တောင်ကိုရီးယား အသစ်ထွက်ရုပ်ရှင်"Hijack 1971" ရုပ်ရှင်ကြည့်ရှုသူ ၁ သန်းကျော်ထိ ရှိခဲ့

 1232

ရောင်နီ (NP News) - ဇူလိုင် ၁

တောင်ကိုရီးယားမှာ ၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲမှုကို အခြေခံထားတဲ Hijack 1971 ရုပ်ရှင် ဟာ ဇွန်လ ၂၁ ရက်မှာ ရုံတင်ပြသခဲ့ပြီး ရက်အနည်းငယ်အတွင်း Box Office မှာ လူကြည့်အများဆုံး ကိုရီးယား ဇာတ်ကားဖြစ်လာခဲ့ပါတယ်။

တောင်ကိုရီးယား သရုပ်ဆောင် ဟာဂျွန်ဝူး၊ ဆောင်ဒုန်အီနဲ့ ချဲဆိုဘင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အဆိုပါ Hijack 1971 ရုပ်ရှင်ဟာ ဇွန်လ ၃၀ ရက်နေ့မှာ ကြည့်ရှုသူ စုစုပေါင်း ၁,၀၀၀,၄၀၆ ထိ ရှိလာခဲ့တယ်လို့ ကိုရီးယားရုပ်ရှင် ကောင်စီက ကြေညာခဲ့ခြင်းဖြစ်ပါတယ်။ အခုလို 'Hijack 1971' ရဲ့ အောင်မြင်မှုဟာ ဇာတ်လမ်းကြောရိုးကိုသာမက သရုပ်ဆောင်နဲ့ အဖွဲ့သားတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေအတွက်လည်း ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ Hijack 1971 ကို တောင်ကိုရီးယား ရုပ်ရှင်ရုံတွေမှာ ပြသနေဆဲဖြစ်ပါတယ်။

Zawgyi Version;




Related news

© 2021. All rights reserved.