ပထမဦးဆုံးရင်သွေးလေးကို မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုလာတဲ့ မန်စီးတီးကစားသမား ဂျက်ဂရီးလစ်ရှ်တို့စုံတွဲ

 453

Pika (NP News) - ဇူလိုင် ၁၁

မန်စီးတီးအသင်းကစားသမား ဂျက်ဂရီးလစ်ရှ်နှင့်၎င်း၏ချစ်သူဖြစ်သူဆာရှာအတ်ဝုဒ်တို့က ၎င်းတို့သည် ပထမဦးဆုံးရင်သွေးလေးကို မျှော်လင့်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သော ဂျက်ဂရီးလစ်ရှ်တို့စုံတွဲသည် အဆိုပါသတင်းကို ၎င်းတို့ ၏ အင်စတာဂရမ်အကောင့်များတွင် မျှဝေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဘဝရဲ့ အကောင်းဆုံးကောင်းချီးတစ်ခု”ဆိုသည့်စာသားနှင့်အတူ ဆာရှာအတ်ဝုဒ်၏ ဗိုက်ပေါ်ကိုလက်တင်ကာ နောက်ကနေပွေ့ဖက်ထားသော ဓါတ်ပုံတစ်ပုံကို ဂျက်ဂရီးလစ်ရှ်က အင်စတာဂရမ်တွင် တင်ခဲ့ကြောင်းသိရသည်။ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းက အဆိုပါသတင်းကို တုံ့ပြန်သည့်အနေဖြင့် အသဲပုံနှစ်ခုမန့်ခဲ့ကြောင်းသိရသည်။ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက “ဂုဏ်ယူပါတယ်”ဆိုသည့်စာသားကိုမန့်ခဲ့ပြီး ဂျူ့ဒ်ဘယ်လင်ဟမ်က “ဂုဏ်ယူပါတယ် ညီအစ်ကို”ဆိုသည့်စာသားကို မန့်ခဲ့ကြောင်းသိရသည်။

ဆာရှာအတ်ဝုဒ်က "ကျွန်မရဲ့တစ်ဝက်၊ သူ့ရဲ့တစ်ဝက်၊ အကောင်းဆုံးကောင်းချီးတစ်ခုပဲ"ဆိုသည့်ခေါင်းစဉ်ဖြင့် ဂျက်ဂရီးလစ်ရှ်၏ပို့စ်ကို ပြန်လည်မျှဝေခဲ့ကြောင်းသိရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် West Midlands ကောင်တီ Solihull မြို့တွင် ကြီးပြင်းလာခဲ့သည့် ဆယ်ကျော် သက်အရွယ်တည်းက ဒိတ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ ဆာရှာအတ်ဝုဒ်သည် L'Oreal နှင့် Pretty Little Thing တို့အပါအဝင် အမှတ်တံဆိပ်အတော်များများနှင့် လက်တွဲလုပ်ကိုင်နေသည့် မော်ဒယ်တစ်ဦးဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
ပထမဦးဆုံးရင္ေသြးေလးကို ေမွ်ာ္လင့္ထားေၾကာင္း ထုတ္ေဖာ္ေျပာဆိုလာတဲ့ မန္စီးတီးကစားသမား ဂ်က္ဂရီးလစ္ရွ္တို႔စုံတြဲ
Pika (NP News) - ဇူလိုင္ ၁၁

မန္စီးတီးအသင္းကစားသမား ဂ်က္ဂရီးလစ္ရွ္ႏွင့္၎၏ခ်စ္သူျဖစ္သူဆာရွာအတ္ဝုဒ္တို႔က ၎တို႔သည္ ပထမဦးဆုံးရင္ေသြးေလးကို ေမွ်ာ္လင့္ထားေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေသာ ဂ်က္ဂရီးလစ္ရွ္တို႔စုံတြဲသည္ အဆိုပါသတင္းကို ၎တို႔ ၏ အင္စတာဂရမ္အေကာင့္မ်ားတြင္ မွ်ေဝခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

“ဘဝရဲ႕ အေကာင္းဆုံးေကာင္းခ်ီးတစ္ခု”ဆိုသည့္စာသားႏွင့္အတူ ဆာရွာအတ္ဝုဒ္၏ ဗိုက္ေပၚကိုလက္တင္ကာ ေနာက္ကေနေပြ႕ဖက္ထားေသာ ဓါတ္ပုံတစ္ပုံကို ဂ်က္ဂရီးလစ္ရွ္က အင္စတာဂရမ္တြင္ တင္ခဲ့ေၾကာင္းသိရသည္။ မန္စီးတီးအသင္းတိုက္စစ္မႉး ဟာလန္းက အဆိုပါသတင္းကို တုံ႔ျပန္သည့္အေနျဖင့္ အသဲပုံႏွစ္ခုမန႔္ခဲ့ေၾကာင္းသိရသည္။ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းက “ဂုဏ္ယူပါတယ္”ဆိုသည့္စာသားကိုမန႔္ခဲ့ၿပီး ဂ်ဴ႕ဒ္ဘယ္လင္ဟမ္က “ဂုဏ္ယူပါတယ္ ညီအစ္ကို”ဆိုသည့္စာသားကို မန႔္ခဲ့ေၾကာင္းသိရသည္။

ဆာရွာအတ္ဝုဒ္က "ကြၽန္မရဲ႕တစ္ဝက္၊ သူ႔ရဲ႕တစ္ဝက္၊ အေကာင္းဆုံးေကာင္းခ်ီးတစ္ခုပဲ"ဆိုသည့္ေခါင္းစဥ္ျဖင့္ ဂ်က္ဂရီးလစ္ရွ္၏ပို႔စ္ကို ျပန္လည္မွ်ေဝခဲ့ေၾကာင္းသိရသည္။ ၎တို႔ႏွစ္ဦးစလုံးသည္ West Midlands ေကာင္တီ Solihull ၿမိဳ႕တြင္ ႀကီးျပင္းလာခဲ့သည့္ ဆယ္ေက်ာ္ သက္အ႐ြယ္တည္းက ဒိတ္ခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။ ဆာရွာအတ္ဝုဒ္သည္ L'Oreal ႏွင့္ Pretty Little Thing တို႔အပါအဝင္ အမွတ္တံဆိပ္အေတာ္မ်ားမ်ားႏွင့္ လက္တြဲလုပ္ကိုင္ေနသည့္ ေမာ္ဒယ္တစ္ဦးျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.