ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး ညှိနှိုင်းပေးရလောက်အောင်ထိ အော်ဘန်တွင် ဩဇာမရှိဟု ဇီလန်စကီးပြော

 1207

ALynn (NP News) - ဇူလိုင် ၉

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်သည် ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးအတွက် စေ့စပ်ညှိနှိုင်းပေးရလောက်အောင်ထိ ဩဇာအာဏာမရှိကြောင်း ဗလာဒီမာဇီလန်စကီးက ပြောကြားခဲ့သည်။ ယင်းအစား ၎င်းက အမေရိကန်၊ အီးယူ ဒါမှမဟုတ် တရုတ်တို့အား စေ့စပ် ညှိနှိုင်းရေးအခန်းကဏ္ဍတွင် ပိုမြင်ချင်တယ်ဟု ပြောကြားခဲ့သည်။

အော်ဘန်သည် ပြီးခဲ့သည့် သီတင်းပတ်က ကိယက်ဗ်သို့ သွားရောက်ခဲ့ပြီး ဇာလန်စကီးက ပယ်ချခဲ့သော အပစ်အခတ် ရပ်စဲရေး အဆိုပြုခဲ့သည်။ ၎င်းသည် ဝါရှင်တန်တွင် ပြုလုပ်မည့် နေတိုးထိပ်သီးအစည်းအဝေး မတိုင်မီ မော်စကိုနှင့် ပေကျင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
ဟန်ဂေရီသည် ဇူလိုင်လတွင် အီးယူ၏ အလှည့်ကျ သမ္မတရာထူးကို လွှဲပြောင်းရယူခဲ့သည်။ အစုအဖွဲ့၏ ထိပ်တန်းအရာရှိများသည် အော်ဘန်၏ သံတမန်မစ်ရှင်အား ရိုင်းစိုင်းသော စစ်ဆင်ရေးတစ်ခုအဖြစ် ရှုတ်ချခဲ့ပြီး အီးယူသည် "ယူကရိန်းနှင့်အတူ ရပ်တည်သည်" နှင့် “ရုရှားနှင့် ညှိနှိုင်းရန် ရည်ရွယ်ချက်မရှိကြောင်း” တို့ကို အခိုင်အမာပြောဆိုခဲ့ကြသည်။ မော်စကိုသို့ အော်ဘန်၏ ခရီးစဉ်သည် ယူကရိန်းနှင့် ညှိနှိုင်းမှုမရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကိယက်ဗ် က ပြစ်တင်ပြောဆိုခဲ့သည်။

"ယူကရိန်းမပါဘဲ ယူကရိန်းကိုယ်စား အနာဂတ်ငြိမ်းချမ်းရေး ပုံသဏ္ဍာန်ကို ဘယ်သူမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး"ဟု ပိုလန်ဝန်ကြီးချုပ် Tusk က သတင်းထောက်များအား ပြောကြားခဲ့သည်။ "မော်စကိုနဲ့ ဆွေးနွေးဖို့ရှိလာလျှင် ယူကရိန်းနဲ့ ကျွန်တော်တို့အားလုံး သဘောတူညီချက်မပါဘဲ အီးယူတစ်ခုလုံးကိုယ်စားပြု ဆွေးနွေးပိုင်ခွင့် မရှိပါဘူး" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ အော်ဘန်က ပဋိပက္ခနှင့် သက်ဆိုင်နေသူများနှင့် တိုက်ရိုက်စကား ပြောဆိုရန် မည်သူတစ်ဦးတစ်ယောက်၏ခွင့်ပြုချက်မှ မလိုအပ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
တနင်္လာနေ့ (ဇူလိုင်လ ၈ ရက်) တွင် ဟန်ဂေရီဝန်ကြီးချုပ်သည် ရုရှား-ယူကရိန်းပဋိပက္ခကို ဖြေရှင်းရေးအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်အတူ ဆွေးနွေးခဲ့ကြသည်။ ယူကရိန်းအရေးနှင့် ပတ်သက်လာလျှင် ပေကျင်းနှင့် ဘူဒါပက်တို့၏ သဘောထားများမှာ တူညီမှုရှိနေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အစည်းအဝေးအပြီးတွင် ဖော်ပြခဲ့သည်။

zawgyi version
ယူကရိန္းပဋိပကၡအဆုံးသတ္ေရး ညႇိႏႈိင္းေပးရေလာက္ေအာင္ထိ ေအာ္ဘန္တြင္ ဩဇာမရွိဟု ဇီလန္စကီးေျပာ
ALynn (NP News) - ဇူလိုင္ ၉

ဟန္ေဂရီဝန္ႀကီးခ်ဳပ္ ဗစ္တာေအာ္ဘန္သည္ ႐ုရွား-ယူကရိန္း ပဋိပကၡ အဆုံးသတ္ေရးအတြက္ ေစ့စပ္ညႇိႏႈိင္းေပးရေလာက္ေအာင္ထိ ဩဇာအာဏာမရွိေၾကာင္း ဗလာဒီမာဇီလန္စကီးက ေျပာၾကားခဲ့သည္။ ယင္းအစား ၎က အေမရိကန္၊ အီးယူ ဒါမွမဟုတ္ တ႐ုတ္တို႔အား ေစ့စပ္ ညႇိႏႈိင္းေရးအခန္းက႑တြင္ ပိုျမင္ခ်င္တယ္ဟု ေျပာၾကားခဲ့သည္။

ေအာ္ဘန္သည္ ၿပီးခဲ့သည့္ သီတင္းပတ္က ကိယက္ဗ္သို႔ သြားေရာက္ခဲ့ၿပီး ဇာလန္စကီးက ပယ္ခ်ခဲ့ေသာ အပစ္အခတ္ ရပ္စဲေရး အဆိုျပဳခဲ့သည္။ ၎သည္ ဝါရွင္တန္တြင္ ျပဳလုပ္မည့္ ေနတိုးထိပ္သီးအစည္းအေဝး မတိုင္မီ ေမာ္စကိုႏွင့္ ေပက်င္းသို႔ သြားေရာက္ခဲ့ျခင္းျဖစ္သည္။
ဟန္ေဂရီသည္ ဇူလိုင္လတြင္ အီးယူ၏ အလွည့္က် သမၼတရာထူးကို လႊဲေျပာင္းရယူခဲ့သည္။ အစုအဖြဲ႕၏ ထိပ္တန္းအရာရွိမ်ားသည္ ေအာ္ဘန္၏ သံတမန္မစ္ရွင္အား ႐ိုင္းစိုင္းေသာ စစ္ဆင္ေရးတစ္ခုအျဖစ္ ရႈတ္ခ်ခဲ့ၿပီး အီးယူသည္ "ယူကရိန္းႏွင့္အတူ ရပ္တည္သည္" ႏွင့္ “႐ုရွားႏွင့္ ညႇိႏႈိင္းရန္ ရည္႐ြယ္ခ်က္မရွိေၾကာင္း” တို႔ကို အခိုင္အမာေျပာဆိုခဲ့ၾကသည္။ ေမာ္စကိုသို႔ ေအာ္ဘန္၏ ခရီးစဥ္သည္ ယူကရိန္းႏွင့္ ညႇိႏႈိင္းမႈမရွိဘဲ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ကိယက္ဗ္ က ျပစ္တင္ေျပာဆိုခဲ့သည္။

"ယူကရိန္းမပါဘဲ ယူကရိန္းကိုယ္စား အနာဂတ္ၿငိမ္းခ်မ္းေရး ပုံသ႑ာန္ကို ဘယ္သူမွ ဆုံးျဖတ္ပိုင္ခြင့္မရွိဘူး"ဟု ပိုလန္ဝန္ႀကီးခ်ဳပ္ Tusk က သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။ "ေမာ္စကိုနဲ႔ ေဆြးေႏြးဖို႔ရွိလာလွ်င္ ယူကရိန္းနဲ႔ ကြၽန္ေတာ္တို႔အားလုံး သေဘာတူညီခ်က္မပါဘဲ အီးယူတစ္ခုလုံးကိုယ္စားျပဳ ေဆြးေႏြးပိုင္ခြင့္ မရွိပါဘူး" ဟု ၎က ျဖည့္စြက္ေျပာၾကားခဲ့သည္။ ေအာ္ဘန္က ပဋိပကၡႏွင့္ သက္ဆိုင္ေနသူမ်ားႏွင့္ တိုက္႐ိုက္စကား ေျပာဆိုရန္ မည္သူတစ္ဦးတစ္ေယာက္၏ခြင့္ျပဳခ်က္မွ မလိုအပ္ေၾကာင္း ျပန္လည္တုံ႔ျပန္ခဲ့သည္။
တနလၤာေန႔ (ဇူလိုင္လ ၈ ရက္) တြင္ ဟန္ေဂရီဝန္ႀကီးခ်ဳပ္သည္ ႐ုရွား-ယူကရိန္းပဋိပကၡကို ေျဖရွင္းေရးအတြက္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ႏွင့္အတူ ေဆြးေႏြးခဲ့ၾကသည္။ ယူကရိန္းအေရးႏွင့္ ပတ္သက္လာလွ်င္ ေပက်င္းႏွင့္ ဘူဒါပက္တို႔၏ သေဘာထားမ်ားမွာ တူညီမႈရွိေနေၾကာင္း တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အစည္းအေဝးအၿပီးတြင္ ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.