ဗီယက်နမ်မှာ အီး-စီးကရက် အဆိပ်သင့်မှုကြောင့် ဆေးရုံတက်ရသူ လူငယ်ဦးရေ တိုးလာ

 999

ရောင်နီ (NP News) - ဇူလိုင် ၁၂

ဗီယက်နမ်မှာ အီလက်ထရွန်းနစ်စီးကရက်သုံးစွဲမှုကြောင့် ဆေးရုံတက် ကုသမှုခံယူနေရတဲ့ လူငယ်အရေအတွက် သိသိသာသာတိုးလာခဲ့ပြီး ၎င်းတို့ထဲက အများစုဟာ ပြင်းထန်အဆိပ်သင့်နေကြတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်း၊ ဟနွိုင်း Bach Mai ဆေးရုံရှိ အဆိပ်ထိန်းချုပ်ရေးဌာနမှာ အီး-စီးကရက် အဆိပ်သင့်လူနာ ၁၀၀ ခန့် ကုသခဲ့ရတယ်လို့ ဆိုပါတယ်။ အီး-စီးကရက် အဆိပ်သင့်ခြင်းဟာ အသက်ရှု လမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှု၊ ကိုယ်တွင်းအင်္ဂါ အများအပြား ပျက်စီးမှု၊ ဦးနှောက်နဲ့ နှလုံးဒဏ်ရာနဲ့ ကျောက်ကပ် ဆိုင်ရာချို့ယွင်းမှုတို့ထိ ဖြစ်စေပါတယ်။

အဆိပ်ထိန်းချုပ်ရေးစင်တာမှ ဒါရိုက်တာ ဒေါက်တာ ငုယင်ထရန်ငုယင်ရ ပြောကြားချက်အရ ၂၀၂၄ ခုနှစ် ပထမ ခြောက်လအတွင်းမှာပဲ အီးစီးကရက် အဆိပ်သင့်မှု ၁၀၀ ခန့် ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေကထက် ဆေးရုံ တက်ရတဲ့အရေအတွက် များလာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက် အများစုဟာ အီးစီးကရက်မှာ နီကိုတင်းမပါဝင်တာကြောင့် အန္တရာယ်မရှိလို့ ယုံကြည်ကြပြီး သုံးစွဲနေကြခြင်းက ဒီလိုပြဿနာတွေဖြစ်စေတယ် လို့ ၎င်းက ဆိုပါတယ်။

ဒါကြောင့် ဗီယက်နမ်မှာ ကျွမ်းကျင်သူတွေက အီး-စီးကရက်နဲ့ အပူပေးထားတဲ့ ဆေးရွက်ကြီး ထွက်ကုန်များ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ကို အရေးပေါ် တားမြစ်ဖို့ အဆိုပြုထားပြီး အဆိုပါထုတ်ကုန် များ ကြော်ငြာခြင်းနဲ့ ရောင်းခြင်းတွေကိုလည်း တားမြစ်ထားပါတယ်။ ဒါ့အပြင် ဆေးလိပ်အန္တရာယ် ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအတွက် ဥပဒေသစ်ကိုလည်း ထည့်သွင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
ဗီယက္နမ္မွာ အီး-စီးကရက္ အဆိပ္သင့္မႈေၾကာင့္ ေဆး႐ုံတက္ရသူ လူငယ္ဦးေရ တိုးလာ
ေရာင္နီ (NP News) - ဇူလိုင္ ၁၂

ဗီယက္နမ္မွာ အီလက္ထ႐ြန္းနစ္စီးကရက္သုံးစြဲမႈေၾကာင့္ ေဆး႐ုံတက္ ကုသမႈခံယူေနရတဲ့ လူငယ္အေရအတြက္ သိသိသာသာတိုးလာခဲ့ၿပီး ၎တို႔ထဲက အမ်ားစုဟာ ျပင္းထန္အဆိပ္သင့္ေနၾကတယ္လို႔ သိရပါတယ္။

၂၀၂၄ ခုႏွစ္ ပထမေျခာက္လအတြင္း၊ ဟႏြိဳင္း Bach Mai ေဆး႐ုံရွိ အဆိပ္ထိန္းခ်ဳပ္ေရးဌာနမွာ အီး-စီးကရက္ အဆိပ္သင့္လူနာ ၁၀၀ ခန႔္ ကုသခဲ့ရတယ္လို႔ ဆိုပါတယ္။ အီး-စီးကရက္ အဆိပ္သင့္ျခင္းဟာ အသက္ရႈ လမ္းေၾကာင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈ၊ ကိုယ္တြင္းအဂၤါ အမ်ားအျပား ပ်က္စီးမႈ၊ ဦးေႏွာက္နဲ႔ ႏွလုံးဒဏ္ရာနဲ႔ ေက်ာက္ကပ္ ဆိုင္ရာခ်ိဳ႕ယြင္းမႈတို႔ထိ ျဖစ္ေစပါတယ္။

အဆိပ္ထိန္းခ်ဳပ္ေရးစင္တာမွ ဒါ႐ိုက္တာ ေဒါက္တာ ငုယင္ထရန္ငုယင္ရ ေျပာၾကားခ်က္အရ ၂၀၂၄ ခုႏွစ္ ပထမ ေျခာက္လအတြင္းမွာပဲ အီးစီးကရက္ အဆိပ္သင့္မႈ ၁၀၀ ခန႔္ ရွိခဲ့ၿပီး ၂၀၂၂ ခုႏွစ္နဲ႔ ၂၀၂၃ ခုႏွစ္ေတြကထက္ ေဆး႐ုံ တက္ရတဲ့အေရအတြက္ မ်ားလာတယ္လို႔ ဆိုပါတယ္။ အထူးသျဖင့္ ဆယ္ေက်ာ္သက္ အမ်ားစုဟာ အီးစီးကရက္မွာ နီကိုတင္းမပါဝင္တာေၾကာင့္ အႏၲရာယ္မရွိလို႔ ယုံၾကည္ၾကၿပီး သုံးစြဲေနၾကျခင္းက ဒီလိုျပႆနာေတြျဖစ္ေစတယ္ လို႔ ၎က ဆိုပါတယ္။

ဒါေၾကာင့္ ဗီယက္နမ္မွာ ကြၽမ္းက်င္သူေတြက အီး-စီးကရက္နဲ႔ အပူေပးထားတဲ့ ေဆး႐ြက္ႀကီး ထြက္ကုန္မ်ား တင္သြင္းျခင္း၊ ထုတ္လုပ္ျခင္း၊ ျဖန႔္ျဖဴးေရာင္းခ်ျခင္းတို႔ကို အေရးေပၚ တားျမစ္ဖို႔ အဆိုျပဳထားၿပီး အဆိုပါထုတ္ကုန္ မ်ား ေၾကာ္ျငာျခင္းနဲ႔ ေရာင္းျခင္းေတြကိုလည္း တားျမစ္ထားပါတယ္။ ဒါ့အျပင္ ေဆးလိပ္အႏၲရာယ္ ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးအတြက္ ဥပေဒသစ္ကိုလည္း ထည့္သြင္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.