စစ်နယ်ဝန်း ကျယ်လာသည့် ရခိုင် (အခန်းဆက်ဆောင်းပါးရှည်)(အပိုင်း ၁)

 1944

ဒေါက်တာအေးမောင်(NP News) - ဇွန် ၁၆

ဒဏ်ရာချင်းထပ်မြဲ၊ နင်းပြားဖြစ်မြဲ၊ လူထုဘဝ
၁။ စစ်၏ ဒဏ်ရာဒဏ်ချက်များကို အခံရဆုံးသည် လူထုဖြစ်၏။ နိုင်ငံလွတ်လပ်သည်မှ ကနေ့အထိ ကျွန်ုပ်တို့၏လူထုသည် မြေစာပင်အဖြစ် နှစ်ဖက်ကြား ခံနေရဆဲဖြစ်၏။ အခံရဆုံး၊ အခံခဲ့ရဆုံးသော ဒေသများမှာ ကရင်နှင့်ကချင်၊ ကရင်နီနှင့်ရှမ်းတို့ဖြစ်၏။ ယခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် နောက်တွင်မှ အမြည်းသဘော ခံစားလာရသည်က စစ်ကိုင်း၊ ချင်းနှင့် ရခိုင်တို့ဖြစ်၏။ ခုတော့ “သုမန” ကျောမှာ ဒဏ်ရာတွေအပြည့်နှင့် အမွေခံပြည်တွင်းစစ်၏ ဒဏ်ရာချင်းထပ်ကာ ဒေသအားလုံးသည် ဘဝတူတွေချဉ်း ဖြစ်သွားကြရပြီဖြစ်၏။

၂။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်မှစသည့် တစ်ကျော့ပြန် ရခိုင်တို့၏ဒေသ စစ်နယ်ဝန်းသည် ၂၀၂၄ ခုနှစ် မတ်လ (၁၈)ရက်အရောက်၌ ကျယ်သည်ထက်ကျယ်လာ၏။ စစ်ဗျူဟာ၏အဆုတ် နှင့်အတက်၊ ရက်စက်မှုနှင့်ကြင်နာမှုကြား၊ လူ့ဂုဏ် သိက္ခာ၊ လူသားဆန်မှုနှင့် ၎င်း၏ ဆန့်ကျင်ဘက်များ ကြား၊ နာကြဉ်းမှု၊ တရားမဲ့မှု၊ အစွန်းရောက်မှုနှင့် ၎င်း၏အခြားတစ်ဖက်မြင်ကွင်းများကြား၊ သမိုင်းဖြစ်စဉ် ဖြစ်ရပ်တို့သည် လက်ဦးမှုယူ မီဒီယာများ၏ ဝါဒဖြန့်မှုမျိုးစုံကြောင့် သတင်းအဆိပ်သင့်မြဲသင့်နေတတ်သည်ကို လူထုသည်ကြုံရ၏။ ကြုံမြဲ၊ ကြုံနေရဆဲလည်းဖြစ်၏။

၃။ ကျွန်ုပ်တို့သည် ဖြစ်စဉ် ဖြစ်ရပ်အပေါ်၌ မှန်ကန်စွာ မှတ်တမ်းပြုရန်လို၏။ သမိုင်းသည် ဦးသူ ရေးထိုးသည့် ဝါဒဖြန့်မှတ်တမ်းမဖြစ်ရန် လို၏။ ဖြစ်စဉ် ဖြစ်ရပ်အပေါ် စိတ်၏ခံစားမှုစေရာသို့ ဖြစ်လိုသည့် ဆန္ဒလွန်ဖြင့် ချဉ်းကပ်ရှုမြင်တတ်သူတွေအဖို့မူ အရာရာသည်အောင်ပွဲဖြစ်၏။ သမိုင်းဖြစ်စဉ် ဖြစ်ရပ်၊ လက်ရှိဖြစ်တည်မှုအရပ်ရပ်နှင့် အနာဂတ်ဖြစ်ထွန်းနိုင်ခြေကို ရှုမြင်ပုံတို့ကို ယုတ္တိဗေဒဆန်စွာ သုံးသပ်ထောက်ပြမှုတိုင်းအပေါ်၌လည်း အတွေးနုသူ၊ အမြင်မစူးရှသူတို့သည် မျက်စိတစ်မြင်ဖြင့် ပျက်ရယ်ပြုမြဲ၊ ပြစ်တင် ရှုတ်ချ၊ တစ်ဖက်သတ်စွပ်စွဲ အပုပ်ချမြဲ ချတတ်ကြပေ၏။ သို့ဖြင့် ရှုမြင်သူတို့၏ ဉာဏ်ရည်နှင့် ဆင်ခြင်တုံတရားသည်သာ ကိစ္စရပ်တိုင်းအပေါ် ဝေဖန်ထောက်ပြ အဖြေထုတ်ရာ၌ အခရာကျသည်ဟုသာ ယူဆဖြစ်မိရပါ၏။ ရခိုင်တို့၏ဒေသ စစ်ရေး၊ နိုင်ငံရေး လက်ရှိဖြစ် ပျက်မှု၊ ဖြစ်တည်မှုတို့၏လားရာကို ရခိုင်လူထုသည် ကြိုတင်အဖြေထုတ်ထားသင့်သလို ကြိုတင်အဖြေရှာထားသင့်ပေ၏။

အင်အားကြီးနှစ်နိုင်ငံ၏ ဆုံမှတ်ရှိရာနှင့် ရေ၊ လေ၊ တပ်တော်တို့၏ လေ့ကျင့်ကွင်းအဖြစ် အသွင်ပြောင်းစ ဘင်္ဂလားပင်လယ်အော်

၄။ ရခိုင်ဒေသ၏ (၁၇)မြို့နယ်အနက် (၈) မြို့နယ်ကို ထိန်းချုပ်ရရှိပြီဟု ULA/AAသည် ကြေညာ၏။ ပလက်ဝပါ ထည့်ပေါင်းလျှင် (၉) မြို့ နယ်ရှိပြီ ဖြစ်၏။ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးကို အကောင် အထည်ဖော်နေကြောင်းလည်း ကြားသိရ၏။ အိန္ဒိယ နှင့်ဘင်္ဂလားဒေ့ရှ် ထိစပ်ဒေသအချို့သည် ULA/AA၏ ထိန်းချုပ်ခံစစ်နယ်ဝန်းထဲပါသွား၏။ ရမ်းဗြဲ ကျွန်း၏ ရမ်းဗြဲမြို့နှင့် အမ်း၏ အရံမြို့များ ဖြစ်သော မြေပုံ၊ ကမ်းထောင့်ကြီး၊ မအီတို့သည်လည်း ထိန်းချုပ်မှုထဲ ရောက်သွားခဲ့ရာ စစ်တွေ၊ ကျောက်ဖြူနှင့် အမ်း တို့သည် ULA/ AA ၏ ဝိုင်းပတ်ပိတ်ဆို့ခြင်း ခံထားပုံရသည်ဟု သုံးသပ်နိုင်၏။

၅။ အိန္ဒိယသမုဒ္ဒရာသို့ မျက်နှာမူတည်ရှိပြီး ပထဝီနိုင်ငံရေးအရ အရေးပါလာသည့် ရခိုင်ကမ်း ရိုးတန်းပေါ်က အိန္ဒိယ၏ကိုးလ်ကတ္တားနှင့် တိုက်ရိုက်ကုန်သွယ်မည့် စစ်တွေဆိပ်ကမ်း၊ တရုတ်၏ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အစပြုရာ၊ မြန်နှုန်းမြင့် ကျောက်ဖြူ-ကူမင်း ရထားလမ်း အစပြုရာ၊ BRI ၏ ထွက်ပေါက် Choke point နှင့် Deep Sea port တည်ရှိသည့် ကျောက်ဖြူ၊ ကမ္ဘာကျော် ငပလီကမ်းခြေ ရှိသည့် သံတွဲ၊ ICJ ၌ နှစ်ဖက်လျှောက်လဲနေရဆဲ ဒုက္ခသည် သိန်းပေါင်းများစွာထွက်ပြေးခဲ့ရသည့် ၂၀၁၇ ဘင်္ဂလီဒုက္ခသည်ပြဿနာများ အစပြုရာ မောင်တော၊ မိုင် ၄၀ဝေ ကျာ် ရခိုင်ကမ်းရိုးတန်း၏ မိုင် ၂၀ဝ စီးပွားရေးဇုန်ထဲက ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များ၊ တွင်းတူးစင်များနှင့် ရေအောက်သွယ် ဓာတ်ငွေ့ပိုက်လိုင်းများအားလုံးသည် ရခိုင်ဒေသ၏ မဟာဗျူဟာမြောက်တည်ရှိမှုနှင့် အရေးပါမှုဖြစ်ရာ နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာ ကာကွယ်မှုရပ်တည်မျဉ်း၌ နှစ်ဖက် စစ်မက် ပြိုင်ကြရခြင်းဖြစ်သည်ဟု မြင်၏။ အင်အားကြီးနှစ်နိုင်ငံ၏ ရပ်တည်ချက်၊ မဟာဗျူဟာမြောက် မိတ်ဖက်၏ခိုင်မာမှု၊ ခေတ်မီ ရေတပ်တော်နှင့် လေတပ်တော်တို့၏ လက်တွေ့လေ့ကျင့်ကွင်းအဖြစ် စစ်မြေပြင်အသွင် ပြောင်းလာနိုင်ခြေတို့သည် ရခိုင်စစ်နယ်ဝန်း၏ အနာဂတ်မြင်ကွင်းသစ်များအဖြစ် ရိပ်ခနဲ မြင်မိစဉ်ခဏ အထူးစိုးရိမ်ဖြစ်မိရပါ၏။

၆။ ထိုနည်းတူ စစ်ရေးအရ စစ်တွေ၊ ကျောက် ဖြူ၊ သံတွဲနှင့် အမ်းတို့ အရေးပါသလို မာန်အောင်သည် အရေးပါ၏။ သံခင်းတမန်ခင်းအရ မောင်တောသည် ဒုက္ခသည် ပြန်လည်လက်ခံရေးနှင့် ကမ္ဘာ့နှလုံးသား ဆွဲလှုပ်နိုင်သူများ၏ ဘူမိနက်သန်ဖြစ်ရာ နှစ်ဖက်ကစားကွက်၏ ရှေ့တန်းစစ်နယ်ဝန်း၌ ရှိမြဲရှိနေဆဲဖြစ် ၏။ သို့ဖြင့် ဘူးသီးတောင်သည် အရေးပါဆဲဖြစ်၏။ ရေတပ်တော်အတွက် ကျောက်ဖြူနှင့်မာန်အောင် သည် အချိတ်အဆက်မိမိ ဗျူဟာမြောက်တည်ရှိဆဲ ဖြစ်ရာ ဘင်္ဂလားပင်လယ်အော်ထဲ ခပ်နက်နက် ရောက်ရှိ တည်ရှိသည့် စင်ကာပူအရွယ်ရှိ မာန်အောင်ကျွန်းသည် ပိုမိုအရေးပါလာ၏။ မာန်အောင်ကျွန်း၊ ကိုကိုးကျွန်း၊ သန်လျက်စွန်းနှင့် သံတွဲ၊ ကျောက်ဖြူ ရေတပ်တော် ချိတ်ဆက်မှုလမ်းကြောင်းသစ်သည် အကယ်၍ မာန်အောင်ကျွန်း၌သာ လေတပ်၊ ရေတပ် စခန်းသစ်တည်ဆောက်ဖြစ်ပြီးပါက ပေါ်ပေါက်လာ နိုင်ခြေရှိသလို အိန္ဒိယသမုဒ္ဒရာ၏ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှု အခင်းအကျင်းသစ်အစလည်း ဖြစ်လာ နိုင်ပေ၏။

အထက်ပါဖြစ်စဉ် ဖြစ်ရပ်၊ တည်ရှိမှုများအရ လူထုအတွက် ပိုမိုအရေးပါလာသည့် မေးခွန်းများ

(က) မြို့စစ်တွေကို ပေါက်တောမြို့အသွင်သို့ ပြောင်း/မပြောင်းမှာ ULA/AA မှသာ ဆုံးဖြတ်ရ မည်ဖြစ်၏။ ပြောင်းနိုင်ခြေ ရှိ/မရှိ။
၇။ ပြည်နယ်မြို့တော်စစ်တွေသည် ပြည်နယ် အစိုးရ၏ ဂုဏ်သိက္ခာခံတပ်ဖြစ်၏။ စနစ်တကျ ခံစစ် ပြင်၊ ထိုးစစ်ဆင်နိုင်ရေး ဗျူဟာမြောက်ရေးဆွဲထားနိုင်ခြေရှိ၏။ ဆွဲထားပုံလည်းရ၏။ ပေါက်တော၏ ဖရုံ ကာကျွန်း (၃) ကျွန်း၊ ပုဏ္ဏားကျွန်း၊ မူစဲကျွန်းနှင့် အငူမော်တို့သည် ULA/AA ၏ ထိန်းချုပ်မှုဖြင့် စစ်တွေကို ဝိုင်းဝန်းပိတ်ဆို့ထား၏။ မြန်မာ့တပ်မတော်မှ စွန့်ပစ်ခဲ့ရသည့် လက်နက်ကြီး (သက်မဲ့ပြုလုပ်ခဲ့နိုင်ခြေ နည်း/များ)၊ လတ်၊ ငယ်များနှင့် ကျည်ဆန်များ၊ ၎င်း တို့၏ ပစ်စွမ်းအား၊ နည်းပညာရရှိမှု၊ Drone များနှင့် Drop bombs များ၏ စွမ်းရည်၊ သာလွန်အင်အားဖြင့် ပတ်ဝိုင်းထားသည့် ရေပြင်နှင့် မြေပြင်ကျွမ်းကျင် သည့် ULA/AAတပ်ဖွဲ့ဝင်များ၏ ထိုးစစ်နှင့် လူထုကို စစ်တွေမှ စစ်ဘေးရှောင်ကြရန် သတိပေးမှုများ၊ (၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက် နောက်ဆုံးထား စွန့်ခွာရန် ပထမသတင်းစထွက်၏။ နောက် တက္ကသိုလ်ဝင်စာမေးပွဲအပြီး မတ်(၁၉)ရက်၊ တက္ကသိုလ်စာမေးပွဲအပြီး မတ်(၂၅) ရက်၊ မတ်လ ကုန်) စသည်ဖြင့် သတိပေးနှိုးဆော်သည့်သတင်းများသည် ကောလာဟလအသွင်ဖြင့် ထွက်၏။ ULA/AAမှ တရားဝင်ထုတ်ပြန်ခြင်း ဟုတ်ဟန်မတူပါ။ သို့သော် လူထုသည် အလွန်ယုံကြည်ကြ၏။ တတ်နိုင်သူတို့ သည် မိသားစုလိုက် ရန်ကုန်သို့ လေကြောင်းဖြင့် ဈေးကြီးပေးပြီး စစ်ရှောင်ကြ၏။ အချို့သည် ငွေကြေး မတတ်နိုင်သဖြင့် ကျေးလက်သို့စစ်ရှောင်ကြ၏။ လက်ရှိအနေအထားတွင် မြို့လူထု၏ ၅၀%ခန့် နှင့် ဝန်ထမ်းများသာ သတ္တိရှိရှိ မြို့စောင့်အဖြစ် ကျန်ရစ်ကြ၏။ ဆန်၊ ဆီ နှင့် အခြေခံစားသောက်ကုန်၊ ဆေး ဝါး နှင့် လောင်စာဆီဈေးနှုန်းသည် ခေါင်ခိုက်သည်ဟု ကြားရ၏။ လျှပ်စစ်မီးမရ၊ ဆက်သွယ်ရေး ပြတ်တောက် ၏။ မြို့လူထုသည် စိတ်ပိုင်း၊ ရုပ်ပိုင်း ဆင်းရဲမှုမျိုးစုံဖြင့် မြို့မပျက်ရေး ငြိမ်းချမ်းမှု ရောင်ခြည်သန်းရေး၊ ဆုတောင်း မျှော်လင့်နေကြရဆဲလည်း ဖြစ်၏။
၈။ အကယ်၍ စစ်တွေမြို့ကို သတ်မှတ်ရက်၌ ULA/AAသည် တိုက်စစ်ဆင် စစ်မျက်နှာဖွင့်ခဲ့ မည်ဆိုပါက စစ်တွေသည် ပေါက်တော၊ ရမ်းဗြဲတို့ကဲ့သို့ မြို့ပျက်ကြီးဖြစ်သွားမည်ဖြစ်၏။ မိုခါမုန်တိုင်း၏ ဗဟိုချက်အဖြစ် ပြင်းထန်စွာ ကိုင်လှုပ်၊ ဖြိုဖျက်ခြင်း ခံခဲ့ရသည့် အဆောက်အအုံများစွာနှင့် လူမှုဘဝများ စွာသည် ကိုယ်ထူကိုယ်ထ၊ တစ်နိုင်တစ်ပိုင် ပြန်လည် ထူထောင်နေကြရဆဲကာလ၌ တစ်ဖန် စစ်ဒဏ် ကြောင့် ပြားပြားဝပ်သွားခြင်းခံကြရတော့မည်ဖြစ်၏။ မြန်မာ့တပ်မတော်၏ ခံစစ်ဗျူဟာတွင် စစ်တွေကို စထိသည်နှင့် ULA/AA၏ ထိန်းချုပ်မျဉ်းရောက် မြို့ (၉) မြို့၏ဝေဟင်သည် လေတပ်သာလွန်အင်အား လွှမ်းမိုးမှုဖြင့်လည်းကောင်း၊ ရေတပ်၏ တာဝေးပစ် အမြောက်များ၏ ပစ်အားဖြင့်လည်းကောင်း၊ ဆိုးရွား စွာ ပြန်လည်တုံ့ပြန်၊ အပြန်အလှန်ပစ်ခတ်ကြရင်း ရခိုင်မြောက်ပိုင်း (၁၀)မြို့သည် အလိုလို ပြာပုံဘဝ ရောက်သွားနိုင်ခြေများသည်ဟု သုံးသပ်ရ၏။ စစ်တွေ အပါအဝင် မြို့(၁၀)မြို့လုံး၏ ကံကြမ္မာသည် ULA/AA က စစ်တွေမြို့ကို စတင် တိုက်စစ်ဆင် မဆင် နှင့် စပ်ဆိုင်နိုင်ခြေ ပိုများသည်ဟု သုံးသပ်၍ရ၏။ ယခုရက်ပိုင်းအတွင်း မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း တို့၏ဝေဟင်၌ လေကြောင်းထိုးစစ်များ၊ ပစ်ခတ် မှုများ ကြိုကြား ကြားနေရရာ ဂုဏ်သိက္ခာ၏ ခံတပ်မြို့ စ ထိသည်နှင့် ဆယ်ဆမကသော ပြန်လည် တုံ့ပြန်မှု တိုက်စစ်သည် အလွန်ပြင်းထန်နိုင်ပေ၏။

ဆက်လက်ဖော်ပြပါမည် . . .

zawgyi version
စစ္နယ္ဝန္း က်ယ္လာသည့္ ရခိုင္ (အခန္းဆက္ေဆာင္းပါးရွည္)(အပိုင္း ၁)
ေဒါက္တာေအးေမာင္(NP News) - ဇြန္ ၁၆

ဒဏ္ရာခ်င္းထပ္ၿမဲ၊ နင္းျပားျဖစ္ၿမဲ၊ လူထုဘဝ
၁။ စစ္၏ ဒဏ္ရာဒဏ္ခ်က္မ်ားကို အခံရဆုံးသည္ လူထုျဖစ္၏။ ႏိုင္ငံလြတ္လပ္သည္မွ ကေန႔အထိ ကြၽႏ္ုပ္တို႔၏လူထုသည္ ေျမစာပင္အျဖစ္ ႏွစ္ဖက္ၾကား ခံေနရဆဲျဖစ္၏။ အခံရဆုံး၊ အခံခဲ့ရဆုံးေသာ ေဒသမ်ားမွာ ကရင္ႏွင့္ကခ်င္၊ ကရင္နီႏွင့္ရွမ္းတို႔ျဖစ္၏။ ယခု ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁) ရက္ ေနာက္တြင္မွ အျမည္းသေဘာ ခံစားလာရသည္က စစ္ကိုင္း၊ ခ်င္းႏွင့္ ရခိုင္တို႔ျဖစ္၏။ ခုေတာ့ “သုမန” ေက်ာမွာ ဒဏ္ရာေတြအျပည့္ႏွင့္ အေမြခံျပည္တြင္းစစ္၏ ဒဏ္ရာခ်င္းထပ္ကာ ေဒသအားလုံးသည္ ဘဝတူေတြခ်ဥ္း ျဖစ္သြားၾကရၿပီျဖစ္၏။

၂။ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလ (၁၃) ရက္မွစသည့္ တစ္ေက်ာ့ျပန္ ရခိုင္တို႔၏ေဒသ စစ္နယ္ဝန္းသည္ ၂၀၂၄ ခုႏွစ္ မတ္လ (၁၈)ရက္အေရာက္၌ က်ယ္သည္ထက္က်ယ္လာ၏။ စစ္ဗ်ဴဟာ၏အဆုတ္ ႏွင့္အတက္၊ ရက္စက္မႈႏွင့္ၾကင္နာမႈၾကား၊ လူ႔ဂုဏ္ သိကၡာ၊ လူသားဆန္မႈႏွင့္ ၎၏ ဆန႔္က်င္ဘက္မ်ား ၾကား၊ နာၾကဥ္းမႈ၊ တရားမဲ့မႈ၊ အစြန္းေရာက္မႈႏွင့္ ၎၏အျခားတစ္ဖက္ျမင္ကြင္းမ်ားၾကား၊ သမိုင္းျဖစ္စဥ္ ျဖစ္ရပ္တို႔သည္ လက္ဦးမႈယူ မီဒီယာမ်ား၏ ဝါဒျဖန႔္မႈမ်ိဳးစုံေၾကာင့္ သတင္းအဆိပ္သင့္ၿမဲသင့္ေနတတ္သည္ကို လူထုသည္ႀကဳံရ၏။ ႀကဳံၿမဲ၊ ႀကဳံေနရဆဲလည္းျဖစ္၏။

၃။ ကြၽႏ္ုပ္တို႔သည္ ျဖစ္စဥ္ ျဖစ္ရပ္အေပၚ၌ မွန္ကန္စြာ မွတ္တမ္းျပဳရန္လို၏။ သမိုင္းသည္ ဦးသူ ေရးထိုးသည့္ ဝါဒျဖန႔္မွတ္တမ္းမျဖစ္ရန္ လို၏။ ျဖစ္စဥ္ ျဖစ္ရပ္အေပၚ စိတ္၏ခံစားမႈေစရာသို႔ ျဖစ္လိုသည့္ ဆႏၵလြန္ျဖင့္ ခ်ဥ္းကပ္ရႈျမင္တတ္သူေတြအဖို႔မူ အရာရာသည္ေအာင္ပြဲျဖစ္၏။ သမိုင္းျဖစ္စဥ္ ျဖစ္ရပ္၊ လက္ရွိျဖစ္တည္မႈအရပ္ရပ္ႏွင့္ အနာဂတ္ျဖစ္ထြန္းႏိုင္ေျခကို ရႈျမင္ပုံတို႔ကို ယုတၱိေဗဒဆန္စြာ သုံးသပ္ေထာက္ျပမႈတိုင္းအေပၚ၌လည္း အေတြးႏုသူ၊ အျမင္မစူးရွသူတို႔သည္ မ်က္စိတစ္ျမင္ျဖင့္ ပ်က္ရယ္ျပဳၿမဲ၊ ျပစ္တင္ ရႈတ္ခ်၊ တစ္ဖက္သတ္စြပ္စြဲ အပုပ္ခ်ၿမဲ ခ်တတ္ၾကေပ၏။ သို႔ျဖင့္ ရႈျမင္သူတို႔၏ ဉာဏ္ရည္ႏွင့္ ဆင္ျခင္တုံတရားသည္သာ ကိစၥရပ္တိုင္းအေပၚ ေဝဖန္ေထာက္ျပ အေျဖထုတ္ရာ၌ အခရာက်သည္ဟုသာ ယူဆျဖစ္မိရပါ၏။ ရခိုင္တို႔၏ေဒသ စစ္ေရး၊ ႏိုင္ငံေရး လက္ရွိျဖစ္ ပ်က္မႈ၊ ျဖစ္တည္မႈတို႔၏လားရာကို ရခိုင္လူထုသည္ ႀကိဳတင္အေျဖထုတ္ထားသင့္သလို ႀကိဳတင္အေျဖရွာထားသင့္ေပ၏။

အင္အားႀကီးႏွစ္ႏိုင္ငံ၏ ဆုံမွတ္ရွိရာႏွင့္ ေရ၊ ေလ၊ တပ္ေတာ္တို႔၏ ေလ့က်င့္ကြင္းအျဖစ္ အသြင္ေျပာင္းစ ဘဂၤလားပင္လယ္ေအာ္

၄။ ရခိုင္ေဒသ၏ (၁၇)ၿမိဳ႕နယ္အနက္ (၈) ၿမိဳ႕နယ္ကို ထိန္းခ်ဳပ္ရရွိၿပီဟု ULA/AAသည္ ေၾကညာ၏။ ပလက္ဝပါ ထည့္ေပါင္းလွ်င္ (၉) ၿမိဳ႕ နယ္ရွိၿပီ ျဖစ္၏။ အုပ္ခ်ဳပ္ေရးႏွင့္တရားစီရင္ေရးကို အေကာင္ အထည္ေဖာ္ေနေၾကာင္းလည္း ၾကားသိရ၏။ အိႏၵိယ ႏွင့္ဘဂၤလားေဒ့ရွ္ ထိစပ္ေဒသအခ်ိဳ႕သည္ ULA/AA၏ ထိန္းခ်ဳပ္ခံစစ္နယ္ဝန္းထဲပါသြား၏။ ရမ္းၿဗဲ ကြၽန္း၏ ရမ္းၿဗဲၿမိဳ႕ႏွင့္ အမ္း၏ အရံၿမိဳ႕မ်ား ျဖစ္ေသာ ေျမပုံ၊ ကမ္းေထာင့္ႀကီး၊ မအီတို႔သည္လည္း ထိန္းခ်ဳပ္မႈထဲ ေရာက္သြားခဲ့ရာ စစ္ေတြ၊ ေက်ာက္ျဖဴႏွင့္ အမ္း တို႔သည္ ULA/ AA ၏ ဝိုင္းပတ္ပိတ္ဆို႔ျခင္း ခံထားပုံရသည္ဟု သုံးသပ္ႏိုင္၏။

၅။ အိႏၵိယသမုဒၵရာသို႔ မ်က္ႏွာမူတည္ရွိၿပီး ပထဝီႏိုင္ငံေရးအရ အေရးပါလာသည့္ ရခိုင္ကမ္း ႐ိုးတန္းေပၚက အိႏၵိယ၏ကိုးလ္ကတၱားႏွင့္ တိုက္႐ိုက္ကုန္သြယ္မည့္ စစ္ေတြဆိပ္ကမ္း၊ တ႐ုတ္၏ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္း အစျပဳရာ၊ ျမန္ႏႈန္းျမင့္ ေက်ာက္ျဖဴ-ကူမင္း ရထားလမ္း အစျပဳရာ၊ BRI ၏ ထြက္ေပါက္ Choke point ႏွင့္ Deep Sea port တည္ရွိသည့္ ေက်ာက္ျဖဴ၊ ကမာၻေက်ာ္ ငပလီကမ္းေျခ ရွိသည့္ သံတြဲ၊ ICJ ၌ ႏွစ္ဖက္ေလွ်ာက္လဲေနရဆဲ ဒုကၡသည္ သိန္းေပါင္းမ်ားစြာထြက္ေျပးခဲ့ရသည့္ ၂၀၁၇ ဘဂၤလီဒုကၡသည္ျပႆနာမ်ား အစျပဳရာ ေမာင္ေတာ၊ မိုင္ ၄၀ေဝ က်ာ္ ရခိုင္ကမ္း႐ိုးတန္း၏ မိုင္ ၂၀ဝ စီးပြားေရးဇုန္ထဲက ကမ္းလြန္ေရနံႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ကြက္မ်ား၊ တြင္းတူးစင္မ်ားႏွင့္ ေရေအာက္သြယ္ ဓာတ္ေငြ႕ပိုက္လိုင္းမ်ားအားလုံးသည္ ရခိုင္ေဒသ၏ မဟာဗ်ဴဟာေျမာက္တည္ရွိမႈႏွင့္ အေရးပါမႈျဖစ္ရာ ႏိုင္ငံတစ္ခု၏ အခ်ဳပ္အျခာအာဏာ ကာကြယ္မႈရပ္တည္မ်ဥ္း၌ ႏွစ္ဖက္ စစ္မက္ ၿပိဳင္ၾကရျခင္းျဖစ္သည္ဟု ျမင္၏။ အင္အားႀကီးႏွစ္ႏိုင္ငံ၏ ရပ္တည္ခ်က္၊ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္၏ခိုင္မာမႈ၊ ေခတ္မီ ေရတပ္ေတာ္ႏွင့္ ေလတပ္ေတာ္တို႔၏ လက္ေတြ႕ေလ့က်င့္ကြင္းအျဖစ္ စစ္ေျမျပင္အသြင္ ေျပာင္းလာႏိုင္ေျခတို႔သည္ ရခိုင္စစ္နယ္ဝန္း၏ အနာဂတ္ျမင္ကြင္းသစ္မ်ားအျဖစ္ ရိပ္ခနဲ ျမင္မိစဥ္ခဏ အထူးစိုးရိမ္ျဖစ္မိရပါ၏။

၆။ ထိုနည္းတူ စစ္ေရးအရ စစ္ေတြ၊ ေက်ာက္ ျဖဴ၊ သံတြဲႏွင့္ အမ္းတို႔ အေရးပါသလို မာန္ေအာင္သည္ အေရးပါ၏။ သံခင္းတမန္ခင္းအရ ေမာင္ေတာသည္ ဒုကၡသည္ ျပန္လည္လက္ခံေရးႏွင့္ ကမာၻ႔ႏွလုံးသား ဆြဲလႈပ္ႏိုင္သူမ်ား၏ ဘူမိနက္သန္ျဖစ္ရာ ႏွစ္ဖက္ကစားကြက္၏ ေရွ႕တန္းစစ္နယ္ဝန္း၌ ရွိၿမဲရွိေနဆဲျဖစ္ ၏။ သို႔ျဖင့္ ဘူးသီးေတာင္သည္ အေရးပါဆဲျဖစ္၏။ ေရတပ္ေတာ္အတြက္ ေက်ာက္ျဖဴႏွင့္မာန္ေအာင္ သည္ အခ်ိတ္အဆက္မိမိ ဗ်ဴဟာေျမာက္တည္ရွိဆဲ ျဖစ္ရာ ဘဂၤလားပင္လယ္ေအာ္ထဲ ခပ္နက္နက္ ေရာက္ရွိ တည္ရွိသည့္ စင္ကာပူအ႐ြယ္ရွိ မာန္ေအာင္ကြၽန္းသည္ ပိုမိုအေရးပါလာ၏။ မာန္ေအာင္ကြၽန္း၊ ကိုကိုးကြၽန္း၊ သန္လ်က္စြန္းႏွင့္ သံတြဲ၊ ေက်ာက္ျဖဴ ေရတပ္ေတာ္ ခ်ိတ္ဆက္မႈလမ္းေၾကာင္းသစ္သည္ အကယ္၍ မာန္ေအာင္ကြၽန္း၌သာ ေလတပ္၊ ေရတပ္ စခန္းသစ္တည္ေဆာက္ျဖစ္ၿပီးပါက ေပၚေပါက္လာ ႏိုင္ေျခရွိသလို အိႏၵိယသမုဒၵရာ၏ မဟာဗ်ဴဟာေျမာက္ ၿပိဳင္ဆိုင္မႈ အခင္းအက်င္းသစ္အစလည္း ျဖစ္လာ ႏိုင္ေပ၏။

အထက္ပါျဖစ္စဥ္ ျဖစ္ရပ္၊ တည္ရွိမႈမ်ားအရ လူထုအတြက္ ပိုမိုအေရးပါလာသည့္ ေမးခြန္းမ်ား

(က) ၿမိဳ႕စစ္ေတြကို ေပါက္ေတာၿမိဳ႕အသြင္သို႔ ေျပာင္း/မေျပာင္းမွာ ULA/AA မွသာ ဆုံးျဖတ္ရ မည္ျဖစ္၏။ ေျပာင္းႏိုင္ေျခ ရွိ/မရွိ။
၇။ ျပည္နယ္ၿမိဳ႕ေတာ္စစ္ေတြသည္ ျပည္နယ္ အစိုးရ၏ ဂုဏ္သိကၡာခံတပ္ျဖစ္၏။ စနစ္တက် ခံစစ္ ျပင္၊ ထိုးစစ္ဆင္ႏိုင္ေရး ဗ်ဴဟာေျမာက္ေရးဆြဲထားႏိုင္ေျခရွိ၏။ ဆြဲထားပုံလည္းရ၏။ ေပါက္ေတာ၏ ဖ႐ုံ ကာကြၽန္း (၃) ကြၽန္း၊ ပုဏၰားကြၽန္း၊ မူစဲကြၽန္းႏွင့္ အငူေမာ္တို႔သည္ ULA/AA ၏ ထိန္းခ်ဳပ္မႈျဖင့္ စစ္ေတြကို ဝိုင္းဝန္းပိတ္ဆို႔ထား၏။ ျမန္မာ့တပ္မေတာ္မွ စြန႔္ပစ္ခဲ့ရသည့္ လက္နက္ႀကီး (သက္မဲ့ျပဳလုပ္ခဲ့ႏိုင္ေျခ နည္း/မ်ား)၊ လတ္၊ ငယ္မ်ားႏွင့္ က်ည္ဆန္မ်ား၊ ၎ တို႔၏ ပစ္စြမ္းအား၊ နည္းပညာရရွိမႈ၊ Drone မ်ားႏွင့္ Drop bombs မ်ား၏ စြမ္းရည္၊ သာလြန္အင္အားျဖင့္ ပတ္ဝိုင္းထားသည့္ ေရျပင္ႏွင့္ ေျမျပင္ကြၽမ္းက်င္ သည့္ ULA/AAတပ္ဖြဲ႕ဝင္မ်ား၏ ထိုးစစ္ႏွင့္ လူထုကို စစ္ေတြမွ စစ္ေဘးေရွာင္ၾကရန္ သတိေပးမႈမ်ား၊ (၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၈) ရက္ ေနာက္ဆုံးထား စြန႔္ခြာရန္ ပထမသတင္းစထြက္၏။ ေနာက္ တကၠသိုလ္ဝင္စာေမးပြဲအၿပီး မတ္(၁၉)ရက္၊ တကၠသိုလ္စာေမးပြဲအၿပီး မတ္(၂၅) ရက္၊ မတ္လ ကုန္) စသည္ျဖင့္ သတိေပးႏႈိးေဆာ္သည့္သတင္းမ်ားသည္ ေကာလာဟလအသြင္ျဖင့္ ထြက္၏။ ULA/AAမွ တရားဝင္ထုတ္ျပန္ျခင္း ဟုတ္ဟန္မတူပါ။ သို႔ေသာ္ လူထုသည္ အလြန္ယုံၾကည္ၾက၏။ တတ္ႏိုင္သူတို႔ သည္ မိသားစုလိုက္ ရန္ကုန္သို႔ ေလေၾကာင္းျဖင့္ ေဈးႀကီးေပးၿပီး စစ္ေရွာင္ၾက၏။ အခ်ိဳ႕သည္ ေငြေၾကး မတတ္ႏိုင္သျဖင့္ ေက်းလက္သို႔စစ္ေရွာင္ၾက၏။ လက္ရွိအေနအထားတြင္ ၿမိဳ႕လူထု၏ ၅၀%ခန႔္ ႏွင့္ ဝန္ထမ္းမ်ားသာ သတၱိရွိရွိ ၿမိဳ႕ေစာင့္အျဖစ္ က်န္ရစ္ၾက၏။ ဆန္၊ ဆီ ႏွင့္ အေျခခံစားေသာက္ကုန္၊ ေဆး ဝါး ႏွင့္ ေလာင္စာဆီေဈးႏႈန္းသည္ ေခါင္ခိုက္သည္ဟု ၾကားရ၏။ လွ်ပ္စစ္မီးမရ၊ ဆက္သြယ္ေရး ျပတ္ေတာက္ ၏။ ၿမိဳ႕လူထုသည္ စိတ္ပိုင္း၊ ႐ုပ္ပိုင္း ဆင္းရဲမႈမ်ိဳးစုံျဖင့္ ၿမိဳ႕မပ်က္ေရး ၿငိမ္းခ်မ္းမႈ ေရာင္ျခည္သန္းေရး၊ ဆုေတာင္း ေမွ်ာ္လင့္ေနၾကရဆဲလည္း ျဖစ္၏။
၈။ အကယ္၍ စစ္ေတြၿမိဳ႕ကို သတ္မွတ္ရက္၌ ULA/AAသည္ တိုက္စစ္ဆင္ စစ္မ်က္ႏွာဖြင့္ခဲ့ မည္ဆိုပါက စစ္ေတြသည္ ေပါက္ေတာ၊ ရမ္းၿဗဲတို႔ကဲ့သို႔ ၿမိဳ႕ပ်က္ႀကီးျဖစ္သြားမည္ျဖစ္၏။ မိုခါမုန္တိုင္း၏ ဗဟိုခ်က္အျဖစ္ ျပင္းထန္စြာ ကိုင္လႈပ္၊ ၿဖိဳဖ်က္ျခင္း ခံခဲ့ရသည့္ အေဆာက္အအုံမ်ားစြာႏွင့္ လူမႈဘဝမ်ား စြာသည္ ကိုယ္ထူကိုယ္ထ၊ တစ္ႏိုင္တစ္ပိုင္ ျပန္လည္ ထူေထာင္ေနၾကရဆဲကာလ၌ တစ္ဖန္ စစ္ဒဏ္ ေၾကာင့္ ျပားျပားဝပ္သြားျခင္းခံၾကရေတာ့မည္ျဖစ္၏။ ျမန္မာ့တပ္မေတာ္၏ ခံစစ္ဗ်ဴဟာတြင္ စစ္ေတြကို စထိသည္ႏွင့္ ULA/AA၏ ထိန္းခ်ဳပ္မ်ဥ္းေရာက္ ၿမိဳ႕ (၉) ၿမိဳ႕၏ေဝဟင္သည္ ေလတပ္သာလြန္အင္အား လႊမ္းမိုးမႈျဖင့္လည္းေကာင္း၊ ေရတပ္၏ တာေဝးပစ္ အေျမာက္မ်ား၏ ပစ္အားျဖင့္လည္းေကာင္း၊ ဆိုး႐ြား စြာ ျပန္လည္တုံ႔ျပန္၊ အျပန္အလွန္ပစ္ခတ္ၾကရင္း ရခိုင္ေျမာက္ပိုင္း (၁၀)ၿမိဳ႕သည္ အလိုလို ျပာပုံဘဝ ေရာက္သြားႏိုင္ေျခမ်ားသည္ဟု သုံးသပ္ရ၏။ စစ္ေတြ အပါအဝင္ ၿမိဳ႕(၁၀)ၿမိဳ႕လုံး၏ ကံၾကမၼာသည္ ULA/AA က စစ္ေတြၿမိဳ႕ကို စတင္ တိုက္စစ္ဆင္ မဆင္ ႏွင့္ စပ္ဆိုင္ႏိုင္ေျခ ပိုမ်ားသည္ဟု သုံးသပ္၍ရ၏။ ယခုရက္ပိုင္းအတြင္း မင္းျပား၊ ေျမာက္ဦး၊ ပုဏၰားကြၽန္း တို႔၏ေဝဟင္၌ ေလေၾကာင္းထိုးစစ္မ်ား၊ ပစ္ခတ္ မႈမ်ား ႀကိဳၾကား ၾကားေနရရာ ဂုဏ္သိကၡာ၏ ခံတပ္ၿမိဳ႕ စ ထိသည္ႏွင့္ ဆယ္ဆမကေသာ ျပန္လည္ တုံ႔ျပန္မႈ တိုက္စစ္သည္ အလြန္ျပင္းထန္ႏိုင္ေပ၏။

ဆက္လက္ေဖာ္ျပပါမည္ . . .

Related news

© 2021. All rights reserved.