မြန်မာနိုင်ငံအတွင်း တရုတ်၏ သြဇာလွှမ်းမိုးမှု ကြီးထွားလာခြင်းနှင့် အိန္ဒိယအရှေ့မြောက်ဖျားဒေသအတွက် နယူးဒေလီ ကြည်းတပ်ဦးစီးချုပ်ဟောင်း စိုးရိမ်

 1659

Htay Oung (NP News) - ဇွန် ၂၂

ယခုတလော မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု တိုးမြင့်လာခြင်းနဲ့ အိန္ဒိယအရှေ့မြောက်ဖျား ဒေသများအပေါ် ဆက်နွယ်သက်ရောက်မှုများ ဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်ပူပန်မိကြောင်း အိန္ဒိယကြည်းတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး (ငြိမ်း) အမ်အမ်နာရာဗာနီက ပြောပြတယ်လို့ “အိန္ဒိယကာကွယ်ရေး သုတေသနဌာန” ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

အိန္ဒိယကာကွယ်ရေးသုတေသနဌာနကို ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အိန္ဒိယသတင်းစာများက အလေးအနက်ထားခြင်း မရှိတဲ့ ကာကွယ်ရေးဆိုင်ရာသတင်းများကို တစ်နေရာတည်းမှာ စုစည်းဖော်ပြရန် ရည်ရွယ်ပါတယ်။ ပြည်တွင်း ပြည်ပမှ ဘက်လိုက်ရေးသားမှုနဲ့ အဆိုးမြင်ဖော်ပြချက်များကို တုံပြန်လျှက်ရှိပြီး အိန္ဒိယ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်များနဲ့ အရေးကြီးကြားဖြတ်သတင်းများကိုလည်း ဖော်ပြနေတဲ့ တရားဝင် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များမှာ စိတ်ပါဝင်စားသူများရဲ့ ဝင်ရောက် ဖတ်ရှုမှုက တစ်နှစ်ထက်တစ်နှစ် တိုးမြင့်နေပြီး အစောဆုံးနဲ့ ယုံကြည်ရဆုံးသော အိန္ဒိယ ကာကွယ်ရေးသတင်းပေါ်တယ်တစ်ခု ဖြစ်ပါတယ်။

မြန်မာ (တိုင်းရင်းသားလက်နက်ကိုင်များ) ကို တရုတ်က လက်နက်များ ထောက်ပံံ့လျှက်ရှိနေကြောင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် အထူးသဖြင့် အိန္ဒိယ အရှေ့မြောက်ဖျားဒေသအတွင်း မငြိမ်မသက်မှုသတင်းများအပေါ် အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ်ဟောင်းတစ်ဦးက မှတ်ချက်ပေးခြင်းဖြစ်ပါတယ်။ မဏိပူရပြည်နယ်မှာ တရုတ်ရဲ့ ဗျူဟာမြောက် စစ်ရေးလှုပ်ရှားမှုကို ဗိုလ်ချုပ်ကြီးဟောင်းက ထောက်ပြခဲ့ပါတယ်။ နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေတဲ့ မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုများကို အခွင့်ကောင်းယူပြီး တရုတ်အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက် “အိုင်ကို ရေခန်းအောင်လုပ် ငါးဖမ်း” နည်းအကွက်ရွှေ့ အမြတ်ထုတ်နေကြောင်း၊ ဗဟိုအစိုးရနဲ့ အလှမ်းဝေးပြီး ဆက်သွယ်သွားလာရန် ခက်ခဲတဲ့ “ညီအစ်မ ခုနစ်ဖော်” ခေါ် အရှေ့မြောက်ဖျား ကုန်းတွင်းပိတ် ပြည်နယ် (၇)ခုတို့အတွင်းမှာ ရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင်တဲ့အတွက် အဲ့ဒီကိစ္စနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်များကို အိန္ဒိယအတွက် သတိပြုမိရန် လိုအပ်ကြောင်း၊ ပြင်ပလွှမ်းမိုးမှုများကြောင့် ဒေသတွင်း အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုများ တိုးပွားလာနိုင်ဖွယ် လားအလာများကို အလေးပေးပြောပြပါတယ်။

လက်ရှိအနေအထားမှာ နိုင်ငံရပ်ခြား အေဂျင်စီများရဲ့ ပါဝင်ပတ်သက်မှုကို ငြင်းကွယ်၍ မရနိုင်ကြောင်း အခြေ အနေကို အနီးကပ်စောင့်ကြည့်နေပြီး နိုင်ငံတော်လုံခြုံရေးနဲ့ လိုအပ်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်နေတယ်လို့ သိရှိရကြောင်း၊ အချို့သော လှုပ်ရှားသူတွေဟာ မဏိပူရပြည်နယ်အတွင်း မတည်မငြိမ်ဖြစ်မှု ရလဒ်အပေါ် အကျိုးခံစားနေကြ တဲ့အတွက် နောက်ထပ် ပြန်မဖြစ်ရအောင် ထိထိရောက်ရောက် လုပ်ဆောင်စေလိုကြောင်း ဗိုလ်ချုပ်ကြီး နာရာဗာနီက ရှင်းပြပါတယ်။ မြန်မာနိုင်ငံ ချင်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအနောက်ပိုင်းတို့နဲ့ ထိစပ်နေတဲ့ အိန္ဒိယ မဏိပူရပြည်နယ်မှာ ၂၀၂၃-ခုနှစ် မေလဆန်းမှ ၂၀၂၄-ခုနှစ်အထိ လူမျိုးရေးအဓိကရုန်းများ ဖြစ်ပွားခဲ့ပါတယ်။ အင်ဖာတောင်ြ ကားနေ မေထေး(ကသည်း) လူမျိုးများနဲ့ ဝန်းကျင် တောင်ကုန်းတောင်တန်းနေ ကူကီး-ဇိုလူမျိုးနွယ်တို့အကြား ပဋိပက္ခဟာ တစ်နှစ်ကျော် ကြာမြင့်ပြီး အကြမ်းဖက်မှုများကြောင့် နှစ်ဖက်စလုံးမှ လူပေါင်း ၂၂၀ ကျော်သေဆုံးခဲ့ရပါတယ်။ ဘုရားကျောင်းများနဲ့ ဝတ်ပြုရာနေရာများအပါအဝင် အိမ်ခြေ ၄၈၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ကူကီးတို့ဟာ မြန်မာနိုင်ငံမှ ချင်းလူမျိုးများ၊ အိန္ဒိယ မီဇိုလူမျိုးများနဲ့ မျိုးနွယ်ချင်း တူညီကြပါတယ်။ မဏိပူပြည်နယ်အစိုးရရဲ့ မျိုးနွယ်စုအလိုက် အထူးအခွင့်အရေးရရှိ မှုအပေါ် နှစ်ဘက် အခြေအတင်ဖြစ်ကြတယ်ဆိုပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဘက်မှ ထွက်ပြေးလာသူတို့ အလုံးအရင်းနဲ့ လှိမ့်ဝင်လာခြင်းဟာ ကသည်းတို့အတွက် လုံခြုံရေး စိုးရိမ်မှု မြင့်တက်လာစေခဲ့ပါတယ်။

ကူကီးအမျိုးသားတပ် KNA ဟာ မြန်မာနိုင်ငံ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ မဟာမိတ်ဖြစ်ပြီး ပုန်ကန်မှုများနောက်ကွယ်မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုရောင်းဝယ်ခြင်းများ ရှိနေတယ်လို့ အယ်လ်ဂျားဇီးယား ( 16 April 2024 ) က ရေးပါတယ်။ လူမျိုးရေးဖြစ်တဲ့အတွက် မဏိပူရဲစခန်းအချို့နဲ့ အာသံ ရိုင်ဖယ်နယ်ခြားစောင့် တပ်အတွင်း ပဋိပက္ခများလည်း ရှိနေပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံအတွင်း အခြေစိုက်ပြီး ခေတ်မီလက်နက်အပြည့် အစုံကိုင်ဆောင်ထားတဲ့ ကူကီးစစ်သွေးကြွတို့က လွန်ခဲ့တဲ့ ဇန်နဝါရီလ (မြန်မာ တမူးမြို့ နယ်ခြားတစ်ဖက်ရှိ ) မိုရေးမြို့ကို အပြင်းအထန်တိုက်ခိုက်ခဲ့တဲ့အတွက် အိန္ဒိယ အရံရဲတပ်ဖွဲ့ IRB မှ လူနှစ်ဦး သေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ရပါတယ်။

ကြည်းတပ်ဦးစီးချုပ်ဟောင်းရဲ့ အသေးစိတ် ရှင်းပြချက်တွေဟာ အိန္ဒိယရဲ့ အရှေ့မြောက်နယ်စပ်တစ်လျှောက် ရှုပ်ထွေးပွေလီတဲ့ မဟာဗျူဟာမြောက် စိန်ခေါ်မှုများကို အထင်အရှား မြင်နေရပါတယ်။ တရုတ်ပါဝင်ပတ်သက်ဖွယ်ရှိတဲ့ မြန်မာ့အရေး ပြဿနာများကို ဖြေရှင်းရာမှာ ဒေသတွင်းတည်ငြိမ်ရေးအတွက် သံတမန်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ အစီအမံများကို အချိုးကျပေါင်းစပ်ပြီး ကျယ်ပြန့်စွာ ချဉ်းကပ်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ညွှန်ပြနေပါတယ်လို့ အိန္ဒိယကာကွယ်ရေး သုတေသနဌာနက ရေးသားပါတယ်။

( India Defence research Wing., 20 June 2024,” Ex-Army Chief Naravane on China’s Myanmar influence and northeast India concern” ကို ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ျမန္မာႏိုင္ငံအတြင္း တ႐ုတ္၏ ၾသဇာလႊမ္းမိုးမႈ ႀကီးထြားလာျခင္းႏွင့္ အိႏၵိယအေရွ႕ေျမာက္ဖ်ား ေဒသအတြက္ နယူးေဒလီ ၾကည္းတပ္ဦးစီးခ်ဳပ္ေဟာင္း စိုးရိမ္
Htay Oung (NP News) - ဇြန္ ၂၂

ယခုတေလာ ျမန္မာႏိုင္ငံအတြင္း တ႐ုတ္ႏိုင္ငံရဲ႕ ၾသဇာလႊမ္းမိုးမႈ တိုးျမင့္လာျခင္းနဲ႔ အိႏၵိယအေရွ႕ေျမာက္ဖ်ား ေဒသမ်ားအေပၚ ဆက္ႏြယ္သက္ေရာက္မႈမ်ား ျဖစ္လာႏိုင္တဲ့အတြက္ စိုးရိမ္ပူပန္မိေၾကာင္း အိႏၵိယၾကည္းတပ္ဦးစီးခ်ဳပ္ေဟာင္း ဗိုလ္ခ်ဳပ္ႀကီး (ၿငိမ္း) အမ္အမ္နာရာဗာနီက ေျပာျပတယ္လို႔ “အိႏၵိယကာကြယ္ေရး သုေတသနဌာန” ရဲ႕ ဝက္ဘ္ဆိုက္မွာ ေဖာ္ျပပါတယ္။

အိႏၵိယကာကြယ္ေရးသုေတသနဌာနကို ၂၀၀၆ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ၿပီး အိႏၵိယသတင္းစာမ်ားက အေလးအနက္ထားျခင္း မရွိတဲ့ ကာကြယ္ေရးဆိုင္ရာသတင္းမ်ားကို တစ္ေနရာတည္းမွာ စုစည္းေဖာ္ျပရန္ ရည္႐ြယ္ပါတယ္။ ျပည္တြင္း ျပည္ပမွ ဘက္လိုက္ေရးသားမႈနဲ႔ အဆိုးျမင္ေဖာ္ျပခ်က္မ်ားကို တုံျပန္လွ်က္ရွိၿပီး အိႏၵိယ တပ္မေတာ္ရဲ႕ သတင္းထုတ္ျပန္ခ်က္မ်ားနဲ႔ အေရးႀကီးၾကားျဖတ္သတင္းမ်ားကိုလည္း ေဖာ္ျပေနတဲ့ တရားဝင္ အဖြဲ႕အစည္းတစ္ခုလည္း ျဖစ္ပါတယ္။ ကာကြယ္ေရးဆိုင္ရာကိစၥရပ္မ်ားမွာ စိတ္ပါဝင္စားသူမ်ားရဲ႕ ဝင္ေရာက္ ဖတ္ရႈမႈက တစ္ႏွစ္ထက္တစ္ႏွစ္ တိုးျမင့္ေနၿပီး အေစာဆုံးနဲ႔ ယုံၾကည္ရဆုံးေသာ အိႏၵိယ ကာကြယ္ေရးသတင္းေပၚတယ္တစ္ခု ျဖစ္ပါတယ္။

ျမန္မာ (တိုင္းရင္းသားလက္နက္ကိုင္မ်ား) ကို တ႐ုတ္က လက္နက္မ်ား ေထာက္ပံံ့လွ်က္ရွိေနေၾကာင္းနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ အထူးသျဖင့္ အိႏၵိယ အေရွ႕ေျမာက္ဖ်ားေဒသအတြင္း မၿငိမ္မသက္မႈသတင္းမ်ားအေပၚ အိႏၵိယ ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္းတစ္ဦးက မွတ္ခ်က္ေပးျခင္းျဖစ္ပါတယ္။ မဏိပူရျပည္နယ္မွာ တ႐ုတ္ရဲ႕ ဗ်ဴဟာေျမာက္ စစ္ေရးလႈပ္ရွားမႈကို ဗိုလ္ခ်ဳပ္ႀကီးေဟာင္းက ေထာက္ျပခဲ့ပါတယ္။ နယ္နိမိတ္ခ်င္း ရွည္လ်ားစြာ ထိစပ္ေနတဲ့ ျမန္မာႏိုင္ငံအတြင္း မတည္ၿငိမ္မႈမ်ားကို အခြင့္ေကာင္းယူၿပီး တ႐ုတ္အေနနဲ႔ သူတို႔ရဲ႕ အက်ိဳးစီးပြားအတြက္ “အိုင္ကို ေရခန္းေအာင္လုပ္ ငါးဖမ္း” နည္းအကြက္ေ႐ႊ႕ အျမတ္ထုတ္ေနေၾကာင္း၊ ဗဟိုအစိုးရနဲ႔ အလွမ္းေဝးၿပီး ဆက္သြယ္သြားလာရန္ ခက္ခဲတဲ့ “ညီအစ္မ ခုနစ္ေဖာ္” ေခၚ အေရွ႕ေျမာက္ဖ်ား ကုန္းတြင္းပိတ္ ျပည္နယ္ (၇)ခုတို႔အတြင္းမွာ ရႈပ္ေထြးမႈမ်ားျဖစ္ေပၚလာႏိုင္တဲ့အတြက္ အဲ့ဒီကိစၥနဲ႔ ပတ္သက္တဲ့ ျဖစ္စဥ္မ်ားကို အိႏၵိယအတြက္ သတိျပဳမိရန္ လိုအပ္ေၾကာင္း၊ ျပင္ပလႊမ္းမိုးမႈမ်ားေၾကာင့္ ေဒသတြင္း အၾကမ္းဖက္မႈနဲ႔ မတည္ၿငိမ္မႈမ်ား တိုးပြားလာႏိုင္ဖြယ္ လားအလာမ်ားကို အေလးေပးေျပာျပပါတယ္။

လက္ရွိအေနအထားမွာ ႏိုင္ငံရပ္ျခား ေအဂ်င္စီမ်ားရဲ႕ ပါဝင္ပတ္သက္မႈကို ျငင္းကြယ္၍ မရႏိုင္ေၾကာင္း အေျခ အေနကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ လိုအပ္တဲ့ အစီအမံအားလုံးကို လုပ္ေဆာင္ေနတယ္လို႔ သိရွိရေၾကာင္း၊ အခ်ိဳ႕ေသာ လႈပ္ရွားသူေတြဟာ မဏိပူရျပည္နယ္အတြင္း မတည္မၿငိမ္ျဖစ္မႈ ရလဒ္အေပၚ အက်ိဳးခံစားေနၾက တဲ့အတြက္ ေနာက္ထပ္ ျပန္မျဖစ္ရေအာင္ ထိထိေရာက္ေရာက္ လုပ္ေဆာင္ေစလိုေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး နာရာဗာနီက ရွင္းျပပါတယ္။ ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္ေျမာက္ပိုင္း၊ စစ္ကိုင္းတိုင္းအေနာက္ပိုင္းတို႔နဲ႔ ထိစပ္ေနတဲ့ အိႏၵိယ မဏိပူရျပည္နယ္မွာ ၂၀၂၃-ခုႏွစ္ ေမလဆန္းမွ ၂၀၂၄-ခုႏွစ္အထိ လူမ်ိဳးေရးအဓိက႐ုန္းမ်ား ျဖစ္ပြားခဲ့ပါတယ္။ အင္ဖာေတာင္ျ ကားေန ေမေထး(ကသည္း) လူမ်ိဳးမ်ားနဲ႔ ဝန္းက်င္ ေတာင္ကုန္းေတာင္တန္းေန ကူကီး-ဇိုလူမ်ိဳးႏြယ္တို႔အၾကား ပဋိပကၡဟာ တစ္ႏွစ္ေက်ာ္ ၾကာျမင့္ၿပီး အၾကမ္းဖက္မႈမ်ားေၾကာင့္ ႏွစ္ဖက္စလုံးမွ လူေပါင္း ၂၂၀ ေက်ာ္ေသဆုံးခဲ့ရပါတယ္။ ဘုရားေက်ာင္းမ်ားနဲ႔ ဝတ္ျပဳရာေနရာမ်ားအပါအဝင္ အိမ္ေျခ ၄၈၀၀ နီးပါး မီးရႈိ႕ဖ်က္ဆီးခံရၿပီး လူေပါင္း ၆၀,၀၀၀ ေက်ာ္ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရပါတယ္။ ကူကီးတို႔ဟာ ျမန္မာႏိုင္ငံမွ ခ်င္းလူမ်ိဳးမ်ား၊ အိႏၵိယ မီဇိုလူမ်ိဳးမ်ားနဲ႔ မ်ိဳးႏြယ္ခ်င္း တူညီၾကပါတယ္။ မဏိပူျပည္နယ္အစိုးရရဲ႕ မ်ိဳးႏြယ္စုအလိုက္ အထူးအခြင့္အေရးရရွိ မႈအေပၚ ႏွစ္ဘက္ အေျခအတင္ျဖစ္ၾကတယ္ဆိုေပမယ့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီေနာက္ပိုင္း ျမန္မာႏိုင္ငံ စစ္ကိုင္းတိုင္းဘက္မွ ထြက္ေျပးလာသူတို႔ အလုံးအရင္းနဲ႔ လွိမ့္ဝင္လာျခင္းဟာ ကသည္းတို႔အတြက္ လုံၿခဳံေရး စိုးရိမ္မႈ ျမင့္တက္လာေစခဲ့ပါတယ္။

ကူကီးအမ်ိဳးသားတပ္ KNA ဟာ ျမန္မာႏိုင္ငံ ကခ်င္လြတ္ေျမာက္ေရးတပ္ KIA နဲ႔ မဟာမိတ္ျဖစ္ၿပီး ပုန္ကန္မႈမ်ားေနာက္ကြယ္မွာ မူးယစ္ေဆးဝါးနဲ႔ လက္နက္ေမွာင္ခိုေရာင္းဝယ္ျခင္းမ်ား ရွိေနတယ္လို႔ အယ္လ္ဂ်ားဇီးယား ( 16 April 2024 ) က ေရးပါတယ္။ လူမ်ိဳးေရးျဖစ္တဲ့အတြက္ မဏိပူရဲစခန္းအခ်ိဳ႕နဲ႔ အာသံ ႐ိုင္ဖယ္နယ္ျခားေစာင့္ တပ္အတြင္း ပဋိပကၡမ်ားလည္း ရွိေနပါတယ္။ အိႏၵိယနဲ႔ ျမန္မာႏိုင္ငံအတြင္း အေျခစိုက္ၿပီး ေခတ္မီလက္နက္အျပည့္ အစုံကိုင္ေဆာင္ထားတဲ့ ကူကီးစစ္ေသြးႂကြတို႔က လြန္ခဲ့တဲ့ ဇန္နဝါရီလ (ျမန္မာ တမူးၿမိဳ႕ နယ္ျခားတစ္ဖက္ရွိ ) မိုေရးၿမိဳ႕ကို အျပင္းအထန္တိုက္ခိုက္ခဲ့တဲ့အတြက္ အိႏၵိယ အရံရဲတပ္ဖြဲ႕ IRB မွ လူႏွစ္ဦး ေသဆုံးၿပီး အျခားသုံးဦး ဒဏ္ရာရရွိခဲ့ရပါတယ္။

ၾကည္းတပ္ဦးစီးခ်ဳပ္ေဟာင္းရဲ႕ အေသးစိတ္ ရွင္းျပခ်က္ေတြဟာ အိႏၵိယရဲ႕ အေရွ႕ေျမာက္နယ္စပ္တစ္ေလွ်ာက္ ရႈပ္ေထြးေပြလီတဲ့ မဟာဗ်ဴဟာေျမာက္ စိန္ေခၚမႈမ်ားကို အထင္အရွား ျမင္ေနရပါတယ္။ တ႐ုတ္ပါဝင္ပတ္သက္ဖြယ္ရွိတဲ့ ျမန္မာ့အေရး ျပႆနာမ်ားကို ေျဖရွင္းရာမွာ ေဒသတြင္းတည္ၿငိမ္ေရးအတြက္ သံတမန္ေရးရာနဲ႔ လုံၿခဳံေရးဆိုင္ရာ အစီအမံမ်ားကို အခ်ိဳးက်ေပါင္းစပ္ၿပီး က်ယ္ျပန႔္စြာ ခ်ဥ္းကပ္လုပ္ေဆာင္ဖို႔ လိုအပ္ေၾကာင္း ၫႊန္ျပေနပါတယ္လို႔ အိႏၵိယကာကြယ္ေရး သုေတသနဌာနက ေရးသားပါတယ္။

( India Defence research Wing., 20 June 2024,” Ex-Army Chief Naravane on China’s Myanmar influence and northeast India concern” ကို ဆီေလ်ာ္ေအာင္ ေကာက္ ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.