ပြည်ပထွက်သည့်လူ များပြားလာသည့်အပြင် ပြည်တွင်းလူ့စွမ်းအားအရင်းမြစ်ဆုံးရှုံးခြင်းကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုနှောင့်နေးဖွယ်ရှိနေ

 956

ဂျန်ဇက် (NP News) - ဇွန် ၁၅

ပညာရေးနှင့်ကျန်းမာရေးတို့တွင် ရင်းနှီးမြှုပ်နှံ့မှုလျော့ကျလာခြင်း၊ အလုပ်ကိုင်ကျဆင်းခြင်းနှင့် ကောင်းမွန်သည့်အလုပ်ကိုင်ရှားပါးခြင်း၊ ပြည်ပရွှေ့ပြောင်းသည့် လူဦးရေများပြားလာသည့်အတွက် ပြည်တွင်းလူ့စွမ်းအားအရင်းမြစ်များဆုံးရှုံးနေရခြင်းများဖြစ်နေကာ ရေရှည်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုနှောင့်နေးရဖွယ်ရှိနေကြောင်း ကမ္ဘာ့ဘဏ်၏ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာအစီအစဉ်ဦးဆောင်သူနှင့် အကြီးတန်းစီးပွားရေးပညာရှင်ဖြစ်သူ ကင်မ်အယ်လန်အက်ဒ်ဝပ်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ပဋိပက္ခများကြောင့်နယ်စပ်ကုန်သွယ်မှုများ နှင့် ပြည်တွင်းကုန်စည်စီဆင်းမှုများ ပြတ်တောက်ခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ်မတ်လအထိ (၆)လတာကာလအတွင်း မြန်မာနိုင်ငံ၏ကုန်သွယ်ပို့ကုန်နှင့်သွင်းကုန်တို့သည်ပြီးခဲ့သောနှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်လျှင် ပို့ကုန်က (၁၃)ရာခိုင်နှုန်း၊ သွင်းကုန်က (၂၀)ရာခိုင်နှုန်းကျဆင်းခဲ့ရကြောင်း ကမ္ဘာဘဏ်က ဖော်ပြထားသည်။

စိုက်ပျိုးရေးကဏ္ဍသည် ရာသီဥတုကောင်းမွန်နေမှု၊ စပါးနှင့်ကောက်ပဲသီးနှံအထွက်နှုန်း တိုးတက်လာမှုကြောင့် ကြံ့ကြံ့ခိုင်နိုင်သည့် အရိပ်လက္ခဏာများ တွေ့မြင်နေရကြောင်း၊ သို့ သော်လည်း လောင်စာဆီဈေးနှုန်းမြင့်တက်ခြင်း၊ ချေးငွေရရှိရန်ခက်ခဲခြင်းနှင့် ပဋိပက္ခများကြောင့် အထွက်နှုန်းထိခိုက်နိုင်ချေမြင့်မားနေဆဲဖြစ်ကာလာမည့် ကာလတိုအထိ ကုန်ထုတ် လုပ်မှုများအပေါ် အတားအဆီးဖြစ်ပွားဖွယ်ရှိနေကြောင်း သိရသည်။ ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ မာရီယမ်ရှာမန်က "မြန်မာ နိုင်ငံရှိအိမ်ထောင်စုတွေဟာ ကာလတိုနဲ့လာမယ့် ကာလလတ်အတွင်း အနည်းငယ်အသက်ရှူချောင်နိုင်ပေမယ့် စီးပွားရေးတစ်ခုလုံးအနေနဲ့တိုးတက်မှုခန့်မှန်းချက်က အလွန်အားနည်းတဲ့အနေထားမှာဆက်ရှိနေမှာဖြစ်တယ်"ဟု ပြောသည်။

ငွေကြေးဖောင်းပွမှုနှုန်းနှင့် ဆင်းရဲမှုနှုန်း ဆက်လက်မြင့်တက်လာဖွယ်ရှိနေသည့်အတွက် ဆင်းရဲမှုအခြေအနေသည် မြန်မာနိုင်ငံတဝန်းတွင် ဆိုးရွားနေမည်ဖြစ်သည်။ ထို့ပြင် သွင်းကုန်ပြတ်လပ်မှု၊ လုပ်သားဈေးကွက်မတည်ငြိမ်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကလည်း ကုန်ထုတ်လုပ်ရေးလုပ်ငန်းများကိုအတားအဆီးများဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်အတွင်း (၁)ရာခိုင်နှုန်းသာရှိမည်ဖြစ်ပြီး ယခင်ခန့်မှန်းမှုနှုန်းထက်လျော့နည်းခဲ့ကြောင်းသိရသည်။

zawgyi version
ျပည္ပထြက္သည့္လူ မ်ားျပားလာသည့္အျပင္ ျပည္တြင္းလူ႔စြမ္းအားအရင္းျမစ္ဆုံးရႈံးျခင္းေၾကာင့္ ျမန္မာႏိုင္ငံတြင္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈမ်ား ပိုမိုေႏွာင့္ေနးဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇြန္ ၁၅

ပညာေရးႏွင့္က်န္းမာေရးတို႔တြင္ ရင္းႏွီးျမႇဳပ္ႏွံ႔မႈေလ်ာ့က်လာျခင္း၊ အလုပ္ကိုင္က်ဆင္းျခင္းႏွင့္ ေကာင္းမြန္သည့္အလုပ္ကိုင္ရွားပါးျခင္း၊ ျပည္ပေ႐ႊ႕ေျပာင္းသည့္ လူဦးေရမ်ားျပားလာသည့္အတြက္ ျပည္တြင္းလူ႔စြမ္းအားအရင္းျမစ္မ်ားဆုံးရႈံးေနရျခင္းမ်ားျဖစ္ေနကာ ေရရွည္တြင္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကို ပိုမိုေႏွာင့္ေနးရဖြယ္ရွိေနေၾကာင္း ကမာၻ႔ဘဏ္၏ လာအို၊ ျမန္မာ၊ ကေမာၻဒီးယားႏိုင္ငံဆိုင္ရာအစီအစဥ္ဦးေဆာင္သူႏွင့္ အႀကီးတန္းစီးပြားေရးပညာရွင္ျဖစ္သူ ကင္မ္အယ္လန္အက္ဒ္ဝပ္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ပဋိပကၡမ်ားေၾကာင့္နယ္စပ္ကုန္သြယ္မႈမ်ား ႏွင့္ ျပည္တြင္းကုန္စည္စီဆင္းမႈမ်ား ျပတ္ေတာက္ခဲ့ရေၾကာင္း၊ ၂၀၂၄ ခုႏွစ္မတ္လအထိ (၆)လတာကာလအတြင္း ျမန္မာႏိုင္ငံ၏ကုန္သြယ္ပို႔ကုန္ႏွင့္သြင္းကုန္တို႔သည္ၿပီးခဲ့ေသာႏွစ္အလားတူ ကာလႏွင့္ႏႈိင္းယွဥ္လွ်င္ ပို႔ကုန္က (၁၃)ရာခိုင္ႏႈန္း၊ သြင္းကုန္က (၂၀)ရာခိုင္ႏႈန္းက်ဆင္းခဲ့ရေၾကာင္း ကမာၻဘဏ္က ေဖာ္ျပထားသည္။

စိုက္ပ်ိဳးေရးက႑သည္ ရာသီဥတုေကာင္းမြန္ေနမႈ၊ စပါးႏွင့္ေကာက္ပဲသီးႏွံအထြက္ႏႈန္း တိုးတက္လာမႈေၾကာင့္ ႀကံ့ႀကံ့ခိုင္ႏိုင္သည့္ အရိပ္လကၡဏာမ်ား ေတြ႕ျမင္ေနရေၾကာင္း၊ သို႔ ေသာ္လည္း ေလာင္စာဆီေဈးႏႈန္းျမင့္တက္ျခင္း၊ ေခ်းေငြရရွိရန္ခက္ခဲျခင္းႏွင့္ ပဋိပကၡမ်ားေၾကာင့္ အထြက္ႏႈန္းထိခိုက္ႏိုင္ေခ်ျမင့္မားေနဆဲျဖစ္ကာလာမည့္ ကာလတိုအထိ ကုန္ထုတ္ လုပ္မႈမ်ားအေပၚ အတားအဆီးျဖစ္ပြားဖြယ္ရွိေနေၾကာင္း သိရသည္။ ကမာၻ႔ဘဏ္၏ ျမန္မာ၊ ကေမာၻဒီးယား၊ လာအိုႏိုင္ငံမ်ားဆိုင္ရာ ၫႊန္ၾကားေရးမႉးျဖစ္သူ မာရီယမ္ရွာမန္က "ျမန္မာ ႏိုင္ငံရွိအိမ္ေထာင္စုေတြဟာ ကာလတိုနဲ႔လာမယ့္ ကာလလတ္အတြင္း အနည္းငယ္အသက္ရႉေခ်ာင္ႏိုင္ေပမယ့္ စီးပြားေရးတစ္ခုလုံးအေနနဲ႔တိုးတက္မႈခန႔္မွန္းခ်က္က အလြန္အားနည္းတဲ့အေနထားမွာဆက္ရွိေနမွာျဖစ္တယ္"ဟု ေျပာသည္။

ေငြေၾကးေဖာင္းပြမႈႏႈန္းႏွင့္ ဆင္းရဲမႈႏႈန္း ဆက္လက္ျမင့္တက္လာဖြယ္ရွိေနသည့္အတြက္ ဆင္းရဲမႈအေျခအေနသည္ ျမန္မာႏိုင္ငံတဝန္းတြင္ ဆိုး႐ြားေနမည္ျဖစ္သည္။ ထို႔ျပင္ သြင္းကုန္ျပတ္လပ္မႈ၊ လုပ္သားေဈးကြက္မတည္ၿငိမ္မႈ၊ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမ်ားကလည္း ကုန္ထုတ္လုပ္ေရးလုပ္ငန္းမ်ားကိုအတားအဆီးမ်ားျဖစ္ေစႏိုင္ေၾကာင္း ကမာၻ႔ဘဏ္က သုံးသပ္ထားသည္။ ကမာၻ႔ဘဏ္က ျမန္မာႏိုင္ငံ၏ စီးပြားေရးတိုးတက္မႈႏႈန္းသည္ ၂၀၂၄-၂ဝ၂၅ ဘ႑ာႏွစ္အတြင္း (၁)ရာခိုင္ႏႈန္းသာရွိမည္ျဖစ္ၿပီး ယခင္ခန႔္မွန္းမႈႏႈန္းထက္ေလ်ာ့နည္းခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.