TNLA ၏ တိုက်ပွဲဖော်ဆောင်မှုကြောင့် စစ်၏ အနိဋ္ဌာရုံကို တွေ့ကြုံခဲ့ရကာ သေကံမရောက်သော်လည်း နေရပ် စွန့်ခွာခဲ့ရသည့် စစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်နေ

 2960

NP News - ဇူလိုင် ၄

TNLA ၏ တိုက်ပွဲဖော်ဆောင်မှုကြောင့် စစ်၏ အနိဋ္ဌာရုံကို တွေ့ကြုံခဲ့ရကာ သေကံမရောက်သော်လည်း နေရပ် စွန့်ခွာခဲ့ရသည့် စစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများထံ NP News က ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

TNLA နှင့် PDF ပူးပေါင်းအဖွဲ့က ဇွန်လ ၂၅ ရက်မှစတင်ကာ ရှမ်းပြည်နယ်ရှိ နောင်ချို့မြို့၊ ကျောက်မဲမြို့ နှင့် တစ်ဝိုက်အပါအဝင် မိုးကုတ်မြို့တို့ကို ၁၀၂၇ စစ်ဆင်ရေးအဆက်ဟု ထုတ်ပြန်ကာ တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ခဲ့ရာ အဆိုပါတိုက်ပွဲများအတွင်း ပြည်သူသေဆုံးမှုများလည်း ဖြစ်ပွားခဲ့သည်။

နောင်ချိုမြို့တွင် တိုက်ပွဲများစတင်ဖြစ်ပေါ်လာသည့် ဇွန်လ ၂၅ ရက်မှစတင်ကာ လက်ရှိအချိန်ထိ မြို့ခံပြည်သူ များစွာ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲများကို အဓိကရင်ဆိုင်နေရကြောင်း နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

“နောင်ချိုမြို့ထဲမှာတော့ နည်းနည်းပဲကျန်ခဲ့တော့တယ်။ မြို့ထဲကို ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့လူတွေလည်း ရှိတယ်။ စစ်ဘေးရှောင်တွေအနေနဲ့က အဓိက စားဝတ်နေရေးအခက်အခဲကတော့ အဓိကရင်ဆိုင်ရတာပေါ့။ ကျန်းမာရေးကတော့ သွားလာနေရတော့ ကျန်းမာရေးဘက်ကို မလှည့်နိုင်သေးတဲ့အနေအထားပါ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ကျောက်မဲမြို့တွင်လည်း နေရပ်စွန့်ခွာစစ်ဘေးရှောင်သူ (၈၀)ရာခိုင်နှုန်းကျော်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကြောင့် သယ်ယူ ပို့ဆောင်ရေးအခက်အခဲများအပြင် စက်သုံးဆီပြတ်လပ်မှုများနှင့်ရင်ဆိုင်နေရကြောင်း ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

“လက်ရှိစစ်ရှောင်ရာမှာ အခက်အခဲကတော့ သယ်ယူပို့ဆောင်ရေးပေါ့နော်။ ကျွန်တော်တို့မြို့လေးက သိပ်မချမ်းသာတဲ့ မြို့လေးလဲဖြစ်တော့ သာမန်ပြည်သူတွေကတော့ ဆိုင်ကယ်လောက်ပဲရှိတယ်။ တစ်ချို့ကလည်း ကားငှားတဲ့အခါမှာ တစ်ယောက်ချင်းကို ၃ သိန်းခွဲလောက်ထိ ပေါက်တယ်ပေါ့။ အဲဒါကလည်း ရပ်စောက်ထိပါ။ သွားတဲ့လမ်းကြောင်းကတော့ နဂိုလ်ကတော့ (၃)လမ်းရှိတယ်။ နောက်ဆုံးသွားတဲ့လမ်းကတော့ ရပ်စောက်ကနေ မန္တလေးပြန်ဆင်းတဲ့လမ်းပေါ့။ ဒီကနေ မနက် ၉ နာရီခွဲလောက်ထွက်ရင် ညနေ ၆ ခွဲလောက်ဝင်တယ်။ လမ်းမှာ တော့ ရွာလမ်းတွေဖြစ်တဲ့အတွက် စက်သုံးဆီပြတ်လပ်မှုတွေကြုံရတယ်။ လမ်းကတော့ အရမ်းအဆိုးကြီးတော့ မဟုတ်ဘူး။ စစ်ရှောင်ရာမှာ အဓိအခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ကျောက်မဲမြို့နေရပ်စွန့်ခွာစစ်ဘေးရှောင်များထဲမှ သက်ကြီးရွယ်အိုများတွင် ကျန်းမာရေး စောင့်ရှောက်မှု သည် အဓိကလိုအပ်ချက်တစ်ခုဖြစ်ပြီး (၂)ဖက် ပစ်ခတ်မှုများအကြား စစ်ဘေးရှောင်များအနေဖြင့် စိုးရိမ်စိတ်များ ဖြင့် ရှင်သန်နေထိုင်နေကြောင်း ၎င်းက ဆက်ပြောသည်။

“နောက်တစ်ခုက ကျန်းမာရေးပေါ့။ စစ်ရှောင်တဲ့အထဲမှာ သက်ကြီးရွယ်အိုတွေပါတဲ့အတွက် အောက်ဆီဂျင်တွေ သယ်သွားရတာမျိုးတွေ ရှိတယ်။ နောက်တစ်ခုက စစ်ရှောင်လာတာကို အထင်လွဲပြီး အပစ်ခံရမှာလည်း စိုးရတယ်။ ရှောင်သာရှောင်တယ် လက်နက်ကြီးက ဘယ်အချိန်ကျမလဲ ကြည့်နေရတာပေါ့” ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

ကျောက်မဲမြို့မှ နေရပ်စွန့်ခွာစစ်ဘေးရှောင်များအနေဖြင့် စစ်ပွဲကြောင့် ဒုက္ခရောက်နေသည့်အပြင် နေရပ်စွန့်ခွာသူ များကို ပစ်မှတ်ထား လိမ်လည်မှုဖြစ်စဉ်များ နှင့် မြို့တွင်းကျန်ခဲ့သည့်နေအိမ်များကို ဝင်ရောက်ဖောက်ထွင်း လုယက်ခံရသည့်ဖြစ်စဉ်များနှင့်လည်း ကြုံတွေ့နေရကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ခံခဲ့ရသည့် မိုးကုတ်မြို့တွင်လည်း ဒေသခံများစွာ နေရပ်စွာနေကြရပြီး တိုက်ပွဲ အကြား အရပ်သားထိခိုက်သေဆုံးမှုများအပြင် နေအိမ်များပျက်စီးခဲ့ရပြီး နေရေး၊ စားရေးအခက်အခဲများစွာ နှင့် ကြုံတွေ့နေရကြောင်း မိုးကုတ်မြို့ခံတစ်ဦးက ထပ်မံပြောသည်။

“မြို့က တောင်တန်းတွေကြားထဲမှာ ရောက်နေတဲ့အခါကျတော့ နေရပ်စွန့်ခွာဖို့အတွက် အခက်အခဲရှိပါတယ်။ ကိုယ့်အိမ်ကနေဘယ်သူမှ မသွားချင်ဘူးပေါ့။ ဒါပေမယ့်လည်း ကိုယ့်အိမ်တွေကို စွန့်ခွာခဲ့ကြရတယ်။ စစ်ဘေးရှောင်ရတာတော့ ဘယ်မှာမှ အဆင်မပြေပါဘူး။ ကျွန်မတို့မြို့ကလည်း အရပ်သား သေဆုံးသူများတယ်။ အခုမြို့ကနေ စွန့်ခွာလာတော့လည်း စစ်ဘေးရှောင်တွေအတွက် နေစရာအခက်အခဲ၊ စားစရာအခက်အခဲကြုံနေရ တာပေါ့။ အိမ်ရှိဘဝကနေ အိုးအိမ်မဲ့ဘဝကို နေ့ချင်းညချင်းရောက်သွားရတယ်” ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။

Zawgyi Version;
TNLA ၏ တိုက္ပြဲေဖာ္ေဆာင္မႈေၾကာင့္ စစ္၏ အနိ႒ာ႐ုံကို ေတြ႕ႀကဳံခဲ့ရကာ ေသကံမေရာက္ေသာ္လည္း ေနရပ္ စြန႔္ခြာခဲ့ရသည့္ စစ္ေဘးေရွာင္ျပည္သူမ်ား အကူအညီလိုအပ္ေန
NP News - ဇူလိုင္ ၄

TNLA ၏ တိုက္ပြဲေဖာ္ေဆာင္မႈေၾကာင့္ စစ္၏ အနိ႒ာ႐ုံကို ေတြ႕ႀကဳံခဲ့ရကာ ေသကံမေရာက္ေသာ္လည္း ေနရပ္ စြန႔္ခြာခဲ့ရသည့္ စစ္ေဘးေရွာင္ျပည္သူမ်ား အကူအညီလိုအပ္ေနေၾကာင္း စစ္ေဘးေရွာင္ျပည္သူမ်ားထံ NP News က ဆက္သြယ္ေမးျမန္းခ်က္အရ သိရသည္။

TNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕က ဇြန္လ ၂၅ ရက္မွစတင္ကာ ရွမ္းျပည္နယ္ရွိ ေနာင္ခ်ိဳ႕ၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕ ႏွင့္ တစ္ဝိုက္အပါအဝင္ မိုးကုတ္ၿမိဳ႕တို႔ကို ၁၀၂၇ စစ္ဆင္ေရးအဆက္ဟု ထုတ္ျပန္ကာ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ား ျပန္လည္ေဖာ္ေဆာင္ခဲ့ရာ အဆိုပါတိုက္ပြဲမ်ားအတြင္း ျပည္သူေသဆုံးမႈမ်ားလည္း ျဖစ္ပြားခဲ့သည္။

ေနာင္ခ်ိဳၿမိဳ႕တြင္ တိုက္ပြဲမ်ားစတင္ျဖစ္ေပၚလာသည့္ ဇြန္လ ၂၅ ရက္မွစတင္ကာ လက္ရွိအခ်ိန္ထိ ၿမိဳ႕ခံျပည္သူ မ်ားစြာ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနၾကရၿပီး စားဝတ္ေနေရးအခက္အခဲမ်ားကို အဓိကရင္ဆိုင္ေနရေၾကာင္း ေနာင္ခ်ိဳၿမိဳ႕ခံတစ္ဦးက ေျပာသည္။

“ေနာင္ခ်ိဳၿမိဳ႕ထဲမွာေတာ့ နည္းနည္းပဲက်န္ခဲ့ေတာ့တယ္။ ၿမိဳ႕ထဲကို ဝင္လိုက္ထြက္လိုက္လုပ္ေနတဲ့လူေတြလည္း ရွိတယ္။ စစ္ေဘးေရွာင္ေတြအေနနဲ႔က အဓိက စားဝတ္ေနေရးအခက္အခဲကေတာ့ အဓိကရင္ဆိုင္ရတာေပါ့။ က်န္းမာေရးကေတာ့ သြားလာေနရေတာ့ က်န္းမာေရးဘက္ကို မလွည့္ႏိုင္ေသးတဲ့အေနအထားပါ” ဟု ၎က ဆိုသည္။

ထို႔ျပင္ ေက်ာက္မဲၿမိဳ႕တြင္လည္း ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္သူ (၈၀)ရာခိုင္ႏႈန္းေက်ာ္ရွိၿပီး လမ္းပန္းဆက္သြယ္ေရး ေၾကာင့္ သယ္ယူ ပို႔ေဆာင္ေရးအခက္အခဲမ်ားအျပင္ စက္သုံးဆီျပတ္လပ္မႈမ်ားႏွင့္ရင္ဆိုင္ေနရေၾကာင္း ေက်ာက္မဲၿမိဳ႕ခံတစ္ဦးက ေျပာသည္။

“လက္ရွိစစ္ေရွာင္ရာမွာ အခက္အခဲကေတာ့ သယ္ယူပို႔ေဆာင္ေရးေပါ့ေနာ္။ ကြၽန္ေတာ္တို႔ၿမိဳ႕ေလးက သိပ္မခ်မ္းသာတဲ့ ၿမိဳ႕ေလးလဲျဖစ္ေတာ့ သာမန္ျပည္သူေတြကေတာ့ ဆိုင္ကယ္ေလာက္ပဲရွိတယ္။ တစ္ခ်ိဳ႕ကလည္း ကားငွားတဲ့အခါမွာ တစ္ေယာက္ခ်င္းကို ၃ သိန္းခြဲေလာက္ထိ ေပါက္တယ္ေပါ့။ အဲဒါကလည္း ရပ္ေစာက္ထိပါ။ သြားတဲ့လမ္းေၾကာင္းကေတာ့ နဂိုလ္ကေတာ့ (၃)လမ္းရွိတယ္။ ေနာက္ဆုံးသြားတဲ့လမ္းကေတာ့ ရပ္ေစာက္ကေန မႏၲေလးျပန္ဆင္းတဲ့လမ္းေပါ့။ ဒီကေန မနက္ ၉ နာရီခြဲေလာက္ထြက္ရင္ ညေန ၆ ခြဲေလာက္ဝင္တယ္။ လမ္းမွာ ေတာ့ ႐ြာလမ္းေတြျဖစ္တဲ့အတြက္ စက္သုံးဆီျပတ္လပ္မႈေတြႀကဳံရတယ္။ လမ္းကေတာ့ အရမ္းအဆိုးႀကီးေတာ့ မဟုတ္ဘူး။ စစ္ေရွာင္ရာမွာ အဓိအခက္အခဲကေတာ့ လမ္းပန္းဆက္သြယ္ေရးအခက္အခဲျဖစ္တယ္” ဟု ၎က ေျပာသည္။

ထို႔ျပင္ ေက်ာက္မဲၿမိဳ႕ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္မ်ားထဲမွ သက္ႀကီး႐ြယ္အိုမ်ားတြင္ က်န္းမာေရး ေစာင့္ေရွာက္မႈ သည္ အဓိကလိုအပ္ခ်က္တစ္ခုျဖစ္ၿပီး (၂)ဖက္ ပစ္ခတ္မႈမ်ားအၾကား စစ္ေဘးေရွာင္မ်ားအေနျဖင့္ စိုးရိမ္စိတ္မ်ား ျဖင့္ ရွင္သန္ေနထိုင္ေနေၾကာင္း ၎က ဆက္ေျပာသည္။

“ေနာက္တစ္ခုက က်န္းမာေရးေပါ့။ စစ္ေရွာင္တဲ့အထဲမွာ သက္ႀကီး႐ြယ္အိုေတြပါတဲ့အတြက္ ေအာက္ဆီဂ်င္ေတြ သယ္သြားရတာမ်ိဳးေတြ ရွိတယ္။ ေနာက္တစ္ခုက စစ္ေရွာင္လာတာကို အထင္လြဲၿပီး အပစ္ခံရမွာလည္း စိုးရတယ္။ ေရွာင္သာေရွာင္တယ္ လက္နက္ႀကီးက ဘယ္အခ်ိန္က်မလဲ ၾကည့္ေနရတာေပါ့” ဟု ေက်ာက္မဲၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕မွ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္မ်ားအေနျဖင့္ စစ္ပြဲေၾကာင့္ ဒုကၡေရာက္ေနသည့္အျပင္ ေနရပ္စြန႔္ခြာသူ မ်ားကို ပစ္မွတ္ထား လိမ္လည္မႈျဖစ္စဥ္မ်ား ႏွင့္ ၿမိဳ႕တြင္းက်န္ခဲ့သည့္ေနအိမ္မ်ားကို ဝင္ေရာက္ေဖာက္ထြင္း လုယက္ခံရသည့္ျဖစ္စဥ္မ်ားႏွင့္လည္း ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

၁၀၂၇ စစ္ဆင္ေရးေဖာ္ေဆာင္ခံခဲ့ရသည့္ မိုးကုတ္ၿမိဳ႕တြင္လည္း ေဒသခံမ်ားစြာ ေနရပ္စြာေနၾကရၿပီး တိုက္ပြဲ အၾကား အရပ္သားထိခိုက္ေသဆုံးမႈမ်ားအျပင္ ေနအိမ္မ်ားပ်က္စီးခဲ့ရၿပီး ေနေရး၊ စားေရးအခက္အခဲမ်ားစြာ ႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း မိုးကုတ္ၿမိဳ႕ခံတစ္ဦးက ထပ္မံေျပာသည္။

“ၿမိဳ႕က ေတာင္တန္းေတြၾကားထဲမွာ ေရာက္ေနတဲ့အခါက်ေတာ့ ေနရပ္စြန႔္ခြာဖို႔အတြက္ အခက္အခဲရွိပါတယ္။ ကိုယ့္အိမ္ကေနဘယ္သူမွ မသြားခ်င္ဘူးေပါ့။ ဒါေပမယ့္လည္း ကိုယ့္အိမ္ေတြကို စြန႔္ခြာခဲ့ၾကရတယ္။ စစ္ေဘးေရွာင္ရတာေတာ့ ဘယ္မွာမွ အဆင္မေျပပါဘူး။ ကြၽန္မတို႔ၿမိဳ႕ကလည္း အရပ္သား ေသဆုံးသူမ်ားတယ္။ အခုၿမိဳ႕ကေန စြန႔္ခြာလာေတာ့လည္း စစ္ေဘးေရွာင္ေတြအတြက္ ေနစရာအခက္အခဲ၊ စားစရာအခက္အခဲႀကဳံေနရ တာေပါ့။ အိမ္ရွိဘဝကေန အိုးအိမ္မဲ့ဘဝကို ေန႔ခ်င္းညခ်င္းေရာက္သြားရတယ္” ဟု မိုးကုတ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.