ကိုယ်ဝန်ဆောင်နှင့်ဆီးချိုသွေးချိုရောဂါ (ကျန်းမာရေးဆောင်းပါး)

 212

ဒေါက်တာလွင်သန့် (NP News) - ဇူလိုင် ၁၂

ကိုယ်ဝန်ဆောင်ဆီးချိုသွေးချိုရောဂါဆိုတာ ဆေးရုံးဆေးခန်း၊ ဒေသန္တရဌာနဆီလာရောက်ပြသလို ကိုယ်ဝန်သည်တွေထဲမှာအရင်ကတည်းက ဆီးချိုသွေးချိုရောဂါရှိပြီးကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုသွေးချိုမြင့်တတ်တာခေါ်တယ်။ နောက်တစ်ခုက အရင်ကဆီးချိုသွေးချိုမရှိပဲ၊ ကိုယ်ဝန်ရှိတဲ့အခါရက်သတ္တပတ်(၂၄-၂၈)ပတ်ကြာမှ သွေးချိုဓာတ်တွေမြင့်တတ်တဲ့သွေးချိုဆီးချိုရောဂါတို့နှစ်မျိုးရှိတယ်။ ထူးခြားချက်ကတော့ ကလေးမွေးပြီးတဲ့အချိန်မှာမြင့်တတ်နေတဲ့ ဆီးချိုပမာဏပြန်ကျသွားတတ်ပါတယ်။ ဘာကြောင့်ဖြစ်ရသလဲဆိုရင်ကိုယ်ဝန်ဆောင်ချိန်မှာအချင်းဖြစ်လာပါတယ်။ အဆိုပါအချင်းက ထွက်တဲ့ဟော်မုန်းတစ်ခုရှိတယ်။ အဆိုပါဟော်မုန်းက သွေးချိုဓာတ်ကိုထိန်းပေးတဲ့ အင်ဆူလင်ကို ဆန့်ကျင်ပါတယ်။တုံ့ပြန်ပါတယ်။ တုံ့ပြန်မှုအားများပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်ချိန်မှာဆီးချိုသွေးချိုမြင့်တတ်လာရပါတယ်။

ဒါကလူတိုင်းဖြစ်လားတော့ လူတိုင်းမဖြစ်ပါဘူး။ ကိုယ်ဝန်ဆောင်(၇)ယောက်မှာ (၁) ယောက်က ကိုယ်ဝန်ဆောင်ဆီးချိုသွေးချိုဖြစ်နိုငိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာခြောက်ယောက်မှာတစ်ယောက်က သွေးချိုဓာတ်မြင့်တတ်နေချိန်ဆိုတာက အရင်ကတည်း က ဆီးချိုရှိပြီးသားလူပါလာတာကြောင့်ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုကို ဂရုမစိုက်ခင်၊ တစ်ချိန်မှာသည်လူတွေက ဆီးချိုသွေးချိုဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုကို ပထမအကြိုဆီးချိုရှိသူလိုမျိုး (risk factor) တစ်ခုအနေနဲ့သတ်မှတ်ထားပါတယ်။ အမျိုးအစား(၂) ဆီးချိုသွေးချိုဖြစ်ပွားနိုင်သူစာရင်းထဲမှာ ကိုယ်ဝန်ဆောင်ချိန်ဆီးချိုသွေးချိုတစ်ကြိမ်ဖြစ်ဖူးသူတွေ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါက အရေးကြီးပါတယ်။ အရင်ကဆီးချိုမရှိဘူး။ ကိုယ်ဝန်ဆောင်(၆)လလောက်မှာဆီးချိုရှိတာ သိလာပါတယ်။ ဘယ်လိုသိလဲဆိုရင် သည်အတိုင်းမသိနိုင်ဘူး။ ကိုယ်ဝန်ကိုသားဖွားမီးယပ်ဆရာဝန်နဲ့ပုံမှန်ပြသနေတယ်ဆိုရင် ကိုယ်ဝန်(၂၄)ပတ်ရောက်ရင် သွေးချိုဓာတ်ကို ကိုယ့်ဖာသာစစ်ဆေးရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရှိတတ်တယ်ဆိုတာသိစေချင်တယ်။ ဒါပေမဲ့ ဝေးလံတဲ့ဒေသမှာနေသူတွေက မွေးကားနီးမှ တစ်ပတ်နှစ်ပတ်အလိုမှရောက်လာတယ်။ အချို့ဆိုမွေးတော့မှ ဆေးရုံရောက်လာတယ်။ အဲဒီလိုရောက်လာတဲ့အချိန်သွေးဖောက်စစ်လိုက်တော့မှသွေးချိုတတ်နေတယ်။

အချို့ဆိုသွေးချိုတတ်နေတာကိုသိတောင်မသိကြလို့ ကလေးအသေမွေးတယ်။ မွေးရခက်တဲ့ကလေးဖွားတာတွေ့ရတတ်ပါတယ်။ သည်လိုလူတွေကိုပြန်ကြည့်လိုက်တဲ့အခါကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရှိခဲ့ဖူးတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကိုစောစောသိဖို့ဆိုရင် ကိုယ် ဝန်ဆောင်(၂၄)ပတ်မှာ ဆီးချိုဓာတ်ကိုမဖြစ်မနေစစ်ဆေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဆီးချိုကို စောစောစီးစီးစစ်ဆေးသင့်တဲ့သူတွေက(၁)မျိုးရိုးမှာဆီးချိုသွေးချိုရှိတာ၊(First Drgree relatives)လို့ခေါ်တဲ့အဖေ၊ အမေ၊ မောင်နှမဆီမှာဆီးချိုရှိခဲ့ရင် ကိုယ်ဝန်(၂၄)ပတ်မှာ (သို့မဟုတ်) ကိုယ်ဝန်(၂၄)ပတ်မရောက်ခင် ဆောလျင်စွာစစ်သင့်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်ကိုယ်အလေးချိန်ပေါင်(၁၅၀)အထက်ရှိသူတွေ၊ သွေးတိုးရောဂါရှိသူတွေ၊ အရင်ကိုယ်ဝန်မှာ ကိုးပေါင်အထက်ကလေးမွေးဖွားသူတွေ၊ ရှေးကကလေးထွားတယ်ဆိုပြီး သဘောကျခဲ့တယ်။ တကယ်တော့ဆီးချိုရှိမှန်းမသိရှာခဲ့ပါဘူး။

ဆီးချိုရှိမှန်းစောစောစီးစီးမစစ်ဆေးခဲ့ရင် မွေးလာမယ့်ကလေးငယ်များမွေးရာပါကိုယ်လက်အင်္ဂါအစိတ်အပိုင်းချို့တဲ့တာ၊ ကလေးကအထွားလွန်ပြီး ခွဲမွေးနိုင်တာ၊ နယ်မှာမွေးဖွားသူတွေက ခွဲမွေးဖို့မပြင်ဆင်ထားတာကြောင့် မွေးဖွားချိန်မှာခက်ခဲလို့ညှပ်ဆွဲမွေးရတဲ့အခါ၊ဒဏ်ရာအနာတရဖြစ်တာတွေကြုံရနိုင်ပါတယ်။ အချို့လည်းမွေးကာနီးတစ်ပတ်လောက်အလိုမှကလေးမလှုပ်တော့ဘူးဆိုတာမျိုးလည်းဖြစ်နိုင်ပါတယ်။ မွေးပြီးတဲ့အခါမှာလည်း တစ်ပတ်အတွင်းမှာ အသက်ဆုံးရှုံးတာမျိုးဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကသွေးချိုဆီးချိုရှိခဲ့တဲ့ ကလေးမျိုးကကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ပေါက်ဖွားနေတဲ့ကလေးဖြစ်တာကြောင့်တစ်ချိန်မှာ ဆီးချိုသွေးချိုဖြစ်ဖို့အလားအလာရှိပါတယ်။ ဒါက ကလေးမှာဖြစ်နိုင်တာပြောရတယ်။

ကိုယ်ဝန်ဆောင်မိခင်မှာ ဆီးချိုသွေးချိုရှိတာ၊ မသိခဲ့သူတွေက သွေးတိုးတယ်။ အရင်ကတည်းက သွေးတိုရောဂါရှိရင်လည်းရှိမယ်။ မရှိရင်လည်း ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးတာကြောင့် ကိုယ်ဝန်ဆိပ်တတ်တတ်ပါတယ်။ လေဖြတ်တာ၊ ကျောက်ကပ်ပျက်တာ၊ မျက်စိသွေးကြောပေါက်တာတွေဖြစ်တတ်ပါတယ်။ လေဖြတ်တာ၊ ကျောက်ကပ်ဖျက်တာ၊ မျက်စိသွေးကြောပေါက်တာတွေက ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆီချိုသွေးချိုရောဂါရှိခဲ့တာတွေ့ရပါတယ်။

ဆီးချိုသွေးချိုရှိနေမယ်ဆိုရင် ကိုယ်ဝန်ဆောင်မယ်ဆိုရင်အဆင်ပြေနိုင်လားဆိုတာ၊ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာမလုပ်ကြတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့သားဖွားမီးယပ်ဆရာဝန် (သို့မဟုတ်) ဆီချိုသွေးချိုကုဆရာဝန်ကို ကျွန်မကိုယ်ဝန်ဆောင်ဖို့အဆင့်ဖြစ်ပြီးလားဆိုတာ မေးရပါတယ်။ သည်လိုမေးတဲ့အခါ သွေးချိုပမာဏကို ပုံမှန်ဘယ်လောက်ရှိလဲဆိုတာ စစ်ဆေးပါတယ်။ စစ်ဆေးရာမှာ ဟေမိုဂလိုဘင်အေဝမ်းစီ(HbAIC) ရဲ့ ပမာဏ (၇)ရာခိုင်နှုန်းအောက်ရှိနေမှသာ ကိုယ်ဝန်ဆောင်နိုင်တယ်လို့၊နိုင်ငံတကာကသတ်မှတ်ထားပါတယ်။ အရင်ကတည်းက ဆီးချိုသွေးချိုရှိတဲ့သူဟာကိုယ်ဝန် ဆောင်တော့မယ်ဆိုရင် ကျောက်ကပ်ကောင်း၊ မကောင်းလည်း စစ်ဆေးဖို့လိုပါတယ်။ မျက်စိလည်းစစ်ဆေးရပါမယ်။ အမျိုးအစား(၂)‌ဆီးချိုသွေးချိုရောဂါရှိသူတွေ တစ်နှစ်တစ်ကြိမ်မျက်စိထဲက သွေးကြောတွေအခြေအနေကို စစ်ဆေးဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင်လည်း ထပ်မံစစ်ဆေးဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒါတွေကို မစစ်ဆေးထားရင်၊သွေးဖိအားအပြောင်းအလဲဖြစ်တာကြောင်းကျောက်ကပ်ပျက်တာ၊မျက်စိလွယ်တာတွေဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ရှိပြီးဆိုတာသိတာနဲ့ဆရာဝန်အမြန်ဆုံးပြသပြီး၊ထိန်းသိမ်းမှုတွေလုပ်ဖို့လိုပါတယ်။ သည်လိုမှမဟုတ်ရင်မိခင်မှာ စိတ်ထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။

လူတိုင်းက ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့စစ်သင့်ပါတယ်။ ဆေးရုံဆေးခန်း၊ သားဖွားမီးယပ်အထူးကုဆီရောက်လာတဲ့ကိုယ်ဝန်ဆောင်တွေကို သွေးချိုဆီးချိုစစ်ဆေးသင့်ပါတယ်။ကိုယ်ပိုင်ဆီးချိုတိုင်းစက်(Glucometor)ရှိသူတွေ တစ်နေ့နှစ်ခါစစ်တယ်။ ကိုယ်ဝန်ဆောင်ဒုတိယပတ်မှာ ဆီးချိုသွေးချိုဖြစ်လို့ ဆရာဝန်၊ ဆရာမတို့ဆီရောက်လာသူတွေကို စောစောမစစ်ဘူးလားမေးရင် ကိုယ်ဝန်ရှိစက စစ်တယ်လို့ဖြေကြပါတယ်။ ဒါတွေကနယ်မြို့မှာနေတဲ့သူတွေ၊မသိကြပါဘူး။ကိုယ်ဝန်ဆောင်ဆီးချိုစစ်ချင်ရင်၊လက်ထိပ်လေးဖောက်စစ်ရုံနဲ့မရပါဘူး။ကိုယ်ဝန်ဆောင်ဆီးချိုကိုစစ်ချင်ရင်(၇၅)ဂရမ်ရှိတဲ့ ဂလူးတို့စ်ကိုရေ(၂၀၀)စီစီထဲထည့်ဖျော်တိုက်ရပါတယ်။မတိုက်ခင်သွေးတွင်းသကြားဓာတ်ကိုတစ်ခါစစ်မယ်။ တိုက်ပြီးတစ်ခါစစ်မယ်။အနည်းဆုံးနှစ်ကြိမ်တော့စစ်ရပါမယ်။ အဆိုပါအဖြေကိုကြည့်ပြီးမှကိုယ်ဝန်ဆောင်ဆီးချိုရှိ၊မရှိသတ်မှတ်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဟာကုသနိုင်ပြီး သကြားဓာတ်လုံလောက်စွာထိန်းသိမ်းခြင်းကနေဖော်ပြခဲ့တဲ့ကလေးထွားခြင်းစတဲ့အခြေအနေများမဖြစ်ပေါ်အောင် ဟန့်ထားနိုင်မယ်လို့ယူဆဖွယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုဟာ ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးချိန်နောက် ပိုင်းမှာ ဆီးချိုအမျိုးအစား(၂)ဖြစ်လို့အခွင့်အလမ်းများပါတယ်။ ဆီးချိုရှင်မိခင်တွေကမွေးဖွားတဲ့ကလေးတွေမှာလည်းအဝလွန်ခြင်းနဲ့ဆီးချို(၂)ရောဂါဖြစ်နိုင်ခြေများပြားပါတယ်။

ယခင်ကိုယ်ဝန်ဆောင်ကာလတွေမှာ ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးခြင်း(သို့)သွေးအတွင်းသကြားဓာတ်ပမာဏပုံစံတကျမရှိခြင်း၊ ဆွေမျိုးရင်ခြားထဲမှာဆီးချို(၂)ဖြစ်ဖူးခြင်း၊ သက်ကြီးကိုယ်ဝန်ဆောင်ခြင်း(၃၅)နှစ်နဲ့အထက်ကိုယ်ဝန်ဆောင်ခြင်းတို့မှာ အတွေ့ရမှာပါတယ်။ လူမျိုးထဲမှာ အဖေရိကန်အမေရိကန်များ၊ အာဖရိကကာရေဘီယန်များအမေရိကန်များ၊ပစိဖိတ်ကျွန်းသားများနဲ့အိန္ဒိယနွယ်လူမျိုးများဖြစ်ပါတယ်။ ကိုယ်အလေးချိန်များသူများ၊ အဝလွန်သူများ၊ ယခင်ကိုယ်ဝန်မှာကလေးထွားခြင်း(၉)ပေါင်နီးနီးရှိသူများ၊ ယခင်ကိုယ်ဝန်မှာပုံမမှန်ခြင်းတစ်ခုခုဖြစ်ဖူးခြင်း၊ အဆိုပါအချက်များအပြင် ဆေးလိပ်သောက်သူများမှာဖြစ်နိုင်ချေ (၂)ဆများတယ်လို့လည်းသိရပါတယ်။ (၄၀-၆၀%)ရှိတဲ့ ကိုယ်ဝန်ဆောင်ဆီးချိုတွေမှာ တင်ပြခဲ့တဲ့ဖြစ်နိုင်ခြေတွေကို ရှာမတွေ့ပါဘူး။ ဒါကြောင့်ကိုယ်ဝန်ဆောင်အမျိုးသမီးအားလုံးကို ဆီးချိုစစ်ဆေးဖို့လိုပါတယ်။

ပုံမှန်အနေနဲ့ကိုယ်ဝန်ဆောင်ဆီးချိုသည်တွေဟာ ဘယ်လိုရောဂါလက္ခဏာမှစပြလေ့မရှိပါဘူး။ အချို့မှာ ရေငတ်ခြင်း၊ ဆီးသွားခြင်း၊ နုံးခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဆီးအိမ်အတွင်းပိုးဝင်ခြင်းနဲ့အမြင်အာရုံဝေဝါးခြင်းတို့ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးလဲများပါတယ်။ကလေးမှာကြီးထွားမှုနဲ့ဓာတုဆိုင်ရာပုံမှန်ခြင်းဖြစ်နိုင်တယ်။ ဗိုက်ခွဲမွေးခြင်းများလုပ်နိုင်ပါတယ်။ ကလေးထွားခြင်းက သာမန်ကိုယ်ဝန်ဆောင်ထက်(၁၂%)ပိုများတတ်ပါတယ်။မွေးကင်းစကလေးမှာ သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း၊ အသားဝါခြင်း၊‌ သွေးနီးဥများခြင်း၊ ကယ်စီယမ်နည်းခြင်း၊ မဂ္ဂနီစီယမ်နည်းခြင်း၊ အသက်ရှူကြပ်ခြင်းဖြစ်နိုင်တယ်။။

zawgyi version
ကိုယ္ဝန္ေဆာင္ႏွင့္ဆီးခ်ိဳေသြးခ်ိဳေရာဂါ (က်န္းမာေရး ေဆာင္းပါး)
ေဒါက္တာလြင္သန႔္ (NP News) - ဇူလိုင္ ၁၂

ကိုယ္ဝန္ေဆာင္ဆီးခ်ိဳေသြးခ်ိဳေရာဂါဆိုတာ ေဆး႐ုံးေဆးခန္း၊ ေဒသႏၲရဌာနဆီလာေရာက္ျပသလို ကိုယ္ဝန္သည္ေတြထဲမွာအရင္ကတည္းက ဆီးခ်ိဳေသြးခ်ိဳေရာဂါရွိၿပီးကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဆီးခ်ိဳေသြးခ်ိဳျမင့္တတ္တာေခၚတယ္။ ေနာက္တစ္ခုက အရင္ကဆီးခ်ိဳေသြးခ်ိဳမရွိပဲ၊ ကိုယ္ဝန္ရွိတဲ့အခါရက္သတၱပတ္(၂၄-၂၈)ပတ္ၾကာမွ ေသြးခ်ိဳဓာတ္ေတြျမင့္တတ္တဲ့ေသြးခ်ိဳဆီးခ်ိဳေရာဂါတို႔ႏွစ္မ်ိဳးရွိတယ္။ ထူးျခားခ်က္ကေတာ့ ကေလးေမြးၿပီးတဲ့အခ်ိန္မွာျမင့္တတ္ေနတဲ့ ဆီးခ်ိဳပမာဏျပန္က်သြားတတ္ပါတယ္။ ဘာေၾကာင့္ျဖစ္ရသလဲဆိုရင္ကိုယ္ဝန္ေဆာင္ခ်ိန္မွာအခ်င္းျဖစ္လာပါတယ္။ အဆိုပါအခ်င္းက ထြက္တဲ့ေဟာ္မုန္းတစ္ခုရွိတယ္။ အဆိုပါေဟာ္မုန္းက ေသြးခ်ိဳဓာတ္ကိုထိန္းေပးတဲ့ အင္ဆူလင္ကို ဆန႔္က်င္ပါတယ္။တုံ႔ျပန္ပါတယ္။ တုံ႔ျပန္မႈအားမ်ားပါတယ္။ ဒါေၾကာင့္ကိုယ္ဝန္ေဆာင္ခ်ိန္မွာဆီးခ်ိဳေသြးခ်ိဳျမင့္တတ္လာရပါတယ္။

ဒါကလူတိုင္းျဖစ္လားေတာ့ လူတိုင္းမျဖစ္ပါဘူး။ ကိုယ္ဝန္ေဆာင္(၇)ေယာက္မွာ (၁) ေယာက္က ကိုယ္ဝန္ေဆာင္ဆီးခ်ိဳေသြးခ်ိဳျဖစ္ႏိုငိပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္းမွာေျခာက္ေယာက္မွာတစ္ေယာက္က ေသြးခ်ိဳဓာတ္ျမင့္တတ္ေနခ်ိန္ဆိုတာက အရင္ကတည္း က ဆီးခ်ိဳရွိၿပီးသားလူပါလာတာေၾကာင့္ျဖစ္ပါတယ္။

ကိုယ္ဝန္ေဆာင္ဆီးခ်ိဳကို ဂ႐ုမစိုက္ခင္၊ တစ္ခ်ိန္မွာသည္လူေတြက ဆီးခ်ိဳေသြးခ်ိဳျဖစ္လာႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ဆီးခ်ိဳကို ပထမအႀကိဳဆီးခ်ိဳရွိသူလိုမ်ိဳး (risk factor) တစ္ခုအေနနဲ႔သတ္မွတ္ထားပါတယ္။ အမ်ိဳးအစား(၂) ဆီးခ်ိဳေသြးခ်ိဳျဖစ္ပြားႏိုင္သူစာရင္းထဲမွာ ကိုယ္ဝန္ေဆာင္ခ်ိန္ဆီးခ်ိဳေသြးခ်ိဳတစ္ႀကိမ္ျဖစ္ဖူးသူေတြ ပါဝင္ပါတယ္။ ကိုယ္ဝန္ေဆာင္ဆီးခ်ိဳေရာဂါက အေရးႀကီးပါတယ္။ အရင္ကဆီးခ်ိဳမရွိဘူး။ ကိုယ္ဝန္ေဆာင္(၆)လေလာက္မွာဆီးခ်ိဳရွိတာ သိလာပါတယ္။ ဘယ္လိုသိလဲဆိုရင္ သည္အတိုင္းမသိႏိုင္ဘူး။ ကိုယ္ဝန္ကိုသားဖြားမီးယပ္ဆရာဝန္နဲ႔ပုံမွန္ျပသေနတယ္ဆိုရင္ ကိုယ္ဝန္(၂၄)ပတ္ေရာက္ရင္ ေသြးခ်ိဳဓာတ္ကို ကိုယ့္ဖာသာစစ္ေဆးရပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဆီးခ်ိဳရွိတတ္တယ္ဆိုတာသိေစခ်င္တယ္။ ဒါေပမဲ့ ေဝးလံတဲ့ေဒသမွာေနသူေတြက ေမြးကားနီးမွ တစ္ပတ္ႏွစ္ပတ္အလိုမွေရာက္လာတယ္။ အခ်ိဳ႕ဆိုေမြးေတာ့မွ ေဆး႐ုံေရာက္လာတယ္။ အဲဒီလိုေရာက္လာတဲ့အခ်ိန္ေသြးေဖာက္စစ္လိုက္ေတာ့မွေသြးခ်ိဳတတ္ေနတယ္။

အခ်ိဳ႕ဆိုေသြးခ်ိဳတတ္ေနတာကိုသိေတာင္မသိၾကလို႔ ကေလးအေသေမြးတယ္။ ေမြးရခက္တဲ့ကေလးဖြားတာေတြ႕ရတတ္ပါတယ္။ သည္လိုလူေတြကိုျပန္ၾကည့္လိုက္တဲ့အခါကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဆီးခ်ိဳရွိခဲ့ဖူးတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ဒါကိုေစာေစာသိဖို႔ဆိုရင္ ကိုယ္ ဝန္ေဆာင္(၂၄)ပတ္မွာ ဆီးခ်ိဳဓာတ္ကိုမျဖစ္မေနစစ္ေဆးသင့္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာဆီးခ်ိဳကို ေစာေစာစီးစီးစစ္ေဆးသင့္တဲ့သူေတြက(၁)မ်ိဳး႐ိုးမွာဆီးခ်ိဳေသြးခ်ိဳရွိတာ၊(First Drgree relatives)လို႔ေခၚတဲ့အေဖ၊ အေမ၊ ေမာင္ႏွမဆီမွာဆီးခ်ိဳရွိခဲ့ရင္ ကိုယ္ဝန္(၂၄)ပတ္မွာ (သို႔မဟုတ္) ကိုယ္ဝန္(၂၄)ပတ္မေရာက္ခင္ ေဆာလ်င္စြာစစ္သင့္ပါတယ္။ ကိုယ္ဝန္မေဆာင္ခင္ကိုယ္အေလးခ်ိန္ေပါင္(၁၅၀)အထက္ရွိသူေတြ၊ ေသြးတိုးေရာဂါရွိသူေတြ၊ အရင္ကိုယ္ဝန္မွာ ကိုးေပါင္အထက္ကေလးေမြးဖြားသူေတြ၊ ေရွးကကေလးထြားတယ္ဆိုၿပီး သေဘာက်ခဲ့တယ္။ တကယ္ေတာ့ဆီးခ်ိဳရွိမွန္းမသိရွာခဲ့ပါဘူး။

ဆီးခ်ိဳရွိမွန္းေစာေစာစီးစီးမစစ္ေဆးခဲ့ရင္ ေမြးလာမယ့္ကေလးငယ္မ်ားေမြးရာပါကိုယ္လက္အဂၤါအစိတ္အပိုင္းခ်ိဳ႕တဲ့တာ၊ ကေလးကအထြားလြန္ၿပီး ခြဲေမြးႏိုင္တာ၊ နယ္မွာေမြးဖြားသူေတြက ခြဲေမြးဖို႔မျပင္ဆင္ထားတာေၾကာင့္ ေမြးဖြားခ်ိန္မွာခက္ခဲလို႔ညႇပ္ဆြဲေမြးရတဲ့အခါ၊ဒဏ္ရာအနာတရျဖစ္တာေတြႀကဳံရႏိုင္ပါတယ္။ အခ်ိဳ႕လည္းေမြးကာနီးတစ္ပတ္ေလာက္အလိုမွကေလးမလႈပ္ေတာ့ဘူးဆိုတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။ ေမြးၿပီးတဲ့အခါမွာလည္း တစ္ပတ္အတြင္းမွာ အသက္ဆုံးရႈံးတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မိခင္ကေသြးခ်ိဳဆီးခ်ိဳရွိခဲ့တဲ့ ကေလးမ်ိဳးကကိုယ္ဝန္ေဆာင္တဲ့အခ်ိန္မွာ ေပါက္ဖြားေနတဲ့ကေလးျဖစ္တာေၾကာင့္တစ္ခ်ိန္မွာ ဆီးခ်ိဳေသြးခ်ိဳျဖစ္ဖို႔အလားအလာရွိပါတယ္။ ဒါက ကေလးမွာျဖစ္ႏိုင္တာေျပာရတယ္။

ကိုယ္ဝန္ေဆာင္မိခင္မွာ ဆီးခ်ိဳေသြးခ်ိဳရွိတာ၊ မသိခဲ့သူေတြက ေသြးတိုးတယ္။ အရင္ကတည္းက ေသြးတိုေရာဂါရွိရင္လည္းရွိမယ္။ မရွိရင္လည္း ကိုယ္ဝန္ေဆာင္ခ်ိန္မွာေသြးတိုးတာေၾကာင့္ ကိုယ္ဝန္ဆိပ္တတ္တတ္ပါတယ္။ ေလျဖတ္တာ၊ ေက်ာက္ကပ္ပ်က္တာ၊ မ်က္စိေသြးေၾကာေပါက္တာေတြျဖစ္တတ္ပါတယ္။ ေလျဖတ္တာ၊ ေက်ာက္ကပ္ဖ်က္တာ၊ မ်က္စိေသြးေၾကာေပါက္တာေတြက ကိုယ္ဝန္မေဆာင္ခင္ကတည္းက ဆီခ်ိဳေသြးခ်ိဳေရာဂါရွိခဲ့တာေတြ႕ရပါတယ္။

ဆီးခ်ိဳေသြးခ်ိဳရွိေနမယ္ဆိုရင္ ကိုယ္ဝန္ေဆာင္မယ္ဆိုရင္အဆင္ေျပႏိုင္လားဆိုတာ၊ဆရာဝန္နဲ႔တိုင္ပင္သင့္ပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာမလုပ္ၾကတဲ့ အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။ ကိုယ့္ရဲ႕သားဖြားမီးယပ္ဆရာဝန္ (သို႔မဟုတ္) ဆီခ်ိဳေသြးခ်ိဳကုဆရာဝန္ကို ကြၽန္မကိုယ္ဝန္ေဆာင္ဖို႔အဆင့္ျဖစ္ၿပီးလားဆိုတာ ေမးရပါတယ္။ သည္လိုေမးတဲ့အခါ ေသြးခ်ိဳပမာဏကို ပုံမွန္ဘယ္ေလာက္ရွိလဲဆိုတာ စစ္ေဆးပါတယ္။ စစ္ေဆးရာမွာ ေဟမိုဂလိုဘင္ေအဝမ္းစီ(HbAIC) ရဲ႕ ပမာဏ (၇)ရာခိုင္ႏႈန္းေအာက္ရွိေနမွသာ ကိုယ္ဝန္ေဆာင္ႏိုင္တယ္လို႔၊ႏိုင္ငံတကာကသတ္မွတ္ထားပါတယ္။ အရင္ကတည္းက ဆီးခ်ိဳေသြးခ်ိဳရွိတဲ့သူဟာကိုယ္ဝန္ ေဆာင္ေတာ့မယ္ဆိုရင္ ေက်ာက္ကပ္ေကာင္း၊ မေကာင္းလည္း စစ္ေဆးဖို႔လိုပါတယ္။ မ်က္စိလည္းစစ္ေဆးရပါမယ္။ အမ်ိဳးအစား(၂)‌ဆီးခ်ိဳေသြးခ်ိဳေရာဂါရွိသူေတြ တစ္ႏွစ္တစ္ႀကိမ္မ်က္စိထဲက ေသြးေၾကာေတြအေျခအေနကို စစ္ေဆးဖို႔လိုပါတယ္။ ကိုယ္ဝန္ေဆာင္ေတာ့မယ္ဆိုရင္လည္း ထပ္မံစစ္ေဆးဖို႔လိုပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဒါေတြကို မစစ္ေဆးထားရင္၊ေသြးဖိအားအေျပာင္းအလဲျဖစ္တာေၾကာင္းေက်ာက္ကပ္ပ်က္တာ၊မ်က္စိလြယ္တာေတြျဖစ္တတ္ပါတယ္။ ကိုယ္ဝန္ရွိၿပီးဆိုတာသိတာနဲ႔ဆရာဝန္အျမန္ဆုံးျပသၿပီး၊ထိန္းသိမ္းမႈေတြလုပ္ဖို႔လိုပါတယ္။ သည္လိုမွမဟုတ္ရင္မိခင္မွာ စိတ္ထိခိုက္မႈေတြျဖစ္ႏိုင္ပါတယ္။

လူတိုင္းက ကိုယ္ဝန္ေဆာင္ၿပီဆိုတာနဲ႔စစ္သင့္ပါတယ္။ ေဆး႐ုံေဆးခန္း၊ သားဖြားမီးယပ္အထူးကုဆီေရာက္လာတဲ့ကိုယ္ဝန္ေဆာင္ေတြကို ေသြးခ်ိဳဆီးခ်ိဳစစ္ေဆးသင့္ပါတယ္။ကိုယ္ပိုင္ဆီးခ်ိဳတိုင္းစက္(Glucometor)ရွိသူေတြ တစ္ေန႔ႏွစ္ခါစစ္တယ္။ ကိုယ္ဝန္ေဆာင္ဒုတိယပတ္မွာ ဆီးခ်ိဳေသြးခ်ိဳျဖစ္လို႔ ဆရာဝန္၊ ဆရာမတို႔ဆီေရာက္လာသူေတြကို ေစာေစာမစစ္ဘူးလားေမးရင္ ကိုယ္ဝန္ရွိစက စစ္တယ္လို႔ေျဖၾကပါတယ္။ ဒါေတြကနယ္ၿမိဳ႕မွာေနတဲ့သူေတြ၊မသိၾကပါဘူး။ကိုယ္ဝန္ေဆာင္ဆီးခ်ိဳစစ္ခ်င္ရင္၊လက္ထိပ္ေလးေဖာက္စစ္႐ုံနဲ႔မရပါဘူး။ကိုယ္ဝန္ေဆာင္ဆီးခ်ိဳကိုစစ္ခ်င္ရင္(၇၅)ဂရမ္ရွိတဲ့ ဂလူးတို႔စ္ကိုေရ(၂၀၀)စီစီထဲထည့္ေဖ်ာ္တိုက္ရပါတယ္။မတိုက္ခင္ေသြးတြင္းသၾကားဓာတ္ကိုတစ္ခါစစ္မယ္။ တိုက္ၿပီးတစ္ခါစစ္မယ္။အနည္းဆုံးႏွစ္ႀကိမ္ေတာ့စစ္ရပါမယ္။ အဆိုပါအေျဖကိုၾကည့္ၿပီးမွကိုယ္ဝန္ေဆာင္ဆီးခ်ိဳရွိ၊မရွိသတ္မွတ္ပါတယ္။

ကိုယ္ဝန္ေဆာင္ဆီးခ်ိဳေရာဂါဟာကုသႏိုင္ၿပီး သၾကားဓာတ္လုံေလာက္စြာထိန္းသိမ္းျခင္းကေနေဖာ္ျပခဲ့တဲ့ကေလးထြားျခင္းစတဲ့အေျခအေနမ်ားမျဖစ္ေပၚေအာင္ ဟန႔္ထားႏိုင္မယ္လို႔ယူဆဖြယ္ရွိပါတယ္။ ကိုယ္ဝန္ေဆာင္ဆီးခ်ိဳဟာ ကိုယ္ဝန္ေဆာင္ကာလ ၿပီးဆုံးခ်ိန္ေနာက္ ပိုင္းမွာ ဆီးခ်ိဳအမ်ိဳးအစား(၂)ျဖစ္လို႔အခြင့္အလမ္းမ်ားပါတယ္။ ဆီးခ်ိဳရွင္မိခင္ေတြကေမြးဖြားတဲ့ကေလးေတြမွာလည္းအဝလြန္ျခင္းနဲ႔ဆီးခ်ိဳ(၂)ေရာဂါျဖစ္ႏိုင္ေျခမ်ားျပားပါတယ္။

ယခင္ကိုယ္ဝန္ေဆာင္ကာလေတြမွာ ကိုယ္ဝန္ေဆာင္ဆီးခ်ိဳျဖစ္ဖူးျခင္း(သို႔)ေသြးအတြင္းသၾကားဓာတ္ပမာဏပုံစံတက်မရွိျခင္း၊ ေဆြမ်ိဳးရင္ျခားထဲမွာဆီးခ်ိဳ(၂)ျဖစ္ဖူးျခင္း၊ သက္ႀကီးကိုယ္ဝန္ေဆာင္ျခင္း(၃၅)ႏွစ္နဲ႔အထက္ကိုယ္ဝန္ေဆာင္ျခင္းတို႔မွာ အေတြ႕ရမွာပါတယ္။ လူမ်ိဳးထဲမွာ အေဖရိကန္အေမရိကန္မ်ား၊ အာဖရိကကာေရဘီယန္မ်ားအေမရိကန္မ်ား၊ပစိဖိတ္ကြၽန္းသားမ်ားနဲ႔အိႏၵိယႏြယ္လူမ်ိဳးမ်ားျဖစ္ပါတယ္။ ကိုယ္အေလးခ်ိန္မ်ားသူမ်ား၊ အဝလြန္သူမ်ား၊ ယခင္ကိုယ္ဝန္မွာကေလးထြားျခင္း(၉)ေပါင္နီးနီးရွိသူမ်ား၊ ယခင္ကိုယ္ဝန္မွာပုံမမွန္ျခင္းတစ္ခုခုျဖစ္ဖူးျခင္း၊ အဆိုပါအခ်က္မ်ားအျပင္ ေဆးလိပ္ေသာက္သူမ်ားမွာျဖစ္ႏိုင္ေခ် (၂)ဆမ်ားတယ္လို႔လည္းသိရပါတယ္။ (၄၀-၆၀%)ရွိတဲ့ ကိုယ္ဝန္ေဆာင္ဆီးခ်ိဳေတြမွာ တင္ျပခဲ့တဲ့ျဖစ္ႏိုင္ေျခေတြကို ရွာမေတြ႕ပါဘူး။ ဒါေၾကာင့္ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးအားလုံးကို ဆီးခ်ိဳစစ္ေဆးဖို႔လိုပါတယ္။

ပုံမွန္အေနနဲ႔ကိုယ္ဝန္ေဆာင္ဆီးခ်ိဳသည္ေတြဟာ ဘယ္လိုေရာဂါလကၡဏာမွစျပေလ့မရွိပါဘူး။ အခ်ိဳ႕မွာ ေရငတ္ျခင္း၊ ဆီးသြားျခင္း၊ ႏုံးျခင္း၊ ပ်ိဳ႕ျခင္း၊ အန္ျခင္း၊ ဆီးအိမ္အတြင္းပိုးဝင္ျခင္းနဲ႔အျမင္အာ႐ုံေဝဝါးျခင္းတို႔ျဖစ္တတ္ပါတယ္။ ေနာက္ဆက္တြဲဆိုးက်ိဳးလဲမ်ားပါတယ္။ကေလးမွာႀကီးထြားမႈနဲ႔ဓာတုဆိုင္ရာပုံမွန္ျခင္းျဖစ္ႏိုင္တယ္။ ဗိုက္ခြဲေမြးျခင္းမ်ားလုပ္ႏိုင္ပါတယ္။ ကေလးထြားျခင္းက သာမန္ကိုယ္ဝန္ေဆာင္ထက္(၁၂%)ပိုမ်ားတတ္ပါတယ္။ေမြးကင္းစကေလးမွာ ေသြးတြင္းသၾကားဓာတ္က်ဆင္းျခင္း၊ အသားဝါျခင္း၊‌ ေသြးနီးဥမ်ားျခင္း၊ ကယ္စီယမ္နည္းျခင္း၊ မဂၢနီစီယမ္နည္းျခင္း၊ အသက္ရႉၾကပ္ျခင္းျဖစ္ႏိုင္တယ္။။

Related news

© 2021. All rights reserved.