လောက်ကိုင်မြို့ ရှိ စာသင်ကျောင်းများ ယာယီပိတ်ထားရန် MNDAA လိုက်လံအသိပေးနေ

 2617

မြူနစ် (NP News) - ဇူလိုင် ၇

ရှမ်းပြည်နယ် လောက်ကိုင်မြို့ပေါ်ရှိ စာ သင်ကျောင်းများကို ယာယီပိတ်ထားရန် ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA က လိုက်လံအသိပေးနေကြောင်း သတင်းရရှိသည်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်(၃)ဖွဲ့ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကာလ၌ MNDAA အဖွဲ့က လောက်ကိုင်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိတွင် အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိသည်။

“အခုရက်ပိုင်းမှာ MNDAA က လားရှိုး မှာ တိုက်ပွဲပြန်ဖော်တယ်လေ။ စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ တုံ့ပြန်နေတာရှိတယ်။ လောက်ကိုင်မှာလည်း လေကြောင်းရန်ကြောက်လို့ထင်တယ်။ ဇူလိုင်လ ၃ ရက်နေ့ကစပြီးတော့ ကျောင်းတွေကို ပိတ်ထားဖို့ သူတို့အဖွဲ့က ပြောတယ်။ မူကြိုကျောင်း တွေလည်း ပါတယ်။ ကျွန်တော် ထင်တာတော့ လေ ကြောင်းရန်ကို ကြောက်လို့ထင်တယ်”ဟု လောက်ကိုင်မြို့ခံတစ်ဦးက NP News ကို ပြောသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် လောက်ကိုင်မြို့ပေါ်ရှိ စာသင်ကျောင်းများကို တစ်ပတ်ခန့် ယာယီပိတ်ထားရန် လိုက်လံအသိပေးခဲ့ခြင်းဖြစ်ကြောင်း လောက်ကိုင်မြို့ခံက ဆက်လက် ပြောသည်။ လောက်ကိုင်မြို့ပေါ်တွင် စာသင်ကျောင်း (၅)ကျောင်းထက်မနည်းရှိပြီး အခြားသော မူကြို ကျောင်းများလည်း ရှိနေကြောင်း သိရသည်။ လောက်ကိုင်မြို့ကို MNDAA အဖွဲ့က လက်နက်ကိုင် တိုက်ခိုက်ကာ ရယူထားသည့်မြို့ဖြစ်ပြီး လက်ရှိတွင် စိုးရိမ် ကြောက်ရွံ့မှုများဖြင့် ရင်ဆိုင်နေရသည့် သဘောရှိ သည်ဟုလည်း မှတ်ချက်ပြုမှုများရှိနေသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့သည် ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းမှစတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့ နှင့်တစ်ဝိုက်တွင် တစ်ကျော့ ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့သည်။

zawgyi version
ေလာက္ကိုင္ၿမိဳ႕ ရွိ စာသင္ေက်ာင္းမ်ား ယာယီပိတ္ထားရန္ MNDAA လိုက္လံအသိေပးေန
ျမဴနစ္ (NP News) - ဇူလိုင္ ၇

ရွမ္းျပည္နယ္ ေလာက္ကိုင္ၿမိဳ႕ေပၚရွိ စာ သင္ေက်ာင္းမ်ားကို ယာယီပိတ္ထားရန္ ကိုးကန႔္ လက္နက္ကိုင္အဖြဲ႕ MNDAA က လိုက္လံအသိေပးေနေၾကာင္း သတင္းရရွိသည္။

ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္(၃)ဖြဲ႕ေဖာ္ေဆာင္သည့္ ၁၀၂၇ စစ္ဆင္ေရးကာလ၌ MNDAA အဖြဲ႕က ေလာက္ကိုင္ၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး လက္ရွိတြင္ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနလ်က္ရွိသည္။

“အခုရက္ပိုင္းမွာ MNDAA က လားရႈိး မွာ တိုက္ပြဲျပန္ေဖာ္တယ္ေလ။ စစ္တပ္ဘက္ကလည္း ေလေၾကာင္းနဲ႔ တုံ႔ျပန္ေနတာရွိတယ္။ ေလာက္ကိုင္မွာလည္း ေလေၾကာင္းရန္ေၾကာက္လို႔ထင္တယ္။ ဇူလိုင္လ ၃ ရက္ေန႔ကစၿပီးေတာ့ ေက်ာင္းေတြကို ပိတ္ထားဖို႔ သူတို႔အဖြဲ႕က ေျပာတယ္။ မူႀကိဳေက်ာင္း ေတြလည္း ပါတယ္။ ကြၽန္ေတာ္ ထင္တာေတာ့ ေလ ေၾကာင္းရန္ကို ေၾကာက္လို႔ထင္တယ္”ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA သည္ ေလာက္ကိုင္ၿမိဳ႕ေပၚရွိ စာသင္ေက်ာင္းမ်ားကို တစ္ပတ္ခန႔္ ယာယီပိတ္ထားရန္ လိုက္လံအသိေပးခဲ့ျခင္းျဖစ္ေၾကာင္း ေလာက္ကိုင္ၿမိဳ႕ခံက ဆက္လက္ ေျပာသည္။ ေလာက္ကိုင္ၿမိဳ႕ေပၚတြင္ စာသင္ေက်ာင္း (၅)ေက်ာင္းထက္မနည္းရွိၿပီး အျခားေသာ မူႀကိဳ ေက်ာင္းမ်ားလည္း ရွိေနေၾကာင္း သိရသည္။ ေလာက္ကိုင္ၿမိဳ႕ကို MNDAA အဖြဲ႕က လက္နက္ကိုင္ တိုက္ခိုက္ကာ ရယူထားသည့္ၿမိဳ႕ျဖစ္ၿပီး လက္ရွိတြင္ စိုးရိမ္ ေၾကာက္႐ြံ႕မႈမ်ားျဖင့္ ရင္ဆိုင္ေနရသည့္ သေဘာရွိ သည္ဟုလည္း မွတ္ခ်က္ျပဳမႈမ်ားရွိေနသည္။

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ႏွင့္ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA တို႔သည္ ဇူလိုင္လ ၂ ရက္ေန႔ ညပိုင္းမွစတင္ကာ ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ လားရႈိးၿမိဳ႕ ႏွင့္တစ္ဝိုက္တြင္ တစ္ေက်ာ့ ျပန္တိုက္ပြဲမ်ားကို ျပန္လည္ေဖာ္ေဆာင္ခဲ့သည္။

Related news

© 2021. All rights reserved.