ကမ္ဘာ့အကြီးဆုံး စီးပွားရေးမြို့တော်(သို့မဟုတ်)အမေရိကန်၏ လူဦးရေ အများဆုံးမြို့ နယူးယောက်အကြောင်း

 786

Pika (NP News) - ဇူလိုင် ၁၃

နယူးယောက်ပြည်နယ် တောင်ဘက်စွန်းတွင် တည်ရှိသော နယူးယောက်မြို့သည် အမေရိ ကန်နိုင်ငံတွင် လူဦးရေအများဆုံးမြို့တစ်မြို့ဖြစ်သကဲ့သို့ ကမ္ဘာ့အကြီးဆုံးစီးပွားရေးမြို့တော်လည်းဖြစ် သည်။ ခရိုင်(၅)ခုဖြင့်ဖွဲ့စည်းထားသော နယူးယောက်မြို့သည် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးနှင့် ကူးသန်း ရောင်းဝယ်ရေး၊ ယဉ်ကျေးမှုနှင့်နည်းပညာ ၊ ဖျော်ဖြေရေးနှင့် မီဒီယာများ၊ ပညာရှင်များ နှင့် သိပ္ပံပညာ ဆိုင်ရာထုတ်ကုန်များ၊ အနုပညာနှင့် ဖက်ရှင်များအပြင် ကုလသမဂ္ဂရုံးချုပ်တည်ရှိရာ နေရာဖြစ်ပြီး နိုင်ငံတကာ သံတမန်ရေးအတွက် အရေးကြီးသောမြို့တစ်လည်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ခန့်မှန်းခြေ လူဦးရေ (၈ ဒသမ ၂)သန်း ကျော်ရှိပြီး အကျယ်အဝန်း (၃၀ဝ ဒသမ ၄၆) စတုရန်း မိုင်ကျယ်ဝန်းသော နယူးယောက်မြို့သည် အမေရိကန်နိုင်ငံတွင် လူဦးရေ အထူထပ်ဆုံးမြို့ တစ်မြို့လည်းဖြစ်သည်။ နယူး ယောက်မြို့သည် နိုင်ငံ၏ ဒုတိယလူဦးရေအများဆုံးမြို့ဖြစ်သည့် လော့စ်အိန်ဂျလီမြို့၏ လူဦးရေထက် နှစ်ဆကျော်ရှိကြောင်းလည်းသိရသည်။ နယူးယောက်မြို့တွင် ဘာသာစကားပေါင်း(၈၀ဝ)ကျော်ကို ပြောဆိုနေကြပြီး ကမ္ဘာပေါ်တွင်ဘာသာ စကားအမျိုးစုံဆုံး အသုံးပြုသောမြို့တစ်မြို့လည်းဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် နယူးယောက်မြို့၌ နိုင်ငံခြားသား (၃ ဒသမ ၁)သန်းနီးပါးနေထိုင်ကြပြီး ကမ္ဘာပေါ်တွင် နိုင်ငံခြားသား အများဆုံးနေထိုင်သည့် မြို့တစ်မြို့ ဖြစ်လာခဲ့ကြောင်းလည်းသိရသည်။ နယူးယောက်မြို့သည် Fort Amsterdam ခံတပ်၏ မူလဇာစ်မြစ် ဖြစ်ပြီး ၁၆၂၄ ခုနှစ်ဝန်းကျင်တွင် ဒတ်ချ်ကိုလိုနီနယ်ချဲ့များက မန်ဟက်တန်ကျွန်းပေါ်တွင် တည်ထောင်ခဲ့သော ကုန်သွယ်ရေးစခန်း တစ်ခု ဖြစ်သည်။ ၁၆၂၆ ခုနှစ်တွင် အဆိုပါကုန်သွယ်ရေးစခန်းကို New Amsterdam ဟုအမည်ပေးခဲ့ပြီး ၁၆၅၃ ခုနှစ်တွင် မြို့တစ်ခုအဖြစ်သတ်မှတ်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ၁၆၆၄ ခုနှစ်တွင် အဆိုပါ မြို့သည် အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ပြီး ၁၆၇၄ ခုနှစ် နိုဝင်ဘာလတွင် နယူးယောက်ဟု တရားဝင်အမည်ပြောင်းခဲ့ကြောင်း သိရသည်။ နယူးယောက်မြို့သည် ၁၇၈၅ ခုနှစ်မှ ၁၇၉၀ ပြည့်နှစ်အထိ အမေရိကန်နိုင်ငံ၏မြို့တော် ဖြစ်ခဲ့သည်။ ၁၈၉၈ ခုနှစ်တွင် နယူးယောက်မြို့ကို ခရိုင်ငါးခုဖြစ်သော မန်ဟက်တန်၊ ဘရွတ်ကလင်း၊ ကွင်းစ်၊ The Bronx နှင့် Staten Island တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းခဲ့ကာ အဆိုပါ အချိန်မှစတင်ပြီး အမေရိကန်၏ အကြီးဆုံးမြို့ဖြစ်ခဲ့ကြောင်းသိရ သည်။ ၂၀၂၂ ခုနှစ်တွင် နယူးယောက် မြို့ပြဧရိယာသည် ကမ္ဘာပေါ်တွင် အကြီးဆုံးမြို့ပြစီးပွားရေး ဖြစ်ခဲ့ပြီး စုစုပေါင်း မြို့ပြ ကုန်ထုတ်လုပ်မှုမှာ အမေ ရိကန်ဒေါ်လာ (၂ ဒသမ ၁၆)ထရီလီယံကျော်အထိ ရှိခဲ့ကြောင်းသိရသည်။ အကယ်၍ နယူးယောက် မြို့သည် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့မည်ဆိုပါက ယင်းသည် ကမ္ဘာပေါ်တွင် (၁၀)ခု မြောက်အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်လာမည်ဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် နယူးယောက်မြို့ သည် New York Stock Exchange နှင့် Nasdaq တို့ကဲ့သို့သော ကမ္ဘာ့အကြီးဆုံးစတော့အိတ်ချိန်းနှစ်ခု တည်ရှိရာ နေရာလည်းဖြစ်သည်။ ၂၀၂၃ ခုနှစ်အထိ နယူးယောက်မြို့သည် နိုင်ငံခြားသားများအတွက် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးမြို့တစ်မြို့ဖြစ်ခဲ့သည်။ ထို့ပြင် နယူးယောက်မြို့သည် ဘီလျံနာများ၊ အသားတင် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာသန်း(၃၀)ကျော်ရှိသော ပုဂ္ဂိုလ်များနှင့် မီလျံနာများ အများဆုံး နေထိုင်ရာမြို့ တစ်မြို့လည်းဖြစ်ကြောင်းသိရသည်။

စီးပွားရေး
နယူးယောက်မြို့သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၏ အချက်အချာ ကျသော မြို့တစ်မြို့လည်းဖြစ်သည်။ နယူးယောက်မြို့သည် ကမ္ဘာတစ်ဝန်းရှိ ဘဏ်လုပ်ငန်းနှင့် ငွေကြေး လုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက် သိပ္ပံ၊ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် သုတေသန၊ လက်လီရောင်းချမှု၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး၊သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်း၊ မီဒီယာလုပ်ငန်း၊ ကြော်ငြာ၊ ဥပဒေရေးရာဝန်ဆောင်မှု၊ စာရင်းကိုင်လုပ်ငန်း၊ အာမခံနှင့်အနုပညာလုပ်ငန်းတို့အတွက် စင်တာတစ်ခုဖြစ် ကြောင်းသိရသည်။ ထို့ပြင် နယူးယောက်နှင့် နယူးဂျာ စီဆိပ်ကမ်းတို့သည် နယူးယောက်မြို့အတွက် အဓိက စီးပွားရေးအင်ဂျင် တစ်ခုဖြစ်ကြောင်း လည်းသိရသည်။ နယူးယောက်မြို့သည် စီးပွားရေးလုပ်ငန်းနှင့် ခရီး သွားများကိုဆွဲဆောင်ရာတွင် ကမ္ဘာတစ်ဝန်းရှိမြို့ ကြီးများအနက် ပထမဆုံးနေရာတွင်ရှိနေသည်။ထို့ပြင် နယူးယောက်မြို့၏ ဖက်ရှင် လုပ်ငန်းသည် ဝန် ထမ်းပေါင်း(၁၈၀ဝဝဝ)ခန့်ကို နှစ်စဉ် လုပ်ခလစာ အမေရိကန်ဒေါ်လာ (၁၁)ဘီလျံ ထောက်ပံ့ပေးလျက်ရှိကြောင်းလည်းသိရသည်။ နယူးယောက်မြို့၏ ထင်ရှားသော အခြားစီးပွားရေး ကဏ္ဍများတွင် တက္ကသိုလ်များနှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများလည်းပါဝင်သည်။ ၂၀၁၇ ခုနှစ်တွင် နယူးယောက် မြို့၌ ကုမ္ပဏီပေါင်း(၂၀၅၅၉၂)ခုရှိပြီး ယင်းတို့အ နက်(၂၂)ရာခိုင်နှုန်းကို အမျိုးသမီးများပိုင်ဆိုင်ပြီး (၃၁ ဒသမ ၃)ရာခိုင်နှုန်းကို လူနည်းစုနှင့်(၂ ဒသမ ၇)ရာခိုင်နှုန်းကို စစ်မှုထမ်း ဟောင်းများကပိုင်ဆိုင်ကြကြောင်း သိရသည်။

၂၀၂၃ ခုနှစ်တွင် နယူးယောက်မြို့၏ ဂျီဒီပီသည်အမေရိကန်ဒေါ်လာ (၁ ဒသမ ၇၈)ထရီလျံထိ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်မည်ဆိုပါက အနည်းငယ်မြင့်တက်လာခဲ့ကြောင်း သိရသည်။ ၂၀၂၃ခုနှစ် နိုဝင်ဘာလတွင် နယူးယောက်မြို့၌ စုစုပေါင်းအလုပ်အကိုင်(၄ ဒသမ ၇၅)သန်းခန့်ရှိခဲ့ပြီး လေးပုံပုံတစ်ပုံ ကျော်မှာပညာရေးနှင့်ကျန်းမာရေးဝန်ဆောင်မှုများဖြစ်ကြောင်းသိရသည်။နယူးယောက်မြို့၏အလုပ်အကိုင်ထက်ဝက်ကျော်ရှိသည့်မန်ဟက်တန်ခရိုင်တွင်၂၀၂၃ ခုနှစ်ဒုတိယသုံးလပတ်တွင် ပျမ်းမျှအပတ်စဉ် လုပ်ခ အမေရိကန်ဒေါ်လာ(၂၅၉၀)ရရှိပြီး နိုင်ငံတွင်းရှိ အကြီးဆုံးခရိုင်ပေါင်း(၃၆၀)တွင် စတုတ္တမြောက် အများဆုံးဖြစ်ကြောင်းသိရသည်။ ထို့ပြင် နယူးယောက်မြို့သည်၎င်း၏နေထိုင်သူများအပေါ်ဝင်ငွေခွန်(၃)
ရာခိုင်နှုန်းသာကောက်ခံသည့် အလွန်နည်းသော အမေရိကန်မြို့များထဲ မှတစ်မြို့ဖြစ်ကြောင်းလည်း သိရသည်။

နည်းပညာနှင့်ဇီဝနည်းပညာ
နယူးယောက်မြို့သည် ကမ္ဘာ့အဆင့်မြင့် နည်းပညာဆိုင်ရာ ထိပ်တန်း အချက်အချာနေရာတစ်ခု လည်းဖြစ်သည်။ နယူးယောက်မြို့၏ လက်ရှိနည်းပညာ နယ်ပယ် တွင် Universal applications of artificial intelligence (AI)? broadband အင်တာနက်၊ မီဒီယာအသစ်၊ ဘဏ္ဍာရေးနည်းပညာ (fintech) နှင့် ဒီဂျစ်တယ်ငွေကြေး၊ ဇီဝနည်းပညာ၊ ဂိမ်းဒီဇိုင်းနှင့် သတင်း အချက် အလက်နည်းပညာဆိုင်ရာ အခြားနယ်ပယ်များပါဝင်ကြောင်းသိရသည်။ နည်းပညာပိုင်းဆိုင်ရာကဏ္ဍ သည် ၂၀၁၀ ပြည့်နှစ်ကတည်း က နယူးယောက်မြို့၏စီးပွားရေး ရှယ်ယာများကို လွှမ်းမိုးလာခဲ့ခြင်း ဖြစ် သည်။

၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Tech:NYC အဖွဲ့အစည်းသည် အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် မီဒီယာလုပ်ငန်းတို့နှင့်အတူ နယူးယောက်မြို့၏နည်းပညာ
လုပ်ငန်းကို ကိုယ်စားပြုသည့် အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဆိုပါ အဖွဲ့အစည်း၏ရည်မှန်းချက်မှာနယူးယောက်မြို့၏ နည်းပညာစွမ်းရည်ကိုမြှင့်တင်ရန်နှင့် မြို့တွင်းတွင် နည်းပညာ ကုမ္ပဏီများ ကြီးထွားလာစေမည့်မူဝါဒများကို ထောက်ခံအားပေးရန် အတွက်ဖြစ်ကြောင်း လည်း သိရသည်။ ၂၀၂၂ ခုနှစ်တွင် နယူးယောက်မြို့၏နည်း ပညာကဏ္ဍသည် အကျိုးတူရင်းနှီးမြှုပ်နှံမှု များတွင် အမေရိကန်ဒေါ်လာ(၄၈၃ ဒသမ ၆)သန်းအထိ ရရှိခဲ့ ကြောင်းသိရသည်။

ခရီးသွားလုပ်ငန်း
ခရီးသွားလုပ်ငန်းသည် နယူးယောက်မြို့အတွက် အရေးပါသောလုပ်ငန်းတစ်ခုဖြစ်ပြီး NYC Tourism + Conventions ကုမ္ပဏီသည် မြို့၏တရားဝင် ခရီးသွားလုပ်ငန်းဗျူရိုကို ကိုယ်စားပြုသည်။ နယူးယောက်မြို့တွင် နိုင်ငံတကာနှင့်ပြည်တွင်းခရီးသွားများဝင်ရောက်လာမှုများပြားလာသည်ကို တွေ့မြင်ခဲ့ရပြီး ပြည်ပခရီးသွား(၁၃ ဒသမ ၅) သန်း အပါအဝင် တစ်နှစ်လျှင် ခရီးသွား(၆၆ ဒသမ ၆)သန်း ထိလာ ရောက်လည်ပတ်လေ့ရှိကြောင်းသိရသည်။ အဆိုပါ ပြည်ပခရီးသွားအများဆုံးမှာဗြိတိန်၊ ကနေဒါ ၊ ဘရာဇီးနှင့်တရုတ်နိုင်ငံတို့ မှဖြစ်ကြောင်းလည်းသိရသည်။ သတင်းရင်းမြစ်များစွာက နယူးယောက် မြို့ကို ကမ္ဘာပေါ်တွင် ဓာတ်ပုံရိုက်အများဆုံးမြို့ဟု ခေါ်ဝေါ်ကြသည်။ နယူးယောက်မြို့ရှိ ခရိုင်များနှင့် အထိမ်းအမှတ်အဆောက်အအုံအများအပြားသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ လာရောက်လည်ပတ်မှု အများဆုံး ခရီးသွားနေရာ(၁၀)ခုထဲမှ (၃)ခုပါဝင်သည့် အဓိကအထင်ကရနေရာများဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် နယူးယောက်မြို့ကို ခရီးသွား (၆၆ ဒသမ ၆)သန်း လာရောက်လည်ပတ်ခဲ့ပြီး ခရီးသွား လုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ (၄၇ ဒသမ ၄)သန်းရရှိခဲ့သည်။ နယူးယောက်မြို့၏ အဓိက အထင်ကရနေရာများမှာ Metropolitan Museum of Art ပြတိုက်၊ လေဘာတီရုပ်တု၊ the Empire State Building နှင့် Central Park တို့ဖြစ်သည်။ ထို့ပြင် Times Square သည် Broadway Theaterခရိုင်၏ အဓိကအချက်အချာနေရာဖြစ်ပြီး နှစ်စဉ် ခရီးသွား သန်း(၅၀)ခန့် ကို ဆွဲဆောင်သည့်နေရာ တစ်ခုလည်း ဖြစ်သည်။ မီဒီယာ နှင့်ဖျော်ဖြေရေးလုပ်ငန်း နယူး ယောက်မြို့ကို ကမ္ဘာလုံးဆိုင်ရာ ဖျော်ဖြေရေးနှင့် ဒီဂျစ်တယ် မီဒီယာမြို့တော်အဖြစ် တင်စားခေါ်ဝေါ်ကြသည်။နယူးယောက်မြို့သည် ကြော်ငြာ၊ တေးဂီတ၊ သတင်းစာ၊ ဒီဂျစ်တယ် မီဒီယာနှင့်ဖြန့်ချိ ရေးလုပ်ငန်းအတွက် စင်တာတစ်ခုဖြစ်ပြီးမြောက် အမေရိက တွင် အကြီးဆုံးမီဒီယာဈေးကွက် တစ်ခုလည်းဖြစ်သည်။ Warner Bros၊ Discovery၊ the Thomson Reuters Corporation၊ Associated Press၊ Bloomberg L.P.၊ the News Corp၊ New York Times Company၊ NBCUniversal၊ the Hearst Corporation၊ AOL၊ Fox Corporation နှင့် Paramount Global
ကုမ္ပဏီတို့အပါအဝင် ကမ္ဘာပေါ်တွင် အကြီးဆုံး မီဒီယာလုပ်ငန်းစုကြီး အများစုသည် နယူးယောက် မြို့တွင် အခြေစိုက်ကြကြောင်း လည်းသိရသည်။ ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်း ကြော်ငြာအေဂျင်စီကွန်ရက် (၈)ခုအနက် (၇)ခု၏ ရုံးချုပ်သည် နယူးယောက်မြို့တွင်ရှိကြောင်းလည်း သိရသည်။ သတင်းစာ(၂၀ဝ)ကျော်နှင့် မဂ္ဂဇင်း (၃၅၀)ကျော်တို့သည် နယူးယောက်မြို့တွင် ရုံးများရှိကြပြီး ထုတ်ဝေရေး လုပ်ငန်း၌ လူပေါင်း (၁၁၅၀ဝ)ခန့် အလုပ်ခန့်ထားပြီး စီးပွားရေးအရ သက်ရောက်မှုမှာ အမေရိကန် ဒေါ်လာ(၉ ဒသမ ၂)ဘီလျံရှိကြောင်းသိရသည်။ အမေရိကန်နိုင်ငံတွင် နေ့စဉ်လည်ပတ်မှုအများဆုံး နိုင်ငံလုံးဆိုင်ရာနေ့စဉ်သတင်းစာနှစ်စောင်ဖြစ်သော Wall Street Journal နှင့် New York Times တို့ကို နယူးယောက်တွင် ထုတ်ဝေလျက်ရှိသည်။ ၂၀၂၂ ခုနှစ် အထိ ဆုပေါင်း(၁၃၂)ဆုရရှိခဲ့သော The Times သတင်းစာသည် သတင်းစာပညာအတွက် ပူလစ်ဇာဆုကို အများဆုံးရရှိခဲ့ပြီး အမေရိကန် မီဒီယာ လုပ်ငန်း၏ မှတ်တမ်းဝင် သတင်းစာအဖြစ် သတ်မှတ်ခံခဲ့ရကြောင်းသိရသည်။

zawgyi version
ကမာၻ႔အႀကီးဆုံး စီးပြားေရးၿမိဳ႕ေတာ္(သို႔မဟုတ္)အေမရိကန္၏ လူဦးေရ အမ်ားဆုံးၿမိဳ႕ နယူးေယာက္အေၾကာင္း
Pika (NP News) - ဇူလိုင္ ၁၃

နယူးေယာက္ျပည္နယ္ ေတာင္ဘက္စြန္းတြင္ တည္ရွိေသာ နယူးေယာက္ၿမိဳ႕သည္ အေမရိ ကန္ႏိုင္ငံတြင္ လူဦးေရအမ်ားဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္သကဲ့သို႔ ကမာၻ႔အႀကီးဆုံးစီးပြားေရးၿမိဳ႕ေတာ္လည္းျဖစ္ သည္။ ခ႐ိုင္(၅)ခုျဖင့္ဖြဲ႕စည္းထားေသာ နယူးေယာက္ၿမိဳ႕သည္ ကမာၻလုံးဆိုင္ရာ ဘ႑ာေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရး၊ ယဥ္ေက်းမႈႏွင့္နည္းပညာ ၊ ေဖ်ာ္ေျဖေရးႏွင့္ မီဒီယာမ်ား၊ ပညာရွင္မ်ား ႏွင့္ သိပၸံပညာ ဆိုင္ရာထုတ္ကုန္မ်ား၊ အႏုပညာႏွင့္ ဖက္ရွင္မ်ားအျပင္ ကုလသမဂၢ႐ုံးခ်ဳပ္တည္ရွိရာ ေနရာျဖစ္ၿပီး ႏိုင္ငံတကာ သံတမန္ေရးအတြက္ အေရးႀကီးေသာၿမိဳ႕တစ္လည္း ျဖစ္သည္။ ၂၀၂၃ ခုႏွစ္တြင္ ခန႔္မွန္းေျခ လူဦးေရ (၈ ဒသမ ၂)သန္း ေက်ာ္ရွိၿပီး အက်ယ္အဝန္း (၃၀ဝ ဒသမ ၄၆) စတုရန္း မိုင္က်ယ္ဝန္းေသာ နယူးေယာက္ၿမိဳ႕သည္ အေမရိကန္ႏိုင္ငံတြင္ လူဦးေရ အထူထပ္ဆုံးၿမိဳ႕ တစ္ၿမိဳ႕လည္းျဖစ္သည္။ နယူး ေယာက္ၿမိဳ႕သည္ ႏိုင္ငံ၏ ဒုတိယလူဦးေရအမ်ားဆုံးၿမိဳ႕ျဖစ္သည့္ ေလာ့စ္အိန္ဂ်လီၿမိဳ႕၏ လူဦးေရထက္ ႏွစ္ဆေက်ာ္ရွိေၾကာင္းလည္းသိရသည္။ နယူးေယာက္ၿမိဳ႕တြင္ ဘာသာစကားေပါင္း(၈၀ဝ)ေက်ာ္ကို ေျပာဆိုေနၾကၿပီး ကမာၻေပၚတြင္ဘာသာ စကားအမ်ိဳးစုံဆုံး အသုံးျပဳေသာၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။

၂၀၂၁ ခုႏွစ္တြင္ နယူးေယာက္ၿမိဳ႕၌ ႏိုင္ငံျခားသား (၃ ဒသမ ၁)သန္းနီးပါးေနထိုင္ၾကၿပီး ကမာၻေပၚတြင္ ႏိုင္ငံျခားသား အမ်ားဆုံးေနထိုင္သည့္ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္လာခဲ့ေၾကာင္းလည္းသိရသည္။ နယူးေယာက္ၿမိဳ႕သည္ Fort Amsterdam ခံတပ္၏ မူလဇာစ္ျမစ္ ျဖစ္ၿပီး ၁၆၂၄ ခုႏွစ္ဝန္းက်င္တြင္ ဒတ္ခ်္ကိုလိုနီနယ္ခ်ဲ႕မ်ားက မန္ဟက္တန္ကြၽန္းေပၚတြင္ တည္ေထာင္ခဲ့ေသာ ကုန္သြယ္ေရးစခန္း တစ္ခု ျဖစ္သည္။ ၁၆၂၆ ခုႏွစ္တြင္ အဆိုပါကုန္သြယ္ေရးစခန္းကို New Amsterdam ဟုအမည္ေပးခဲ့ၿပီး ၁၆၅၃ ခုႏွစ္တြင္ ၿမိဳ႕တစ္ခုအျဖစ္သတ္မွတ္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ၁၆၆၄ ခုႏွစ္တြင္ အဆိုပါ ၿမိဳ႕သည္ အဂၤလိပ္လက္ေအာက္သို႔ က်ေရာက္ခဲ့ၿပီး ၁၆၇၄ ခုႏွစ္ ႏိုဝင္ဘာလတြင္ နယူးေယာက္ဟု တရားဝင္အမည္ေျပာင္းခဲ့ေၾကာင္း သိရသည္။ နယူးေယာက္ၿမိဳ႕သည္ ၁၇၈၅ ခုႏွစ္မွ ၁၇၉၀ ျပည့္ႏွစ္အထိ အေမရိကန္ႏိုင္ငံ၏ၿမိဳ႕ေတာ္ ျဖစ္ခဲ့သည္။ ၁၈၉၈ ခုႏွစ္တြင္ နယူးေယာက္ၿမိဳ႕ကို ခ႐ိုင္ငါးခုျဖစ္ေသာ မန္ဟက္တန္၊ ဘ႐ြတ္ကလင္း၊ ကြင္းစ္၊ The Bronx ႏွင့္ Staten Island တို႔ျဖင့္ ေပါင္းစပ္ဖြဲ႕စည္းခဲ့ကာ အဆိုပါ အခ်ိန္မွစတင္ၿပီး အေမရိကန္၏ အႀကီးဆုံးၿမိဳ႕ျဖစ္ခဲ့ေၾကာင္းသိရ သည္။ ၂၀၂၂ ခုႏွစ္တြင္ နယူးေယာက္ ၿမိဳ႕ျပဧရိယာသည္ ကမာၻေပၚတြင္ အႀကီးဆုံးၿမိဳ႕ျပစီးပြားေရး ျဖစ္ခဲ့ၿပီး စုစုေပါင္း ၿမိဳ႕ျပ ကုန္ထုတ္လုပ္မႈမွာ အေမ ရိကန္ေဒၚလာ (၂ ဒသမ ၁၆)ထရီလီယံေက်ာ္အထိ ရွိခဲ့ေၾကာင္းသိရသည္။ အကယ္၍ နယူးေယာက္ ၿမိဳ႕သည္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ခဲ့မည္ဆိုပါက ယင္းသည္ ကမာၻေပၚတြင္ (၁၀)ခု ေျမာက္အႀကီးဆုံး စီးပြားေရးႏိုင္ငံျဖစ္လာမည္ျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ နယူးေယာက္ၿမိဳ႕ သည္ New York Stock Exchange ႏွင့္ Nasdaq တို႔ကဲ့သို႔ေသာ ကမာၻ႔အႀကီးဆုံးစေတာ့အိတ္ခ်ိန္းႏွစ္ခု တည္ရွိရာ ေနရာလည္းျဖစ္သည္။ ၂၀၂၃ ခုႏွစ္အထိ နယူးေယာက္ၿမိဳ႕သည္ ႏိုင္ငံျခားသားမ်ားအတြက္ ကမာၻေပၚတြင္ ေဈးအႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့သည္။ ထို႔ျပင္ နယူးေယာက္ၿမိဳ႕သည္ ဘီလ်ံနာမ်ား၊ အသားတင္ ပိုင္ဆိုင္မႈ အေမရိကန္ေဒၚလာသန္း(၃၀)ေက်ာ္ရွိေသာ ပုဂၢိဳလ္မ်ားႏွင့္ မီလ်ံနာမ်ား အမ်ားဆုံး ေနထိုင္ရာၿမိဳ႕ တစ္ၿမိဳ႕လည္းျဖစ္ေၾကာင္းသိရသည္။

စီးပြားေရး
နယူးေယာက္ၿမိဳ႕သည္ ကမာၻလုံးဆိုင္ရာ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး၏ အခ်က္အခ်ာ က်ေသာ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ နယူးေယာက္ၿမိဳ႕သည္ ကမာၻတစ္ဝန္းရွိ ဘဏ္လုပ္ငန္းႏွင့္ ေငြေၾကး လုပ္ငန္း၊ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ အသက္ သိပၸံ၊ ေဆးဘက္ဆိုင္ရာနည္းပညာႏွင့္ သုေတသန၊ လက္လီေရာင္းခ်မႈ၊ ကမာၻလုံးဆိုင္ရာကုန္သြယ္ေရး၊သယ္ယူပို႔ေဆာင္ေရး၊ ခရီးသြားလုပ္ငန္း၊ အိမ္ၿခံေျမ ေရာင္းဝယ္ေရးလုပ္ငန္း၊ မီဒီယာလုပ္ငန္း၊ ေၾကာ္ျငာ၊ ဥပေဒေရးရာဝန္ေဆာင္မႈ၊ စာရင္းကိုင္လုပ္ငန္း၊ အာမခံႏွင့္အႏုပညာလုပ္ငန္းတို႔အတြက္ စင္တာတစ္ခုျဖစ္ ေၾကာင္းသိရသည္။ ထို႔ျပင္ နယူးေယာက္ႏွင့္ နယူးဂ်ာ စီဆိပ္ကမ္းတို႔သည္ နယူးေယာက္ၿမိဳ႕အတြက္ အဓိက စီးပြားေရးအင္ဂ်င္ တစ္ခုျဖစ္ေၾကာင္း လည္းသိရသည္။ နယူးေယာက္ၿမိဳ႕သည္ စီးပြားေရးလုပ္ငန္းႏွင့္ ခရီး သြားမ်ားကိုဆြဲေဆာင္ရာတြင္ ကမာၻတစ္ဝန္းရွိၿမိဳ႕ ႀကီးမ်ားအနက္ ပထမဆုံးေနရာတြင္ရွိေနသည္။ထို႔ျပင္ နယူးေယာက္ၿမိဳ႕၏ ဖက္ရွင္ လုပ္ငန္းသည္ ဝန္ ထမ္းေပါင္း(၁၈၀ဝဝဝ)ခန႔္ကို ႏွစ္စဥ္ လုပ္ခလစာ အေမရိကန္ေဒၚလာ (၁၁)ဘီလ်ံ ေထာက္ပံ့ေပးလ်က္ရွိေၾကာင္းလည္းသိရသည္။ နယူးေယာက္ၿမိဳ႕၏ ထင္ရွားေသာ အျခားစီးပြားေရး က႑မ်ားတြင္ တကၠသိုလ္မ်ားႏွင့္ အက်ိဳးအျမတ္မယူေသာ အဖြဲ႕အစည္းမ်ားလည္းပါဝင္သည္။ ၂၀၁၇ ခုႏွစ္တြင္ နယူးေယာက္ ၿမိဳ႕၌ ကုမၸဏီေပါင္း(၂၀၅၅၉၂)ခုရွိၿပီး ယင္းတို႔အ နက္(၂၂)ရာခိုင္ႏႈန္းကို အမ်ိဳးသမီးမ်ားပိုင္ဆိုင္ၿပီး (၃၁ ဒသမ ၃)ရာခိုင္ႏႈန္းကို လူနည္းစုႏွင့္(၂ ဒသမ ၇)ရာခိုင္ႏႈန္းကို စစ္မႈထမ္း ေဟာင္းမ်ားကပိုင္ဆိုင္ၾကေၾကာင္း သိရသည္။

၂၀၂၃ ခုႏွစ္တြင္ နယူးေယာက္ၿမိဳ႕၏ ဂ်ီဒီပီသည္အေမရိကန္ေဒၚလာ (၁ ဒသမ ၇၈)ထရီလ်ံထိ ရွိခဲ့ၿပီး ၂၀၂၂ ခုႏွစ္ႏွင့္ႏႈိင္းယွဥ္မည္ဆိုပါက အနည္းငယ္ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။ ၂၀၂၃ခုႏွစ္ ႏိုဝင္ဘာလတြင္ နယူးေယာက္ၿမိဳ႕၌ စုစုေပါင္းအလုပ္အကိုင္(၄ ဒသမ ၇၅)သန္းခန႔္ရွိခဲ့ၿပီး ေလးပုံပုံတစ္ပုံ ေက်ာ္မွာပညာေရးႏွင့္က်န္းမာေရးဝန္ေဆာင္မႈမ်ားျဖစ္ေၾကာင္းသိရသည္။နယူးေယာက္ၿမိဳ႕၏အလုပ္အကိုင္ထက္ဝက္ေက်ာ္ရွိသည့္မန္ဟက္တန္ခ႐ိုင္တြင္၂၀၂၃ ခုႏွစ္ဒုတိယသုံးလပတ္တြင္ ပ်မ္းမွ်အပတ္စဥ္ လုပ္ခ အေမရိကန္ေဒၚလာ(၂၅၉၀)ရရွိၿပီး ႏိုင္ငံတြင္းရွိ အႀကီးဆုံးခ႐ိုင္ေပါင္း(၃၆၀)တြင္ စတုတၱေျမာက္ အမ်ားဆုံးျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ နယူးေယာက္ၿမိဳ႕သည္၎၏ေနထိုင္သူမ်ားအေပၚဝင္ေငြခြန္(၃)
ရာခိုင္ႏႈန္းသာေကာက္ခံသည့္ အလြန္နည္းေသာ အေမရိကန္ၿမိဳ႕မ်ားထဲ မွတစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္း သိရသည္။

နည္းပညာႏွင့္ဇီဝနည္းပညာ
နယူးေယာက္ၿမိဳ႕သည္ ကမာၻ႔အဆင့္ျမင့္ နည္းပညာဆိုင္ရာ ထိပ္တန္း အခ်က္အခ်ာေနရာတစ္ခု လည္းျဖစ္သည္။ နယူးေယာက္ၿမိဳ႕၏ လက္ရွိနည္းပညာ နယ္ပယ္ တြင္ Universal applications of artificial intelligence (AI)? broadband အင္တာနက္၊ မီဒီယာအသစ္၊ ဘ႑ာေရးနည္းပညာ (fintech) ႏွင့္ ဒီဂ်စ္တယ္ေငြေၾကး၊ ဇီဝနည္းပညာ၊ ဂိမ္းဒီဇိုင္းႏွင့္ သတင္း အခ်က္ အလက္နည္းပညာဆိုင္ရာ အျခားနယ္ပယ္မ်ားပါဝင္ေၾကာင္းသိရသည္။ နည္းပညာပိုင္းဆိုင္ရာက႑ သည္ ၂၀၁၀ ျပည့္ႏွစ္ကတည္း က နယူးေယာက္ၿမိဳ႕၏စီးပြားေရး ရွယ္ယာမ်ားကို လႊမ္းမိုးလာခဲ့ျခင္း ျဖစ္ သည္။

၂၀၁၆ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ေသာ Tech:NYC အဖြဲ႕အစည္းသည္ အစိုးရ၊ အရပ္ဘက္ အဖြဲ႕အစည္းမ်ား၊ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ မီဒီယာလုပ္ငန္းတို႔ႏွင့္အတူ နယူးေယာက္ၿမိဳ႕၏နည္းပညာ
လုပ္ငန္းကို ကိုယ္စားျပဳသည့္ အက်ိဳးအျမတ္မယူေသာအဖြဲ႕အစည္းတစ္ခုျဖစ္သည္။ အဆိုပါ အဖြဲ႕အစည္း၏ရည္မွန္းခ်က္မွာနယူးေယာက္ၿမိဳ႕၏ နည္းပညာစြမ္းရည္ကိုျမႇင့္တင္ရန္ႏွင့္ ၿမိဳ႕တြင္းတြင္ နည္းပညာ ကုမၸဏီမ်ား ႀကီးထြားလာေစမည့္မူဝါဒမ်ားကို ေထာက္ခံအားေပးရန္ အတြက္ျဖစ္ေၾကာင္း လည္း သိရသည္။ ၂၀၂၂ ခုႏွစ္တြင္ နယူးေယာက္ၿမိဳ႕၏နည္း ပညာက႑သည္ အက်ိဳးတူရင္းႏွီးျမႇဳပ္ႏွံမႈ မ်ားတြင္ အေမရိကန္ေဒၚလာ(၄၈၃ ဒသမ ၆)သန္းအထိ ရရွိခဲ့ ေၾကာင္းသိရသည္။

ခရီးသြားလုပ္ငန္း
ခရီးသြားလုပ္ငန္းသည္ နယူးေယာက္ၿမိဳ႕အတြက္ အေရးပါေသာလုပ္ငန္းတစ္ခုျဖစ္ၿပီး NYC Tourism + Conventions ကုမၸဏီသည္ ၿမိဳ႕၏တရားဝင္ ခရီးသြားလုပ္ငန္းဗ်ဴ႐ိုကို ကိုယ္စားျပဳသည္။ နယူးေယာက္ၿမိဳ႕တြင္ ႏိုင္ငံတကာႏွင့္ျပည္တြင္းခရီးသြားမ်ားဝင္ေရာက္လာမႈမ်ားျပားလာသည္ကို ေတြ႕ျမင္ခဲ့ရၿပီး ျပည္ပခရီးသြား(၁၃ ဒသမ ၅) သန္း အပါအဝင္ တစ္ႏွစ္လွ်င္ ခရီးသြား(၆၆ ဒသမ ၆)သန္း ထိလာ ေရာက္လည္ပတ္ေလ့ရွိေၾကာင္းသိရသည္။ အဆိုပါ ျပည္ပခရီးသြားအမ်ားဆုံးမွာၿဗိတိန္၊ ကေနဒါ ၊ ဘရာဇီးႏွင့္တ႐ုတ္ႏိုင္ငံတို႔ မွျဖစ္ေၾကာင္းလည္းသိရသည္။ သတင္းရင္းျမစ္မ်ားစြာက နယူးေယာက္ ၿမိဳ႕ကို ကမာၻေပၚတြင္ ဓာတ္ပုံ႐ိုက္အမ်ားဆုံးၿမိဳ႕ဟု ေခၚေဝၚၾကသည္။ နယူးေယာက္ၿမိဳ႕ရွိ ခ႐ိုင္မ်ားႏွင့္ အထိမ္းအမွတ္အေဆာက္အအုံအမ်ားအျပားသည္ ၂၀၂၃ ခုႏွစ္တြင္ ကမာၻေပၚ၌ လာေရာက္လည္ပတ္မႈ အမ်ားဆုံး ခရီးသြားေနရာ(၁၀)ခုထဲမွ (၃)ခုပါဝင္သည့္ အဓိကအထင္ကရေနရာမ်ားျဖစ္သည္။ ၂၀၁၉ ခုႏွစ္တြင္ နယူးေယာက္ၿမိဳ႕ကို ခရီးသြား (၆၆ ဒသမ ၆)သန္း လာေရာက္လည္ပတ္ခဲ့ၿပီး ခရီးသြား လုပ္ငန္းမွ ဝင္ေငြ အေမရိကန္ေဒၚလာ (၄၇ ဒသမ ၄)သန္းရရွိခဲ့သည္။ နယူးေယာက္ၿမိဳ႕၏ အဓိက အထင္ကရေနရာမ်ားမွာ Metropolitan Museum of Art ျပတိုက္၊ ေလဘာတီ႐ုပ္တု၊ the Empire State Building ႏွင့္ Central Park တို႔ျဖစ္သည္။ ထို႔ျပင္ Times Square သည္ Broadway Theaterခ႐ိုင္၏ အဓိကအခ်က္အခ်ာေနရာျဖစ္ၿပီး ႏွစ္စဥ္ ခရီးသြား သန္း(၅၀)ခန႔္ ကို ဆြဲေဆာင္သည့္ေနရာ တစ္ခုလည္း ျဖစ္သည္။ မီဒီယာ ႏွင့္ေဖ်ာ္ေျဖေရးလုပ္ငန္း နယူး ေယာက္ၿမိဳ႕ကို ကမာၻလုံးဆိုင္ရာ ေဖ်ာ္ေျဖေရးႏွင့္ ဒီဂ်စ္တယ္ မီဒီယာၿမိဳ႕ေတာ္အျဖစ္ တင္စားေခၚေဝၚၾကသည္။နယူးေယာက္ၿမိဳ႕သည္ ေၾကာ္ျငာ၊ ေတးဂီတ၊ သတင္းစာ၊ ဒီဂ်စ္တယ္ မီဒီယာႏွင့္ျဖန႔္ခ်ိ ေရးလုပ္ငန္းအတြက္ စင္တာတစ္ခုျဖစ္ၿပီးေျမာက္ အေမရိက တြင္ အႀကီးဆုံးမီဒီယာေဈးကြက္ တစ္ခုလည္းျဖစ္သည္။ Warner Bros၊ Discovery၊ the Thomson Reuters Corporation၊ Associated Press၊ Bloomberg L.P.၊ the News Corp၊ New York Times Company၊ NBCUniversal၊ the Hearst Corporation၊ AOL၊ Fox Corporation ႏွင့္ Paramount Global
ကုမၸဏီတို႔အပါအဝင္ ကမာၻေပၚတြင္ အႀကီးဆုံး မီဒီယာလုပ္ငန္းစုႀကီး အမ်ားစုသည္ နယူးေယာက္ ၿမိဳ႕တြင္ အေျခစိုက္ၾကေၾကာင္း လည္းသိရသည္။ ကမာၻလုံးဆိုင္ရာ ထိပ္တန္း ေၾကာ္ျငာေအဂ်င္စီကြန္ရက္ (၈)ခုအနက္ (၇)ခု၏ ႐ုံးခ်ဳပ္သည္ နယူးေယာက္ၿမိဳ႕တြင္ရွိေၾကာင္းလည္း သိရသည္။ သတင္းစာ(၂၀ဝ)ေက်ာ္ႏွင့္ မဂၢဇင္း (၃၅၀)ေက်ာ္တို႔သည္ နယူးေယာက္ၿမိဳ႕တြင္ ႐ုံးမ်ားရွိၾကၿပီး ထုတ္ေဝေရး လုပ္ငန္း၌ လူေပါင္း (၁၁၅၀ဝ)ခန႔္ အလုပ္ခန႔္ထားၿပီး စီးပြားေရးအရ သက္ေရာက္မႈမွာ အေမရိကန္ ေဒၚလာ(၉ ဒသမ ၂)ဘီလ်ံရွိေၾကာင္းသိရသည္။ အေမရိကန္ႏိုင္ငံတြင္ ေန႔စဥ္လည္ပတ္မႈအမ်ားဆုံး ႏိုင္ငံလုံးဆိုင္ရာေန႔စဥ္သတင္းစာႏွစ္ေစာင္ျဖစ္ေသာ Wall Street Journal ႏွင့္ New York Times တို႔ကို နယူးေယာက္တြင္ ထုတ္ေဝလ်က္ရွိသည္။ ၂၀၂၂ ခုႏွစ္ အထိ ဆုေပါင္း(၁၃၂)ဆုရရွိခဲ့ေသာ The Times သတင္းစာသည္ သတင္းစာပညာအတြက္ ပူလစ္ဇာဆုကို အမ်ားဆုံးရရွိခဲ့ၿပီး အေမရိကန္ မီဒီယာ လုပ္ငန္း၏ မွတ္တမ္းဝင္ သတင္းစာအျဖစ္ သတ္မွတ္ခံခဲ့ရေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.