အတွင်းရေးမှူးအမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သူ NUG မှ ဆလိုင်းအိုင်းဇက်ခင်သည် ယခင်ကလည်း အလားတူ အမှုမျိုး ကျူးလွန်ခဲ့ဖူးသူဖြစ်ဟု ဆို

 7503

သုတကျော်(NP News) - ဇွန် ၂၄

လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ပေးသည့်အတွက် ဝေဖန်ခံနေရသူ NUG မှ အိန္ဒိယ ဆိုင်ရာကိုယ်စားလှယ် ဆလိုင်းအိုင်းဇက်ခင်သည် ယခင်ကလည်း အလားတူအမှုမျိုးကျူးလွန်ခဲ့ဖူးသူ ဖြစ်ကြောင်း ၎င်း၏အကြောင်းကို သိရှိသူများနှင့် အမျိုးသမီးမဟာမိတ်အဖွဲ့-မြန်မာ (Women’s Advocacy Coalition - Myanmar (WAC-M)) တို့က ထုတ်ပြန်ပြောကြားထားချက်များအရ သိရသည်။

ဆလိုင်းအိုင်းဇက်ခင်သည် လက်ရှိတွင် NUG ၏ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးတွင် ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသူဖြစ်ကာ ၎င်းသည် NLD အစိုးရခေတ်ကလည်း ချင်းပြည်နယ် အစိုးရအဖွဲ့တွင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိဝေဖန်ခံနေရသည့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့်ကိစ္စမှာ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကျူးလွန်ခံရသူမှာလည်း CDM လုပ်သွားသူ အမျိုးသမီးဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရကာ ၎င်းသည် အထက်ပါရုံးတွင် အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရပြီးနောက် (၁၀)လ တာဝန်ထမ်းဆောင်ခဲ့ရာ အထက်လူကြီးဖြစ်သူ ဆလိုင်းအိုင်းဇက်ခင်က လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်စေမှုများ၊ လုပ်ငန်းခွင်အတွင်း အထက်လူကြီးမပီသစွာ ဝန်ထမ်းများအပေါ် နှိမ့်ချပြောဆိုမှုများကြောင့် တိုင်ကြားခဲ့ရာ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ကို ယခုနှစ် ဧပြီလ ၁၀ ရက်တွင် လက်ခံရရှိ ကြောင်း နစ်နာသူအမျိုးသမီး၏ မေလ ၁၄ ရက်က တင်သော နုတ်ထွက်စာတွင် ဖော်ပြထားသည်။

အဆိုပါ ဆုံးဖြတ်ချက်အတွင်း ထပ်မံမဖြစ်ပွားရန် ဆလိုင်းအိုင်းဇက်ခင်ကို နှုတ်ဖြင့် သတိပေးခဲ့သည်ဟု သိရသော်လည်း နစ်နာသူနှင့် အခြားဝန်ထမ်းတစ်ဦးကို ဧပြီလ ၃၀ ရက်နေ့စွဲဖြင့် ရာထူးမှ ရပ် နားစာ ထုတ်ပြန်ခဲ့ခြင်းအပေါ် စိတ်မကောင်းဖြစ်ရပြီး ဝန်ကြီးဌာန၏ တရားမျှတမှုမရှိသည့် ဆုံးဖြတ်ချက်ကို လက်မခံနိုင်သောကြောင့် အလုပ်မှနုတ်ထွက်ခွင့်ပြုရန် တင်ပြခြင်းဖြစ်ကြောင်း ကျူးလွန်ခံရသူ၏ စာတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမျိုးသမီး မဟာမိတ်အဖွဲ့ -မြန်မာ (Women’s Advo cacy Coalition - Myanmar (WA C-M)) က ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်တောင်းဆိုခဲ့ကာ အဆိုပါ ကြေညာချက်အတွင်း ဆလိုင်းအိုင်းဇက်ခင်သည် ယခင်ကပင် အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု များကို ကျူးလွန်ခဲ့သော ရာဇဝင်ရှိသူ ဖြစ်သော်လည်း ပြစ်ဒဏ်စီရင်ခြင်းမှ ကင်းလွတ်ခွင့်ရနေသူ ဖြစ် ကြောင်း၊ လုပ်ပိုင်ခွင့် အာဏာကို မလျော်ဩဇာသုံးကာ ကျူးလွန်ခံရသူအား အလုပ်မှ ထုတ်ပယ်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူကို NUG-PSHEA မူဝါဒအရ ထိရောက်စွာ အရေးယူပေးရန်၊ အမှုကိစ္စစိစစ်ကြားနာ အရေးယူမှုများကို အမြန်ဆုံးဆောင်ရွက်ပေးရန်၊ နစ်နာသူအား လိုအပ်သည့်ကုစားမှုများ ဆောင်ရွက်ပေးရန်နှင့် အမှုကိစ္စဆောင်ရွက်ခြင်းနှင့် ဆုံးဖြတ်ကိုင်တွယ်မှုကို အများပြည်သူအား အသိပေးထုတ်ပြန်ရန်လည်း တောင်းဆိုထားသည်ကို တွေ့မြင်ရသည်။

ဆလိုင်းအိုင်းဇက်ခင်နှင့် ပတ်သက်၍ ၎င်း၏အကြောင်းကို သိရှိသူတစ်ဦးဖြစ်သော ဒေါ်ခွန်ဂျာက ၎င်း၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်အကောင့်ထက်တွင် ရေးသားရာ၌ “ကျူးလွန်သူဟာ ကျွန်မတို့နဲ့ နှစ်ရှည်လများ အတူတူ အလုပ်လုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းပါ။ CSO, NGO အသင်းတော် များနဲ့ NLD ခေတ်ကတည်းက အစိုးရမှာပါ ထိပ်တန်းရောက်နေသူဖြစ်ပါတယ်။ အလုပ်ကလည်း ကျား/မ တန်းတူရေးနဲ့ အမျိုးသမီးနဲ့ကလေး ကာကွယ်စောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေးဘက်မှာ အများဆုံး လုပ်ခဲ့ တာဖြစ်ပါတယ်။ ရာဇဝင်အရဆိုရင်လည်း ကချင်ပြည်နယ်မှာ ရှိစဉ်ကတည်းက အမျိုးသမီးကိစ္စနဲ့ ပတ် သက်ပြီး ကချင်ရိုးရာဓလေ့ထုံးတမ်းနဲ့ပါ စုံစမ်းခံခဲ့ရသူဖြစ်ပြီး CSO လောကမှာလည်း နစ်နာစေသူတွေ ရှိပေမယ့်အရေးယူမှု မခံရသူဖြစ်ပါတယ်။ ဒီ Cycle အဆုံးသတ်သင့်ပြီလို့ ယူဆတဲ့အတွက် အမိုက်ခံပြီး ဒီ Post ကို တင်ပါတယ်” ဟု ရေးသားထားသည်ကို တွေ့မြင်ရသည်။

ဆလိုင်းအိုင်းဇက်ခင်က ၎င်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် အိမ်တွင်း အကြမ်းဖက်မှု ပြုသည်ဆိုသောကိစ္စနှင့်ပတ်သက်၍ ဇွန်လ ၂၁ ရက်က ရှင်းလင်းရေးသားထားသည်ကို တွေ့မြင်ရပြီး အဆိုပါစာအတွင်း ၎င်း၏ဇနီးမှာ ကချင်ပြည်နယ်၊ မိုးကောင်းမြို့သူ ကချင်အမျိုးသမီးဖြစ်ကြောင်း၊ ဇနီးနှင့် အချို့အပိုင်းများတွင် နားလည်မှုနှင့် ကြိုးစားမှု မတူသည်များရှိခဲ့သော်လည်း ပျော်ရွှင် သည့် အိမ်ထောင်တစ်ခု တည်ဆောက်နိုင်ခဲ့သည်ဟု ခံယူထားကြောင်းနှင့် ကွယ်လွန်ချိန်အထိ ကိုယ်ထိလက်ရောက်ရိုက်နှက်ကျူးလွန်မှု မရှိကြောင်း စသည်ဖြင့် ရေးသားထားသည်။

လိင်ပိုင်းဆိုင်ရာ စိတ်အနှောက်အယှက်ပေးသည်ဆိုသော ကိစ္စထွက်ပေါ်လာသည့်အချိန်တွင်လည်း ဆလိုင်းအိုင်းဇက်ခင်က “လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားရာ၌ တိုင် ကြားချက်ရှိကြောင်း၊ တာဝန်ရှိ ဝန်ကြီးဌာနအနေဖြင့် စုံစမ်းစစ်ဆေးမှုပြုလုပ်ကာ လိုအပ်သည့် အသိပေး၊ သတိပေးဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် သိမ်မွေ့သော ကိစ္စရပ်ဖြစ်၍ လိုအပ်မှသာ ဖြေရှင်းမည်ဖြစ်ကြောင်း ပို့စ်တင်ခဲ့သော်လည်း ဖြုတ်ချသွားခဲ့ကာ လေးစားစွာ အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားပါမည်” ဆိုသော ပို့စ်ကို ဇွန်လ ၂၀ ရက်တွင် တင်ခဲ့ကြောင်း တွေ့မြင်ရသည်။

zawgyi version
အတြင္းေရးမႉးအမ်ိဳးသမီးအေပၚ လိင္ပိုင္းဆိုင္ရာက်ဴးလြန္ခဲ့သူ NUG မွ ဆလိုင္းအိုင္းဇက္ခင္ သည္ ယခင္ကလည္း အလားတူ အမႈမ်ိဳး က်ဴးလြန္ခဲ့ဖူးသူ ျဖစ္ဟု ဆို
သုတေက်ာ္(NP News) - ဇြန္ ၂၄

လိင္ပိုင္းဆိုင္ရာ စိတ္အေႏွာင့္အယွက္ေပးသည့္အတြက္ ေဝဖန္ခံေနရသူ NUG မွ အိႏၵိယ ဆိုင္ရာကိုယ္စားလွယ္ ဆလိုင္းအိုင္းဇက္ခင္သည္ ယခင္ကလည္း အလားတူအမႈမ်ိဳးက်ဴးလြန္ခဲ့ဖူးသူ ျဖစ္ေၾကာင္း ၎၏အေၾကာင္းကို သိရွိသူမ်ားႏွင့္ အမ်ိဳးသမီးမဟာမိတ္အဖြဲ႕-ျမန္မာ (Women’s Advocacy Coalition - Myanmar (WAC-M)) တို႔က ထုတ္ျပန္ေျပာၾကားထားခ်က္ မ်ားအရ သိရသည္။

ဆလိုင္းအိုင္းဇက္ခင္သည္ လက္ရွိတြင္ NUG ၏ အိႏၵိယႏိုင္ငံ ျမန္မာကိုယ္စားလွယ္႐ုံးတြင္ ကိုယ္စားလွယ္အျဖစ္ တာဝန္ယူထားသူျဖစ္ကာ ၎သည္ NLD အစိုးရေခတ္ကလည္း ခ်င္းျပည္နယ္ အစိုးရအဖြဲ႕တြင္ဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးသူ ျဖစ္ၿပီး လက္ရွိေဝဖန္ခံေနရသည့္ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္သည့္ကိစၥမွာ ယခုရက္ပိုင္းအတြင္း ထြက္ေပၚလာျခင္း ျဖစ္သည္။

က်ဴးလြန္ခံရသူမွာလည္း CDM လုပ္သြားသူ အမ်ိဳးသမီးဝန္ထမ္းတစ္ဦးျဖစ္ေၾကာင္း သိရကာ ၎သည္ အထက္ပါ႐ုံးတြင္ အတြင္းေရးမႉးအျဖစ္ ခန႔္အပ္ခံရၿပီးေနာက္ (၁၀)လ တာဝန္ထမ္းေဆာင္ခဲ့ရာ အထက္လူႀကီးျဖစ္သူ ဆလိုင္းအိုင္းဇက္ခင္က လိင္ပိုင္းဆိုင္ရာ စိတ္အေႏွာင့္အယွက္ျဖစ္ေစမႈမ်ား၊ လုပ္ငန္းခြင္အတြင္း အထက္လူႀကီးမပီသစြာ ဝန္ထမ္းမ်ားအေပၚ ႏွိမ့္ခ်ေျပာဆိုမႈမ်ားေၾကာင့္ တိုင္ၾကားခဲ့ရာ NUG ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ဆုံးျဖတ္ခ်က္ကို ယခုႏွစ္ ဧၿပီလ ၁၀ ရက္တြင္ လက္ခံရရွိ ေၾကာင္း နစ္နာသူအမ်ိဳးသမီး၏ ေမလ ၁၄ ရက္က တင္ေသာ ႏုတ္ထြက္စာတြင္ ေဖာ္ျပထားသည္။

အဆိုပါ ဆုံးျဖတ္ခ်က္အတြင္း ထပ္မံမျဖစ္ပြားရန္ ဆလိုင္းအိုင္းဇက္ခင္ကို ႏႈတ္ျဖင့္ သတိေပးခဲ့သည္ဟု သိရေသာ္လည္း နစ္နာသူႏွင့္ အျခားဝန္ထမ္းတစ္ဦးကို ဧၿပီလ ၃၀ ရက္ေန႔စြဲျဖင့္ ရာထူးမွ ရပ္ နားစာ ထုတ္ျပန္ခဲ့ျခင္းအေပၚ စိတ္မေကာင္းျဖစ္ရၿပီး ဝန္ႀကီးဌာန၏ တရားမွ်တမႈမရွိသည့္ ဆုံးျဖတ္ခ်က္ကို လက္မခံႏိုင္ေသာေၾကာင့္ အလုပ္မွႏုတ္ထြက္ခြင့္ျပဳရန္ တင္ျပျခင္းျဖစ္ေၾကာင္း က်ဴးလြန္ခံရသူ၏ စာတြင္ ေဖာ္ျပထားသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ အမ်ိဳးသမီး မဟာမိတ္အဖြဲ႕ -ျမန္မာ (Women’s Advo cacy Coalition - Myanmar (WA C-M)) က ေၾကညာခ်က္တစ္ရပ္ကို ထုတ္ျပန္ေတာင္းဆိုခဲ့ကာ အဆိုပါ ေၾကညာခ်က္အတြင္း ဆလိုင္းအိုင္းဇက္ခင္သည္ ယခင္ကပင္ အိမ္တြင္းအၾကမ္းဖက္မႈ၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ မ်ားကို က်ဴးလြန္ခဲ့ေသာ ရာဇဝင္ရွိသူ ျဖစ္ေသာ္လည္း ျပစ္ဒဏ္စီရင္ျခင္းမွ ကင္းလြတ္ခြင့္ရေနသူ ျဖစ္ ေၾကာင္း၊ လုပ္ပိုင္ခြင့္ အာဏာကို မေလ်ာ္ဩဇာသုံးကာ က်ဴးလြန္ခံရသူအား အလုပ္မွ ထုတ္ပယ္ျခင္းကိုလည္း ေဆာင္႐ြက္ခဲ့ေၾကာင္း အဆိုပါစာတြင္ ေဖာ္ျပထားသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ဴးလြန္သူကို NUG-PSHEA မူဝါဒအရ ထိေရာက္စြာ အေရးယူေပးရန္၊ အမႈကိစၥစိစစ္ၾကားနာ အေရးယူမႈမ်ားကို အျမန္ဆုံးေဆာင္႐ြက္ေပးရန္၊ နစ္နာသူအား လိုအပ္သည့္ကုစားမႈမ်ား ေဆာင္႐ြက္ေပးရန္ႏွင့္ အမႈကိစၥေဆာင္႐ြက္ျခင္းႏွင့္ ဆုံးျဖတ္ကိုင္တြယ္မႈကို အမ်ားျပည္သူအား အသိေပးထုတ္ျပန္ရန္လည္း ေတာင္းဆိုထားသည္ကို ေတြ႕ျမင္ရသည္။

ဆလိုင္းအိုင္းဇက္ခင္ႏွင့္ ပတ္သက္၍ ၎၏အေၾကာင္းကို သိရွိသူတစ္ဦးျဖစ္ေသာ ေဒၚခြန္ဂ်ာက ၎၏ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္အေကာင့္ထက္တြင္ ေရးသားရာ၌ “က်ဴးလြန္သူဟာ ကြၽန္မတို႔နဲ႔ ႏွစ္ရွည္လမ်ား အတူတူ အလုပ္လုပ္ခဲ့ၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းပါ။ CSO, NGO အသင္းေတာ္ မ်ားနဲ႔ NLD ေခတ္ကတည္းက အစိုးရမွာပါ ထိပ္တန္းေရာက္ေနသူျဖစ္ပါတယ္။ အလုပ္ကလည္း က်ား/မ တန္းတူေရးနဲ႔ အမ်ိဳးသမီးနဲ႔ကေလး ကာကြယ္ေစာင့္ေရွာက္ေရး၊ ၿငိမ္းခ်မ္းေရးဘက္မွာ အမ်ားဆုံး လုပ္ခဲ့ တာျဖစ္ပါတယ္။ ရာဇဝင္အရဆိုရင္လည္း ကခ်င္ျပည္နယ္မွာ ရွိစဥ္ကတည္းက အမ်ိဳးသမီးကိစၥနဲ႔ ပတ္ သက္ၿပီး ကခ်င္႐ိုးရာဓေလ့ထုံးတမ္းနဲ႔ပါ စုံစမ္းခံခဲ့ရသူျဖစ္ၿပီး CSO ေလာကမွာလည္း နစ္နာေစသူေတြ ရွိေပမယ့္အေရးယူမႈ မခံရသူျဖစ္ပါတယ္။ ဒီ Cycle အဆုံးသတ္သင့္ၿပီလို႔ ယူဆတဲ့အတြက္ အမိုက္ခံၿပီး ဒီ Post ကို တင္ပါတယ္” ဟု ေရးသားထားသည္ကို ေတြ႕ျမင္ရသည္။

ဆလိုင္းအိုင္းဇက္ခင္က ၎၏လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ အိမ္တြင္း အၾကမ္းဖက္မႈ ျပဳသည္ဆိုေသာကိစၥႏွင့္ပတ္သက္၍ ဇြန္လ ၂၁ ရက္က ရွင္းလင္းေရးသားထားသည္ကို ေတြ႕ျမင္ရၿပီး အဆိုပါစာအတြင္း ၎၏ဇနီးမွာ ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕သူ ကခ်င္အမ်ိဳးသမီးျဖစ္ေၾကာင္း၊ ဇနီးႏွင့္ အခ်ိဳ႕အပိုင္းမ်ားတြင္ နားလည္မႈႏွင့္ ႀကိဳးစားမႈ မတူသည္မ်ားရွိခဲ့ေသာ္လည္း ေပ်ာ္႐ႊင္ သည့္ အိမ္ေထာင္တစ္ခု တည္ေဆာက္ႏိုင္ခဲ့သည္ဟု ခံယူထားေၾကာင္းႏွင့္ ကြယ္လြန္ခ်ိန္အထိ ကိုယ္ထိလက္ေရာက္႐ိုက္ႏွက္က်ဴးလြန္မႈ မရွိေၾကာင္း စသည္ျဖင့္ ေရးသားထားသည္။

လိင္ပိုင္းဆိုင္ရာ စိတ္အေႏွာက္အယွက္ေပးသည္ဆိုေသာ ကိစၥထြက္ေပၚလာသည့္အခ်ိန္တြင္လည္း ဆလိုင္းအိုင္းဇက္ခင္က “လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေရးသားရာ၌ တိုင္ ၾကားခ်က္ရွိေၾကာင္း၊ တာဝန္ရွိ ဝန္ႀကီးဌာနအေနျဖင့္ စုံစမ္းစစ္ေဆးမႈျပဳလုပ္ကာ လိုအပ္သည့္ အသိေပး၊ သတိေပးေဆာင္႐ြက္မႈမ်ားကို ျပဳလုပ္ခဲ့ၿပီး ျဖစ္ေၾကာင္းႏွင့္ သိမ္ေမြ႕ေသာ ကိစၥရပ္ျဖစ္၍ လိုအပ္မွသာ ေျဖရွင္းမည္ျဖစ္ေၾကာင္း ပို႔စ္တင္ခဲ့ေသာ္လည္း ျဖဳတ္ခ်သြားခဲ့ကာ ေလးစားစြာ အျပည့္အဝပူးေပါင္း ေဆာင္႐ြက္သြားပါမည္” ဆိုေသာ ပို႔စ္ကို ဇြန္လ ၂၀ ရက္တြင္ တင္ခဲ့ေၾကာင္း ေတြ႕ျမင္ရသည္။

Related news

© 2021. All rights reserved.