တောင်ကိုရီးယားသရုပ်ဆောင် မင်းသမီးကြီး ကင်ဆိုမီ ကွယ်လွန်

 1300

ရောင်နီ (NP News) - အောက်တိုဘာ ၂၆

တောင်ကိုရီးယားသရုပ်ဆောင် မင်းသမီးကြီး ကင်ဆိုမီဟာ အသက် ၇၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါ တယ်။

တောင်ကိုရီးယားဆိုးလ်မြို့ရဲစခန်းက အောက်တိုဘာ ၂၅ ရက်၊ နံနက် ၈ နာရီမှာ သူမဟာ နှလုံးရပ်ပြီး ကွယ်လွန် သွားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သေဆုံးသွားခဲ့တယ် လို့ ဆိုပါတယ်။ ကင်ဆိုမီဟာ ပြီးခဲ့တဲ့ မေလကတည်းက ကျန်းမာရေးပြဿနာတွေ ရှိနေခဲ့တာဖြစ်ပြီး ဆေးရုံမပြတ်တက်နေရတာဖြစ်ပါတယ်။ မင်းသမီးကြီး ကင်ဆိုမီဟာ တောင်ကိုရီးယားရုပ်ရှင် ဒရာမာတွေမှာ မကြာခဏ ပါဝင်လေ့ရှိပြီး လူသိများတဲ့ မင်းတစ်လက်ဖြစ်ပါတယ်။

သူမဟာ "Mother's Touch" "Marrying the mafia" "The Last Empress" "Mr.Zoo" ဒရာမာ ဇာတ်လမ်းတွေနဲ့ နာမည်ကျော်ပါတယ်။ အနုပညာလောကထဲကို အသက်၂၁ နှစ်ကစ ဝင်ရောက်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၇၅ နှစ် ရှိပြီဖြစ်ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ မင္းသမီးႀကီး ကင္ဆိုမီ ကြယ္လြန္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၆

ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ မင္းသမီးႀကီး ကင္ဆိုမီဟာ အသက္ ၇၅ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါ တယ္။

ေတာင္ကိုရီးယားဆိုးလ္ၿမိဳ႕ရဲစခန္းက ေအာက္တိုဘာ ၂၅ ရက္၊ နံနက္ ၈ နာရီမွာ သူမဟာ ႏွလုံးရပ္ၿပီး ကြယ္လြန္ သြားခဲ့တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ေဆး႐ုံကို အျမန္ပို႔ေဆာင္ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ေသဆုံးသြားခဲ့တယ္ လို႔ ဆိုပါတယ္။ ကင္ဆိုမီဟာ ၿပီးခဲ့တဲ့ ေမလကတည္းက က်န္းမာေရးျပႆနာေတြ ရွိေနခဲ့တာျဖစ္ၿပီး ေဆး႐ုံမျပတ္တက္ေနရတာျဖစ္ပါတယ္။ မင္းသမီးႀကီး ကင္ဆိုမီဟာ ေတာင္ကိုရီးယား႐ုပ္ရွင္ ဒရာမာေတြမွာ မၾကာခဏ ပါဝင္ေလ့ရွိၿပီး လူသိမ်ားတဲ့ မင္းတစ္လက္ျဖစ္ပါတယ္။

သူမဟာ "Mother's Touch" "Marrying the mafia" "The Last Empress" "Mr.Zoo" ဒရာမာ ဇာတ္လမ္းေတြနဲ႔ နာမည္ေက်ာ္ပါတယ္။ အႏုပညာေလာကထဲကို အသက္၂၁ ႏွစ္ကစ ဝင္ေရာက္ခဲ့တာျဖစ္ၿပီး ကြယ္လြန္ခ်ိန္မွာေတာ့ အသက္ ၇၅ ႏွစ္ ရွိၿပီျဖစ္ပါတယ္။

Related news

© 2021. All rights reserved.