လူအများကြားစိုးရိမ်နေသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကုစရာဆေးရှိကာ ကာကွယ်ရေးနည်းလမ်းများကိုသိ‌သောကြောင့် ကပ်ရောဂါဖြစ်ရန် အခွင့်အရေးနည်းပါးဟုဆို

 1637

စော (NP News) - ဇူလိုင် ၁၁

လူအများကြားစိုးရိမ်နေသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကုစရာဆေးရှိကာ ကာကွယ်ရေးနည်းလမ်းများကို သိ‌သောကြောင့် ကပ်ရောဂါဖြစ်ရန် အခွင့်အရေးနည်း ပါးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာသန်းနိုင်စိုးက NP News ကိုပြောသည်။

ယခုနှစ် ဇူလိုင်လဆန်းပိုင်းမှစတင်ကာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို တွေ့မြင်လာရသည့်အတွက် လူအများကြား စိုးရိမ်မှုမြင့်တက်နေကာ တာဝန်ရှိသူများကလည်း အဆိုပါရောဂါနှင့်ပတ်သက်၍ သတိပေးခြင်း၊ ကြပ်မတ်စစ်ဆေးခြင်း၊ ကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း တွေ့မြင်ရသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားရာ မြို့နယ်၊ ရပ်ကွက်၊ နေအိမ်များသို့ ကွင်းဆင်း၍ လူနာတွေ့ရှိရာနေရာသို့ ဦးတည်ကာကွယ်ထိန်းချုပ်သည့်လုပ်ငန်းများ၊ ရောဂါပိုးထိန်းချုပ်ခြင်းနှင့် အနီးကပ်ထိတွေ့သူများအား Contact Treatment ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အနီးပတ်ဝန်းကျင်တွင် လူနာသစ်များရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ သောက်သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်ဆေးပြားများဝေခြင်း၊ အစားအစာသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “လူတွေရဲ့အသိပညာနဲ့ ကျန်းမာရေးဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားနိုင်ဖို့ ဒါကအရေးကြီးတာပေ့ါ။ ဒီခေတ်မှာ ကုစရာဆေးလည်းရှိနေတယ်။ ကာကွယ်ရေးနည်းလမ်းတွေကိုလည်း သိနေတယ်။ ဒါကြောင့်မို့ အရင်တုန်းကလို ကူးစက်မြန်ရောဂါကတော့ ကူးစက်တာ မြန်တဲ့ သဘောသဘာဝတော့ရှိတယ်။ ကပ်ရောဂါကြီးအသွင်ဖြစ်ဖို့ကတော့ အင်မတန်မှ ဒီခေတ်ဒီခါနဲ့က အခွင့်အလမ်းနည်းသွားပြီပေါ့”ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

ထို့ပြင် ပြည်သူလူထုအနေဖြင့်လည်း သန့်(၄)သန့်လုပ်ငန်းဖြစ်သည့် အစာသန့်ရန်၊ ရေသန့်ရန်၊ လက်သန့်ရန် နှင့် အိမ်သာသန့်ရန် အထူးသတိပြုရန်လိုအပ်ပြီး ရက်လွန်နေသော အစာ၊ အမှည့်လွန်သော အစားအစာ၊ ယင်နားစာများ၊ ဝမ်းနူးလွယ်သော အစားအစာများ မစားရန် လိုအပ်ကြောင်း အသိပေးပြောဆိုထားသည်။

zawgyi version
လူအမ်ားၾကားစိုးရိမ္ေနေသာ ျပင္းထန္ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါႏွင့္ပတ္သက္၍ ကုစရာေဆးရွိကာ ကာကြယ္ေရးနည္းလမ္းမ်ားကိုသိ‌ေသာေၾကာင့္ ကပ္ေရာဂါျဖစ္ရန္ အခြင့္အေရးနည္းပါး

ေစာ (NP News) - ဇူလိုင္ ၁၁

လူအမ်ားၾကားစိုးရိမ္ေနေသာ ျပင္းထန္ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါႏွင့္ပတ္သက္၍ ကုစရာေဆးရွိကာ ကာကြယ္ေရးနည္းလမ္းမ်ားကို သိ‌ေသာေၾကာင့္ ကပ္ေရာဂါျဖစ္ရန္ အခြင့္အေရးနည္း ပါးေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၊ ကုသေရးဦးစီးဌာနမွ ဌာနမႉး ေဒါက္တာသန္းႏိုင္စိုးက NP News ကိုေျပာသည္။

ယခုႏွစ္ ဇူလိုင္လဆန္းပိုင္းမွစတင္ကာ ျပင္းထန္ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါကို ေတြ႕ျမင္လာရသည့္အတြက္ လူအမ်ားၾကား စိုးရိမ္မႈျမင့္တက္ေနကာ တာဝန္ရွိသူမ်ားကလည္း အဆိုပါေရာဂါႏွင့္ပတ္သက္၍ သတိေပးျခင္း၊ ၾကပ္မတ္စစ္ေဆးျခင္း၊ ကုသျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးေနေၾကာင္း ေတြ႕ျမင္ရသည္။ က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ေရာဂါျဖစ္ပြားရာ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေနအိမ္မ်ားသို႔ ကြင္းဆင္း၍ လူနာေတြ႕ရွိရာေနရာသို႔ ဦးတည္ကာကြယ္ထိန္းခ်ဳပ္သည့္လုပ္ငန္းမ်ား၊ ေရာဂါပိုးထိန္းခ်ဳပ္ျခင္းႏွင့္ အနီးကပ္ထိေတြ႕သူမ်ားအား Contact Treatment ေပးျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ အနီးပတ္ဝန္းက်င္တြင္ လူနာသစ္မ်ားရွာေဖြျခင္း၊ က်န္းမာေရးအသိပညာေပးျခင္း၊ ေသာက္သုံးေရသန႔္ရွင္းေရးအတြက္ ကလိုရင္းေဆးခတ္ျခင္း၊ ေရသန႔္ေဆးျပားမ်ားေဝျခင္း၊ အစားအစာသန႔္ရွင္းေရးႏွင့္ ပတ္ဝန္းက်င္သန႔္ရွင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ “လူေတြရဲ႕အသိပညာနဲ႔ က်န္းမာေရးေဆး႐ုံ၊ ေဆးခန္းကို အျမန္ဆုံးသြားႏိုင္ဖို႔ ဒါကအေရးႀကီးတာေပ့ါ။ ဒီေခတ္မွာ ကုစရာေဆးလည္းရွိေနတယ္။ ကာကြယ္ေရးနည္းလမ္းေတြကိုလည္း သိေနတယ္။ ဒါေၾကာင့္မို႔ အရင္တုန္းကလို ကူးစက္ျမန္ေရာဂါကေတာ့ ကူးစက္တာ ျမန္တဲ့ သေဘာသဘာဝေတာ့ရွိတယ္။ ကပ္ေရာဂါႀကီးအသြင္ျဖစ္ဖို႔ကေတာ့ အင္မတန္မွ ဒီေခတ္ဒီခါနဲ႔က အခြင့္အလမ္းနည္းသြားၿပီေပါ့”ဟု ေဒါက္တာသန္းႏိုင္စိုးက ေျပာသည္။

ထို႔ျပင္ ျပည္သူလူထုအေနျဖင့္လည္း သန႔္(၄)သန႔္လုပ္ငန္းျဖစ္သည့္ အစာသန႔္ရန္၊ ေရသန႔္ရန္၊ လက္သန႔္ရန္ ႏွင့္ အိမ္သာသန႔္ရန္ အထူးသတိျပဳရန္လိုအပ္ၿပီး ရက္လြန္ေနေသာ အစာ၊ အမွည့္လြန္ေသာ အစားအစာ၊ ယင္နားစာမ်ား၊ ဝမ္းႏူးလြယ္ေသာ အစားအစာမ်ား မစားရန္ လိုအပ္ေၾကာင္း အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.