ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်တော်မူရခြင်းမှသည် သတိပြုဖွယ် မြန်မာ့နိုင်ငံရေး

 689

မျိုးမင်း (မကျည်းလဟာ) (NP News) - ဇွန် ၂၄

အချက်အလက်နဲ့ အတွေးအမြင်တွေ ပေါင်းစပ်ထားတဲ့ ဒီဆောင်းပါးကနေ ပြည်သူလူထုကို သိစေချင်တာရှိပါ တယ်။ ပြဿနာတိုင်းမှာ အဖြေရှိပါလျက် ပြဿနာအကြောင်းကိုပဲ ဦးတည်ပြောဆို နေခြင်းဟာ အကျိုးမဲ့တဲ့ဖြေရှင်း နည်းသာဖြစ်သလို ပြဿနာကိုဖြေရှင်းလိုတဲ့ ဖြေရှင်းတတ်တဲ့ ဆန္ဒဉာဏ် မရှိသူတွေအဖြစ် နေ့ချင်းညချင်းရောက် သွားနိုင်ပါတယ်။ ဒီထက်ဆိုးတာကတော့ ရိုးသားဖြူစင်သူတွေရဲ့နှလုံးသွေးတွေကိုအသုံးချပြီး နိုင်ငံရေးပလ္လင်ဆောက် ချင်တဲ့ လူတန်းစားတချို့ရဲ့အသုံးချခံ ဖြစ်သွားနိုင်တာပါ။ လိုရင်းကို ဦးတည်ကြမယ်ဆိုပါစို့။
ဇွန်လ(၁၉)ရက် မနက်(၁၀)နာရီလောက်မှာ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ပျံလွန်တော်မူသွားပါ တယ်။ ပဲခူးမြို့မှာ အခြေစိုက်တဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီးဟာမင်္ဂလာ ဒုံမြို့နယ်က ကန်သုံးဆင့် ကျောင်းတိုက်ဆရာတော်နဲ့အတူ မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပန်းချီကမ္မရွာနားကိုသွားရောက်ရင်းနဲ့ ပစ်ခတ် ခံရမှုကြောင့် ပျံလွန်တော်မူသွားရတာဖြစ်သလို ပြည်သူလူထုကို သွေးဆူအုံကြွစေလိုတဲ့ ပြည်ပြေးသတင်းဌာနတွေက တော့ ဒီဖြစ်ရပ်အပေါ် (၇၂)နာရီကျော်လာသည်အထိ ပုံစံမျိုးစုံနဲ့ လှုံ့ဆော်ရေးသားနေကြပါတော့တယ်။ အခင်းဖြစ်စဉ်ကို လေ့လာကြည့်ရာမှာတော့ မန္တလေး မြို့သာနဲ့ ပန်းချီကမ္မရွာကြားမှာ အရပ်သား ကားတစ်စီး ပစ်ခတ်ခံရပြီးနောက် ကားထဲမှာလိုက်ပါလာတဲ့ ကန်သုံးဆင့်ဆရာတော်နဲ့ ယာဉ်မောင်းတစ်ဦးက ဒဏ်ရာအနည်းငယ် ရရှိခဲ့ပေမယ့် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကတော့ ပျံလွန်တော်မူခဲ့ရရှာပါတယ်။ ဖြစ်ဖြစ်ချင်း နာရီပိုင်းမှာပဲ ပြည်ပြေး သတင်းဌာန တချို့က မန္တလေးတံတားဦးလေဆိပ်အထွက်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားတာလို့ ဖော်ပြခဲ့ကြသလို ဆက်စပ်သတင်းတွေမှာလည်း စစ်တပ်ရဲ့ ရက်ရက်စက်စက် ပစ်ခတ်မှုမျိုးဆန်ဆန် ဖော်ပြခဲ့ကြပါတယ်။

လတ်တလော(၇၂)နာရီအတွင်းမှာပဲ ပြည် ပြေးသတင်းဌာန(၈)ခုကနေ အဲဒီအကြောင်းအရာ တစ်ခုတည်းကိုပဲ ရှုထောင့်မျိုးစုံနဲ့ သတင်းပုဒ်ရေ(၄၀)ထက်မနည်း ဆက်တိုက်ဖော်ပြနေကြတာပါ။ နစကရဲ့ သတင်းပြန်ကြားရေး ကွန်ရက် MOI နဲ့ MWD ကတော့ ဇွန်လ(၁၉)ရက်ညပိုင်းမှာ ကားသမားရဲ့ ဖြေကြားချက်နဲ့အတူ PDF တွေရဲ့ ပစ်ခတ်မှု ကြောင့် ဆရာတော် ပျံလွန်တော်မူခဲ့ရသလိုမျိုး ဖော်ပြထားပါတယ်။ အဲဒီဖော်ပြချက်မတိုင်မီ ညဦးပိုင်းမှာ သာသနာ ရေးဦးစီးဌာနရဲ့ တိုင်း/သာသနာမှူး ဦးကျော်လှိုင် လက်မှတ်နဲ့ စာတစ်စောင်လည်း ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီစာထဲမှာ ပါလာတဲ့အကြောင်းအရာ၊ MRTV-MWD တို့ရဲ့ဖော်ပြချက်၊ ပြည်ပြေးသတင်းဌာန တွေရဲ့ရေးသားချက်တွေက ကွဲလွဲနေခဲ့ ပါတယ်။ တိုင်းသာ/ယဉ်ကျေး òန်မှူးရဲ့စာက အစစ်အမှန် ဟုတ်မဟုတ် အတည်ပြုရန် ခက်ခဲနေချိန်မှာပဲ ဇွန်လ(၂၀) ရက်နေ့လယ်ပိုင်းမှာထွက်ပေါ်လာတဲ့ ကန်ဆုံးသင့်ဆရာတော်ရဲ့ပြောကြားချက်အရ ပိုပြီးရှုပ်ထွေးလာပါတော့တယ်။ ကန်သုံးဆင့်ဆရာတော်ရဲ့ပြောကြား ချက်ဟာ ပြည်ပြေးသတင်းဌာနတွေအတွက်တော့ နစကကို ထိုးနှက်ဖို့ အကောင်း ဆုံးသောလက်နက်ဖြစ် သွားပါတော့တယ်။
‘‘အရှင်ဘုရားတို့ ဘုန်းကြီးကားမှန်း မသိလို့ပါဘုရား။ ကားတံခါးလည်း ပိတ်ထားတော့ရန်သူ့ ကားထင်လို့ တပည့်တော်တို့ ပစ်မိပါတယ်ဘုရား” ဆိုတဲ့ကန်သုံးဆင့်ဆရာတော်ရဲ့စကားကို ကိုးကားကြည့် မယ်ဆိုရင် ပစ်ခတ်သူ တွေဟာ ရည်ရွယ်ချက်ရှိရှိပစ် ခတ်ခဲ့တာမဟုတ်ဘူးလို့ သုံးသပ်ရမှာပါ။ အတည်ပြုဖို့ ခက်တဲ့ တိုင်းòန်မှူးရဲ့စာထဲက အချက်အလက်နဲ့ ကန်သုံးဆင့်ဆရာတော်ရဲ့စကားတွေကို ချိတ်ဆက် ကြည့်မယ်ဆိုရင် ဆရာတော်နှစ်ပါးနဲ့ ယာဉ်မောင်း တို့ဟာ တံတားဦးလေဆိပ်ကနေ ငါန်းဇွန် ပန်းချီ ကမ္မရွာကိုသွားရောက်ခဲ့တာအမှန်ပါပဲ။ မြို့သာနဲ့ ပန်းချီ ကမ္မရွာကြားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တွေ့ရှိခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကင်းလှည့်နေရင်းနဲ့ အရပ်သားကားတစ်စီးကို တားဆီးစစ်ဆေးဖို့ရပ် တန့်ခိုင်းခဲ့ပုံရပါတယ်။ အဲဒါကို ယာဉ်မောင်းက ရပ်မ ပေးဘဲ ဆက်မောင်းမိခဲ့ပုံပေါ်ပါတယ်။ အဲဒီနောက်မှာတော့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာမျိုးပါ။ ဒီနေရာမှာ သတိပြုဖွယ်အချက် (၄)ချက်ကို တွေ့ရပါတယ်။

(၁) ငါန်းဇွန်မြို့နယ်ထဲက ပန်းချီကမ္မနဲ့ မြို့သာတို့ဟာ PDF တွေ ကြီးစိုးနေတာ သေချာပါတယ်။ ယခင်သတင်း အဟောင်းတွေမှာ ပြန်ရှာကြည့်မယ်ဆိုရင် မြို့သာဘက်မှာ PDF တွေက စစ်တပ်ကားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတတ်တဲ့ အရပ် သားကားတွေကို လမ်းဘေးကနေ စောင့်ဆိုင်းပစ် ခတ်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေ တွေ့ရှိရမှာပါ။ Khit Thit လိုအကြမ်းဖက် သတင်းဌာနမှာသွားရှာရင် ပူပူနွေးနွေးတွေတောင် မြင်ရနိုင်ပါတယ်။ တစ်နည်း အားဖြင့် နယ်မြေဟာ အဖြူရောင်မဟုတ်ဘဲ ညိုနေတာပါ။

(၂) ဆရာတော်တွေ လိုက်ပါလာတဲ့ကားဟာ သာသနာ့အလံ တင်မထားသလို၊ သာသနာရေး အမှတ်တံဆိပ်ပါတဲ့ ကားမျိုးမဟုတ်တဲ့ အရပ်သားသုံးကားပါ။ မဟန(ငြိမ်း)ဆရာတော်နှစ်ပါးဟာ အညိုရောင်နယ်မြေ ဘက်ကို အရပ်သား ကားနဲ့သွားလာ မယ့်ကိစ္စအပေါ် နယ်မြေလုံခြုံရေးတပ်ဖွဲ့တွေဆီ သတင်းပို့ အကြောင်းကြားခြင်းမျိုး ရှိခဲ့ပုံမရပါဘူး။ ဒီနေရာမှာ သတင်းပို့ကိုပို့ရမယ်လို့ မဆိုလိုပါ။ သတင်းပို့ခဲ့ရင် မလိုလား အပ်တဲ့ပြဿနာတွေကို ရှောင်ပြီးသား ဖြစ်သွားနိုင် တာမျိုးကို ဆိုလိုချင်ပါတယ်။

(၃) လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရပ်တန့်ခိုင်းချိန်မှာ အချိန်မီရပ်တန့်လိုက်ခြင်းမရှိခဲ့ပါဘူး။ အညိုရောင်နယ် မြေထဲမှာ ဖြတ်သန်းသွားလာတဲ့ အရှိန်ပါသောအရပ်သားကားကို မသင်္ကာလို့ တားဆီးစစ် ဆေးဖို့ ရပ်တန့်ခိုင်းချိန်မှာ ကားသမားက ရပ်မပေးတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က စိုးရိမ်တကြီးနဲ့ ပစ်ခတ်မိလိုက်ပုံပေါ်ပါတယ်။ ဒါကလည်း ယခင်ကာလများအတွင်းက မုံရွာလိုမျိုးမြို့ပေါ်မှာတောင် ဘုန်းကြီးအယောင်ဆောင် သင်္ကန်းဝတ်ပြီး တော့လုံခြုံရေးဂိတ်တွေကို ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေက ပူနွေးနေဆဲမို့လိုပါ။

(၄) ဖြစ်စဉ်ဖြစ်ခဲ့ပြီးချိန်မှာ သိုးဖြူသိုးမည်း မခွဲနိုင်ခဲ့တဲ့အပြင် သတင်းအချက်အလက်ပေးပို့မှု ပေါ့လျော့ခြင်း များ ရှိခဲ့ပုံရပါတယ်။ တစ်နည်းအားဖြင့် ရဟန်းသံဃာတွေပါလာတဲ့ကားကို ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အချိန်မှာ နယ်မြေတပ်ဖွဲ့ ဝင်တွေဟာ စိုးရိမ်သော ကတွေကြောင့် ထပ်ပြီးအမှားလုပ်ခဲ့မိပုံရပါတယ်။ ဒီအချက်(၄)ချက်အပြင် နောက်ထပ် သတိ ပြုစရာတွေလည်း ရှိနေပါသေးတယ်။ ဇွန်လ (၂၁)ရက် နေ့လယ်ပိုင်းမှာတော့ နစကရဲ့ သတင်းမှန် ပြန်ကြားရေး ကွန်ရက် တွေကနေ ထုတ်ပြန်ချက်တစ်စောင်နဲ့ ညပိုင်းမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ကနဦးဖြေရှင်းချက် ရုပ်သံဖိုင်တစ်ခု ထွက်လာပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ပျံလွန် တော်မူရသည့်ကိစ္စနဲ့ပတ်သက်ပြီး (၁၉)ရက်နေ့တုန်းက သတင်းထုတ်ပြန်ပြီးဖြစ်တယ်။ (၂၀)ရက်ညပိုင်းမှာ ကန်သုံးဆင့်ဆရာတော်ရဲ့ပြောစ ကားကိုနားထောင် မိပြီးတဲ့နောက် မြေပြင်ကနဦး သတင်းထုတ်ပြန်မှုနဲ့ ကွဲလွဲနေတာကို သတိထားမိကြောင်းဖော်ပြထားပါတယ်။ ဒါကြောင့် ဖြစ်စဉ်အမှန်ကို အသေးစိတ်ဖော် ထုတ်သွားမှာဖြစ်သလို စစ်ဆေးပေါ်ပေါက်ခဲ့ရင် လိုအပ်သလိုအရေးယူမှုတွေ လုပ်သွားမယ်လို့ ဖော်ပြထားတာပါ။

ဒီထုတ်ပြန်ချက်ကိုကြည့်ရင် နစကရဲ့ တာဝန်ရှိသူတွေဟာ အခြေအနေအမှန်ကို ရိပ်စားမိလာ ပုံရပါတယ်။ တစ်နည်းအားဖြင့် အောက်ခြေကနေ တက်လာတဲ့သတင်းဟာ ထိပ်ပိုင်းအရာရှိအဆင့်ဆင့်မှာ ဖုံးဖုံးဖိဖိပုံစံ အမြီးဖြတ် ခေါင်းဖြတ်နဲ့ NGO သမားတွေရဲ့ Funds ငွေအသုံးချပုံလိုဖြစ်နေတယ်လို့ ယူဆချင်စရာပါ။ သို့သော်လည်း ဇွန်လ(၂၁)ရက် ကထုတ်ပြန် ချက်အရ နစကဟာ ပြည်သူလူထုထံကိုရှင်းလင်းတိကျတဲ့ သတင်းအချက်အလက်တွေနဲ့ တာဝန်ခံမှုတွေ ပေး အပ်လိမ့်မယ်လို့ ကောက်ချက်ချချင်ပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ရုပ်သံဖိုင်နဲ့တကွ ပြောကြား ထားချက်အရ (၁၈)ရက် ညနေပိုင်းမှာ PDF အဖွဲ့ တစ်ဖွဲ့က ဆိုင်ကယ်သုံးစီးနဲ့လာပြီး မြို့သာနယ်မြေ ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီဖြစ်စဉ်အပြင် မြို့သာ-ကံမလမ်းပေါ်က ဖောင်းကတော-သားကျင်ဘက်မှာ ပြည့်စုံအောင် အမည်ရှိ ယာဉ်လိုင်းကို ပြန်ပေးဆွဲသွားခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် နယ်မြေသတင်းအရ (၁၉)ရက်နေ့မှာ နယ် မြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေက နှိမ်နင်းဖို့ သွားရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လမ်းမှာမိုင်းဆွဲ တိုက်ခိုက်ခံ ရသလို အကြမ်းဖက်သမားတွေက ကံမရွာဘက်ကို ထွက်ပြေးသွားခဲ့ကြတယ်လို့ ပြောကြားထားသလို အဲဒီရှုပ်ထွေး နေချိန်မှာပဲ ဆရာတော်ပါဝင်လာတဲ့ကားတစ်စီးက ဖြတ်သန်းမောင်းနှင် လာခဲ့ရာကနေ အခုလိုဖြစ်ရပ်ဆိုးနဲ့ ရင်ဆိုင် ရတာလို့ သိရပါတယ်။ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်နေတဲ့ နယ်မြေကိုဖြတ်သန်းလာတဲ့ Surf အမျိုးအစား အရပ် သားကားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရပ်တန့်ပေးဖို့ တားဆီးခဲ့ကြပေမယ့် ရပ်မပေးခဲ့ဘူးလို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ကို အသေးစိတ်ထပ်မံ စိစစ်ပေးသွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာမခံခဲ့သလို အညိုရောင် နယ်မြေအတွင်းထဲမှာ တာဝန်ထမ်းဆောင်ရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် စာနာထောက်ထားပေး ဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။ PDF တွေရဲ့သတ် ဖြတ်မှုကြောင့် ဇွန်လ(၂၁)ရက်အထိ သံဃာတော် အပါး(၁၄၀) ပျံလွန်တော်မူထားရသလို (၉၆)ပါး ထက်မနည်းဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြည်ပြေးသတင်းဌာနတွေကတော့ ဒီဖြစ်ရပ်ကနေ အမြတ်ထုတ်ဖို့ ကြိုးစားနေတာကို အထင်း သားမြင် နေရပါတယ်။ သူတို့ရဲ့ဆိုလိုရင်းဟာ စစ်တပ်က အရပ်သားတွေသာမက ဘုန်းကြီးတွေကိုပါ ပစ်သတ်မှုတွေလုပ် နေတယ်လို့ စွပ်စွဲနေတာဖြစ်သလို ဒီလိစစ်တပ်ကို အားပေးထောက်ခံမှုတွေမလုပ်ဘဲ တွန်းလှန်ပုန်ကန်ကြဖို့ လှုံ့ဆော်နေ ကြတာမျိုးပါ။ တစ်နည်းအားဖြင့် လူထုကို သွေးဆူလာအောင် လှုံ့ဆော်ပြီး လမ်းပေါ်ထပ်တင်နေတာမျိုးပါပဲ။ သို့ပေမယ့် ၂၀၂၁ အခင်းအကျင်းစတင်ချိန်ကတည်းက ယနေ့အထိ သံဃာတော်ပေါင်းအပါး(၁၄၀) ကို PDF တွေက ရည်ရွယ် ချက်ရှိရှိ ရက်ရက်စက်စက်သတ်ဖြတ် ခဲ့တာနဲ့ပတ်သက်ရင် ရေငုံနှုတ်ပိတ်နေကြပါတယ်။ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ် ခြင်းနဲ့ မတော်တဆ ဖြစ်ပွားခြင်းရဲ့ကြားထဲမှာ တန်ဖိုးအနှစ်သာရ ခြားနားကွာ ဟလွန်းလှပေမယ့် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်သူ PDF တွေကိုတော့ ကာကွယ်မှုပေးနေကြဆဲပါ။ တချို့ကတော့ PDF တွေက ရဟန်းသံဃာတွေကို သတ်ဖြတ်ခဲ့တဲ့အထောက်အထားရှိရင် ပြသပါလို့ တစ်ဖက်ပိတ်ပြောဆိုမှုတွေ ရှိနေပြန်ပါတယ်။

ကုလသမဂ္ဂ အစည်းအဝေးတွေမှာ ကျေးရွာဒေသအလိုက် PDF တွေရဲ့သတ်ဖြတ်ခြင်းခံ လိုက်ရတဲ့ သံဃာတော် တွေစာရင်းကို IBEC ဆရာတော်က ကိုယ်တိုင်တက်ရောက်ပြီးတော့ အချက်အလက်တွေနဲ့တကွပေးပို့ထားပြီးပါပြီ။ ဒါကြောင့် ကုလသမဂ္ဂမှာ သွားတောင်းကြည့်ရင် ပိုပြီးယုံကြည်စိတ်ချရပြီ မဟုတ်ပါလားလို့ ပြန်လည်မေးခွန်းထုတ် လိုက်ပါတယ်။
IBEC ဆရာတော်ဟာ ကမ္ဘာကအသိအမှတ်ပြု စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင်တစ်ဦးဖြစ်သလို ဒီလိုဆရာတော် တစ်ပါးက ကုလသမဂ္ဂမှာ တင်သွင်းခဲ့တဲ့အချက်အလက်တွေအပေါ် ငြင်းချက်ထုတ်ချင်ရင် ကုလသမဂ္ဂကို တက်ခွင့်ရဖို့ အရင်ကြိုးစား ကြည့်ပါလို့ပဲ စိန်ခေါ်ကြည့်ချင်ပါတယ်။ ဒါကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်တော်မူရတဲ့ ကိစ္စ ကို လိုအပ်တာထက်ပိုပြီး ဇာချဲ့ချင်သူ လူတန်းစား တစ်ရပ်အတွက် မေးခွန်းတစ်ခုပဲ မေးချင်ပါတယ်။ PDF တွေက ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်လိုက်တဲ့ သံဃာတော်အပါး(၁၄၀)အတွက်ကော တရားမျှတမှုနဲ့ ကိုယ်ချင်းစာတရား ထား ပေးစရာမလိုတော့တာ များလား။ ဒါမှမဟုတ် အဲဒီသံဃာတော်အပါး(၁၄၀) ကကော ဝမ်းနည်းပေးစရာမလိုတဲ့သူတွေ ဖြစ် နေလို့လား။ တပ်ကြောက်ရောဂါသည်(စစ်တပ်မုန်းတီးရေးဝါဒီရှိသူ) သို့မဟုတ် ငါတို့ဘက်တော်သား မဟုတ်ရင် ဘယ်သူသေသေဝမ်းနည်းပေးစရာမလိုဘူးလို့ ဘက်ခွဲဝမ်းနည်းပြတတ်သူတွေ ဖြစ်နေလို့လား။ အမှန်တရားကို မြတ်နိုး မှုနဲ့ တရားမျှတမှုကိုလိုလား ရင်သို့မဟုတ် တရားမျှတမှုနဲ့ လူသူတော်ကောင်း တရားကို လက်ကိုင်ထားတယ် ဆိုရင် ကွက်ကျားမိုးလို ဝမ်းနည်းချင်သူတွေအတွက်ချည်းပဲ ဝမ်းနည်းပြနေလို့ မရပါဘူး။

သံဃာအပါး(၁၄၀) သတ်ဖြတ်ခံရချိန်မှာ ဘယ်ကလေကဝတွေကမှ ဝမ်းနည်းကြေကွဲ ဒေါသထွက်ပြ ခြင်းမရှိခဲ့ ပေမယ့် ဒီတစ်ကြိမ်ဖြစ်ရပ်ကြမှ အထူးကြေကွဲဝမ်းနည်းဒေါသထွက်ပြနေကြ တာတွေဟာ ရိုးသားပါရဲ့လား။ တချို့က တော့ စစ်တပ်က လိမ်ညာထုတ်ပြန်တာကြောင့်လို့ ခေါင်းစဉ်ပြောင်းကောင်း ပြောင်းကြပါလိမ့်မယ်။ စစ်တပ်နဲ့ နစက ကိစ္စဟာ သူတို့ဘာသာသူတို့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေနဲ့ ညှိနှိုင်းဖြေရှင်းရမယ့်ကိစ္စပါ။ သတင်းအချက် အလက်မှားယွင်းရရှိခဲ့ရင် မှားယွင်း တင်ပြမှုအတွက်သာ တာဝန်ရှိသူတွေက စိစစ်ရမှာဖြစ်ပါတယ်။ စိစစ်ဖို့လည်း နစက ဘက်က တရားဝင်ကြေညာခဲ့ပြီဖြစ်တာကြောင့် ဒီကိစ္စဟာ သက်ဆိုင်သူတွေ အချင်းချင်းသာ ဖြေရှင်းရတော့မှာပါ။

နစက တာဝန်ရှိသူတွေကို သတင်းစကား တစ်ခုပါးချင်ပါတယ်။ ဒီဖြစ်ရပ်ကနေ ရှင်းလင်းတိ ကျတဲ့မူဝါဒထွက်ရှိ လာအောင် သင်ခန်းစာယူပြီး ကြိုးစားပါ။ ပြည်သူလူထုထံ အနီရောင်နယ်မြေ၊ အညိုရောင်နယ်မြေနဲ့ အဖြူရောင်နယ်မြေ အစရှိသဖြင့် ရှင်းလင်းတိကျစွာ အသိပေးထားပါ။ မငြိမ်းချမ်းတဲ့ နယ်မြေတွေကို သွားလာတော့မယ်ဆိုရင် ကုလသမဂ္ဂ နဲ့ ကြက်ခြေနီထုံးကို နှလုံးမူဖို့ အသိပညာပေးသင့်ပါတယ်။

ပြည်သူလူထုကိုလည်း ဒီဖြစ်ရပ်ကနေ ရိုးရှင်းစွာပေးချင်တဲ့ သတင်းစကားတွေရှိပါတယ်။ မငြိမ်းချမ်းတဲ့ နယ်မြေတွေကို သွားလာတော့မယ်ဆိုရင် လုပ်ရမယ့်လုပ်ထုံးလုပ်နည်းတွေကို လေ့လာပါ။ လက်နက်ကိုင်ထားသူတွေ ဟာ သူတို့အတွက် အန္တရာယ်ရှိမယ်ထင်ရင် ရန်သူလို့သတ်မှတ်ပြီး ပစ်ခတ်တတ်ပါတယ်။ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန် တော်မူတဲ့ဖြစ်ရပ်ကနေစတင်ပြီး အုံကြွမှုဖြစ်လာအောင် ဖန်တီးချင်တဲ့ နိုင်ငံရေးဇာတ်သွင်းလိုသူတွေကို သတိ ထားပါ။ သူတို့က လှုံ့ဆော်အမြတ်ထုတ်ပါလိမ့်မယ်။ ဘယ်လိုအကြောင်းအရာကိစ္စ ပေါ်လာသည် ဖြစ်စေ နိုင်ငံရေးအရလှုံ့ဆော်ပြီး နိုင်ငံရေးအမြတ် ထုတ်တဲ့လူတန်းစားတွေရဲ့အသုံးချခံ မဖြစ်ပါစေနဲ့။ ရဟန်းသံဃာတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တဲ့ အကြမ်းဖက်သမားအစစ်က ဘယ်သူတွေလဲဆိုတာ ဆန်းစစ်လေ့လာမှုလုပ်ပြီး တိုင်းပြည်တည်ငြိမ်အေး ချမ်းရေးကို ညီညွတ်စွာပူးပေါင်းလုပ်ကိုင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

zawgyi version
ဝင္းနိမၼိတာ႐ုံဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူရျခင္းမွသည္ သတိျပဳဖြယ္ ျမန္မာ့ႏိုင္ငံေရး
မ်ိဳးမင္း (မက်ည္းလဟာ) (NP News) - ဇြန္ ၂၄

အခ်က္အလက္နဲ႔ အေတြးအျမင္ေတြ ေပါင္းစပ္ထားတဲ့ ဒီေဆာင္းပါးကေန ျပည္သူလူထုကို သိေစခ်င္တာရွိပါ တယ္။ ျပႆနာတိုင္းမွာ အေျဖရွိပါလ်က္ ျပႆနာအေၾကာင္းကိုပဲ ဦးတည္ေျပာဆို ေနျခင္းဟာ အက်ိဳးမဲ့တဲ့ေျဖရွင္း နည္းသာျဖစ္သလို ျပႆနာကိုေျဖရွင္းလိုတဲ့ ေျဖရွင္းတတ္တဲ့ ဆႏၵဉာဏ္ မရွိသူေတြအျဖစ္ ေန႔ခ်င္းညခ်င္းေရာက္ သြားႏိုင္ပါတယ္။ ဒီထက္ဆိုးတာကေတာ့ ႐ိုးသားျဖဴစင္သူေတြရဲ႕ႏွလုံးေသြးေတြကိုအသုံးခ်ၿပီး ႏိုင္ငံေရးပလႅင္ေဆာက္ ခ်င္တဲ့ လူတန္းစားတခ်ိဳ႕ရဲ႕အသုံးခ်ခံ ျဖစ္သြားႏိုင္တာပါ။ လိုရင္းကို ဦးတည္ၾကမယ္ဆိုပါစို႔။
ဇြန္လ(၁၉)ရက္ မနက္(၁၀)နာရီေလာက္မွာ ဝင္းနိမၼိတာ႐ုံေက်ာင္းတိုက္ဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူသြားပါ တယ္။ ပဲခူးၿမိဳ႕မွာ အေျခစိုက္တဲ့ ဝင္းနိမၼိတာ႐ုံေက်ာင္းတိုက္ဆရာေတာ္ႀကီးဟာမဂၤလာ ဒုံၿမိဳ႕နယ္က ကန္သုံးဆင့္ ေက်ာင္းတိုက္ဆရာေတာ္နဲ႔အတူ မႏၲေလးတိုင္းေဒသႀကီး ငါန္းဇြန္ၿမိဳ႕နယ္ ပန္းခ်ီကမၼ႐ြာနားကိုသြားေရာက္ရင္းနဲ႔ ပစ္ခတ္ ခံရမႈေၾကာင့္ ပ်ံလြန္ေတာ္မူသြားရတာျဖစ္သလို ျပည္သူလူထုကို ေသြးဆူအုံႂကြေစလိုတဲ့ ျပည္ေျပးသတင္းဌာနေတြက ေတာ့ ဒီျဖစ္ရပ္အေပၚ (၇၂)နာရီေက်ာ္လာသည္အထိ ပုံစံမ်ိဳးစုံနဲ႔ လႈံ႕ေဆာ္ေရးသားေနၾကပါေတာ့တယ္။ အခင္းျဖစ္စဥ္ကို ေလ့လာၾကည့္ရာမွာေတာ့ မႏၲေလး ၿမိဳ႕သာနဲ႔ ပန္းခ်ီကမၼ႐ြာၾကားမွာ အရပ္သား ကားတစ္စီး ပစ္ခတ္ခံရၿပီးေနာက္ ကားထဲမွာလိုက္ပါလာတဲ့ ကန္သုံးဆင့္ဆရာေတာ္နဲ႔ ယာဥ္ေမာင္းတစ္ဦးက ဒဏ္ရာအနည္းငယ္ ရရွိခဲ့ေပမယ့္ ဝင္းနိမၼိတာ႐ုံ ဆရာေတာ္ႀကီးကေတာ့ ပ်ံလြန္ေတာ္မူခဲ့ရရွာပါတယ္။ ျဖစ္ျဖစ္ခ်င္း နာရီပိုင္းမွာပဲ ျပည္ေျပး သတင္းဌာန တခ်ိဳ႕က မႏၲေလးတံတားဦးေလဆိပ္အထြက္မွာ စစ္တပ္ရဲ႕ပစ္ခတ္မႈေၾကာင့္ ပ်ံလြန္ေတာ္မူသြားတာလို႔ ေဖာ္ျပခဲ့ၾကသလို ဆက္စပ္သတင္းေတြမွာလည္း စစ္တပ္ရဲ႕ ရက္ရက္စက္စက္ ပစ္ခတ္မႈမ်ိဳးဆန္ဆန္ ေဖာ္ျပခဲ့ၾကပါတယ္။

လတ္တေလာ(၇၂)နာရီအတြင္းမွာပဲ ျပည္ ေျပးသတင္းဌာန(၈)ခုကေန အဲဒီအေၾကာင္းအရာ တစ္ခုတည္းကိုပဲ ရႈေထာင့္မ်ိဳးစုံနဲ႔ သတင္းပုဒ္ေရ(၄၀)ထက္မနည္း ဆက္တိုက္ေဖာ္ျပေနၾကတာပါ။ နစကရဲ႕ သတင္းျပန္ၾကားေရး ကြန္ရက္ MOI နဲ႔ MWD ကေတာ့ ဇြန္လ(၁၉)ရက္ညပိုင္းမွာ ကားသမားရဲ႕ ေျဖၾကားခ်က္နဲ႔အတူ PDF ေတြရဲ႕ ပစ္ခတ္မႈ ေၾကာင့္ ဆရာေတာ္ ပ်ံလြန္ေတာ္မူခဲ့ရသလိုမ်ိဳး ေဖာ္ျပထားပါတယ္။ အဲဒီေဖာ္ျပခ်က္မတိုင္မီ ညဦးပိုင္းမွာ သာသနာ ေရးဦးစီးဌာနရဲ႕ တိုင္း/သာသနာမႉး ဦးေက်ာ္လႈိင္ လက္မွတ္နဲ႔ စာတစ္ေစာင္လည္း ထြက္ေပၚခဲ့ပါတယ္။ အဲဒီစာထဲမွာ ပါလာတဲ့အေၾကာင္းအရာ၊ MRTV-MWD တို႔ရဲ႕ေဖာ္ျပခ်က္၊ ျပည္ေျပးသတင္းဌာန ေတြရဲ႕ေရးသားခ်က္ေတြက ကြဲလြဲေနခဲ့ ပါတယ္။ တိုင္းသာ/ယဥ္ေက်း òန္မႉးရဲ႕စာက အစစ္အမွန္ ဟုတ္မဟုတ္ အတည္ျပဳရန္ ခက္ခဲေနခ်ိန္မွာပဲ ဇြန္လ(၂၀) ရက္ေန႔လယ္ပိုင္းမွာထြက္ေပၚလာတဲ့ ကန္ဆုံးသင့္ဆရာေတာ္ရဲ႕ေျပာၾကားခ်က္အရ ပိုၿပီးရႈပ္ေထြးလာပါေတာ့တယ္။ ကန္သုံးဆင့္ဆရာေတာ္ရဲ႕ေျပာၾကား ခ်က္ဟာ ျပည္ေျပးသတင္းဌာနေတြအတြက္ေတာ့ နစကကို ထိုးႏွက္ဖို႔ အေကာင္း ဆုံးေသာလက္နက္ျဖစ္ သြားပါေတာ့တယ္။
‘‘အရွင္ဘုရားတို႔ ဘုန္းႀကီးကားမွန္း မသိလို႔ပါဘုရား။ ကားတံခါးလည္း ပိတ္ထားေတာ့ရန္သူ႔ ကားထင္လို႔ တပည့္ေတာ္တို႔ ပစ္မိပါတယ္ဘုရား” ဆိုတဲ့ကန္သုံးဆင့္ဆရာေတာ္ရဲ႕စကားကို ကိုးကားၾကည့္ မယ္ဆိုရင္ ပစ္ခတ္သူ ေတြဟာ ရည္႐ြယ္ခ်က္ရွိရွိပစ္ ခတ္ခဲ့တာမဟုတ္ဘူးလို႔ သုံးသပ္ရမွာပါ။ အတည္ျပဳဖို႔ ခက္တဲ့ တိုင္းòန္မႉးရဲ႕စာထဲက အခ်က္အလက္နဲ႔ ကန္သုံးဆင့္ဆရာေတာ္ရဲ႕စကားေတြကို ခ်ိတ္ဆက္ ၾကည့္မယ္ဆိုရင္ ဆရာေတာ္ႏွစ္ပါးနဲ႔ ယာဥ္ေမာင္း တို႔ဟာ တံတားဦးေလဆိပ္ကေန ငါန္းဇြန္ ပန္းခ်ီ ကမၼ႐ြာကိုသြားေရာက္ခဲ့တာအမွန္ပါပဲ။ ၿမိဳ႕သာနဲ႔ ပန္းခ်ီ ကမၼ႐ြာၾကားမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ ရင္ဆိုင္ေတြ႕ရွိခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။ အဲဒီအခ်ိန္မွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ကင္းလွည့္ေနရင္းနဲ႔ အရပ္သားကားတစ္စီးကို တားဆီးစစ္ေဆးဖို႔ရပ္ တန႔္ခိုင္းခဲ့ပုံရပါတယ္။ အဲဒါကို ယာဥ္ေမာင္းက ရပ္မ ေပးဘဲ ဆက္ေမာင္းမိခဲ့ပုံေပၚပါတယ္။ အဲဒီေနာက္မွာေတာ့ ပစ္ခတ္မႈျဖစ္ပြားခဲ့တာမ်ိဳးပါ။ ဒီေနရာမွာ သတိျပဳဖြယ္အခ်က္ (၄)ခ်က္ကို ေတြ႕ရပါတယ္။

(၁) ငါန္းဇြန္ၿမိဳ႕နယ္ထဲက ပန္းခ်ီကမၼနဲ႔ ၿမိဳ႕သာတို႔ဟာ PDF ေတြ ႀကီးစိုးေနတာ ေသခ်ာပါတယ္။ ယခင္သတင္း အေဟာင္းေတြမွာ ျပန္ရွာၾကည့္မယ္ဆိုရင္ ၿမိဳ႕သာဘက္မွာ PDF ေတြက စစ္တပ္ကားေတြနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ လိုက္ပါလာတတ္တဲ့ အရပ္ သားကားေတြကို လမ္းေဘးကေန ေစာင့္ဆိုင္းပစ္ ခတ္တိုက္ခိုက္ခဲ့တဲ့ျဖစ္စဥ္ေတြ ေတြ႕ရွိရမွာပါ။ Khit Thit လိုအၾကမ္းဖက္ သတင္းဌာနမွာသြားရွာရင္ ပူပူေႏြးေႏြးေတြေတာင္ ျမင္ရႏိုင္ပါတယ္။ တစ္နည္း အားျဖင့္ နယ္ေျမဟာ အျဖဴေရာင္မဟုတ္ဘဲ ညိဳေနတာပါ။

(၂) ဆရာေတာ္ေတြ လိုက္ပါလာတဲ့ကားဟာ သာသနာ့အလံ တင္မထားသလို၊ သာသနာေရး အမွတ္တံဆိပ္ပါတဲ့ ကားမ်ိဳးမဟုတ္တဲ့ အရပ္သားသုံးကားပါ။ မဟန(ၿငိမ္း)ဆရာေတာ္ႏွစ္ပါးဟာ အညိဳေရာင္နယ္ေျမ ဘက္ကို အရပ္သား ကားနဲ႔သြားလာ မယ့္ကိစၥအေပၚ နယ္ေျမလုံၿခဳံေရးတပ္ဖြဲ႕ေတြဆီ သတင္းပို႔ အေၾကာင္းၾကားျခင္းမ်ိဳး ရွိခဲ့ပုံမရပါဘူး။ ဒီေနရာမွာ သတင္းပို႔ကိုပို႔ရမယ္လို႔ မဆိုလိုပါ။ သတင္းပို႔ခဲ့ရင္ မလိုလား အပ္တဲ့ျပႆနာေတြကို ေရွာင္ၿပီးသား ျဖစ္သြားႏိုင္ တာမ်ိဳးကို ဆိုလိုခ်င္ပါတယ္။

(၃) လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ရပ္တန႔္ခိုင္းခ်ိန္မွာ အခ်ိန္မီရပ္တန႔္လိုက္ျခင္းမရွိခဲ့ပါဘူး။ အညိဳေရာင္နယ္ ေျမထဲမွာ ျဖတ္သန္းသြားလာတဲ့ အရွိန္ပါေသာအရပ္သားကားကို မသကၤာလို႔ တားဆီးစစ္ ေဆးဖို႔ ရပ္တန႔္ခိုင္းခ်ိန္မွာ ကားသမားက ရပ္မေပးတဲ့အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဘက္က စိုးရိမ္တႀကီးနဲ႔ ပစ္ခတ္မိလိုက္ပုံေပၚပါတယ္။ ဒါကလည္း ယခင္ကာလမ်ားအတြင္းက မုံ႐ြာလိုမ်ိဳးၿမိဳ႕ေပၚမွာေတာင္ ဘုန္းႀကီးအေယာင္ေဆာင္ သကၤန္းဝတ္ၿပီး ေတာ့လုံၿခဳံေရးဂိတ္ေတြကို ပစ္ခတ္ခဲ့တဲ့ ျဖစ္စဥ္မ်ိဳးေတြက ပူေႏြးေနဆဲမို႔လိုပါ။

(၄) ျဖစ္စဥ္ျဖစ္ခဲ့ၿပီးခ်ိန္မွာ သိုးျဖဴသိုးမည္း မခြဲႏိုင္ခဲ့တဲ့အျပင္ သတင္းအခ်က္အလက္ေပးပို႔မႈ ေပါ့ေလ်ာ့ျခင္း မ်ား ရွိခဲ့ပုံရပါတယ္။ တစ္နည္းအားျဖင့္ ရဟန္းသံဃာေတြပါလာတဲ့ကားကို ပစ္ခတ္မႈျဖစ္ခဲ့တဲ့ အခ်ိန္မွာ နယ္ေျမတပ္ဖြဲ႕ ဝင္ေတြဟာ စိုးရိမ္ေသာ ကေတြေၾကာင့္ ထပ္ၿပီးအမွားလုပ္ခဲ့မိပုံရပါတယ္။ ဒီအခ်က္(၄)ခ်က္အျပင္ ေနာက္ထပ္ သတိ ျပဳစရာေတြလည္း ရွိေနပါေသးတယ္။ ဇြန္လ (၂၁)ရက္ ေန႔လယ္ပိုင္းမွာေတာ့ နစကရဲ႕ သတင္းမွန္ ျပန္ၾကားေရး ကြန္ရက္ ေတြကေန ထုတ္ျပန္ခ်က္တစ္ေစာင္နဲ႔ ညပိုင္းမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းရဲ႕ ကနဦးေျဖရွင္းခ်က္ ႐ုပ္သံဖိုင္တစ္ခု ထြက္လာပါတယ္။

ဝင္းနိမၼိတာ႐ုံေက်ာင္းတိုက္ဆရာေတာ္ႀကီး ပ်ံလြန္ ေတာ္မူရသည့္ကိစၥနဲ႔ပတ္သက္ၿပီး (၁၉)ရက္ေန႔တုန္းက သတင္းထုတ္ျပန္ၿပီးျဖစ္တယ္။ (၂၀)ရက္ညပိုင္းမွာ ကန္သုံးဆင့္ဆရာေတာ္ရဲ႕ေျပာစ ကားကိုနားေထာင္ မိၿပီးတဲ့ေနာက္ ေျမျပင္ကနဦး သတင္းထုတ္ျပန္မႈနဲ႔ ကြဲလြဲေနတာကို သတိထားမိေၾကာင္းေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ျဖစ္စဥ္အမွန္ကို အေသးစိတ္ေဖာ္ ထုတ္သြားမွာျဖစ္သလို စစ္ေဆးေပၚေပါက္ခဲ့ရင္ လိုအပ္သလိုအေရးယူမႈေတြ လုပ္သြားမယ္လို႔ ေဖာ္ျပထားတာပါ။

ဒီထုတ္ျပန္ခ်က္ကိုၾကည့္ရင္ နစကရဲ႕ တာဝန္ရွိသူေတြဟာ အေျခအေနအမွန္ကို ရိပ္စားမိလာ ပုံရပါတယ္။ တစ္နည္းအားျဖင့္ ေအာက္ေျခကေန တက္လာတဲ့သတင္းဟာ ထိပ္ပိုင္းအရာရွိအဆင့္ဆင့္မွာ ဖုံးဖုံးဖိဖိပုံစံ အၿမီးျဖတ္ ေခါင္းျဖတ္နဲ႔ NGO သမားေတြရဲ႕ Funds ေငြအသုံးခ်ပုံလိုျဖစ္ေနတယ္လို႔ ယူဆခ်င္စရာပါ။ သို႔ေသာ္လည္း ဇြန္လ(၂၁)ရက္ ကထုတ္ျပန္ ခ်က္အရ နစကဟာ ျပည္သူလူထုထံကိုရွင္းလင္းတိက်တဲ့ သတင္းအခ်က္အလက္ေတြနဲ႔ တာဝန္ခံမႈေတြ ေပး အပ္လိမ့္မယ္လို႔ ေကာက္ခ်က္ခ်ခ်င္ပါတယ္။ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းရဲ႕ ႐ုပ္သံဖိုင္နဲ႔တကြ ေျပာၾကား ထားခ်က္အရ (၁၈)ရက္ ညေနပိုင္းမွာ PDF အဖြဲ႕ တစ္ဖြဲ႕က ဆိုင္ကယ္သုံးစီးနဲ႔လာၿပီး ၿမိဳ႕သာနယ္ေျမ ရဲစခန္းကို ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ဆိုပါတယ္။ အဲဒီျဖစ္စဥ္အျပင္ ၿမိဳ႕သာ-ကံမလမ္းေပၚက ေဖာင္းကေတာ-သားက်င္ဘက္မွာ ျပည့္စုံေအာင္ အမည္ရွိ ယာဥ္လိုင္းကို ျပန္ေပးဆြဲသြားခဲ့တယ္လို႔ ေျပာပါတယ္။ ဒါေၾကာင့္ နယ္ေျမသတင္းအရ (၁၉)ရက္ေန႔မွာ နယ္ ေျမလုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ႏွိမ္နင္းဖို႔ သြားေရာက္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ လမ္းမွာမိုင္းဆြဲ တိုက္ခိုက္ခံ ရသလို အၾကမ္းဖက္သမားေတြက ကံမ႐ြာဘက္ကို ထြက္ေျပးသြားခဲ့ၾကတယ္လို႔ ေျပာၾကားထားသလို အဲဒီရႈပ္ေထြး ေနခ်ိန္မွာပဲ ဆရာေတာ္ပါဝင္လာတဲ့ကားတစ္စီးက ျဖတ္သန္းေမာင္းႏွင္ လာခဲ့ရာကေန အခုလိုျဖစ္ရပ္ဆိုးနဲ႔ ရင္ဆိုင္ ရတာလို႔ သိရပါတယ္။ ႏွစ္ဖက္ပစ္ခတ္တိုက္ခိုက္မႈျဖစ္ေနတဲ့ နယ္ေျမကိုျဖတ္သန္းလာတဲ့ Surf အမ်ိဳးအစား အရပ္ သားကားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ရပ္တန႔္ေပးဖို႔ တားဆီးခဲ့ၾကေပမယ့္ ရပ္မေပးခဲ့ဘူးလို႔ ဆိုပါတယ္။ ဒီျဖစ္စဥ္ကို အေသးစိတ္ထပ္မံ စိစစ္ေပးသြားမယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အာမခံခဲ့သလို အညိဳေရာင္ နယ္ေျမအတြင္းထဲမွာ တာဝန္ထမ္းေဆာင္ရတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြအေပၚ စာနာေထာက္ထားေပး ဖို႔လည္း ေမတၱာရပ္ခံခဲ့ပါတယ္။ PDF ေတြရဲ႕သတ္ ျဖတ္မႈေၾကာင့္ ဇြန္လ(၂၁)ရက္အထိ သံဃာေတာ္ အပါး(၁၄၀) ပ်ံလြန္ေတာ္မူထားရသလို (၉၆)ပါး ထက္မနည္းဟာ ထိခိုက္ဒဏ္ရာရရွိခဲ့ရတယ္လို႔ ဗိုလ္ ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ျပည္ေျပးသတင္းဌာနေတြကေတာ့ ဒီျဖစ္ရပ္ကေန အျမတ္ထုတ္ဖို႔ ႀကိဳးစားေနတာကို အထင္း သားျမင္ ေနရပါတယ္။ သူတို႔ရဲ႕ဆိုလိုရင္းဟာ စစ္တပ္က အရပ္သားေတြသာမက ဘုန္းႀကီးေတြကိုပါ ပစ္သတ္မႈေတြလုပ္ ေနတယ္လို႔ စြပ္စြဲေနတာျဖစ္သလို ဒီလိစစ္တပ္ကို အားေပးေထာက္ခံမႈေတြမလုပ္ဘဲ တြန္းလွန္ပုန္ကန္ၾကဖို႔ လႈံ႕ေဆာ္ေန ၾကတာမ်ိဳးပါ။ တစ္နည္းအားျဖင့္ လူထုကို ေသြးဆူလာေအာင္ လႈံ႕ေဆာ္ၿပီး လမ္းေပၚထပ္တင္ေနတာမ်ိဳးပါပဲ။ သို႔ေပမယ့္ ၂၀၂၁ အခင္းအက်င္းစတင္ခ်ိန္ကတည္းက ယေန႔အထိ သံဃာေတာ္ေပါင္းအပါး(၁၄၀) ကို PDF ေတြက ရည္႐ြယ္ ခ်က္ရွိရွိ ရက္ရက္စက္စက္သတ္ျဖတ္ ခဲ့တာနဲ႔ပတ္သက္ရင္ ေရငုံႏႈတ္ပိတ္ေနၾကပါတယ္။ ရည္႐ြယ္ခ်က္ရွိရွိ သတ္ျဖတ္ ျခင္းနဲ႔ မေတာ္တဆ ျဖစ္ပြားျခင္းရဲ႕ၾကားထဲမွာ တန္ဖိုးအႏွစ္သာရ ျခားနားကြာ ဟလြန္းလွေပမယ့္ ရည္႐ြယ္ခ်က္ရွိရွိ သတ္ျဖတ္သူ PDF ေတြကိုေတာ့ ကာကြယ္မႈေပးေနၾကဆဲပါ။ တခ်ိဳ႕ကေတာ့ PDF ေတြက ရဟန္းသံဃာေတြကို သတ္ျဖတ္ခဲ့တဲ့အေထာက္အထားရွိရင္ ျပသပါလို႔ တစ္ဖက္ပိတ္ေျပာဆိုမႈေတြ ရွိေနျပန္ပါတယ္။

ကုလသမဂၢ အစည္းအေဝးေတြမွာ ေက်း႐ြာေဒသအလိုက္ PDF ေတြရဲ႕သတ္ျဖတ္ျခင္းခံ လိုက္ရတဲ့ သံဃာေတာ္ ေတြစာရင္းကို IBEC ဆရာေတာ္က ကိုယ္တိုင္တက္ေရာက္ၿပီးေတာ့ အခ်က္အလက္ေတြနဲ႔တကြေပးပို႔ထားၿပီးပါၿပီ။ ဒါေၾကာင့္ ကုလသမဂၢမွာ သြားေတာင္းၾကည့္ရင္ ပိုၿပီးယုံၾကည္စိတ္ခ်ရၿပီ မဟုတ္ပါလားလို႔ ျပန္လည္ေမးခြန္းထုတ္ လိုက္ပါတယ္။
IBEC ဆရာေတာ္ဟာ ကမာၻကအသိအမွတ္ျပဳ စေတာ့ဟုမ္း ၿငိမ္းခ်မ္းေရးဆုရွင္တစ္ဦးျဖစ္သလို ဒီလိုဆရာေတာ္ တစ္ပါးက ကုလသမဂၢမွာ တင္သြင္းခဲ့တဲ့အခ်က္အလက္ေတြအေပၚ ျငင္းခ်က္ထုတ္ခ်င္ရင္ ကုလသမဂၢကို တက္ခြင့္ရဖို႔ အရင္ႀကိဳးစား ၾကည့္ပါလို႔ပဲ စိန္ေခၚၾကည့္ခ်င္ပါတယ္။ ဒါေၾကာင့္ ဝင္းနိမၼိတာ႐ုံဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူရတဲ့ ကိစၥ ကို လိုအပ္တာထက္ပိုၿပီး ဇာခ်ဲ႕ခ်င္သူ လူတန္းစား တစ္ရပ္အတြက္ ေမးခြန္းတစ္ခုပဲ ေမးခ်င္ပါတယ္။ PDF ေတြက ရည္႐ြယ္ခ်က္ရွိရွိ သတ္ျဖတ္လိုက္တဲ့ သံဃာေတာ္အပါး(၁၄၀)အတြက္ေကာ တရားမွ်တမႈနဲ႔ ကိုယ္ခ်င္းစာတရား ထား ေပးစရာမလိုေတာ့တာ မ်ားလား။ ဒါမွမဟုတ္ အဲဒီသံဃာေတာ္အပါး(၁၄၀) ကေကာ ဝမ္းနည္းေပးစရာမလိုတဲ့သူေတြ ျဖစ္ ေနလို႔လား။ တပ္ေၾကာက္ေရာဂါသည္(စစ္တပ္မုန္းတီးေရးဝါဒီရွိသူ) သို႔မဟုတ္ ငါတို႔ဘက္ေတာ္သား မဟုတ္ရင္ ဘယ္သူေသေသဝမ္းနည္းေပးစရာမလိုဘူးလို႔ ဘက္ခြဲဝမ္းနည္းျပတတ္သူေတြ ျဖစ္ေနလို႔လား။ အမွန္တရားကို ျမတ္ႏိုး မႈနဲ႔ တရားမွ်တမႈကိုလိုလား ရင္သို႔မဟုတ္ တရားမွ်တမႈနဲ႔ လူသူေတာ္ေကာင္း တရားကို လက္ကိုင္ထားတယ္ ဆိုရင္ ကြက္က်ားမိုးလို ဝမ္းနည္းခ်င္သူေတြအတြက္ခ်ည္းပဲ ဝမ္းနည္းျပေနလို႔ မရပါဘူး။

သံဃာအပါး(၁၄၀) သတ္ျဖတ္ခံရခ်ိန္မွာ ဘယ္ကေလကဝေတြကမွ ဝမ္းနည္းေၾကကြဲ ေဒါသထြက္ျပ ျခင္းမရွိခဲ့ ေပမယ့္ ဒီတစ္ႀကိမ္ျဖစ္ရပ္ၾကမွ အထူးေၾကကြဲဝမ္းနည္းေဒါသထြက္ျပေနၾက တာေတြဟာ ႐ိုးသားပါရဲ႕လား။ တခ်ိဳ႕က ေတာ့ စစ္တပ္က လိမ္ညာထုတ္ျပန္တာေၾကာင့္လို႔ ေခါင္းစဥ္ေျပာင္းေကာင္း ေျပာင္းၾကပါလိမ့္မယ္။ စစ္တပ္နဲ႔ နစက ကိစၥဟာ သူတို႔ဘာသာသူတို႔ ေထရ္ႀကီးဝါႀကီး ဆရာေတာ္ႀကီးေတြနဲ႔ ညႇိႏႈိင္းေျဖရွင္းရမယ့္ကိစၥပါ။ သတင္းအခ်က္ အလက္မွားယြင္းရရွိခဲ့ရင္ မွားယြင္း တင္ျပမႈအတြက္သာ တာဝန္ရွိသူေတြက စိစစ္ရမွာျဖစ္ပါတယ္။ စိစစ္ဖို႔လည္း နစက ဘက္က တရားဝင္ေၾကညာခဲ့ၿပီျဖစ္တာေၾကာင့္ ဒီကိစၥဟာ သက္ဆိုင္သူေတြ အခ်င္းခ်င္းသာ ေျဖရွင္းရေတာ့မွာပါ။

နစက တာဝန္ရွိသူေတြကို သတင္းစကား တစ္ခုပါးခ်င္ပါတယ္။ ဒီျဖစ္ရပ္ကေန ရွင္းလင္းတိ က်တဲ့မူဝါဒထြက္ရွိ လာေအာင္ သင္ခန္းစာယူၿပီး ႀကိဳးစားပါ။ ျပည္သူလူထုထံ အနီေရာင္နယ္ေျမ၊ အညိဳေရာင္နယ္ေျမနဲ႔ အျဖဴေရာင္နယ္ေျမ အစရွိသျဖင့္ ရွင္းလင္းတိက်စြာ အသိေပးထားပါ။ မၿငိမ္းခ်မ္းတဲ့ နယ္ေျမေတြကို သြားလာေတာ့မယ္ဆိုရင္ ကုလသမဂၢ နဲ႔ ၾကက္ေျခနီထုံးကို ႏွလုံးမူဖို႔ အသိပညာေပးသင့္ပါတယ္။

ျပည္သူလူထုကိုလည္း ဒီျဖစ္ရပ္ကေန ႐ိုးရွင္းစြာေပးခ်င္တဲ့ သတင္းစကားေတြရွိပါတယ္။ မၿငိမ္းခ်မ္းတဲ့ နယ္ေျမေတြကို သြားလာေတာ့မယ္ဆိုရင္ လုပ္ရမယ့္လုပ္ထုံးလုပ္နည္းေတြကို ေလ့လာပါ။ လက္နက္ကိုင္ထားသူေတြ ဟာ သူတို႔အတြက္ အႏၲရာယ္ရွိမယ္ထင္ရင္ ရန္သူလို႔သတ္မွတ္ၿပီး ပစ္ခတ္တတ္ပါတယ္။ ဝင္းနိမၼိတာ႐ုံဆရာေတာ္ႀကီး ပ်ံလြန္ ေတာ္မူတဲ့ျဖစ္ရပ္ကေနစတင္ၿပီး အုံႂကြမႈျဖစ္လာေအာင္ ဖန္တီးခ်င္တဲ့ ႏိုင္ငံေရးဇာတ္သြင္းလိုသူေတြကို သတိ ထားပါ။ သူတို႔က လႈံ႕ေဆာ္အျမတ္ထုတ္ပါလိမ့္မယ္။ ဘယ္လိုအေၾကာင္းအရာကိစၥ ေပၚလာသည္ ျဖစ္ေစ ႏိုင္ငံေရးအရလႈံ႕ေဆာ္ၿပီး ႏိုင္ငံေရးအျမတ္ ထုတ္တဲ့လူတန္းစားေတြရဲ႕အသုံးခ်ခံ မျဖစ္ပါေစနဲ႔။ ရဟန္းသံဃာေတြကို ရည္႐ြယ္ခ်က္ရွိရွိ သတ္ျဖတ္တဲ့ အၾကမ္းဖက္သမားအစစ္က ဘယ္သူေတြလဲဆိုတာ ဆန္းစစ္ေလ့လာမႈလုပ္ၿပီး တိုင္းျပည္တည္ၿငိမ္ေအး ခ်မ္းေရးကို ညီၫြတ္စြာပူးေပါင္းလုပ္ကိုင္ၾကဖို႔ တိုက္တြန္းလိုက္ပါရေစ။

Related news

© 2021. All rights reserved.