ဆောင်အီဂွတ်နဲ့ သူ့ရဲ့အမွှာ သား ၃ ယောက် "You Quiz On The Block" အစီအစဉ်မှာ ဧည့်သည်အဖြစ် ပါဝင်လာ

 1907

ရောင်နီ (NP News) - ဇွန် ၂၈

"ဂျူမုံ" အဖြစ် လူသိများတဲ့ တောင်ကိုရီးယား မင်းသား ဆောင်အီဂွတ်နဲ့ သူ့ရဲ့ အမွှာသားငယ် ၃ ယောက်ဖြစ်တဲ့ ဒယ်လ်ဟန်၊ မင်ဂု၊ မန်းဆယ်တို့ ဟာ tvN ရဲ့လူကြိုက်များတဲ့ talk show အစီအစဉ်တစ်ခုဖြစ်တဲ့ "You Quiz on the Block” မှာ ပါဝင်မယ်လို့ သိရပါတယ်။
ဒီအကြောင်းကို tvN က ဇွန်လ ၂၆ ရက်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆောင်အီဂွတ်တို့ သားအဖ ပါဝင်မယ့် အပိုင်းကိုတော့ လာမယ့် ဇူလိုင်လမှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

tvN ရဲ့ကြေညာချက်နဲ့အတူ “You Quiz on the Block” ရဲ့ တရားဝင် Instagram ချန်နယ်မှာ Song Il Gook နဲ့ သားသုံးယောက် အဓိက အစီအစဉ်မှူးတွေဖြစ်တဲ့ ယိုဂျယ်ဆော့၊ ချိုးဆယ်ဝူးတို့နဲ့တွေ့ဆုံခဲ့တဲ့ ဗီဒီယိုဖိုင်တို့ကို မျှဝေခဲ့ပါတယ်။ အသက် ၁၂ နှစ်သာရှိသေးတဲ့ ဒယ်ဟန်၊ မင်ဂု၊ မန်းဆယ်တို့ရဲ့ကြီးပြင်းလာပုံကို ပရိသတ်တွေ အံ့ဩသဘောကျတဲ့မှတ်ချက်တွေလည်း များစွာ တွေ့ရပါတယ်။

ဆောင်အီဂွတ်နဲ့ သူ့ရဲ့ သား၃ ယောက်ဟာ ၂ဝ၁၄ ခုနှစ်က KBS မှ ထုတ်လွှင့်တဲ့ "The Return of Superman" မှာ ပါဝင်ပြီး နာမည်ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။ အခု “You Quiz on the Block” မှာလည်း သူတို့ရဲ့ပါဝင်မှုကို ပရိသတ်တွေက မျှော်လင့်ထားပါတယ်။

Zawgyi Version;
ေဆာင္အီဂြတ္နဲ႔ သူ႔ရဲ႕အမႊာ သား ၃ ေယာက္ "You Quiz On The Block" အစီအစဥ္မွာ ဧည့္သည္အျဖစ္ ပါဝင္လာ
ေရာင္နီ (NP News) - ဇြန္ ၂၈

"ဂ်ဴမုံ" အျဖစ္ လူသိမ်ားတဲ့ ေတာင္ကိုရီးယား မင္းသား ေဆာင္အီဂြတ္နဲ႔ သူ႔ရဲ႕ အမႊာသားငယ္ ၃ ေယာက္ျဖစ္တဲ့ ဒယ္လ္ဟန္၊ မင္ဂု၊ မန္းဆယ္တို႔ ဟာ tvN ရဲ႕လူႀကိဳက္မ်ားတဲ့ talk show အစီအစဥ္တစ္ခုျဖစ္တဲ့ "You Quiz on the Block” မွာ ပါဝင္မယ္လို႔ သိရပါတယ္။
ဒီအေၾကာင္းကို tvN က ဇြန္လ ၂၆ ရက္မွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေဆာင္အီဂြတ္တို႔ သားအဖ ပါဝင္မယ့္ အပိုင္းကိုေတာ့ လာမယ့္ ဇူလိုင္လမွာ ထုတ္လႊင့္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

tvN ရဲ႕ေၾကညာခ်က္နဲ႔အတူ “You Quiz on the Block” ရဲ႕ တရားဝင္ Instagram ခ်န္နယ္မွာ Song Il Gook နဲ႔ သားသုံးေယာက္ အဓိက အစီအစဥ္မႉးေတြျဖစ္တဲ့ ယိုဂ်ယ္ေဆာ့၊ ခ်ိဳးဆယ္ဝူးတို႔နဲ႔ေတြ႕ဆုံခဲ့တဲ့ ဗီဒီယိုဖိုင္တို႔ကို မွ်ေဝခဲ့ပါတယ္။ အသက္ ၁၂ ႏွစ္သာရွိေသးတဲ့ ဒယ္ဟန္၊ မင္ဂု၊ မန္းဆယ္တို႔ရဲ႕ႀကီးျပင္းလာပုံကို ပရိသတ္ေတြ အံ့ဩသေဘာက်တဲ့မွတ္ခ်က္ေတြလည္း မ်ားစြာ ေတြ႕ရပါတယ္။

ေဆာင္အီဂြတ္နဲ႔ သူ႔ရဲ႕ သား၃ ေယာက္ဟာ ၂ဝ၁၄ ခုႏွစ္က KBS မွ ထုတ္လႊင့္တဲ့ "The Return of Superman" မွာ ပါဝင္ၿပီး နာမည္ေက်ာ္ၾကားလာခဲ့တာ ျဖစ္ပါတယ္။ အခု “You Quiz on the Block” မွာလည္း သူတို႔ရဲ႕ပါဝင္မႈကို ပရိသတ္ေတြက ေမွ်ာ္လင့္ထားပါတယ္။

Related news

© 2021. All rights reserved.