Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား

 296

Pika (NP News) - အောက်တိုဘာ ၁၆

ကင်ဆာရောဂါကြောင့် ကုသမှုများခံယူနေရသော ဗြိတိန်အမျိုးသားတစ်ဦးသည် အချိန်(၃)မိနစ်အတွင်း ဒရုန်းများဖြင့် emoji အများဆုံးဖန်တီးပြ နိုင်ခဲ့ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ ကြောင်းသိရသည်။

ခရစ္စတိုဖာဘရက်ဗျူရီဆိုသူအမျိုး သားသည် ဝေဟင်တွင်ပျံသန်းသည့်အရာဝတ္ထုအား လုံးကို စိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အဆိုပါ စိတ်ဝင်စားမှုများမှာ (၂၀ဝ၇)ခုနှစ်တွင်စတင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ခရစ္စတိုဖာ ဘ ရက်ဗျူရီက ‘ကင်ဆာရောဂါအတွက် ဓာတုကုထုံး တွေခံယူနေတဲ့အချိန် (၂၀ဝ၇)ခုနှစ်မှာ လေယာဉ် မော်ဒယ်တစ်ခုကို ကျွန်တော်စတင်ပျံသန်းခဲ့ပါတယ်။အဲဒါက ကျွန်တော့်ရဲ့ရုပ်ပိုင်းဆိုင်ရာကုထုံးအတွက် ရော၊ စိတ်ကျန်းမာရေးအတွက်ရော ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်’ဟု ပြောသည်။

ထို့နောက် အဆိုပါစိတ်ဝင်စားမှုများနှင့်ပတ်သက်ပြီး ၎င်း၏စွမ်းရည်များကို နောက်ပိုင်းနှစ်များတွင် တဖြည်း ဖြည်း တိုးမြင့်လာအောင်လုပ်ဆောင်ခဲ့ကြောင်း ခရစ္စတိုဖာဘရက်ဗျူရီက ပြောကြားခဲ့သည်။ ၎င်းက‘ဒရုန်းကမ္ဘာက အခြေခံအားဖြင့်တော့ ကျွန်တော့်ရဲ့ဘဝတစ်ခုလုံးဖြစ်လာခဲ့ပါတယ်။ ခုအချိန်မှာ တီဗီနဲ့ရုပ်ရှင်တို့အတွက် ဝေဟင်ရိုက်ကူး မှုတွေကို ကျွန်တော်လုပ်နေပါပြီ။ ပြီးတော့ စစ်တမ်းကောက် တဲ့အလုပ်တွေကိုလည်းလုပ်နေပြီး ဒရုန်းတွေအစုလိုက် ပျံသန်းတာကိုလည်း ဆက်လက်လေ့ကျင့် နေပါတယ်’ဟု ပြောဆိုခဲ့သည်။

ခရစ္စတိုဖာဘရက်ဗျူရီသည် ၎င်း၏ဒရုန်းအစင်း ရေ(၁၀၉)စင်းကို ခရမ်းချဉ်သီး၊ ဒုံးပျံ၊ သံလိုက်နှင့်အမျိုးမျိုးသော emoji ပုံစံများ ကိုဖန်တီးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံ ချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ခရစ္စတိုဖာဘ ရက်ဗျူရီသည် အချိန်(၃)မိနစ်အတွင်း emoji အခု (၃၀)ကို ကောင်းကင်ပေါ်တွင်ဖန်တီးပြခဲ့ပြီးနောက် ယခင်စံချိန် ဖြစ်သည့် emoji (၂၄)ခုကို ကျော်တက်ကာ ယခုကဲ့ သို့ စံချိန်ချိုး ဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
Emoji ဒ႐ုန္းျပပြဲ ဖန္တီးခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ခဲ့သည့္ ကင္ဆာေရာဂါသည္ ၿဗိတိန္အမ်ိဳးသား
Pika (NP News) - ေအာက္တိုဘာ ၁၆

ကင္ဆာေရာဂါေၾကာင့္ ကုသမႈမ်ားခံယူေနရေသာ ၿဗိတိန္အမ်ိဳးသားတစ္ဦးသည္ အခ်ိန္(၃)မိနစ္အတြင္း ဒ႐ုန္းမ်ားျဖင့္ emoji အမ်ားဆုံးဖန္တီးျပ ႏိုင္ခဲ့ျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ ေၾကာင္းသိရသည္။

ခရစၥတိုဖာဘရက္ဗ်ဴရီဆိုသူအမ်ိဳး သားသည္ ေဝဟင္တြင္ပ်ံသန္းသည့္အရာဝတၳဳအား လုံးကို စိတ္ဝင္စားသူတစ္ဦးျဖစ္ၿပီး အဆိုပါ စိတ္ဝင္စားမႈမ်ားမွာ (၂၀ဝ၇)ခုႏွစ္တြင္စတင္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ခရစၥတိုဖာ ဘ ရက္ဗ်ဴရီက ‘ကင္ဆာေရာဂါအတြက္ ဓာတုကုထုံး ေတြခံယူေနတဲ့အခ်ိန္ (၂၀ဝ၇)ခုႏွစ္မွာ ေလယာဥ္ ေမာ္ဒယ္တစ္ခုကို ကြၽန္ေတာ္စတင္ပ်ံသန္းခဲ့ပါတယ္။အဲဒါက ကြၽန္ေတာ့္ရဲ႕႐ုပ္ပိုင္းဆိုင္ရာကုထုံးအတြက္ ေရာ၊ စိတ္က်န္းမာေရးအတြက္ေရာ ေကာင္းမြန္တဲ့အရာတစ္ခုျဖစ္ခဲ့ပါတယ္’ဟု ေျပာသည္။

ထို႔ေနာက္ အဆိုပါစိတ္ဝင္စားမႈမ်ားႏွင့္ပတ္သက္ၿပီး ၎၏စြမ္းရည္မ်ားကို ေနာက္ပိုင္းႏွစ္မ်ားတြင္ တျဖည္း ျဖည္း တိုးျမင့္လာေအာင္လုပ္ေဆာင္ခဲ့ေၾကာင္း ခရစၥတိုဖာဘရက္ဗ်ဴရီက ေျပာၾကားခဲ့သည္။ ၎က‘ဒ႐ုန္းကမာၻက အေျခခံအားျဖင့္ေတာ့ ကြၽန္ေတာ့္ရဲ႕ဘဝတစ္ခုလုံးျဖစ္လာခဲ့ပါတယ္။ ခုအခ်ိန္မွာ တီဗီနဲ႔႐ုပ္ရွင္တို႔အတြက္ ေဝဟင္႐ိုက္ကူး မႈေတြကို ကြၽန္ေတာ္လုပ္ေနပါၿပီ။ ၿပီးေတာ့ စစ္တမ္းေကာက္ တဲ့အလုပ္ေတြကိုလည္းလုပ္ေနၿပီး ဒ႐ုန္းေတြအစုလိုက္ ပ်ံသန္းတာကိုလည္း ဆက္လက္ေလ့က်င့္ ေနပါတယ္’ဟု ေျပာဆိုခဲ့သည္။

ခရစၥတိုဖာဘရက္ဗ်ဴရီသည္ ၎၏ဒ႐ုန္းအစင္း ေရ(၁၀၉)စင္းကို ခရမ္းခ်ဥ္သီး၊ ဒုံးပ်ံ၊ သံလိုက္ႏွင့္အမ်ိဳးမ်ိဳးေသာ emoji ပုံစံမ်ား ကိုဖန္တီးခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံ ခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ခရစၥတိုဖာဘ ရက္ဗ်ဴရီသည္ အခ်ိန္(၃)မိနစ္အတြင္း emoji အခု (၃၀)ကို ေကာင္းကင္ေပၚတြင္ဖန္တီးျပခဲ့ၿပီးေနာက္ ယခင္စံခ်ိန္ ျဖစ္သည့္ emoji (၂၄)ခုကို ေက်ာ္တက္ကာ ယခုကဲ့ သို႔ စံခ်ိန္ခ်ိဳး ဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.