စစ်ပွဲကိုရပ်တန့်ဖို့ မစွမ်းသာသော်လည်း အစ္စရေးအပေါ် ဖိအားတွေပေးဖို့ ကြိုးပမ်းလာတဲ့ ICC အပါအဝင် နိုင်ငံတကာတရားရုံးများ (ဆောင်းပါး)

 568

Alynn (NP News) - ဇွန် ၁၃

ပြီးခဲ့တဲ့အပတ်က အစ္စရေးအတွက် နိုင်ငံတကာဥပဒေမျက်နှာစာမှာ ခက်ခဲခဲ့တာတွေ့ရပါတယ်။ အစ္စ ရေးပဋိ ပက္ခနဲ့ပတ်သက်လို့ လတ်တလော ကိုင်တွယ်ဖြေရှင်းဖို့ကြိုးပမ်းနေတဲ့ နိုင်ငံတကာ တရားရုံးနှစ်ခုရှိပါတယ်။ အပြည်ပြည် ဆိုင်ရာ တရားရုံး ( ICJ ) နဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကိုတရားစွဲဆိုတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICJ တို့ပဲဖြစ်ပါတယ်။ ICJ က အရပ်သားတွေကိုထိခိုက်စေတဲ့ ရာဖာမှ အစ္စရေးရဲ့ထိုး စစ်တွေကို ရပ်တန့်ဖို့အမိန့်ပေးလိုက်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ ICC ရဲ့ရှေ့နေ Karim Khan က အစ္စရေးနဲ့ ဟားမတ်စ် ခေါင်း ဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုလိုက်ပါတယ်။ တရားရုံးနှစ်ခုလုံးရဲ့ စီရင်ပိုင်ခွင့်အာဏာက နိုင်ငံတွေရဲ့ သဘောထားအပေါ် အခြေခံနေပါတယ်။ အစ္စရေးနဲ့ပတ်သက်တဲ့ လက်ရှိတရားစွဲဆိုမှုတွေမှာ ICJ ရဲ့ တရားစီရင်ပိုင်ခွင့် က ၁၉၅၀ ပြည့်နှစ်မှာ အစ္စရေးအတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအပေါ် အခြေခံထားပါတယ်။ ICC ရဲ့ တရားစီ ရင်ပိုင်ခွင့်ကတော့ ၂၀၁၅ ခုနှစ်မှာ ICC က ပါလက်စတိုင်းကို ရောမဥပဒေ စာချုပ် ဝင်အဖြစ် သတ်မှတ်ခဲ့ခြင်းအပေါ် အခြေခံနေပါတယ်။

ခုလို တရားရုံးနှစ်ခုစလုံးက အစ္စရေးအပေါ် ဖိအားတွေပေးလာနေပေမယ့် အရာအားလုံးက မျှော်လင့်ထားသလို တစ်သမတ်တည်းတော့ဖြစ်မလာနိုင်ပါဘူး။ အမှန်တရားအနေနဲ့ကတော့ ခုချိန်ထိ ဂါဇာစစ်ပွဲရပ်တန့်ဖို့အတွက် ဘယ်လို မှ အခြေအနေမပေးသေးပါဘူး။ ICJ ရဲ့ဆုံးဖြတ်ချက်က တရားနည်းလမ်း ကျကျစီရင်ခြင်းထက် စစ်ပွဲကို ဘယ်လိုဆင်နွှဲ သင့်ကြောင်းကိုပဲ ထပ်တလဲလဲရည်ညွှန်းသလိုဖြစ်နေပါတယ်။ ဒီအမှုမှာ တောင်အာဖရိကက အစ္စရေးတို့ရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို အဆုံးသတ်ပေးဖို့ ICJ မှာ ဦးတိုက်လျှောက်ထားခဲ့ပေမယ့် တရားသူကြီးတွေကတော့ ယာယီရပ်တန့် ပေးဖို့သာ တွန်းအားပေးနေပါတယ်။ လက်ရှိမှာ တရားရုံးက အစ္စရေးအနေနဲ့ ဟားမတ်စ်တွေကို ဆက်လက်တိုက်ခိုက် ခွင့်နဲ့ အရပ်သားတွေ မထိခိုက်စေအောင် လုပ်ရမယ့်တာဝန်တို့အကြား ကွဲကွဲပြားပြားဖြစ်အောင် ရှင်းလင်းစေလိုပါတယ်။

ICJ ရဲ့စီရင်ချက်က “လူမျိုးတုံးသတ်ဖြတ်ခြင်း” ဆိုတဲ့စကားလုံးကိုအသုံးမပြုဘဲ ဖြစ်နိုင်ခြေရှိ တယ်လို့ပဲ သုံးနှုန်း နေတာကို‌တွေ့ရပါတယ်။ ဒါပေမဲ့ ICJ က လူမျိုးတုံးသတ်ဖြတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း ပါအချက်ကို ကိုးကားပြီး “ဂါဇာရှိ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးသွားစေနိုင်သည့် အစ္စရေး၏ထိုးစစ်ကို ချက်ချင်းရပ် တန့်ရန်နှင့် ဂါဇာရှိအရပ်သားများကိုထိခိုက် စေနိုင်သည့် တခြားလုပ်ဆောင်မှုမှန်သမျှကို ချက်ချင်းရပ် တန့်ရမည်”လို့ ဖော်ပြထားပါတယ်။ အဆိုပါဆုံးဖြတ် ချက်ကို တရားသူကြီး ၁၅ ဦးအနက် နှစ်ဦးသာကန့်ကွက်ပြီး ၁၃ ဦးက ထောက်ခံခဲ့ပါတယ်။ ICJ ရဲ့ စီရင် ချက်မှာဖော်ပြ ထားတာက ရာဖာစစ်ဆင်ရေးမှာ အရပ် သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အခြေခံ လိုအပ်ချက်တွေကို အစ္စရေးက အကာအကွယ်ပေး ထားကြောင်း အာမခံချက်ပေးထားတယ်လို့ ပါရှိပါ တယ်။ ဂါဇာမှာရှိတဲ့ အရပ်သား (၈၀ဝဝဝ၀) ကျော် လောက်က ယခင်ကတည်းက ၎င်းတို့ရဲ့ အသက် အန္တရာယ်ကိုစိုးရိမ်တဲ့အတွက်ကြောင့် ရာဖာကနေ အိုးအိမ် စွန့်ခွာထွက် ပြေးခဲ့ပြီးဖြစ်ကြောင်းကိုလည်း တရားရုံးရဲ့စီရင်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် အများစုက စားနပ်ရိက္ခာ၊ ရေ၊ သန့်ရှင်းရေး၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေနဲ့ လူသားမဆန်တဲ့ အခြေအနေတွေမှာ နေထိုင်နေရကြောင်း သိရပါတယ်။

ICC ကတော့ မေလ ၂၀ ရက်က လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စွဲချက်ဖြင့် ရှေ့နေ Karim Khan က ပါလက်စတိုင်းသုံးဦးနဲ့ အစ္စရေးခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့ပါတယ်။ အစ္စရေး ခေါင်းဆောင်နှစ်ဦးကတော့ ဝန်ကြီးချုပ်နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး Gallant တို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်က ICC တရားသူကြီးတွေရဲ့ အတည်ပြုချက်ရဖို့ လိုအပ်နေပါသေးတယ်။ ပြီးတော့ ခုလိုဝရမ်းထုတ် ပေမယ့် အမှန်တကယ်ဖမ်းဆီးဖို့ကတော့ ဖြစ်မလာနိုင် တဲ့အနေအထားပါပဲ။ ဒါ့ပြင် ICJ ရဲ့ဆုံးဖြတ်ချက်နဲ့ ICC တရား သူကြီးတွေအပေါ် အစ္စရေးရဲ့ ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်မှုတွေကသာ ပိုပြီး ထိတ်လန့်စရာကောင်းနေတာကို တွေ့ရပါတယ်။ ခုလို ဖမ်းဝရမ်းထုတ်ခြင်းမတိုင်မီ ဧပြီလနှောင်းပိုင်းမှာ ဝန်ကြီးချုပ်နေတန်ယာဟုက “အစ္စရေးက ၎င်း ရဲ့ရှိရင်းစွဲ ခုခံကာကွယ်ပိုင်ခွင့်ကို ထိပါးလာမယ့် ICC ရဲ့ မည်သည့် ကြိုးပမ်းမှုမျိုးကိုမဆို လက်ခံမှာမဟုတ်ဘူး” လို့ ပြော ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ်လို့သာ တရားခွင်အကြိုစစ်ဆေးခြင်းမှာ အဆိုပါလျှောက်ထားချက်ကို လိုက်လျောမယ် ဆိုရင် ICC ရဲ့ ရောမဥပဒေပါအတိုင်း အဖွဲ့ဝင်ဖြစ်တဲ့ ဘယ်နိုင်ငံမဆို အဆိုပါပုဂ္ဂိုလ်တွေကို ICC တရားခွင်မှာ စစ်မေးခံဖို့ အတွက် ဖမ်းဆီးဖို့ တာဝန်ရှိမှာဖြစ်ပါတယ်။

ICC မှာ တရားစီရင်ပိုင်ခွင့်ရှိပါသလား
ICC က ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး တရားစီရင်ပိုင်ခွင့်ကိုကျင့်သုံးပါက အထက်တွင်ဆိုခဲ့သည့်အတိုင်း ပါလက် စတိုင်းအာဏာပိုင်တွေက တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို လက်ခံတယ်ဆိုတဲ့အချက်အပေါ် အခြေခံသွားမှာဖြစ်ပါတယ်။ ပါလက်စတိုင်းက ၂၀၁၅ ခုနှစ်ကတည်းက ICC ရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ ICC ရဲ့စီရင်ချက်က အဖွဲ့ဝင်အဖြစ် လက် မှတ်မထိုးရသေးတဲ့ အစ္စရေးအပေါ်မှာလည်း အကျိုးဆက် တွေရှိလာနိုင်မှာဖြစ်ပါတယ်။ ICC ရဲ့ ဥပဒေစည်းမျဉ်းတွေ၊ အခြေခံမူတွေနဲ့အညီ ပါလက်စတိုင်းအာဏာပိုင်တွေက ၎င်းတို့ရဲ့နယ်မြေနဲ့ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တွေအတွက် တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးနိုင်ပါတယ်။ ထို့အတူ ပါလက်စတိုင်း အာဏာပိုင်တွေက ဂါဇာမှာ အစ္စရေး တပ်ဖွဲ့တွေကျူး လွန်တဲ့ ရာဇဝတ်မှုတွေ ဒါမှမဟုတ် ဟားမတ်စ်ကဲ့သို့ ပါလက်စတိုင်းအုပ်စုတွေကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပေါ် တရားစီရင်ပိုင်ခွင့်ကိုကျင့်သုံးဖို့ ICC ထံ တူညီတဲ့အခွင့်အာဏာ ပေးအပ်နိုင်ပါတယ်။ ဒါဟာ ယူကရိန်းမှာ ရုရှားကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ICC က စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲဆိုဖို့ ခွင့်ပြုပေးခဲ့တဲ့စည်းမျဉ်းနဲ့ အတူ တူပဲဖြစ်ပါတယ်။

ဂါဇာအမှုနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ ရပ်တည်ချက်က ‘ပါလက်စတိုင်းသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်ခုအဖြစ် အရည်အချင်းမပြည့်မီ သောကြောင့် ICC အဖွဲ့ဝင်နိုင်ငံအဖြစ်လည်း အမည် တပ်ဖို့အရည်အချင်းမပြည့်မီ ပါဘူး။ ဒါကြောင့် အဖွဲ့ဝင်နိုင်ငံကဲ့သို့ ICC ထံ စီရင်ပိုင်ခွင့် အာဏာလွှဲအပ် ခြင်းပြုဖို့လည်း အရည်အချင်းပြည့်မီခြင်း မရှိပါ’ဆိုပြီး ဖော်ပြထားပါတယ်။ အမေရိကန်ရဲ့ ဒီအမှုနဲ့ ပတ်သက်လို့ ငြင်းဆိုချက်ကို အလေးအနက်ထား ကြည့်မယ်ဆို အောက်ပါအချက်တွေနဲ့အညီ သုံးသပ်နိုင်ပါတယ်။

ပထမအချက်က ကုလသမဂ္ဂရဲ့ အဖွဲ့ဝင် အပြည့်အဝဖြစ်ဖို့အတွက် နိုင်ငံတစ်ခုအဖြစ် အရည် အချင်းပြည့်မီဖို့ မလိုအပ်ပါဘူး။ ကုလသမဂ္ဂအထွေ ထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အမှတ် ၆၇/၁၉ အရ “ပါလက်စတိုင်းကို အဖွဲ့ဝင်မဟုတ်သော လေ့လာသူ နိုင်ငံအဖြစ်” ၂၀၁၂ ခုနှစ် နိုဝင်ဘာလက သဘောတူ ခဲ့ပြီးဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့က ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် ၁၄၃ နိုင်ငံက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုထားပါတယ်။ တတိယအချက်အနေနဲ့ ၂၀၂၁ ခုနှစ် ICC တရားခွင်အကြိုစစ်ဆေးခြင်းမှာ ‘အပြည် ပြည်ဆိုင်ရာဥပဒေအရ ပါလက်စတိုင်း၏အခြေအနေ မည်သို့ပင်ရှိစေကာမူ ၎င်းရဲ့ ICC သို့ ဝင်ရောက်ခြင်းသည် မှန်ကန် ပြီး သာမန်လုပ်ထုံးလုပ်နည်းများကို လိုက်နာပါသည်”ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီအချက်ပေါ်မူတည်ပြီး ၂၀၁၅ ခုနှစ်မှာ ပါလက်စတိုင်းကို ICC အဖွဲ့ဝင်အဖြစ် ကနေဒါကလွဲလို့ တခြားအဖွဲ့ ဝင်တွေက ကန့်ကွက်ခြင်းမရှိ လက်ခံခဲ့ပါ တယ်။ နောက်ဆုံးအချက်အနေနဲ့ကတော့ ပါလက်စတိုင်းက နိုင်ငံအဖြစ်အရည်အချင်းမပြည့်မီဘူးဆိုတဲ့ အမေရိကန်ရဲ့ အကြောင်းပြချက်က ခရိုအေးရှား (၁၉၉၂)၊ ဘော့စနီးယားနဲ့ဟာဇီဂိုဗီးနား (၁၉၉၂)နဲ့ ကိုဆိုဗို (၂၀ဝ၆) တို့ကို နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်နဲ့ ရှေ့နောက်မညီညွတ်တဲ့ အပြု အမူလိုဖြစ်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ပါလက်စ တိုင်းအနေနဲ့ ICC ကို တရားစီပိုင်ခွင့်အာဏာ အပ်နှင်းဖို့ဆို နိုင်ငံအဖြစ် အသိအမှတ်ပြုခံစရာမလိုတာကို ဖော်ပြပါအချက်တွေက ညွှန်းဆိုနေပါတယ်။

ဂါဇာအမှုက ICC ရဲ့ တရားဝင်မှုအပေါ် ဘယ်လိုခြိမ်းခြောက်မှုတွေရှိလာနိုင်သလဲ
ICC က ယခုအချိန်ထိတိုင်အောင် အဖွဲ့အစည်းသစ်တစ်ခုသာသာပဲရှိနေပြီး အာဖရိကနိုင်ငံ အများစုကြားမှာ ၎င်းတို့ရဲ့ တရားဝင်မှုက လျော့နည်း လာပါတယ်။ ဘာကြောင့်လဲဆို ICC ရဲ့ စုံစမ်းစစ်ဆေး ရေးဆောင်ရွက်မှုတွေက အာဖရိကနိုင်ငံတွေအပေါ် မမျှမတ ပစ်မှတ်ထားဆောင်ရွက်နေခြင်းကြောင့်လို့ သိရပါတယ်။ တခြားနိုင်ငံတွေ ဥပမာ အားဖြင့် ICC က ဖိလစ်ပိုင်ရဲ့ မူးယစ်ဆေးဝါးစစ်ပွဲနဲ့ပတ်သက်လို့ စုံစမ်းမှုတွေဆောင်ရွက်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အခါ ၂၀၁၉ ခုနှစ်မှာ ဖိလစ်ပိုင်က အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်သွားတာမျိုးပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ICC အနေနဲ့ အားနည်းတဲ့နိုင်ငံတွေအပေါ်သာဖိအား ပေးနိုင်သလိုဖြစ်နေပြီး အင်အားကြီးနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့အမှုတွေမှာတော့ ၎င်းရဲ့ တရားဝင်မှုက မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

နေတန်ယာဟုနဲ့ တခြားခေါင်းဆောင်တွေ ကို ဖမ်းဝရမ်းထုတ်လိုက်ခြင်းက အခြားသူတွေအတွက် တော့ ဝမ်းမြောက်စရာဖြစ်နိုင်ပေမယ့် ဥရောပနိုင်ငံ တွေရဲ့ အထောက်အပံ့ပေါ်မှီခိုနေရတဲ့ ICC တရားရုံး အတွက်တော့ စိန်ခေါ်မှုတွေအများကြီး ရှိလာနိုင်ပါတယ်။ စစ်ပွဲစတင်ချိန်ကတည်းက ဥရောပနိုင်ငံအများစုက အစ္စရေးဘေးကင်းလုံခြုံ ဖို့အတွက် ကတိပြုပြီးသားဖြစ်နေပါတယ်။ ဥရောပနိုင်ငံတွေအတွက် ခုလိုအကျပ်ရိုက်စရာအခြေအနေမှာ ဂျာမနီလို ဒုတိယကမ္ဘာစစ်အပြီး အလေ့အထကောင်း တွေကျင့်သုံးဖို့ သန္နိဋ္ဌာန်ချမှတ်ထားတဲ့နိုင်ငံအတွက်တော့ အသိသာဆုံးအနေ အထားဖြစ်ပါတယ်။ ဂျာမနီအနေနဲ့ နုရင်ဘတ်ခုံရုံးရဲ့သဘောထားနဲ့အညီ နိုင်ငံတကာမှာ ရာဇဝတ်တရားမျှတမှုကို မြှင့် တင်ရန်နဲ့ အစ္စရေးနိုင်ငံရဲ့ ဘေးကင်းလုံခြုံရေးအတွက် အကာအကွယ်ပေး ရန် တာဝန်နှစ်ခုအကြား ဗျာများနေပါတယ်။
ဂါဇာအမှုနဲ့ပတ်သက်လို့ နိုင်ငံတွေအနေနဲ့ ဘယ်လိုပဲရပ်တည် ရပ်တည် တရားရုံးတစ်ခုအနေနဲ့ ယုတ္တိဗေဒဆန် ဆန် စီရင်ဆောင်ရွက်သင့်ပါတယ်။ ICC ရဲ့တရားဝင်မှုက အရေးအကြီးဆုံးဖြစ်တဲ့အလျောက် တရားလို ရှေ့နေတွေနဲ့ တရားသူကြီးတွေက ဆုံးဖြတ်ချက်ချမှတ်ရာမှာ ပထဝီနိုင်ငံရေးအရသော် လည်းကောင်း၊ အကျိုးစီးပွားအရ သော်လည်း ကောင်း ထည့်သွင်းစဉ်းစားခြင်းမျိုးမပြုသင့်ဘဲ ဥပဒေစည်းမျဉ်းတွေအပေါ်သာ အခြေခံသင့်ပါတယ်။ အဲဒီ နည်းလမ်းက သာ တရားရုံးရဲ့ ရေရှည်တရားဝင်မှုကို တည်မြဲအောင်ထိန်းသိမ်းထားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။ ပထဝီဝင်နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားရမယ့်အနေအထားတွေကိုတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တာဝန် အဖြစ်သာ ထားစေချင်ပါတယ်။

အခုဆိုရင် ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ ICC ရော ICJ ရောက် အစ္စရေးအပေါ် အရေးစိုက် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ တရားရုံးနှစ်ခုစ လုံးအနေနဲ့ ဂါဇာစစ်ပွဲကြီးကို ရပ်တန့်ဖို့ စွမ်းနိုင်ချင်မှ စွမ်းနိုင်ပါလိမ့်မယ်။ သို့သော်လည်း သူတို့ရဲ့ဆုံးဖြတ်ချက်တွေက အစ္စရေးကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုလက်ခံဖို့ တွန်းအားတွေဖြစ် လာနိုင်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

zawgyi version
စစ္ပြဲကိုရပ္တန႔္ဖို႔ မစြမ္းသာေသာ္လည္း အစၥေရးအေပၚ ဖိအားေတြေပးဖို႔ ႀကိဳးပမ္းလာတဲ့ ICC အပါအဝင္ ႏိုင္ငံတကာတရား႐ုံးမ်ား
Alynn (NP News) - ဇြန္ ၁၃

ၿပီးခဲ့တဲ့အပတ္က အစၥေရးအတြက္ ႏိုင္ငံတကာဥပေဒမ်က္ႏွာစာမွာ ခက္ခဲခဲ့တာေတြ႕ရပါတယ္။ အစၥ ေရးပဋိ ပကၡနဲ႔ပတ္သက္လို႔ လတ္တေလာ ကိုင္တြယ္ေျဖရွင္းဖို႔ႀကိဳးပမ္းေနတဲ့ ႏိုင္ငံတကာ တရား႐ုံးႏွစ္ခုရွိပါတယ္။ အျပည္ျပည္ ဆိုင္ရာ တရား႐ုံး ( ICJ ) နဲ႔ ႏိုင္ငံတကာ ရာဇဝတ္မႈေတြအတြက္ တာဝန္ရွိသူေတြကိုတရားစြဲဆိုတဲ့ အျပည္ျပည္ဆိုင္ရာ ရာဇဝတ္မႈတရား႐ုံး ICJ တို႔ပဲျဖစ္ပါတယ္။ ICJ က အရပ္သားေတြကိုထိခိုက္ေစတဲ့ ရာဖာမွ အစၥေရးရဲ႕ထိုး စစ္ေတြကို ရပ္တန႔္ဖို႔အမိန႔္ေပးလိုက္ပါတယ္။ တစ္ၿပိဳင္တည္းမွာပဲ ICC ရဲ႕ေရွ႕ေန Karim Khan က အစၥေရးနဲ႔ ဟားမတ္စ္ ေခါင္း ေဆာင္ေတြကို ဖမ္းဝရမ္းထုတ္ဖို႔ ေတာင္းဆိုလိုက္ပါတယ္။ တရား႐ုံးႏွစ္ခုလုံးရဲ႕ စီရင္ပိုင္ခြင့္အာဏာက ႏိုင္ငံေတြရဲ႕ သေဘာထားအေပၚ အေျခခံေနပါတယ္။ အစၥေရးနဲ႔ပတ္သက္တဲ့ လက္ရွိတရားစြဲဆိုမႈေတြမွာ ICJ ရဲ႕ တရားစီရင္ပိုင္ခြင့္ က ၁၉၅၀ ျပည့္ႏွစ္မွာ အစၥေရးအတည္ျပဳလက္မွတ္ေရးထိုးခဲ့တဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ကြန္ဗင္းရွင္းအေပၚ အေျခခံထားပါတယ္။ ICC ရဲ႕ တရားစီ ရင္ပိုင္ခြင့္ကေတာ့ ၂၀၁၅ ခုႏွစ္မွာ ICC က ပါလက္စတိုင္းကို ေရာမဥပေဒ စာခ်ဳပ္ ဝင္အျဖစ္ သတ္မွတ္ခဲ့ျခင္းအေပၚ အေျခခံေနပါတယ္။

ခုလို တရား႐ုံးႏွစ္ခုစလုံးက အစၥေရးအေပၚ ဖိအားေတြေပးလာေနေပမယ့္ အရာအားလုံးက ေမွ်ာ္လင့္ထားသလို တစ္သမတ္တည္းေတာ့ျဖစ္မလာႏိုင္ပါဘူး။ အမွန္တရားအေနနဲ႔ကေတာ့ ခုခ်ိန္ထိ ဂါဇာစစ္ပြဲရပ္တန႔္ဖို႔အတြက္ ဘယ္လို မွ အေျခအေနမေပးေသးပါဘူး။ ICJ ရဲ႕ဆုံးျဖတ္ခ်က္က တရားနည္းလမ္း က်က်စီရင္ျခင္းထက္ စစ္ပြဲကို ဘယ္လိုဆင္ႏႊဲ သင့္ေၾကာင္းကိုပဲ ထပ္တလဲလဲရည္ၫႊန္းသလိုျဖစ္ေနပါတယ္။ ဒီအမႈမွာ ေတာင္အာဖရိကက အစၥေရးတို႔ရဲ႕ ရန္လိုတဲ့ လုပ္ရပ္ေတြကို အဆုံးသတ္ေပးဖို႔ ICJ မွာ ဦးတိုက္ေလွ်ာက္ထားခဲ့ေပမယ့္ တရားသူႀကီးေတြကေတာ့ ယာယီရပ္တန႔္ ေပးဖို႔သာ တြန္းအားေပးေနပါတယ္။ လက္ရွိမွာ တရား႐ုံးက အစၥေရးအေနနဲ႔ ဟားမတ္စ္ေတြကို ဆက္လက္တိုက္ခိုက္ ခြင့္နဲ႔ အရပ္သားေတြ မထိခိုက္ေစေအာင္ လုပ္ရမယ့္တာဝန္တို႔အၾကား ကြဲကြဲျပားျပားျဖစ္ေအာင္ ရွင္းလင္းေစလိုပါတယ္။

ICJ ရဲ႕စီရင္ခ်က္က “လူမ်ိဳးတုံးသတ္ျဖတ္ျခင္း” ဆိုတဲ့စကားလုံးကိုအသုံးမျပဳဘဲ ျဖစ္ႏိုင္ေျခရွိ တယ္လို႔ပဲ သုံးႏႈန္း ေနတာကို‌ေတြ႕ရပါတယ္။ ဒါေပမဲ့ ICJ က လူမ်ိဳးတုံးသတ္ျဖတ္ျခင္းဆိုင္ရာ ကြန္ဗင္းရွင္း ပါအခ်က္ကို ကိုးကားၿပီး “ဂါဇာရွိ ႐ုပ္ပိုင္းဆိုင္ရာ ပ်က္စီးသြားေစႏိုင္သည့္ အစၥေရး၏ထိုးစစ္ကို ခ်က္ခ်င္းရပ္ တန႔္ရန္ႏွင့္ ဂါဇာရွိအရပ္သားမ်ားကိုထိခိုက္ ေစႏိုင္သည့္ တျခားလုပ္ေဆာင္မႈမွန္သမွ်ကို ခ်က္ခ်င္းရပ္ တန႔္ရမည္”လို႔ ေဖာ္ျပထားပါတယ္။ အဆိုပါဆုံးျဖတ္ ခ်က္ကို တရားသူႀကီး ၁၅ ဦးအနက္ ႏွစ္ဦးသာကန႔္ကြက္ၿပီး ၁၃ ဦးက ေထာက္ခံခဲ့ပါတယ္။ ICJ ရဲ႕ စီရင္ ခ်က္မွာေဖာ္ျပ ထားတာက ရာဖာစစ္ဆင္ေရးမွာ အရပ္ သားေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္နဲ႔ အေျခခံ လိုအပ္ခ်က္ေတြကို အစၥေရးက အကာအကြယ္ေပး ထားေၾကာင္း အာမခံခ်က္ေပးထားတယ္လို႔ ပါရွိပါ တယ္။ ဂါဇာမွာရွိတဲ့ အရပ္သား (၈၀ဝဝဝ၀) ေက်ာ္ ေလာက္က ယခင္ကတည္းက ၎တို႔ရဲ႕ အသက္ အႏၲရာယ္ကိုစိုးရိမ္တဲ့အတြက္ေၾကာင့္ ရာဖာကေန အိုးအိမ္ စြန႔္ခြာထြက္ ေျပးခဲ့ၿပီးျဖစ္ေၾကာင္းကိုလည္း တရား႐ုံးရဲ႕စီရင္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။ ဒါ့ျပင္ အမ်ားစုက စားနပ္ရိကၡာ၊ ေရ၊ သန႔္ရွင္းေရး၊ ေဆးဘက္ဆိုင္ရာဝန္ေဆာင္မႈေတြနဲ႔ လူသားမဆန္တဲ့ အေျခအေနေတြမွာ ေနထိုင္ေနရေၾကာင္း သိရပါတယ္။

ICC ကေတာ့ ေမလ ၂၀ ရက္က လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈဆိုင္ရာ စြဲခ်က္ျဖင့္ ေရွ႕ေန Karim Khan က ပါလက္စတိုင္းသုံးဦးနဲ႔ အစၥေရးေခါင္းေဆာင္ႏွစ္ဦးကို ဖမ္းဝရမ္းထုတ္ဖို႔ ေလွ်ာက္ထားခဲ့ပါတယ္။ အစၥေရး ေခါင္းေဆာင္ႏွစ္ဦးကေတာ့ ဝန္ႀကီးခ်ဳပ္ေနတန္ယာဟုနဲ႔ ကာကြယ္ေရးဝန္ႀကီး Gallant တို႔ပဲျဖစ္ပါတယ္။ ဒါေပမဲ့ ဒီဆုံးျဖတ္ခ်က္က ICC တရားသူႀကီးေတြရဲ႕ အတည္ျပဳခ်က္ရဖို႔ လိုအပ္ေနပါေသးတယ္။ ၿပီးေတာ့ ခုလိုဝရမ္းထုတ္ ေပမယ့္ အမွန္တကယ္ဖမ္းဆီးဖို႔ကေတာ့ ျဖစ္မလာႏိုင္ တဲ့အေနအထားပါပဲ။ ဒါ့ျပင္ ICJ ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ ICC တရား သူႀကီးေတြအေပၚ အစၥေရးရဲ႕ ျပင္းျပင္းထန္ထန္ ျပန္လည္တုံ႔ျပန္မႈေတြကသာ ပိုၿပီး ထိတ္လန႔္စရာေကာင္းေနတာကို ေတြ႕ရပါတယ္။ ခုလို ဖမ္းဝရမ္းထုတ္ျခင္းမတိုင္မီ ဧၿပီလေႏွာင္းပိုင္းမွာ ဝန္ႀကီးခ်ဳပ္ေနတန္ယာဟုက “အစၥေရးက ၎ ရဲ႕ရွိရင္းစြဲ ခုခံကာကြယ္ပိုင္ခြင့္ကို ထိပါးလာမယ့္ ICC ရဲ႕ မည္သည့္ ႀကိဳးပမ္းမႈမ်ိဳးကိုမဆို လက္ခံမွာမဟုတ္ဘူး” လို႔ ေျပာ ခဲ့ဖူးပါတယ္။ ဒါေပမဲ့ တကယ္လို႔သာ တရားခြင္အႀကိဳစစ္ေဆးျခင္းမွာ အဆိုပါေလွ်ာက္ထားခ်က္ကို လိုက္ေလ်ာမယ္ ဆိုရင္ ICC ရဲ႕ ေရာမဥပေဒပါအတိုင္း အဖြဲ႕ဝင္ျဖစ္တဲ့ ဘယ္ႏိုင္ငံမဆို အဆိုပါပုဂၢိဳလ္ေတြကို ICC တရားခြင္မွာ စစ္ေမးခံဖို႔ အတြက္ ဖမ္းဆီးဖို႔ တာဝန္ရွိမွာျဖစ္ပါတယ္။

ICC မွာ တရားစီရင္ပိုင္ခြင့္ရွိပါသလား
ICC က ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး တရားစီရင္ပိုင္ခြင့္ကိုက်င့္သုံးပါက အထက္တြင္ဆိုခဲ့သည့္အတိုင္း ပါလက္ စတိုင္းအာဏာပိုင္ေတြက တရား႐ုံးရဲ႕ စီရင္ပိုင္ခြင့္ကို လက္ခံတယ္ဆိုတဲ့အခ်က္အေပၚ အေျခခံသြားမွာျဖစ္ပါတယ္။ ပါလက္စတိုင္းက ၂၀၁၅ ခုႏွစ္ကတည္းက ICC ရဲ႕ အဖြဲ႕ဝင္ျဖစ္လာခဲ့ပါတယ္။ ICC ရဲ႕စီရင္ခ်က္က အဖြဲ႕ဝင္အျဖစ္ လက္ မွတ္မထိုးရေသးတဲ့ အစၥေရးအေပၚမွာလည္း အက်ိဳးဆက္ ေတြရွိလာႏိုင္မွာျဖစ္ပါတယ္။ ICC ရဲ႕ ဥပေဒစည္းမ်ဥ္းေတြ၊ အေျခခံမူေတြနဲ႔အညီ ပါလက္စတိုင္းအာဏာပိုင္ေတြက ၎တို႔ရဲ႕နယ္ေျမနဲ႔ ျပည္သူေတြအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈ ေတြအတြက္ တရားစီရင္ပိုင္ခြင့္ကို က်င့္သုံးႏိုင္ပါတယ္။ ထို႔အတူ ပါလက္စတိုင္း အာဏာပိုင္ေတြက ဂါဇာမွာ အစၥေရး တပ္ဖြဲ႕ေတြက်ဴး လြန္တဲ့ ရာဇဝတ္မႈေတြ ဒါမွမဟုတ္ ဟားမတ္စ္ကဲ့သို႔ ပါလက္စတိုင္းအုပ္စုေတြက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ အေပၚ တရားစီရင္ပိုင္ခြင့္ကိုက်င့္သုံးဖို႔ ICC ထံ တူညီတဲ့အခြင့္အာဏာ ေပးအပ္ႏိုင္ပါတယ္။ ဒါဟာ ယူကရိန္းမွာ ႐ုရွားက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြကို ICC က စုံစမ္းစစ္ေဆးဖို႔နဲ႔ တရားစြဲဆိုဖို႔ ခြင့္ျပဳေပးခဲ့တဲ့စည္းမ်ဥ္းနဲ႔ အတူ တူပဲျဖစ္ပါတယ္။

ဂါဇာအမႈနဲ႔ပတ္သက္လို႔ အေမရိကန္ရဲ႕ ရပ္တည္ခ်က္က ‘ပါလက္စတိုင္းသည္ အခ်ဳပ္အျခာ အာဏာပိုင္ႏိုင္ငံ တစ္ခုအျဖစ္ အရည္အခ်င္းမျပည့္မီ ေသာေၾကာင့္ ICC အဖြဲ႕ဝင္ႏိုင္ငံအျဖစ္လည္း အမည္ တပ္ဖို႔အရည္အခ်င္းမျပည့္မီ ပါဘူး။ ဒါေၾကာင့္ အဖြဲ႕ဝင္ႏိုင္ငံကဲ့သို႔ ICC ထံ စီရင္ပိုင္ခြင့္ အာဏာလႊဲအပ္ ျခင္းျပဳဖို႔လည္း အရည္အခ်င္းျပည့္မီျခင္း မရွိပါ’ဆိုၿပီး ေဖာ္ျပထားပါတယ္။ အေမရိကန္ရဲ႕ ဒီအမႈနဲ႔ ပတ္သက္လို႔ ျငင္းဆိုခ်က္ကို အေလးအနက္ထား ၾကည့္မယ္ဆို ေအာက္ပါအခ်က္ေတြနဲ႔အညီ သုံးသပ္ႏိုင္ပါတယ္။

ပထမအခ်က္က ကုလသမဂၢရဲ႕ အဖြဲ႕ဝင္ အျပည့္အဝျဖစ္ဖို႔အတြက္ ႏိုင္ငံတစ္ခုအျဖစ္ အရည္ အခ်င္းျပည့္မီဖို႔ မလိုအပ္ပါဘူး။ ကုလသမဂၢအေထြ ေထြညီလာခံရဲ႕ ဆုံးျဖတ္ခ်က္အမွတ္ ၆၇/၁၉ အရ “ပါလက္စတိုင္းကို အဖြဲ႕ဝင္မဟုတ္ေသာ ေလ့လာသူ ႏိုင္ငံအျဖစ္” ၂၀၁၂ ခုႏွစ္ ႏိုဝင္ဘာလက သေဘာတူ ခဲ့ၿပီးျဖစ္ပါတယ္။ ဒုတိယအခ်က္အေနနဲ႔က ကုလ သမဂၢအဖြဲ႕ဝင္ႏိုင္ငံေပါင္း ၁၉၃ ႏိုင္ငံအနက္ ၁၄၃ ႏိုင္ငံက ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္ အသိအမွတ္ ျပဳထားပါတယ္။ တတိယအခ်က္အေနနဲ႔ ၂၀၂၁ ခုႏွစ္ ICC တရားခြင္အႀကိဳစစ္ေဆးျခင္းမွာ ‘အျပည္ ျပည္ဆိုင္ရာဥပေဒအရ ပါလက္စတိုင္း၏အေျခအေန မည္သို႔ပင္ရွိေစကာမူ ၎ရဲ႕ ICC သို႔ ဝင္ေရာက္ျခင္းသည္ မွန္ကန္ ၿပီး သာမန္လုပ္ထုံးလုပ္နည္းမ်ားကို လိုက္နာပါသည္”ဟု ဆုံးျဖတ္ခဲ့ျခင္းျဖစ္ပါတယ္။ ဒီအခ်က္ေပၚမူတည္ၿပီး ၂၀၁၅ ခုႏွစ္မွာ ပါလက္စတိုင္းကို ICC အဖြဲ႕ဝင္အျဖစ္ ကေနဒါကလြဲလို႔ တျခားအဖြဲ႕ ဝင္ေတြက ကန႔္ကြက္ျခင္းမရွိ လက္ခံခဲ့ပါ တယ္။ ေနာက္ဆုံးအခ်က္အေနနဲ႔ကေတာ့ ပါလက္စတိုင္းက ႏိုင္ငံအျဖစ္အရည္အခ်င္းမျပည့္မီဘူးဆိုတဲ့ အေမရိကန္ရဲ႕ အေၾကာင္းျပခ်က္က ခ႐ိုေအးရွား (၁၉၉၂)၊ ေဘာ့စနီးယားနဲ႔ဟာဇီဂိုဗီးနား (၁၉၉၂)နဲ႔ ကိုဆိုဗို (၂၀ဝ၆) တို႔ကို ႏိုင္ငံအျဖစ္ အသိအမွတ္ျပဳခဲ့တဲ့ အေမရိကန္ရဲ႕လုပ္ရပ္နဲ႔ ေရွ႕ေနာက္မညီၫြတ္တဲ့ အျပဳ အမူလိုျဖစ္ေနတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ပါလက္စ တိုင္းအေနနဲ႔ ICC ကို တရားစီပိုင္ခြင့္အာဏာ အပ္ႏွင္းဖို႔ဆို ႏိုင္ငံအျဖစ္ အသိအမွတ္ျပဳခံစရာမလိုတာကို ေဖာ္ျပပါအခ်က္ေတြက ၫႊန္းဆိုေနပါတယ္။

ဂါဇာအမႈက ICC ရဲ႕ တရားဝင္မႈအေပၚ ဘယ္လိုၿခိမ္းေျခာက္မႈေတြရွိလာႏိုင္သလဲ
ICC က ယခုအခ်ိန္ထိတိုင္ေအာင္ အဖြဲ႕အစည္းသစ္တစ္ခုသာသာပဲရွိေနၿပီး အာဖရိကႏိုင္ငံ အမ်ားစုၾကားမွာ ၎တို႔ရဲ႕ တရားဝင္မႈက ေလ်ာ့နည္း လာပါတယ္။ ဘာေၾကာင့္လဲဆို ICC ရဲ႕ စုံစမ္းစစ္ေဆး ေရးေဆာင္႐ြက္မႈေတြက အာဖရိကႏိုင္ငံေတြအေပၚ မမွ်မတ ပစ္မွတ္ထားေဆာင္႐ြက္ေနျခင္းေၾကာင့္လို႔ သိရပါတယ္။ တျခားႏိုင္ငံေတြ ဥပမာ အားျဖင့္ ICC က ဖိလစ္ပိုင္ရဲ႕ မူးယစ္ေဆးဝါးစစ္ပြဲနဲ႔ပတ္သက္လို႔ စုံစမ္းမႈေတြေဆာင္႐ြက္မယ္လို႔ ဆုံးျဖတ္လိုက္တဲ့ အခါ ၂၀၁၉ ခုႏွစ္မွာ ဖိလစ္ပိုင္က အဖြဲ႕ဝင္အျဖစ္ကေန ႏုတ္ထြက္သြားတာမ်ိဳးျပဳလုပ္ခဲ့ပါတယ္။ ဒါေၾကာင့္ ICC အေနနဲ႔ အားနည္းတဲ့ႏိုင္ငံေတြအေပၚသာဖိအား ေပးႏိုင္သလိုျဖစ္ေနၿပီး အင္အားႀကီးႏိုင္ငံေတြနဲ႔ ဆက္စပ္ေနတဲ့အမႈေတြမွာေတာ့ ၎ရဲ႕ တရားဝင္မႈက ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။

ေနတန္ယာဟုနဲ႔ တျခားေခါင္းေဆာင္ေတြ ကို ဖမ္းဝရမ္းထုတ္လိုက္ျခင္းက အျခားသူေတြအတြက္ ေတာ့ ဝမ္းေျမာက္စရာျဖစ္ႏိုင္ေပမယ့္ ဥေရာပႏိုင္ငံ ေတြရဲ႕ အေထာက္အပံ့ေပၚမွီခိုေနရတဲ့ ICC တရား႐ုံး အတြက္ေတာ့ စိန္ေခၚမႈေတြအမ်ားႀကီး ရွိလာႏိုင္ပါတယ္။ စစ္ပြဲစတင္ခ်ိန္ကတည္းက ဥေရာပႏိုင္ငံအမ်ားစုက အစၥေရးေဘးကင္းလုံၿခဳံ ဖို႔အတြက္ ကတိျပဳၿပီးသားျဖစ္ေနပါတယ္။ ဥေရာပႏိုင္ငံေတြအတြက္ ခုလိုအက်ပ္႐ိုက္စရာအေျခအေနမွာ ဂ်ာမနီလို ဒုတိယကမာၻစစ္အၿပီး အေလ့အထေကာင္း ေတြက်င့္သုံးဖို႔ သႏၷိ႒ာန္ခ်မွတ္ထားတဲ့ႏိုင္ငံအတြက္ေတာ့ အသိသာဆုံးအေန အထားျဖစ္ပါတယ္။ ဂ်ာမနီအေနနဲ႔ ႏုရင္ဘတ္ခုံ႐ုံးရဲ႕သေဘာထားနဲ႔အညီ ႏိုင္ငံတကာမွာ ရာဇဝတ္တရားမွ်တမႈကို ျမႇင့္ တင္ရန္နဲ႔ အစၥေရးႏိုင္ငံရဲ႕ ေဘးကင္းလုံၿခဳံေရးအတြက္ အကာအကြယ္ေပး ရန္ တာဝန္ႏွစ္ခုအၾကား ဗ်ာမ်ားေနပါတယ္။
ဂါဇာအမႈနဲ႔ပတ္သက္လို႔ ႏိုင္ငံေတြအေနနဲ႔ ဘယ္လိုပဲရပ္တည္ ရပ္တည္ တရား႐ုံးတစ္ခုအေနနဲ႔ ယုတၱိေဗဒဆန္ ဆန္ စီရင္ေဆာင္႐ြက္သင့္ပါတယ္။ ICC ရဲ႕တရားဝင္မႈက အေရးအႀကီးဆုံးျဖစ္တဲ့အေလ်ာက္ တရားလို ေရွ႕ေနေတြနဲ႔ တရားသူႀကီးေတြက ဆုံးျဖတ္ခ်က္ခ်မွတ္ရာမွာ ပထဝီႏိုင္ငံေရးအရေသာ္ လည္းေကာင္း၊ အက်ိဳးစီးပြားအရ ေသာ္လည္း ေကာင္း ထည့္သြင္းစဥ္းစားျခင္းမ်ိဳးမျပဳသင့္ဘဲ ဥပေဒစည္းမ်ဥ္းေတြအေပၚသာ အေျခခံသင့္ပါတယ္။ အဲဒီ နည္းလမ္းက သာ တရား႐ုံးရဲ႕ ေရရွည္တရားဝင္မႈကို တည္ၿမဲေအာင္ထိန္းသိမ္းထားႏိုင္တဲ့ တစ္ခုတည္းေသာ နည္းလမ္း ျဖစ္ပါတယ္။ ပထဝီဝင္ႏိုင္ငံေရးအရ ထည့္သြင္းစဥ္းစားရမယ့္အေနအထားေတြကိုေတာ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ တာဝန္ အျဖစ္သာ ထားေစခ်င္ပါတယ္။

အခုဆိုရင္ ဂါဇာစစ္ပြဲနဲ႔ပတ္သက္လို႔ ICC ေရာ ICJ ေရာက္ အစၥေရးအေပၚ အေရးစိုက္ လုပ္ေဆာင္လာတာ ေတြ႕ရပါတယ္။ တရား႐ုံးႏွစ္ခုစ လုံးအေနနဲ႔ ဂါဇာစစ္ပြဲႀကီးကို ရပ္တန႔္ဖို႔ စြမ္းႏိုင္ခ်င္မွ စြမ္းႏိုင္ပါလိမ့္မယ္။ သို႔ေသာ္လည္း သူတို႔ရဲ႕ဆုံးျဖတ္ခ်က္ေတြက အစၥေရးကို အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကိုလက္ခံဖို႔ တြန္းအားေတြျဖစ္ လာႏိုင္ပါေၾကာင္း သုံးသပ္ေရးသားလိုက္ရပါတယ္။

Related news

© 2021. All rights reserved.