မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ဆောင်ရာတွင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် IAEA က ဆက်လက်ကူညီပေးရန် ဗိုလ်ချုပ်မှူးကြီးပြော

219

သန့်ဇင် (NP News) - စက်တင်ဘာ ၂၆
မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ဆောင်ရာတွင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က ဆက်လက်ကူညီပေးရန် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေတ္တာရပ်ခံပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့( စက်တင်ဘာ ၂၅ ရက်) က ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Atom Museum ၌ ကျင်းပသော
ကမ္ဘာ့အဏုမြူ သီတင်းပတ်ဖိုရမ်- ၂၀၂၅ (World Atomic Week forum 2025) ၌ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ဆောင်ရာတွင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း ဆက်လက်ကူညီပေးရန်လည်း အလေးအနက်ထား မေတ္တာရပ်ခံကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
မြန်မာနိုင်ငံတော်အနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရာတွင် လုပ်ငန်းမှတ်တိုင် ၃ ခု၊ လုပ်ငန်း အဆင့် ၃ ခုတို့ဖြင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ROSATOM ၏ Timeline အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၅၇ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA)၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ချိန်မှစပြီး အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ၏ နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Technical Cooperation)တွင် ပါဝင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီအနေဖြင့် လုပ်ငန်းရန်ပုံငွေပံ့ပိုးပေးခြင်း၊ စက်ပစ္စည်းကိရိယာများထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အအုံများ မြှင့်တင်ပေးခြင်း တို့အပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များတွင် ပါဝင်စေခြင်း၊ နည်းပညာဆိုင်ရာသင်တန်းများပေးခြင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ ဆောင်ရွက်စေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
၂၀၂၄ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီက ကြီးမှူးကျင်းပသည့် နျူကလီးယားဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ နျူကလီး ယားဥပဒေကို ပြင်ဆင်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း ROSATOM နည်းပညာအကယ်ဒမီနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီတို့ကြီးမှူးကျင်းပသည့် နိုင်ငံခြား ကျွမ်းကျင် သူများအတွက် အမျိုးသားအဆင့်နျူကလီးယားအစီအစဉ်များ အကောင်အထည်ဖော်မှုတွင်ပါဝင်သည့် အငယ်စားနျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ နေရာချထားခြင်းဆိုင်ရာ ဒေသတွင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးသင်တန်းကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၈ နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် IAEA အဖွဲ့ဝင်နိုင်ငံအဖြစ် နျူကလီးယားနယ်ပယ်များ မြန်မာနိုင်ငံမှာအသုံးပြုနိုင်ရေး နှစ်ပေါင်းများစွာကတည်းက ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တုံ့နှေးနေခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်ကစပြီး ရုရှားနိုင်ငံနှင့်ပူးပေါင်းကာ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ကြိုးစားခဲ့မှု၊ ရုရှားနိုင်ငံ၏ အဘက်ဘက်မှ အားဖြည့်ဆောင်ရွက်ပေးမှုတို့ကြောင့် တိုးတက်မှုများသိသာစွာရရှိခဲ့ပြီးဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
ျမန္မာႏိုင္ငံ၏ န်ဴကလီးယားစြမ္းအင္အေကာင္အထည္ေဖာ္ေဆာင္ရာတြင္ လူ႔စြမ္းအားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ IAEA က ဆက္လက္ကူညီေပးရန္ ဗိုလ္ခ်ဳပ္မႉးႀကီးေျပာ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၆
ျမန္မာႏိုင္ငံ၏ န်ဴကလီးယားစြမ္းအင္ အေကာင္အထည္ေဖာ္ေဆာင္ရာတြင္ လူ႔စြမ္းအားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အျပည္ျပည္ဆိုင္ရာအဏုျမဴစြမ္းအင္ေအဂ်င္စီ (IAEA) က ဆက္လက္ကူညီေပးရန္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေမတၱာရပ္ခံေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔( စက္တင္ဘာ ၂၅ ရက္) က ႐ုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕ရွိ Atom Museum ၌ က်င္းပေသာ
ကမာၻ႔အဏုျမဴ သီတင္းပတ္ဖိုရမ္- ၂၀၂၅ (World Atomic Week forum 2025) ၌ တက္ေရာက္မိန႔္ခြန္းေျပာၾကားရာတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၏ န်ဴကလီးယားစြမ္းအင္အေကာင္အထည္ေဖာ္ေဆာင္ရာတြင္ လူ႔စြမ္းအားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အျပည္ျပည္ဆိုင္ရာအဏုျမဴစြမ္းအင္ေအဂ်င္စီ (IAEA) ကလည္း ဆက္လက္ကူညီေပးရန္လည္း အေလးအနက္ထား ေမတၱာရပ္ခံေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ျမန္မာႏိုင္ငံေတာ္အေနျဖင့္ န်ဴကလီးယားစြမ္းအင္အစီအစဥ္ အေကာင္အထည္ေဖာ္ေဆာင္ရာတြင္ လုပ္ငန္းမွတ္တိုင္ ၃ ခု၊ လုပ္ငန္း အဆင့္ ၃ ခုတို႔ျဖင့္ အျပည္ျပည္ဆိုင္ရာအဏုျမဴစြမ္းအင္ေအဂ်င္စီ၏ လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ ROSATOM ၏ Timeline အတိုင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ၁၉၅၇ ခုႏွစ္မွာ အျပည္ျပည္ဆိုင္ရာအဏုျမဴစြမ္းအင္ေအဂ်င္စီ (International Atomic Energy Agency-IAEA)၏ အဖြဲ႕ဝင္ႏိုင္ငံျဖစ္ခဲ့ခ်ိန္မွစၿပီး အျပည္ျပည္ဆိုင္ရာအဏုျမဴစြမ္းအင္ေအဂ်င္စီ၏ နည္းပညာပူးေပါင္းေဆာင္႐ြက္ေရးအစီအစဥ္ (Technical Cooperation)တြင္ ပါဝင္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
အျပည္ျပည္ဆိုင္ရာအဏုျမဴစြမ္းအင္ေအဂ်င္စီအေနျဖင့္ လုပ္ငန္းရန္ပုံေငြပံ့ပိုးေပးျခင္း၊ စက္ပစၥည္းကိရိယာမ်ားေထာက္ပံ့ေပးျခင္း၊ အေျခခံအေဆာက္အအုံမ်ား ျမႇင့္တင္ေပးျခင္း တို႔အျပင္ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ နည္းပညာပူးေပါင္းေဆာင္႐ြက္ေရးအစီအစဥ္မ်ားတြင္ ပါဝင္ေစျခင္း၊ နည္းပညာဆိုင္ရာသင္တန္းမ်ားေပးျခင္း၊ နည္းပညာပူးေပါင္းေဆာင္႐ြက္ေရး စီမံကိန္းမ်ား ေဆာင္႐ြက္ေစျခင္းတို႔ကို ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
၂၀၂၄ ခုႏွစ္အတြင္း အျပည္ျပည္ဆိုင္ရာအဏုျမဴစြမ္းအင္ေအဂ်င္စီက ႀကီးမႉးက်င္းပသည့္ န်ဴကလီးယားဥပေဒဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲကို တက္ေရာက္ခဲ့ၿပီး ျမန္မာႏိုင္ငံ၏ န်ဴကလီး ယားဥပေဒကို ျပင္ဆင္ေရးဆြဲအေကာင္အထည္ေဖာ္ေဆာင္႐ြက္ လ်က္ရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
၂၀၂၅ ခုႏွစ္အတြင္း ROSATOM နည္းပညာအကယ္ဒမီႏွင့္ အျပည္ျပည္ဆိုင္ရာ အဏုျမဴစြမ္းအင္ေအဂ်င္စီတို႔ႀကီးမႉးက်င္းပသည့္ ႏိုင္ငံျခား ကြၽမ္းက်င္ သူမ်ားအတြက္ အမ်ိဳးသားအဆင့္န်ဴကလီးယားအစီအစဥ္မ်ား အေကာင္အထည္ေဖာ္မႈတြင္ပါဝင္သည့္ အငယ္စားန်ဴကလီးယားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ား ေနရာခ်ထားျခင္းဆိုင္ရာ ေဒသတြင္းအခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္ေရးသင္တန္းကို ျမန္မာႏိုင္ငံ အပါအဝင္ ႏိုင္ငံ ၁၈ ႏိုင္ငံမွ ကိုယ္စားလွယ္မ်ားတက္ေရာက္ခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ျမန္မာႏိုင္ငံအေနျဖင့္ IAEA အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ န်ဴကလီးယားနယ္ပယ္မ်ား ျမန္မာႏိုင္ငံမွာအသုံးျပဳႏိုင္ေရး ႏွစ္ေပါင္းမ်ားစြာကတည္းက ႀကိဳးစားခဲ့ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တုံ႔ေႏွးေနခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
၂၀၂၂ ခုႏွစ္ကစၿပီး ႐ုရွားႏိုင္ငံႏွင့္ပူးေပါင္းကာ အရွိန္အဟုန္ျဖင့္ တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ဖို႔ႀကိဳးစားခဲ့မႈ၊ ႐ုရွားႏိုင္ငံ၏ အဘက္ဘက္မွ အားျဖည့္ေဆာင္႐ြက္ေပးမႈတို႔ေၾကာင့္ တိုးတက္မႈမ်ားသိသာစြာရရွိခဲ့ၿပီးျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။