်များကလည်း သုံးသပ်ကြသည်။ လျှပ်စစ်ကားများအပါအဝင် တရုတ်သွင်းကုန် များအပေါ် အမေရိကန်နိုင်ငံက သွင်းကုန်ခွန်များ တိုးမြှင့်ကောက်ခံရန်ကြိုးပမ်းနေချိန်တွင် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံထံမှ ထောက်ခံမှုရရှိရန် တရုတ်နိုင်ငံက နည်းလမ်းရှာနေခြင်းဖြစ်သည်ဟု နန်နင်းတက္ကသိုလ် နိုင်ငံတကာလေ့လာရေး အင်စတီကျုမှ ညွန်ကြားရေးမှူးဖြစ်သူ Zhu Feng ကဆို သည်။ ဂျပန်နိုင်ငံကလည်း တရုတ်နိုင်ငံနှင့်ဆက်သွယ်ရေး လမ်းကြောင်းဆက်ဖွင့်ထားရန် စိတ်ဝင်စား သည်။ ဂျပန်နိုင်ငံသည် အထူးသဖြင့် ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုအပေါ် စိုးရိမ်မှုရှိကြောင်း တိုကျိုတက္ကသိုလ်မှ နိုင်ငံတကာ နိုင်ငံရေးပါ မောက္ခတစ်ဦးဖြစ်သူ Yasuhiro Matsuda က ဆိုသည်။ ဂျပန်နိုင်ငံ၏ဒီပလိုမေစီမှာ တရုတ်နိုင်ငံ နှင့်ပတ်သက်၍ ကြိုတင်ဟန့်တားရေးမူဘောင် တည်ဆောက်ရန်ဖြစ်သည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည်ဆိုသည့် တရုတ်နိုင်ငံ ၏ရပ်တည်ချက်မှာ ရှင်းလင်းပြတ်သားနေသည့်အတွက် ဆက်သွယ်ရေးလမ်းကြောင်း ဆက်ထားခြင်း သည်သာ ကြိုတင်ဟန့်တားရေးကို အထောက်အပံ့ဖြစ်စေနိုင်သည်ဟု Yasuhiro Matsuda က ယူဆ သည်။ ဂျပန်နှင့်တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်များ၊ မြောက် ကိုရီးယားနှင့် ရုရှားတို့ကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်းတို့နှင့် ပတ်သက်၍ အရှိန်သတ်နိုင်ရေး တရုတ်နိုင်ငံကို ဖိအားတစ်စုံတစ်ရာပေးလိုပုံရသည်။ သို့သော် တရုတ်ဝန်ကြီးချုပ် လီချန်းက လက်ခံလို ပုံမရ။ တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း မြောက်ကိုရီးယားနိုင်ငံ၏ စစ်ရေးရည်မှန်းချက်များကို ပိတ်ဆို့ဟန့်တားရန် အနည်းငယ်မျှပင် စိတ်ဝင်စားခြင်းမရှိခဲ့ပါ။ တရုတ် နှင့်ရုရှားတို့သည် မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ရန် ကြိုးပမ်းမှုအပေါ် ဗီတိုအာဏာသုံး၍ တညီတညွတ်တည်း ပယ်ချခဲ့ကြသည်။

သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ကုန်ထုတ်လုပ်မှု ကွင်းဆက်ကိုကာကွယ်ခြင်း၊ ကုန်သွယ်ရေးမြှင့်တင် ခြင်း၊ သမ္ဘာရင့်နိုင်ငံသား များပြားလာခြင်း၊ အသစ်ပေါ်ထွက်လာသည့် ကူးစက်ရောဂါများ စသည့်ဘုံသ ဘောတူညီချက်အပေါ် အဓိကထား ဆွေးနွေးခဲ့ကြသည်။ သို့သော် ခေါင်းဆောင်များသည် ထိုင်ဝမ်၊ မြောက်ကိုရီးယား စသည့် ထိရှလွယ်သည့် ဒေသတွင်း ဆိုင်ရာလုံခြုံရေးကိစ္စများနှင့်ပတ်သက်၍မူ သတိကြီးစွာ ထား၍ဆွေးနွေးခဲ့ကြသည်။ မြောက်ကိုရီးယားနိုင်ငံကလည်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများအပေါ် စိုးရိမ်ချက်ရှိသည်။ ထို့ပြင် ၎င်းအပေါ် တစ်ဖက်သတ် ချမှတ်ထားသည့် ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို အန်တုပြီး ရုရှားနိုင်ငံနှင့် လက်နက်ရောင်းဝယ်မှု တိုးချဲ့လာခဲ့သည်ဟု သတင်းတချို့ကဆိုသည်။ ရုရှား နိုင်ငံကို မစ်ဆိုင်းဒုံး ကျည်များနှင့် ကျည်ဆန်များ ရောင်းချပေးသည်။ ရုရှားနိုင်ငံကလည်း အပြန်အလှန်အားဖြင့် မြောက် ကိုရီးယားနိုင်ငံ၏ မစ်ဆိုင်းဒုံးကျည်အစီအစဉ်ကို အထောက်အပံ့ဖြစ်စေသည့် စွမ်းအင်နှင့်နည်းပညာ ဆိုင်ရာ အထောက်အပံ့များ ပြန်ပေးသည်ဟုလည်း ဆိုပါသည်။ ဂျပန်နှင့် တောင်ကို ရီးယားတို့က တရုတ်နိုင်ငံကို မြောက်ကိုရီးယားအပေါ် နားချစေလိုကြသည်။ သို့သော် တရုတ်နိုင်ငံကလည်း မြောက်ကိုရီးယားအပေါ် ၎င်း၏ဩဇာကို အသုံးပြုရန် ဆန္ဒရှိပုံမရပါ။

ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုအားလုံး၏ ငါးပုံတစ်ပုံရှိသော အရှေ့တောင်အာရှအိမ်နီးချင်း နိုင်ငံများသည် ဒေသတွင်းတည်ငြိမ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုလိုအပ်သည်။ အထူးသဖြင့် ကပ်ရောဂါ လွန် ကာလစီးပွားရေးနှေးကွေးမှုမှ ပြန်လည်နာလန်ထူရေးနှင့် ကုန်ထုတ်လုပ်မှုကွင်းဆက်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ၎င်းတို့၏ ပိုင်နက်အတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၈၀ဝ၀ ကျော်လက်ခံထားပြီး အရေးကြီးဆုံးမဟာမိတ်အဖြစ် ခံယူထားသည်။ သို့ သော် တရုတ်နိုင်ငံနှင့် စီးပွားရေးအရဆက်ဆံမှု တိုးမြှင့်ရန် လုပ်ငန်းရှင်များ၏ ပြည်တွင်းဖိအားများကို ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံသည် ၎င်း၏ကြီး မားသည့်ဈေးကွက်ဖြင့် ဂျပန်နှင့် တောင်ကိုရီးယား လုပ်ငန်းရှင်များအတွက် မက်လုံးပေးနိုင်ပြီး အမေရိကန်၏လွှမ်းမိုးမှုအချို့ကို မှေးမှိန်စေနိုင်သည်။ နောက်ဆုံးတွင် တရုတ်နိုင်ငံသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းသည့်အနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အလေးထားပြီး သုံးနိုင်ငံကြား လွတ်လပ်သည့်ကုန်သွယ်ရေး သဘောတူညီချက်ရရှိရေး ဆွေးနွေးပွဲပြန်စရန် သဘောတူညီခဲ့သည်။

ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံတို့သည် အမေရိကန်နိုင်ငံကို အာရှဒေသတွင် တရုတ်နိုင်ငံကို ထိန်းညှိပေးသူအဖြစ် ရှိစေလိုသည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံကို နောက်ဆုံးပေါ် တစ်ပိုင်းလျှပ် ကူးပစ္စည်းများအသုံးမပြုနိုင်စေရန် ကန့်သတ်ချက်များ တစ်လှေကြီးချမှတ်ထားသည်။ ဂျပန်နှင့်တောင် ကိုရီးယားနိုင်ငံတို့ကိုလည်း ၎င်းနှင့် ပူးပေါင်းဆောင်ရွက်ရန် တစ်စိုက်မတ်မတ် တိုက်တွန်းနေသည်။ တရုတ်ဝန်ကြီးချုပ်လီချန်းကမူ ဗဟုဝင်ရိုးကမ္ဘာ အထိုင်ပုံဖော်ရန်တိုက်တွန်းခြင်းဖြင့် အမေရိကန်ကို ဝေ ဖန်ခဲ့ပြီး ကုန်သွယ်ရေးကိစ္စကို နိုင်ငံရေးကိစ္စအဖြစ် အသုံးမချရန်နှင့် အုပ်စုများဖွဲ့စည်းရန် ကြိုးပမ်းသည့် မည်သို့သော အားထုတ်မှုကိုမဆို ဆန့်ကျင်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ သမိုင်းကြောင်းနှင့်ချီသည့် အငြင်းပွားမှုများကြောင့် ဆက်ဆံရေးယိုယွင်းခဲ့သည့် ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံတို့သည် မကြာသေး မီ နှစ်များအတွင်းက ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့သည်။ နှစ်နိုင်ငံတို့သည် မြောက်ကိုရီးယား နှင့် တရုတ်တို့ကို ကြိုတင်ဟန့်တားမှုဟုဆိုကာ အမေရိကန်နိုင်ငံနှင့် သုံးပွင့်ဆိုင် စစ်ရေး ပူးပေါင်း ဆောင် ရွက်မှုကို တိုးချဲ့ခဲ့ကြသည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့ သည် တရုတ်နိုင်ငံအတွင်း စီးပွားရေး လုပ်ကိုင်ရခြင်း နှင့်ပတ်သက်၍ ပိုမိုခက်ခဲလာခြင်းကိုဖြေရှင်းပေးရန် တရုတ်အစိုးရအား တောင်းဆို ခဲ့ကြသည်။ သူလျှိုပြုလုပ်သည်ဟူသော သံသယဖြင့် တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ဂျပန်နိုင်ငံသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း ဂျပန်ဝန်ကြီးချုပ် ခီရှီဒါးကတိုက်တွန်းခဲ့သည်။ အမေရိကန်နှင့် ပိုမိုနီးကပ်လာသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို လက်ထက်တွင် တရုတ် နိုင်ငံသို့ တောင်ကိုရီးယား၏ ပို့ကုန်များ ဇောက်ထိုးကျဆင်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံသည် တရုတ်၏နေရာတွင် အစားထိုးဝင်ရောက်လာခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးအဖြစ် တောင်ကိုရီးယား၏အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်လာခဲ့သည်ဟု တရားဝင် ထုတ်ပြန်သည့် အစိုးရ သတင်းအချက်အလက်များက ပြဆိုနေသည်။

သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရန် သဘောတူညီနိုင်ခဲ့ခြင်းသည် အရှေ့မြောက် အိမ် နီးချင်းသုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ်ဖြစ် သည်ဟု ပညာရှင်းများကယူဆကြသည်။ သုံးနိုင်ငံလုံးသည် ကမ္ဘာတစ်ဝန်း မတည်ငြိမ်မှုများနှင့် စစ်ပွဲများ ကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေးအရ မသေချာမရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ သုံး ပွင့်ဆိုင်ဆွေးနွေးပွဲ ပြန်စရန် သဘောတူညီလိုက်ခြင်း အပေါ် အပြုသဘော တိုးတက်မှုအဖြစ် ယူဆခြင်း မှာ ဆီလျော်သည်။ သို့သော် သုံးနိုင်ငံကြားတွင် ရှုပ်ထွေးသည့်ပြဿနာများကလည်းရှိနေပြန်ရာ ၎င်းတို့ ကြား ပူးပေါင်းဆောင်ရွက်မှုကို မည်သို့သောအတိုင်းအတာအထိ မြှင့်တင်နိုင်မည်ဆိုသည်မှာမူ မသိကိန်း တစ်ခုသာဖြစ်သည်။ ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး၊ လုံခြုံစိတ်ချရ သည့် ကုန်ထုတ်လုပ်မှုကွင်းဆက်များ တည်ဆောက်ရေး၊ မျှဝေခံစားနေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ ကျန်းမာရေးနှင့် အခြားသောကိစ္စရပ်များ ဖြေရှင်းနိုင်ရေး အတူတကွပူးပေါင်းဆောင်ရွက် ရေးတို့တွင် ခေါင်းဆောင်သုံးဦးတို့က သဘောတူညီခဲ့ကြသည်ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို က ဆိုသည်။ သုံးနိုင်ငံလုံးသည် ဒေသတွင်းငြိမ်းချမ်းရေးအတွက် ကြီးမားသည့်တာဝန်များကို မျှဝေယူကြ ရမည်ဟု ဂျပန်ဝန်ကြီးချုပ် ခီရှီဒါးကဆိုသည်။ သံသယများပျောက်ပြီး ယုံကြည်မှုများတိုးလာစေရန် ရိုး သားသည့်ဆွေးနွေးမှုဖြစ်ရန်၊ ဗဟုဝင်ရိုးကမ္ဘာမြှင့်တင်ရန်နှင့် အုပ်စုများဖွဲ့စည်းခြင်းကို ဆန့်ကျင်ရန် လိုအပ်သည်ဟု တရုတ်ဝန်ကြီးချုပ် လီချန်းကဆိုသည်။

အမေရိကန်နိုင်ငံမှ 400 U.S Tomahawk တာဝေးပစ် ခရုမစ်ဆိုင်းဒုံးကျည်များဝယ်ယူမည့် ဂျပန်နိုင်ငံ၏အစီအစဉ်နှင့် အနောက်ပစိဖိတ်ဒေသရှိ ၎င်းတို့၏လှုပ်ရှားမှုများကို အထောက်အပံ့ ဖြစ်စေရန် ဂျပန်နိုင်ငံတွင် အမေရိကန်စစ်သင်္ဘောများ ပြင်ဆင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက စိုးရိမ်မကင်း ဖြစ်နေသည်။ တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်သုံးနိုင်ငံကြား စစ်ရေးလေ့ကျင့်မှု တိုးချဲ့လာခြင်းနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံက ကန့်ကွက်ထား ပြီးဖြစ်သည်။ သုံးပွင့်ဆိုင် ထိပ်သီး ဆွေးနွေးပွဲကို မကြာမီရက်ပိုင်းအတွင်း မြောက်ကိုရီးယားနိုင်ငံ၏ ဂြိုဟ်တုလွှတ်တင့်မည့်အစီအစဉ်က လွှမ်းမိုးထားသည်။ မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့်ဂြိုဟ်တု လွှတ်တင်မှုကိုမဆို မပြုလုပ်ရန် ကုလသမဂ္ဂက တားမြစ်ထားသည်။ မြောက်ကိုရီးယားနိုင်ငံကလည်း ၎င်းတို့အနေဖြင့် ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်စွမ်း တိုးမြှင့်ရန်၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကို ပိုမိုစောင့်ကြည့် နိုင်ရန်အတွက် သူလျှိုဂြိုဟ်တုများလိုအပ်သည်ဟု ပွင့်ပွင့်လင်းလင်းပင် ထုတ်ပြောထားသည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ဂြိုဟ်တုများဆက်လွှင့်တက်နေမည်ဆိုပါက ပြင်းထန်သည့် နိုင်ငံတကာ အရေးယူမှုများပြုလုပ်ရန် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက တိုက်တွန်းခဲ့သည်။ ဂြိုဟ်တုလွှင့် တင်မည့်အစီအစဉ်များကို ပြန်လည်ရုပ်သိမ်းရန် ဂျပန်ဝန်ကြီးချုပ်ခီရှီဒါးက မြောက်ကိုရီးယားနိုင်ငံကို တိုက်တွန်းခဲ့သည်။ တရုတ်ဝန်ကြီးချုပ် လီချန်းကမူ ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိစေရေး နိုင်ငံရေးနည်းအရ ဖြေရှင်းဆောင်ရွက်ရန်သာ ပြောဆိုခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီချန်းသည် ဂျပန်ဝန်ကြီးချုပ် ခီရှီဒါးနှင့်ရော၊ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုနှင့်ပါ နှစ်နိုင်ငံခေါင်းဆောင်အချင်းချင်း သီးသန့်တွေ့ဆုံခဲ့ကြသည်။ တောင်ကိုရီးယား သမ္မတ ယွန်ဆော့ယိုသည် တရုတ်ဝန်ကြီးချုပ်လီချန်းအား ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေး မြှင့်တင် ရန်၊ ရုရှားနှင့် စစ်ရေးအရ နက်နက်ရှိုင်းရှိုင်းဆက်ဆံမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟုဆိုသည်။ ဂျပန်ဝန်ကြီးချုပ် ခီရှီဒါးကလည်း တရုတ်ဝန်ကြီးချုပ် လီချန်းအား တောင်တရုတ်ပင်လယ် အခြေအနေ၊ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ရှန်ဂျန်းဒေသ၊ ဟောင်ကောင်၊ ထိုင်ဝမ်အရေးတို့နှင့်ပတ်သက်၍ စိုးရိမ်ကြောင်းပြောဆိုခဲ့သည်။ ထိုင်ဝမ်ကိစ္စကို ပြည်တွင်းရေးအဖြစ် တရုတ်နိုင်ငံက အခိုင်အမာ ရပ်တည်ထားပြီး ဖြတ်သန်း၍မရသည့်မီးနီလိုင်းဖြစ်သည်ဟု တရုတ်ဝန်ကြီးချုပ် လီချန်းက ဂျပန်ဝန်ကြီးချုပ် ခီရှီဒါးကိုပြောဆိုခဲ့သည်။ တရုတ်ဝန်ကြီးချုပ် လီချန်းကလည်း ဂျပန် နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ကို အမေရိကန်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းအပေါ် ဝေဖန်ပြောကြားခဲ့သည်။

ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ကြား ကွဲပြားမှုများရှိသော်လည်း အခုကဲ့သို့ သုံးပွင့် ဆိုင်ဆွေးနွေးပွဲ ပြန်လည်ကျင်းပခြင်းသည် စိုးရိမ်ဖွယ်ရာကိစ္စရပ်များ ဖြေရှင်းရေးအတွက် အရေးကြီး သည်ဟု ကမ္ဘာ့ခေါင်းဆောင်များက ပြောဆိုကြသည်။ အိမ်နီးချင်းနိုင်ငံများအနေဖြင့် အတူ ပူးတွဲတည် ရှိရန် လိုအပ်ပြီး တင်းမာမှုများအရှိန်မတက်အောင်ထိန်းသိမ်းရမည်ဟု ဂျပန်နိုင်ငံ၏ Cabinet Secretary for Public Affairs ဖြစ်သူ Noriyuki Shikata ကလည်းပြောသည်။ သုံးနိုင်ငံ လွတ်လပ်သော ကုန် သွယ်ရေး သဘောတူညီချက်ရရှိအောင် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်ခြင်းသည် ပါဝင်သူအား လုံးအတွက် အပြုသဘောခြေလှမ်းဖြစ်ပြီး သုံးနိုင်ငံလုံးသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ ကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိကြောင်း ကာလရှည် ကြာကတည်းက သက်သေပြခဲ့ပြီးဖြစ်သည်ဟု အမေ ရိကန်နိုင်ငံ Dartmouth College မှ နိုင်ငံခြားရေး မူဝါဒနှင့် နိုင်ငံတကာလုံခြုံရေးပညာရှင်တစ်ဦးဖြစ်သူ Dr. Minseon Ku ကလည်း ယူဆသည်။ အာရှစီးပွားရေးအင်အားကြီးသုံးနိုင်ငံသည် အာရှဒေသတွင် စစ်ရေးအရ ထိပ်တိုက်တွေ့မှုများကိုရှောင်ရှားပြီး အငြင်းပွားဖွယ်ရာများကို ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းဖြင့် ဖြေရှင်းနိုင်စွမ်းရှိကြောင်း သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ခြင်းက သက်သေ တစ်ခုဖြစ်ကြောင်း တောင်ကိုရီးယား၊ တရုတ်၊ ဂျပန် သုံးပွင့် ဆိုင်ဆွေးနွေးပွဲနှင့်ပတ်သက်သည့် သဘောထား အမြင်တချို့ကို ကောက်နုတ်တင်ပြရပါသည်။

zawgyi version
ေတာင္ကိုရီးယား၊ တ႐ုတ္၊ ဂ်ပန္ သုံးပြင့္ဆိုင္ေဆြးေႏြးပြဲ ဘာေတြထူးျခားလဲ (ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ဇြန္ ၁၂

ေတာင္ကိုရီးယား၊ တ႐ုတ္၊ ဂ်ပန္ သုံးႏိုင္ငံ တို႔မွေခါင္းေဆာင္မ်ားသည္ ၂၀၂၄ ခုႏွစ္ ေမလ ၂၇ ရက္ေန႔တြင္ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕တြင္ သုံးပြင့္ဆိုင္ ထိပ္သီးေဆြးေႏြးပြဲတစ္ရပ္ က်င္းပခဲ့ၾကသည္။ ေလးႏွစ္ေက်ာ္ကာလအတြင္း သုံးပြင့္ဆိုင္ ေဆြးေႏြးပြဲကို ပထမဆုံး ျပန္လည္က်င္းပ ႏိုင္ခဲ့ျခင္းလည္း ျဖစ္သည္။ အဆိုပါ သုံးပြင့္ဆိုင္ေဆြးေႏြးပြဲမွာ ၂၀ဝ၈ ခုႏွစ္ကတည္းက ပုံမွန္စတင္ခဲ့ျခင္း ျဖစ္သည္။ သို႔ေသာ္ ကိုဗစ္ကပ္ေရာဂါ၊ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယား ႏိုင္ငံတို႔ၾကား ဆက္ဆံေရး အဆင္မေျပမႈတို႔ေၾကာင့္ ၂၀၁၉ ခုႏွစ္ကတည္းက မက်င္းပႏိုင္ခဲ့ျခင္းျဖစ္သည္။ ၂၀၂၃ ခုႏွစ္ မတ္လတြင္ ေတာင္ကိုရီးယားႏိုင္ငံသည္ တ႐ုတ္၊ ေျမာက္ကိုရီးယားႏိုင္ငံတို႔ႏွင့္ပတ္သက္၍ စိုးရိမ္မႈမ်ားျဖစ္လာကာ ဂ်ပန္ႏိုင္ငံႏွင့္ဆက္ဆံေရး ပုံမွန္ ျပန္ေရာက္လာရန္ႀကိဳးပမ္းခဲ့သည္။ ထို႔ျပင္ အေမရိကန္ႏွင့္လည္း ပိုမိုနီးကပ္လာခဲ့သည္။

ထိုအေျခအေနတြင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ အာရွပစိဖိတ္ေဒသတြင္ အေမရိကန္၏ အဓိက မဟာ မိတ္ ႏွစ္ႏိုင္ငံျဖစ္သည့္ ေတာင္ကိုရီးယား၊ ဂ်ပန္ႏိုင္ငံ တို႔ႏွင့္ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ရန္ ႀကိဳးပမ္းသည့္ အေမရိကန္၏အားထုတ္ေနမႈအေပၚတုံ႔ျပန္ရန္ နည္းလမ္းရွာေဖြလာျခင္းျဖစ္သည္ဟု သုံးသပ္မႈလည္း ရွိသည္။ ဂ်ပန္ႏွင့္ေတာင္ကိုရီးယား ႏိုင္ငံတို႔သည္လည္း အေမရိကန္ႏွင့္တ႐ုတ္တို႔ၾကား တြင္ စစ္ေရး၊ စီးပြားေရးအားၿပိဳင္မႈမ်ားၾကား ဟန္ခ်က္ညႇိႏိုင္ရန္ ႀကိဳးပမ္းလာျခင္းျဖစ္သည္။ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယား ႏိုင္ငံတို႔သည္ အေမရိကန္၏ လုံၿခဳံေရးမဟာမိတ္မ်ားျဖစ္ၿပီး ေဒသတြင္းတြင္ ပူးတြဲစစ္ ေရး ေလ့က်င့္မႈမ်ား ျပဳလုပ္ေနေသာ္လည္း စီးပြားေရးအရ တ႐ုတ္ႏိုင္ငံအေပၚမွီခိုေနရၿပီး အႀကီးဆုံး ကုန္သြယ္ေရး မိတ္ဖက္မ်ားလည္းျဖစ္သည္။

အေမရိကန္ႏိုင္ငံအေနျဖင့္ အာရွသုံးႏိုင္ငံ အလွည့္က်ေဆြးေႏြးပြဲ ျပန္လည္က်င္းပျခင္းအေပၚ စိုးရိမ္စရာမရွိဟု အေမရိကန္သုေတသီတို႔ကဆိုသည္။ သို႔ေသာ္ အေမရိကန္၏ မဟာမိတ္မ်ားတြင္လည္း စီမံခန႔္ခြဲရမည့္ ကိုယ္ပိုင္အက်ိဳးစီးပြားမ်ားရွိေနေၾကာင္း အဆိုပါ သုံးပြင့္ဆိုင္ထိပ္သီးေဆြးေႏြးပြဲက အေမရိ ကန္ကို အခ်က္ေပးေနျခင္းျဖစ္သည္ဟု အေမရိကန္ သုေတသီတို႔ကယူဆသည္။

အစဥ္အလာအားျဖင့္ၾကည့္ပါက ေတာင္ကိုရီးယားသမၼတ၊ ဂ်ပန္ဝန္ႀကီးခ်ဳပ္ႏွင့္ တ႐ုတ္ဝန္ႀကီး ခ်ဳပ္တို႔သည္ အစိုးရအဖြဲ႕ကိုဦးေဆာင္ရသူမ်ားျဖစ္ၾကၿပီး လုံၿခဳံေရးကိစၥရပ္မ်ားထက္ စီးပြားေရး ကိစၥရပ္ မ်ားကို အဓိကထားေဆာင္႐ြက္ရန္ သုံးပြင့္ဆိုင္ ထိပ္သီးေဆြးေႏြးပြဲကို တက္ေရာက္လာၾကျခင္းျဖစ္ သည္။ သုံးပြင့္ဆိုင္ထိပ္သီးေဆြးေႏြးပြဲ ေနာက္ဆုံး က်င္းပခဲ့သည့္အခ်ိန္ႏွင့္ ႏႈိင္းယွဥ္ၾကည့္ပါက အေျခ အေနမွာ မ်ားစြာေျပာင္းလဲသြားခဲ့ၿပီျဖစ္သည္။ ယခု အခ်ိန္တြင္မူ ႐ုရွားက ယူကရိန္းကို တိုက္ခိုက္ေနခ်ိန္၊ တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ပတ္ဝန္းက်င္တြင္ စစ္အင္ အားတိုးျမႇင့္ျပသေနခ်ိန္၊ ေျမာက္ကိုရီးယားႏိုင္ငံက န်ဴကလီးယားလက္နက္အစီအစဥ္မ်ား တိုးျမႇင့္ျပဳလုပ္ေနခ်ိန္ျဖစ္သည္။ အဆိုပါအေျခအေနမ်ားသည္ ဂ်ပန္ ႏွင့္ေတာင္ကိုရီးယားႏိုင္ငံတို႔ကို အေမရိကန္ႏိုင္ငံႏွင့္ ပိုမိုနီးကပ္ေစရန္ တြန္းအားတစ္ရပ္ ျဖစ္ေစ ခဲ့သည္။

တစ္ခ်ိန္တည္းမွာပင္ ဂ်ပန္ႏွင့္ေတာင္ကိုရီးယားႏိုင္ငံတို႔သည္ အေမရိကန္ႏွင့္ပူးေပါင္း ေဆာင္႐ြက္သကဲ့သို႔ တ႐ုတ္ႏိုင္ငံႏွင့္ စီးပြားေရးအရ ခ်ိတ္ဆက္မႈမ်ားရွိေနသည္။ ဂ်ပန္ႏိုင္ငံ၏ အမ်ိဳးသား လုံၿခဳံေရးမဟာဗ်ဴဟာသည္ တ႐ုတ္ႏိုင္ငံႏွင့္အျပဳသေဘာေဆာင္ၿပီး တည္ၿငိမ္သည့္ဆက္ဆံေရးထားရွိ ရန္ ရည္႐ြယ္ထားသည္။ အထူးသျဖင့္ စီးပြားေရးအရ ဆက္စပ္မႈမ်ားကို ထိန္းသိမ္းရန္ျဖစ္သည္။ ေတာင္ကိုရီးယားႏိုင္ငံ၏ အင္ဒိုပစိဖိတ္မဟာဗ်ဴဟာသည္လည္း သုံးပြင့္ဆိုင္ထိပ္သီး ေဆြးေႏြးပြဲ ျပန္လည္စတင္ရန္ ျဖစ္သည္။

အေမရိကန္ႏိုင္ငံက တ႐ုတ္ႏိုင္ငံ၏ နည္းပညာတိုးတက္မႈ ေႏွးေကြးေစရန္ႏွင့္ စစ္ေရးရည္မွန္း ခ်က္မ်ားကို တန္ျပန္ရန္ရည္႐ြယ္ၿပီး အင္ဒိုပစိဖိတ္ ေဒသတစ္ေလွ်ာက္ မဟာမိတ္မ်ားစုဖြဲ႕လာခဲ့သည္။ တ႐ုတ္ႏိုင္ငံကလည္း အေမရိကန္၏ အဆိုပါႀကိဳးပမ္းအားထုတ္မႈဖိအားအေပၚ တန္ျပန္ရန္အတြက္ အာရွ စီးပြားေရး အင္အားႀကီးႏွစ္ႏိုင္ငံႏွင့္ေဆြးေႏြးမႈ ျပန္လည္စတင္လိုျခင္းျဖစ္ႏိုင္သည္ဟု ေလ့လာ သူမ်ားက ဆိုသည္။ ထို႔ျပင္ တ႐ုတ္ႏိုင္ငံကလည္း ၎အား အေမရိကန္ႏွင့္သူ၏ မဟာမိတ္မ်ားက ဝိုင္းရံထားသည္ဟုခံစားေနရသည့္အတြက္ ျပန္တြန္းလိုျခင္းလည္း ျဖစ္ႏိုင္သည္ဟု တိုက်ိဳတကၠသိုလ္မွ ႏိုင္ငံတကာႏိုင္ငံေရးပါေမာကၡတစ္ဦးျဖစ္သူ႔ Yasuhiro Matsuda က ဆိုသည္။ သမၼတ ဂ်ိဳးဘိုင္ဒန္သည္ လြန္ခဲ့သည့္ေႏြရာသီက Camp David စခန္းတြင္ ဂ်ပန္၊ ေတာင္ကိုရီးယား ေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံ ၿပီး မိတ္ဖက္ျဖစ္မႈေခတ္သစ္ “new era of part­nership” အျဖစ္ေၾကညာၿပီးေနာက္တြင္ သုံးပြင့္ဆိုင္ ေဆြးေႏြးပြဲ ျပန္လည္စတင္ရန္ တ႐ုတ္အရာရွိမ်ားက အႀကံျပဳခဲ့ျခင္းျဖစ္သည္ဟု ေတာင္ကိုရီးယား အရာရွိ မ်ားကဆိုသည္။

ယခု သုံးပြင့္ဆိုင္ေဆြးေႏြးပြဲသည္ သုံး ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ေရးစနစ္ အျပည့္အဝ ျပန္လည္ ရရွိေစျခင္းႏွင့္ ပုံမွန္ျပန္ျဖစ္ေစေရးအတြက္ အလွည့္အေျပာင္းတစ္ခုျဖစ္ႏိုင္သည္ဟု ေတာင္ကိုရီးယား လုံၿခဳံေရးအႀကံေပးတစ္ဦးျဖစ္သည့္ Kim Tae hyo က သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ထုတ္ေဖာ္ေျပာ ဆိုခဲ့သည္။ ပိုမိုေကာင္းမြန္သည့္ ေဆြးေႏြးညႇိႏႈိင္းမႈမ်ားျပဳလုပ္ျခင္းသည္ ေဒသတြင္းတည္ၿငိမ္ေရးအ တြက္ အေရးႀကီးသုံးႏိုင္ငံတို႔မွာ သီးျခားခြဲထုတ္၍ မရသည့္ အိမ္နီးခ်င္းမ်ားအျဖစ္ ေရွ႕ဆက္ၾကရမည္ျဖစ္ သည္ဟု တ႐ုတ္ပညာရွင္မ်ားကလည္း သုံးသပ္ၾကသည္။ လွ်ပ္စစ္ကားမ်ားအပါအဝင္ တ႐ုတ္သြင္းကုန္ မ်ားအေပၚ အေမရိကန္ႏိုင္ငံက သြင္းကုန္ခြန္မ်ား တိုးျမႇင့္ေကာက္ခံရန္ႀကိဳးပမ္းေနခ်ိန္တြင္ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားႏိုင္ငံထံမွ ေထာက္ခံမႈရရွိရန္ တ႐ုတ္ႏိုင္ငံက နည္းလမ္းရွာေနျခင္းျဖစ္သည္ဟု နန္နင္းတကၠသိုလ္ ႏိုင္ငံတကာေလ့လာေရး အင္စတီက်ဳမွ ၫြန္ၾကားေရးမႉးျဖစ္သူ Zhu Feng ကဆို သည္။ ဂ်ပန္ႏိုင္ငံကလည္း တ႐ုတ္ႏိုင္ငံႏွင့္ဆက္သြယ္ေရး လမ္းေၾကာင္းဆက္ဖြင့္ထားရန္ စိတ္ဝင္စား သည္။ ဂ်ပန္ႏိုင္ငံသည္ အထူးသျဖင့္ ထိုင္ဝမ္ေရလက္ၾကားတြင္ တ႐ုတ္ႏိုင္ငံ၏ စစ္ေရးလႈပ္ရွားမႈအေပၚ စိုးရိမ္မႈရွိေၾကာင္း တိုက်ိဳတကၠသိုလ္မွ ႏိုင္ငံတကာ ႏိုင္ငံေရးပါ ေမာကၡတစ္ဦးျဖစ္သူ Yasuhiro Matsuda က ဆိုသည္။ ဂ်ပန္ႏိုင္ငံ၏ဒီပလိုေမစီမွာ တ႐ုတ္ႏိုင္ငံ ႏွင့္ပတ္သက္၍ ႀကိဳတင္ဟန႔္တားေရးမူေဘာင္ တည္ေဆာက္ရန္ျဖစ္သည္။ ထိုင္ဝမ္သည္ တ႐ုတ္ႏိုင္ငံ၏ အစိတ္အပိုင္းျဖစ္သည္ဆိုသည့္ တ႐ုတ္ႏိုင္ငံ ၏ရပ္တည္ခ်က္မွာ ရွင္းလင္းျပတ္သားေနသည့္အတြက္ ဆက္သြယ္ေရးလမ္းေၾကာင္း ဆက္ထားျခင္း သည္သာ ႀကိဳတင္ဟန႔္တားေရးကို အေထာက္အပံ့ျဖစ္ေစႏိုင္သည္ဟု Yasuhiro Matsuda က ယူဆ သည္။ ဂ်ပန္ႏွင့္ေတာင္ကိုရီးယားတို႔သည္ ေျမာက္ကိုရီးယား၏ န်ဴကလီးယားအစီအစဥ္မ်ား၊ ေျမာက္ ကိုရီးယားႏွင့္ ႐ုရွားတို႔ၾကား စစ္ေရးအရ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္လာျခင္းတို႔ႏွင့္ ပတ္သက္၍ အရွိန္သတ္ႏိုင္ေရး တ႐ုတ္ႏိုင္ငံကို ဖိအားတစ္စုံတစ္ရာေပးလိုပုံရသည္။ သို႔ေသာ္ တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခ်န္းက လက္ခံလို ပုံမရ။ တ႐ုတ္ႏိုင္ငံသည္ မၾကာေသးမီႏွစ္မ်ားအတြင္း ေျမာက္ကိုရီးယားႏိုင္ငံ၏ စစ္ေရးရည္မွန္းခ်က္မ်ားကို ပိတ္ဆို႔ဟန႔္တားရန္ အနည္းငယ္မွ်ပင္ စိတ္ဝင္စားျခင္းမရွိခဲ့ပါ။ တ႐ုတ္ ႏွင့္႐ုရွားတို႔သည္ ေျမာက္ကိုရီးယားႏိုင္ငံအေပၚ ကုလသမဂၢလုံၿခဳံေရးေကာင္စီက ျပင္းထန္သည့္ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားခ်မွတ္ရန္ ႀကိဳးပမ္းမႈအေပၚ ဗီတိုအာဏာသုံး၍ တညီတၫြတ္တည္း ပယ္ခ်ခဲ့ၾကသည္။

သုံးပြင့္ဆိုင္ေဆြးေႏြးပြဲမွာ ကုန္ထုတ္လုပ္မႈ ကြင္းဆက္ကိုကာကြယ္ျခင္း၊ ကုန္သြယ္ေရးျမႇင့္တင္ ျခင္း၊ သမာၻရင့္ႏိုင္ငံသား မ်ားျပားလာျခင္း၊ အသစ္ေပၚထြက္လာသည့္ ကူးစက္ေရာဂါမ်ား စသည့္ဘုံသ ေဘာတူညီခ်က္အေပၚ အဓိကထား ေဆြးေႏြးခဲ့ၾကသည္။ သို႔ေသာ္ ေခါင္းေဆာင္မ်ားသည္ ထိုင္ဝမ္၊ ေျမာက္ကိုရီးယား စသည့္ ထိရွလြယ္သည့္ ေဒသတြင္း ဆိုင္ရာလုံၿခဳံေရးကိစၥမ်ားႏွင့္ပတ္သက္၍မူ သတိႀကီးစြာ ထား၍ေဆြးေႏြးခဲ့ၾကသည္။ ေျမာက္ကိုရီးယားႏိုင္ငံကလည္း ေတာင္ကိုရီးယားႏွင့္ ဂ်ပန္ႏိုင္ငံတို႔၏ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားအေပၚ စိုးရိမ္ခ်က္ရွိသည္။ ထို႔ျပင္ ၎အေပၚ တစ္ဖက္သတ္ ခ်မွတ္ထားသည့္ ကုလသမဂၢ၏ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားကို အန္တုၿပီး ႐ုရွားႏိုင္ငံႏွင့္ လက္နက္ေရာင္းဝယ္မႈ တိုးခ်ဲ႕လာခဲ့သည္ဟု သတင္းတခ်ိဳ႕ကဆိုသည္။ ႐ုရွား ႏိုင္ငံကို မစ္ဆိုင္းဒုံး က်ည္မ်ားႏွင့္ က်ည္ဆန္မ်ား ေရာင္းခ်ေပးသည္။ ႐ုရွားႏိုင္ငံကလည္း အျပန္အလွန္အားျဖင့္ ေျမာက္ ကိုရီးယားႏိုင္ငံ၏ မစ္ဆိုင္းဒုံးက်ည္အစီအစဥ္ကို အေထာက္အပံ့ျဖစ္ေစသည့္ စြမ္းအင္ႏွင့္နည္းပညာ ဆိုင္ရာ အေထာက္အပံ့မ်ား ျပန္ေပးသည္ဟုလည္း ဆိုပါသည္။ ဂ်ပန္ႏွင့္ ေတာင္ကို ရီးယားတို႔က တ႐ုတ္ႏိုင္ငံကို ေျမာက္ကိုရီးယားအေပၚ နားခ်ေစလိုၾကသည္။ သို႔ေသာ္ တ႐ုတ္ႏိုင္ငံကလည္း ေျမာက္ကိုရီးယားအေပၚ ၎၏ဩဇာကို အသုံးျပဳရန္ ဆႏၵရွိပုံမရပါ။

ကမာၻလုံးဆိုင္ရာ ကုန္ထုတ္လုပ္မႈအားလုံး၏ ငါးပုံတစ္ပုံရွိေသာ အေရွ႕ေတာင္အာရွအိမ္နီးခ်င္း ႏိုင္ငံမ်ားသည္ ေဒသတြင္းတည္ၿငိမ္မႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈလိုအပ္သည္။ အထူးသျဖင့္ ကပ္ေရာဂါ လြန္ ကာလစီးပြားေရးေႏွးေကြးမႈမွ ျပန္လည္နာလန္ထူေရးႏွင့္ ကုန္ထုတ္လုပ္မႈကြင္းဆက္က႑တို႔တြင္ ပူးေပါင္းေဆာင္႐ြက္ရန္လိုအပ္သည္။ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားတို႔သည္ ၎တို႔၏ ပိုင္နက္အတြင္း အေမရိကန္တပ္ဖြဲ႕ဝင္ ၈၀ဝ၀ ေက်ာ္လက္ခံထားၿပီး အေရးႀကီးဆုံးမဟာမိတ္အျဖစ္ ခံယူထားသည္။ သို႔ ေသာ္ တ႐ုတ္ႏိုင္ငံႏွင့္ စီးပြားေရးအရဆက္ဆံမႈ တိုးျမႇင့္ရန္ လုပ္ငန္းရွင္မ်ား၏ ျပည္တြင္းဖိအားမ်ားကို ရင္ဆိုင္ေနရသည္။ တ႐ုတ္ႏိုင္ငံသည္ ၎၏ႀကီး မားသည့္ေဈးကြက္ျဖင့္ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယား လုပ္ငန္းရွင္မ်ားအတြက္ မက္လုံးေပးႏိုင္ၿပီး အေမရိကန္၏လႊမ္းမိုးမႈအခ်ိဳ႕ကို ေမွးမွိန္ေစႏိုင္သည္။ ေနာက္ဆုံးတြင္ တ႐ုတ္ႏိုင္ငံသည္ ေဒသတြင္းၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္ေရးကို ထိန္းသိမ္းသည့္အေနျဖင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈကို အေလးထားၿပီး သုံးႏိုင္ငံၾကား လြတ္လပ္သည့္ကုန္သြယ္ေရး သေဘာတူညီခ်က္ရရွိေရး ေဆြးေႏြးပြဲျပန္စရန္ သေဘာတူညီခဲ့သည္။

ဂ်ပန္ႏွင့္ေတာင္ကိုရီးယားႏိုင္ငံတို႔သည္ အေမရိကန္ႏိုင္ငံကို အာရွေဒသတြင္ တ႐ုတ္ႏိုင္ငံကို ထိန္းညႇိေပးသူအျဖစ္ ရွိေစလိုသည္။ အေမရိကန္ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံကို ေနာက္ဆုံးေပၚ တစ္ပိုင္းလွ်ပ္ ကူးပစၥည္းမ်ားအသုံးမျပဳႏိုင္ေစရန္ ကန႔္သတ္ခ်က္မ်ား တစ္ေလွႀကီးခ်မွတ္ထားသည္။ ဂ်ပန္ႏွင့္ေတာင္ ကိုရီးယားႏိုင္ငံတို႔ကိုလည္း ၎ႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ တစ္စိုက္မတ္မတ္ တိုက္တြန္းေနသည္။ တ႐ုတ္ဝန္ႀကီးခ်ဳပ္လီခ်န္းကမူ ဗဟုဝင္႐ိုးကမာၻ အထိုင္ပုံေဖာ္ရန္တိုက္တြန္းျခင္းျဖင့္ အေမရိကန္ကို ေဝ ဖန္ခဲ့ၿပီး ကုန္သြယ္ေရးကိစၥကို ႏိုင္ငံေရးကိစၥအျဖစ္ အသုံးမခ်ရန္ႏွင့္ အုပ္စုမ်ားဖြဲ႕စည္းရန္ ႀကိဳးပမ္းသည့္ မည္သို႔ေသာ အားထုတ္မႈကိုမဆို ဆန႔္က်င္သည္ဟု ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ သမိုင္းေၾကာင္းႏွင့္ခ်ီသည့္ အျငင္းပြားမႈမ်ားေၾကာင့္ ဆက္ဆံေရးယိုယြင္းခဲ့သည့္ ဂ်ပန္ႏွင့္ေတာင္ကိုရီးယားႏိုင္ငံတို႔သည္ မၾကာေသး မီ ႏွစ္မ်ားအတြင္းက ဆက္ဆံေရး တိုးတက္ေကာင္းမြန္လာခဲ့သည္။ ႏွစ္ႏိုင္ငံတို႔သည္ ေျမာက္ကိုရီးယား ႏွင့္ တ႐ုတ္တို႔ကို ႀကိဳတင္ဟန႔္တားမႈဟုဆိုကာ အေမရိကန္ႏိုင္ငံႏွင့္ သုံးပြင့္ဆိုင္ စစ္ေရး ပူးေပါင္း ေဆာင္ ႐ြက္မႈကို တိုးခ်ဲ႕ခဲ့ၾကသည္။ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားတို႔ သည္ တ႐ုတ္ႏိုင္ငံအတြင္း စီးပြားေရး လုပ္ကိုင္ရျခင္း ႏွင့္ပတ္သက္၍ ပိုမိုခက္ခဲလာျခင္းကိုေျဖရွင္းေပးရန္ တ႐ုတ္အစိုးရအား ေတာင္းဆို ခဲ့ၾကသည္။ သူလွ်ိဳျပဳလုပ္သည္ဟူေသာ သံသယျဖင့္ တ႐ုတ္ႏိုင္ငံတြင္ ဖမ္းဆီးထိန္းသိမ္းထားသည့္ ဂ်ပန္ႏိုင္ငံသားမ်ားကို အျမန္ဆုံးျပန္လႊတ္ေပးရန္လည္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ ခီရွီဒါးကတိုက္တြန္းခဲ့သည္။ အေမရိကန္ႏွင့္ ပိုမိုနီးကပ္လာသည့္ ေတာင္ကိုရီးယားသမၼတ ယြန္းေဆာ့ယို လက္ထက္တြင္ တ႐ုတ္ ႏိုင္ငံသို႔ ေတာင္ကိုရီးယား၏ ပို႔ကုန္မ်ား ေဇာက္ထိုးက်ဆင္းသြားခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ အေမရိကန္ႏိုင္ငံသည္ တ႐ုတ္၏ေနရာတြင္ အစားထိုးဝင္ေရာက္လာခဲ့ၿပီး ႏွစ္ေပါင္းႏွစ္ဆယ္အတြင္း ပထမဆုံးအျဖစ္ ေတာင္ကိုရီးယား၏အႀကီးမားဆုံး ပို႔ကုန္ေဈးကြက္ျဖစ္လာခဲ့သည္ဟု တရားဝင္ ထုတ္ျပန္သည့္ အစိုးရ သတင္းအခ်က္အလက္မ်ားက ျပဆိုေနသည္။

သုံးပြင့္ဆိုင္ေဆြးေႏြးပြဲ ျပန္လည္စတင္ႏိုင္ရန္ သေဘာတူညီႏိုင္ခဲ့ျခင္းသည္ အေရွ႕ေျမာက္ အိမ္ နီးခ်င္းသုံးႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ အျပဳသေဘာေဆာင္သည့္ လကၡဏာတစ္ရပ္ျဖစ္ သည္ဟု ပညာရွင္းမ်ားကယူဆၾကသည္။ သုံးႏိုင္ငံလုံးသည္ ကမာၻတစ္ဝန္း မတည္ၿငိမ္မႈမ်ားႏွင့္ စစ္ပြဲမ်ား ေၾကာင့္ျဖစ္ေပၚလာသည့္ စီးပြားေရးအရ မေသခ်ာမေရရာမႈမ်ားကို ရင္ဆိုင္ေနရခ်ိန္တြင္ ယခုကဲ့သို႔ သုံး ပြင့္ဆိုင္ေဆြးေႏြးပြဲ ျပန္စရန္ သေဘာတူညီလိုက္ျခင္း အေပၚ အျပဳသေဘာ တိုးတက္မႈအျဖစ္ ယူဆျခင္း မွာ ဆီေလ်ာ္သည္။ သို႔ေသာ္ သုံးႏိုင္ငံၾကားတြင္ ရႈပ္ေထြးသည့္ျပႆနာမ်ားကလည္းရွိေနျပန္ရာ ၎တို႔ ၾကား ပူးေပါင္းေဆာင္႐ြက္မႈကို မည္သို႔ေသာအတိုင္းအတာအထိ ျမႇင့္တင္ႏိုင္မည္ဆိုသည္မွာမူ မသိကိန္း တစ္ခုသာျဖစ္သည္။ ျပည္သူအခ်င္းခ်င္း ထိေတြ႕ ဆက္ဆံေရး၊ ယဥ္ေက်းမႈ ဖလွယ္ေရး၊ လုံၿခဳံစိတ္ခ်ရ သည့္ ကုန္ထုတ္လုပ္မႈကြင္းဆက္မ်ား တည္ေဆာက္ေရး၊ မွ်ေဝခံစားေနရသည့္ ပတ္ဝန္းက်င္ဆိုင္ရာ ျပႆနာမ်ား၊ က်န္းမာေရးႏွင့္ အျခားေသာကိစၥရပ္မ်ား ေျဖရွင္းႏိုင္ေရး အတူတကြပူးေပါင္းေဆာင္႐ြက္ ေရးတို႔တြင္ ေခါင္းေဆာင္သုံးဦးတို႔က သေဘာတူညီခဲ့ၾကသည္ဟု ေတာင္ကိုရီးယားသမၼတ ယြန္းေဆာ့ယို က ဆိုသည္။ သုံးႏိုင္ငံလုံးသည္ ေဒသတြင္းၿငိမ္းခ်မ္းေရးအတြက္ ႀကီးမားသည့္တာဝန္မ်ားကို မွ်ေဝယူၾက ရမည္ဟု ဂ်ပန္ဝန္ႀကီးခ်ဳပ္ ခီရွီဒါးကဆိုသည္။ သံသယမ်ားေပ်ာက္ၿပီး ယုံၾကည္မႈမ်ားတိုးလာေစရန္ ႐ိုး သားသည့္ေဆြးေႏြးမႈျဖစ္ရန္၊ ဗဟုဝင္႐ိုးကမာၻျမႇင့္တင္ရန္ႏွင့္ အုပ္စုမ်ားဖြဲ႕စည္းျခင္းကို ဆန႔္က်င္ရန္ လိုအပ္သည္ဟု တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခ်န္းကဆိုသည္။

အေမရိကန္ႏိုင္ငံမွ 400 U.S Tomahawk တာေဝးပစ္ ခ႐ုမစ္ဆိုင္းဒုံးက်ည္မ်ားဝယ္ယူမည့္ ဂ်ပန္ႏိုင္ငံ၏အစီအစဥ္ႏွင့္ အေနာက္ပစိဖိတ္ေဒသရွိ ၎တို႔၏လႈပ္ရွားမႈမ်ားကို အေထာက္အပံ့ ျဖစ္ေစရန္ ဂ်ပန္ႏိုင္ငံတြင္ အေမရိကန္စစ္သေဘၤာမ်ား ျပင္ဆင္ခြင့္ျပဳျခင္းႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံက စိုးရိမ္မကင္း ျဖစ္ေနသည္။ ေတာင္ကိုရီးယား၊ ဂ်ပန္ႏွင့္ အေမရိကန္သုံးႏိုင္ငံၾကား စစ္ေရးေလ့က်င့္မႈ တိုးခ်ဲ႕လာျခင္းႏွင့္ပတ္သက္၍လည္း တ႐ုတ္ႏိုင္ငံက ကန႔္ကြက္ထား ၿပီးျဖစ္သည္။ သုံးပြင့္ဆိုင္ ထိပ္သီး ေဆြးေႏြးပြဲကို မၾကာမီရက္ပိုင္းအတြင္း ေျမာက္ကိုရီးယားႏိုင္ငံ၏ ၿဂိဳဟ္တုလႊတ္တင့္မည့္အစီအစဥ္က လႊမ္းမိုးထားသည္။ ေျမာက္ကိုရီးယားႏိုင္ငံ၏ မည္သည့္ၿဂိဳဟ္တု လႊတ္တင္မႈကိုမဆို မျပဳလုပ္ရန္ ကုလသမဂၢက တားျမစ္ထားသည္။ ေျမာက္ကိုရီးယားႏိုင္ငံကလည္း ၎တို႔အေနျဖင့္ ပစ္မွတ္ကို တိက်စြာ ပစ္ခတ္ႏိုင္စြမ္း တိုးျမႇင့္ရန္၊ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားႏိုင္ငံတို႔ကို ပိုမိုေစာင့္ၾကည့္ ႏိုင္ရန္အတြက္ သူလွ်ိဳၿဂိဳဟ္တုမ်ားလိုအပ္သည္ဟု ပြင့္ပြင့္လင္းလင္းပင္ ထုတ္ေျပာထားသည္။ ေျမာက္ကိုရီးယားႏိုင္ငံအေနျဖင့္ ၿဂိဳဟ္တုမ်ားဆက္လႊင့္တက္ေနမည္ဆိုပါက ျပင္းထန္သည့္ ႏိုင္ငံတကာ အေရးယူမႈမ်ားျပဳလုပ္ရန္ ေတာင္ကိုရီးယားသမၼတ ယြန္းေဆာ့ယိုက တိုက္တြန္းခဲ့သည္။ ၿဂိဳဟ္တုလႊင့္ တင္မည့္အစီအစဥ္မ်ားကို ျပန္လည္႐ုပ္သိမ္းရန္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ခီရွီဒါးက ေျမာက္ကိုရီးယားႏိုင္ငံကို တိုက္တြန္းခဲ့သည္။ တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခ်န္းကမူ ကိုရီးယားကြၽန္းဆြယ္တည္ၿငိမ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ရရွိေစေရး ႏိုင္ငံေရးနည္းအရ ေျဖရွင္းေဆာင္႐ြက္ရန္သာ ေျပာဆိုခဲ့သည္။

တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခ်န္းသည္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ခီရွီဒါးႏွင့္ေရာ၊ ေတာင္ကိုရီးယားသမၼတ ယြန္းေဆာ့ယိုႏွင့္ပါ ႏွစ္ႏိုင္ငံေခါင္းေဆာင္အခ်င္းခ်င္း သီးသန႔္ေတြ႕ဆုံခဲ့ၾကသည္။ ေတာင္ကိုရီးယား သမၼတ ယြန္ေဆာ့ယိုသည္ တ႐ုတ္ဝန္ႀကီးခ်ဳပ္လီခ်န္းအား ကိုရီးယားကြၽန္းဆြယ္ၿငိမ္းခ်မ္းေရး ျမႇင့္တင္ ရန္၊ ႐ုရွားႏွင့္ စစ္ေရးအရ နက္နက္ရႈိင္းရႈိင္းဆက္ဆံမႈတို႔ႏွင့္ပတ္သက္၍ ေဆြးေႏြးခဲ့သည္ဟုဆိုသည္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ခီရွီဒါးကလည္း တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခ်န္းအား ေတာင္တ႐ုတ္ပင္လယ္ အေျခအေန၊ တ႐ုတ္ႏိုင္ငံအေနာက္ေျမာက္ပိုင္းရွိ ရွန္ဂ်န္းေဒသ၊ ေဟာင္ေကာင္၊ ထိုင္ဝမ္အေရးတို႔ႏွင့္ပတ္သက္၍ စိုးရိမ္ေၾကာင္းေျပာဆိုခဲ့သည္။ ထိုင္ဝမ္ကိစၥကို ျပည္တြင္းေရးအျဖစ္ တ႐ုတ္ႏိုင္ငံက အခိုင္အမာ ရပ္တည္ထားၿပီး ျဖတ္သန္း၍မရသည့္မီးနီလိုင္းျဖစ္သည္ဟု တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခ်န္းက ဂ်ပန္ဝန္ႀကီးခ်ဳပ္ ခီရွီဒါးကိုေျပာဆိုခဲ့သည္။ တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခ်န္းကလည္း ဂ်ပန္ ႏိုင္ငံႏွင့္ ေတာင္ကိုရီးယားႏိုင္ငံတို႔ကို အေမရိကန္ႏိုင္ငံႏွင့္ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ျခင္းအေပၚ ေဝဖန္ေျပာၾကားခဲ့သည္။

ဂ်ပန္၊ ေတာင္ကိုရီးယားႏွင့္ တ႐ုတ္ႏိုင္ငံတို႔ၾကား ကြဲျပားမႈမ်ားရွိေသာ္လည္း အခုကဲ့သို႔ သုံးပြင့္ ဆိုင္ေဆြးေႏြးပြဲ ျပန္လည္က်င္းပျခင္းသည္ စိုးရိမ္ဖြယ္ရာကိစၥရပ္မ်ား ေျဖရွင္းေရးအတြက္ အေရးႀကီး သည္ဟု ကမာၻ႔ေခါင္းေဆာင္မ်ားက ေျပာဆိုၾကသည္။ အိမ္နီးခ်င္းႏိုင္ငံမ်ားအေနျဖင့္ အတူ ပူးတြဲတည္ ရွိရန္ လိုအပ္ၿပီး တင္းမာမႈမ်ားအရွိန္မတက္ေအာင္ထိန္းသိမ္းရမည္ဟု ဂ်ပန္ႏိုင္ငံ၏ Cabinet Secretary for Public Affairs ျဖစ္သူ Noriyuki Shikata ကလည္းေျပာသည္။ သုံးႏိုင္ငံ လြတ္လပ္ေသာ ကုန္ သြယ္ေရး သေဘာတူညီခ်က္ရရွိေအာင္ ေဆြးေႏြးညႇိႏႈိင္းမႈမ်ား ျပန္လည္စတင္ႏိုင္ျခင္းသည္ ပါဝင္သူအား လုံးအတြက္ အျပဳသေဘာေျခလွမ္းျဖစ္ၿပီး သုံးႏိုင္ငံလုံးသည္ ကုန္သြယ္ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈကိစၥရပ္မ်ား ကို ကိုင္တြယ္ေျဖရွင္းႏိုင္စြမ္းရွိေၾကာင္း ကာလရွည္ ၾကာကတည္းက သက္ေသျပခဲ့ၿပီးျဖစ္သည္ဟု အေမ ရိကန္ႏိုင္ငံ Dartmouth College မွ ႏိုင္ငံျခားေရး မူဝါဒႏွင့္ ႏိုင္ငံတကာလုံၿခဳံေရးပညာရွင္တစ္ဦးျဖစ္သူ Dr. Minseon Ku ကလည္း ယူဆသည္။ အာရွစီးပြားေရးအင္အားႀကီးသုံးႏိုင္ငံသည္ အာရွေဒသတြင္ စစ္ေရးအရ ထိပ္တိုက္ေတြ႕မႈမ်ားကိုေရွာင္ရွားၿပီး အျငင္းပြားဖြယ္ရာမ်ားကို ေဆြးေႏြးညႇိႏႈိင္းျခင္း နည္းလမ္းျဖင့္ ေျဖရွင္းႏိုင္စြမ္းရွိေၾကာင္း သုံးပြင့္ဆိုင္ေဆြးေႏြးပြဲ ျပန္လည္စတင္ႏိုင္ျခင္းက သက္ေသ တစ္ခုျဖစ္ေၾကာင္း ေတာင္ကိုရီးယား၊ တ႐ုတ္၊ ဂ်ပန္ သုံးပြင့္ ဆိုင္ေဆြးေႏြးပြဲႏွင့္ပတ္သက္သည့္ သေဘာထား အျမင္တခ်ိဳ႕ကို ေကာက္ႏုတ္တင္ျပရပါသည္။

Related news

© 2021. All rights reserved.