မြန်မာနိုင်ငံသားများအတွက် ဖွင့်လှစ်ပေးထားသော CI စာအုပ်ထုတ်ပေးရေးစင်တာများကို ထိုင်းအစိုးရကပိတ်မည်ဟုဆိုခြင်းအပေါ် မြန်မာလုပ်သားများ စောင့်ကြည့်နေ

2724

စော (NP News) - ဇွန် ၁၃
မြန်မာနိုင်ငံသားများအတွက် ဖွင့်လှစ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) စာအုပ်ထုတ်ပေးရေးစင်တာများကို ထိုင်းအစိုးရကပိတ်မည်ဟုဆိုခြင်းအပေါ် မြန်မာလုပ်သားများ စောင့်ကြည့်နေပြီး မြန်မာလုပ်သားသိန်းချီအခက်အခဲတွေ့စေနိုင်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက NP News ကို သုံးသပ်ပြောကြားသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အထောက်အထားမဲ့မြန်မာလုပ်သားများအတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)ကို ထိုင်းနိုင်ငံရှိ ပထုန်ဌာနီ၊ စမုပရာကန်၊ စမုစခွန်၊ ချွန်ဘူရီ၊ ဆူရတ်ဌာနီနှင့် Mobile Unit (၃)ခုကို ချင်းမိုင်၊ နခွန်စဝမ်၊ ဆုန်ခလာ တို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ရက်မှ အောက်တိုဘာလကုန်အထိ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းတွင် ထုတ်ပြန်ထားသည်။ သို့သော် ဇွန်လ ၇ရက်က ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ် ချက်အရ ထိုင်းနိုင်ငံရှိ ခရိုင်(၈)ခုတွင် ဖွင့်လှစ်ပေးထားသော CI စာအုပ်ထုတ်ပေးရေးစင်တာများကို ပိတ်သိမ်းမည်ဖြစ်ပြီး စာအုပ်မထုတ်ရသေးသူများအနေဖြင့် ဇွန်လ ၁၆ ရက်မှစကာ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ဆက်လက်ပြုလုပ်ထုတ်ယူနိုင်ကြောင်း ထိုင်းအစိုးရက ကြေညာချက်ထုတ်ပြန်ထားသည်ဟု ၎င်းကဆိုသည်။
“CI စခန်းတွေ ပိတ်မယ်လို့တော့ သူတို့ကစာတော့ ထုတ်တာပေါ့။ ဒါပေမဲ့ ဘယ်လိုလဲတော့မသိသေးဘူး။ မြန်မာဘက်ခြမ်းကတော့ ဘာမှကြေညာစာမထွက်သေးဘူးဆိုတော့လေ။ အခု CI လုပ်ဖို့က သူတို့ရဲ့ခန့်မှန်းသလောက်ကတော့ လူတွေတော်တော်များများလည်းကျန်တယ်။ အခုလူတွေကလည်း မလာဘူး။ စပြောရမယ်ဆိုရင် ကနဦးကတော့ သူတို့နှစ်နိုင်ငံ သဘော တူထားတာ ၁၀ လပိုင်းအထိ သဘောတူထားပြီးတော့မှ ကြေညာစာ ဒီနေ့အဲဒါမျိုးထွက်လာတယ်ပေါ့နော်။ ဒီလ ၁၅ ရက်ကနေစပြီးတော့ CI စခန်းတွေ အားလုံးကို ပိတ်သိမ်းပြီးတော့ မြန်မာသံရုံးအနားမှာပဲ ရွှေ့ပြောင်းပြီးတော့ ဖွင့်လှစ်ဖို့အတွက်ဆိုပြီးတော့ ကြေညာစာထုတ်လာတာပေ့ါ”ဟု ၎င်းက ပြောသည်။
ထိုသို့ပြောင်းရွှေ့လိုက်ခြင်းကြောင့် အခက်အခဲအများအပြားဖြစ်ပေါ်လာနိုင်ပြီး နေရာ အခက် အခဲအပြင် သွားရေးလာရေးအခက်အခဲများလည်း ရှိလာနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာလုပ်သားအချို့မှာ ငွေကြေးခက်ခဲသည့် အတွက် CI လျှောက်ထားရန် ငွေကြေးစုဆောင်းနေသောကြောင့် လတ်တလောမလျှောက် ထားနိုင်သေးသူများလည်းရှိနေကြောင်း သိရသည်။ “ကျွန်တော်တို့တွေ့သလောက်ကတော့ လူပေါင်း (၃)သိန်းနီးပါးတော့ ကျန်သေးတယ်လို့ ပြောနေတယ်။ အဲဒါဆက်မထုတ်ရဘူးဆိုရင်တော့ သူတို့ထိုင်းမှာလက်ရှိနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပေါ့နော်။ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေ ဆုံးရှုံးမှာပေါ့။ လုံးဝကို သေချာတာပေ့ါ။ ဒါပေမဲ့ ပိတ်မယ်ဆိုတာကလည်း ဘယ်လိုပုံစံနဲ့ပိတ်ပြီးတော့ ဘယ်လိုတွေဆက်လုပ်ပေးမှာလဲ ဆိုတာကလည်း ဒီမြန်မာဘက်ခြမ်းက ထုတ်မယ့်အတည်ပြုချက်တွေပေါ့။ ဘယ်လိုမျိုးတွေ ဆက်လက်ဆောင်ရွက်မလဲ အဲဒီအပေါ်မှတော့ ကြည့်ရမှာပေ့ါ”ဟု ၎င်းကပြောသည်။

zawgyi version
ျမန္မာႏိုင္ငံသားမ်ားအတြက္ ဖြင့္လွစ္ေပးထားေသာ CI စာအုပ္ထုတ္ေပးေရးစင္တာမ်ားကို ထိုင္းအစိုးရကပိတ္မည္ဟုဆိုျခင္းအေပၚ ျမန္မာလုပ္သားမ်ား ေစာင့္ၾကည့္ေန
ေစာ (NP News) - ဇြန္ ၁၃
ျမန္မာႏိုင္ငံသားမ်ားအတြက္ ဖြင့္လွစ္ေပးထားေသာ မည္သူမည္ဝါျဖစ္ေၾကာင္းသက္ေသခံလက္မွတ္ (CI) စာအုပ္ထုတ္ေပးေရးစင္တာမ်ားကို ထိုင္းအစိုးရကပိတ္မည္ဟုဆိုျခင္းအေပၚ ျမန္မာလုပ္သားမ်ား ေစာင့္ၾကည့္ေနၿပီး ျမန္မာလုပ္သားသိန္းခ်ီအခက္အခဲေတြ႕ေစႏိုင္ေၾကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားအေရးေဆာင္႐ြက္သူတစ္ဦးက NP News ကို သုံးသပ္ေျပာၾကားသည္။
ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္လ်က္ရွိသည့္ အေထာက္အထားမဲ့ျမန္မာလုပ္သားမ်ားအတြက္ မည္သူမည္ဝါျဖစ္ေၾကာင္းသက္ေသခံလက္မွတ္(CI)ကို ထိုင္းႏိုင္ငံရွိ ပထုန္ဌာနီ၊ စမုပရာကန္၊ စမုစခြန္၊ ခြၽန္ဘူရီ၊ ဆူရတ္ဌာနီႏွင့္ Mobile Unit (၃)ခုကို ခ်င္းမိုင္၊ နခြန္စဝမ္၊ ဆုန္ခလာ တို႔တြင္ ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၃ရက္မွ ေအာက္တိုဘာလကုန္အထိ ဖြင့္လွစ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလပိုင္းတြင္ ထုတ္ျပန္ထားသည္။ သို႔ေသာ္ ဇြန္လ ၇ရက္က ျပဳလုပ္သည့္ အစည္းအေဝးဆုံးျဖတ္ ခ်က္အရ ထိုင္းႏိုင္ငံရွိ ခ႐ိုင္(၈)ခုတြင္ ဖြင့္လွစ္ေပးထားေသာ CI စာအုပ္ထုတ္ေပးေရးစင္တာမ်ားကို ပိတ္သိမ္းမည္ျဖစ္ၿပီး စာအုပ္မထုတ္ရေသးသူမ်ားအေနျဖင့္ ဇြန္လ ၁၆ ရက္မွစကာ ဘန္ေကာက္ၿမိဳ႕ရွိ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးတြင္ ဆက္လက္ျပဳလုပ္ထုတ္ယူႏိုင္ေၾကာင္း ထိုင္းအစိုးရက ေၾကညာခ်က္ထုတ္ျပန္ထားသည္ဟု ၎ကဆိုသည္။
“CI စခန္းေတြ ပိတ္မယ္လို႔ေတာ့ သူတို႔ကစာေတာ့ ထုတ္တာေပါ့။ ဒါေပမဲ့ ဘယ္လိုလဲေတာ့မသိေသးဘူး။ ျမန္မာဘက္ျခမ္းကေတာ့ ဘာမွေၾကညာစာမထြက္ေသးဘူးဆိုေတာ့ေလ။ အခု CI လုပ္ဖို႔က သူတို႔ရဲ႕ခန႔္မွန္းသေလာက္ကေတာ့ လူေတြေတာ္ေတာ္မ်ားမ်ားလည္းက်န္တယ္။ အခုလူေတြကလည္း မလာဘူး။ စေျပာရမယ္ဆိုရင္ ကနဦးကေတာ့ သူတို႔ႏွစ္ႏိုင္ငံ သေဘာ တူထားတာ ၁၀ လပိုင္းအထိ သေဘာတူထားၿပီးေတာ့မွ ေၾကညာစာ ဒီေန႔အဲဒါမ်ိဳးထြက္လာတယ္ေပါ့ေနာ္။ ဒီလ ၁၅ ရက္ကေနစၿပီးေတာ့ CI စခန္းေတြ အားလုံးကို ပိတ္သိမ္းၿပီးေတာ့ ျမန္မာသံ႐ုံးအနားမွာပဲ ေ႐ႊ႕ေျပာင္းၿပီးေတာ့ ဖြင့္လွစ္ဖို႔အတြက္ဆိုၿပီးေတာ့ ေၾကညာစာထုတ္လာတာေပ့ါ”ဟု ၎က ေျပာသည္။
ထိုသို႔ေျပာင္းေ႐ႊ႕လိုက္ျခင္းေၾကာင့္ အခက္အခဲအမ်ားအျပားျဖစ္ေပၚလာႏိုင္ၿပီး ေနရာ အခက္ အခဲအျပင္ သြားေရးလာေရးအခက္အခဲမ်ားလည္း ရွိလာႏိုင္ေၾကာင္း ၎က သုံးသပ္ေျပာၾကားသည္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျမန္မာလုပ္သားအခ်ိဳ႕မွာ ေငြေၾကးခက္ခဲသည့္ အတြက္ CI ေလွ်ာက္ထားရန္ ေငြေၾကးစုေဆာင္းေနေသာေၾကာင့္ လတ္တေလာမေလွ်ာက္ ထားႏိုင္ေသးသူမ်ားလည္းရွိေနေၾကာင္း သိရသည္။ “ကြၽန္ေတာ္တို႔ေတြ႕သေလာက္ကေတာ့ လူေပါင္း (၃)သိန္းနီးပါးေတာ့ က်န္ေသးတယ္လို႔ ေျပာေနတယ္။ အဲဒါဆက္မထုတ္ရဘူးဆိုရင္ေတာ့ သူတို႔ထိုင္းမွာလက္ရွိေနထိုင္အလုပ္လုပ္ကိုင္ခြင့္ေပါ့ေနာ္။ တရားဝင္ ေနထိုင္အလုပ္လုပ္ကိုင္ခြင့္ေတြ ဆုံးရႈံးမွာေပါ့။ လုံးဝကို ေသခ်ာတာေပ့ါ။ ဒါေပမဲ့ ပိတ္မယ္ဆိုတာကလည္း ဘယ္လိုပုံစံနဲ႔ပိတ္ၿပီးေတာ့ ဘယ္လိုေတြဆက္လုပ္ေပးမွာလဲ ဆိုတာကလည္း ဒီျမန္မာဘက္ျခမ္းက ထုတ္မယ့္အတည္ျပဳခ်က္ေတြေပါ့။ ဘယ္လိုမ်ိဳးေတြ ဆက္လက္ေဆာင္႐ြက္မလဲ အဲဒီအေပၚမွေတာ့ ၾကည့္ရမွာေပ့ါ”ဟု ၎ကေျပာသည္။