မနက်ဖြန်တွင် ဖွင့်လှစ်မည့် (၆၄)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ထီဆု‌ငွေအဖြစ် သန်း (၃၈ဝဝ)ကျော် ချီးမြှင့်သွားမည်

 5532

စော (NP News) - ဇွန်လ ၃ဝ

မနက်ဖြန် (ဇူလိုင် ၁ ရက်) တွင် ဖွင့်လှစ်မည့် (၆၄)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ထီလက်မှတ်များ ရောင်းရငွေမှာ ကျပ်သန်း (၅၅၀၀)ကျော်ရရှိခဲ့၍ ထီဆု‌ငွေအဖြစ်သန်း (၃၈၀၀)ကျော် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ယနေ့ (ဇွန်လ ၃ဝ ရက်) တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

(၆၄)ကြိမ်မြောက် ကျပ်(၁၀၀၀) တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲအတွက် “က” အက္ခရာမှ အစဉ်လိုက် “ဈ” အက္ခရာအထိ စုစုပေါင်း အက္ခရာ (၉)လုံးအပေါ်မှ ၇၅ ရာခိုင်နှုန်းဖြစ်သော ထီစာအုပ် (၅၅၂၂၇၆)ကို ရောင်းချနိုင်ခဲ့ ကြောင်း သိရသည်။

ထို့ကြောင့် ထီလက်မှတ်ရောင်းရငွေမှာ ကျပ်(၅၅၂၂ ဒသမ ၇၆) သန်းရရှိခဲ့ပြီး ၇ဝ ရာခိုင်နှုန်းခွဲဝေ ချီးမြှင့်ပေးမည် ဖြစ်သောကြောင့် ငွေကျပ်(၃၈၆၅ ဒသမ ၉၃၂) သန်းကို ထီဆုငွေအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

အဆိုပါ ၇ဝ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများအပြင် ဘဏ္ဍာသိမ်းရငွေ ကျပ် (၂၅၀) သန်းကိုလည်း ထည့်သွင်းချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

(၆၄) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် အမြင့်ဆုံးပေးအပ်မည့် အထူးဆုသည် ငွေကျပ်သိန်း (၅ဝဝဝ) တစ်ဆု၊ ငွေကျပ်သိန်း(၂ဝဝဝ) တစ်ဆု နှင့် ငွေကျပ်သိန်း(၁ဝဝဝ) တစ်ဆုဖြစ်ကြောင်း သိရသည်။

ထို့ပြင် (၆၄)ကြိမ်မြောက် အောင်ဘာလေအွန်လိုင်းသိန်းဆုဖွင့်ပွဲကို မနက်ဖြန် (ဇူလိုင်လ ၁ ရက်) တွင် သီးခြားခွဲ၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အောင်ဘာလေအွန်လိုင်းသိန်းဆုထီလက်မှတ်များ ရောင်းရငွေအပေါ်မှ (၇၀)ရာခိုင်နှုန်း အား ဆုမဲအဖြစ် ပြန်လည်ခွဲဝေ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို မနက်ဖြန် (ဇွန်လ ၁ ရက်)၊ နံနက်(၈)နာရီအချိန်တွင် ကျင်းပသွားမည် ဖြစ်ပြီး အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို နံနက် (၁၀)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
မနက္ျဖန္တြင္ ဖြင့္လွစ္မည့္ (၆၄)ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲတြင္ ထီဆု‌ေငြအျဖစ္ သန္း (၃၈ဝဝ)ေက်ာ္ ခ်ီးျမႇင့္သြားမည္

ေစာ (NP News) - ဇြန္လ ၃ဝ

မနက္ျဖန္ (ဇူလိုင္ ၁ ရက္) တြင္ ဖြင့္လွစ္မည့္ (၆၄)ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲတြင္ ထီလက္မွတ္မ်ား ေရာင္းရေငြမွာ က်ပ္သန္း (၅၅၀၀)ေက်ာ္ရရွိခဲ့၍ ထီဆု‌ေငြအျဖစ္သန္း (၃၈၀၀)ေက်ာ္ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ယေန႔ (ဇြန္လ ၃ဝ ရက္) တြင္ ထုတ္ျပန္ထားျခင္းျဖစ္သည္။

(၆၄)ႀကိမ္ေျမာက္ က်ပ္(၁၀၀၀) တန္ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲအတြက္ “က” အကၡရာမွ အစဥ္လိုက္ “ဈ” အကၡရာအထိ စုစုေပါင္း အကၡရာ (၉)လုံးအေပၚမွ ၇၅ ရာခိုင္ႏႈန္းျဖစ္ေသာ ထီစာအုပ္ (၅၅၂၂၇၆)ကို ေရာင္းခ်ႏိုင္ခဲ့ ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ထီလက္မွတ္ေရာင္းရေငြမွာ က်ပ္(၅၅၂၂ ဒသမ ၇၆) သန္းရရွိခဲ့ၿပီး ၇ဝ ရာခိုင္ႏႈန္းခြဲေဝ ခ်ီးျမႇင့္ေပးမည္ ျဖစ္ေသာေၾကာင့္ ေငြက်ပ္(၃၈၆၅ ဒသမ ၉၃၂) သန္းကို ထီဆုေငြအျဖစ္ ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း ေၾကညာခ်က္အရ သိရသည္။

အဆိုပါ ၇ဝ ရာခိုင္ႏႈန္း ခြဲေဝခ်ီးျမႇင့္ေပးမည့္ ထီဆုေငြမ်ားအျပင္ ဘ႑ာသိမ္းရေငြ က်ပ္ (၂၅၀) သန္းကိုလည္း ထည့္သြင္းခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

(၆၄) ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲတြင္ အျမင့္ဆုံးေပးအပ္မည့္ အထူးဆုသည္ ေငြက်ပ္သိန္း (၅ဝဝဝ) တစ္ဆု၊ ေငြက်ပ္သိန္း(၂ဝဝဝ) တစ္ဆု ႏွင့္ ေငြက်ပ္သိန္း(၁ဝဝဝ) တစ္ဆုျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ (၆၄)ႀကိမ္ေျမာက္ ေအာင္ဘာေလအြန္လိုင္းသိန္းဆုဖြင့္ပြဲကို မနက္ျဖန္ (ဇူလိုင္လ ၁ ရက္) တြင္ သီးျခားခြဲ၍ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီလက္မွတ္မ်ား ေရာင္းရေငြအေပၚမွ (၇၀)ရာခိုင္ႏႈန္း အား ဆုမဲအျဖစ္ ျပန္လည္ခြဲေဝ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲကို မနက္ျဖန္ (ဇြန္လ ၁ ရက္)၊ နံနက္(၈)နာရီအခ်ိန္တြင္ က်င္းပသြားမည္ ျဖစ္ၿပီး ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီဖြင့္ပြဲကို နံနက္ (၁၀)နာရီအခ်ိန္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Wai phyo

01/07/2024 00:54

ll

Related news

© 2021. All rights reserved.