ရွှေဖရုံသီးလှေနဲ့ (၄၅ ဒသမ ၆၇)မိုင်အထိ လှော်ပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့တဲ့ အမေရိကန် အမျိုးသား
55
Pika (NP News) - နိုဝင်ဘာ ၁၄
အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်မှ အမျိုးသားတစ်ဦးသည် ၎င်းစိုက်ပျိုးထားသော အလေး ချိန်(၁၂၁၄)ပေါင်ရှိ ရွှေဖရုံသီးကို လှေပုံစံ ဖန်တီးကာ ကိုလံဘီယာမြစ်အတွင်းတွင် အကွာအဝေး(၄၅ ဒသမ ၆၇)မိုင်အထိ လှော်ပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။
(၂၀၁၁)ခုနှစ်တည်းက ဧရာမရွှေဖရုံသီးများကို စိုက်ပျိုးခဲ့သော ဂယ်ရီခရစ္စတန်ဆန်သည် West Coast Giant Pumpkin Regatta ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် (၂၀၁၃)ခုနှစ်မှစတင်ပြီး ၎င်း၏ ရွှေဖရုံးသီးများကို လှေပုံစံအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဂယ်ရီခရစ္စတန်ဆန် သည် West Coast Giant Pumpkin Regatta ပြိုင်ပွဲတွင်ပြီးခဲ့သည့်လေးနှစ်ဆက်တိုက် အနိုင်ရရှိခဲ့သူဖြစ်ကြောင်းလည်းသိရသည်။
ဂယ်ရီခရစ္စတန်ဆန်သည် ရွှေဖရုံသီး လှေဖြင့် အရှည်လျားဆုံးလှေလှော်ခရီးစဉ် ဂင်းနစ်စံ ချိန်ကို ချိုးဖျက်နိုင်ရန်အတွက် ယခုနှစ်တွင် Punky Loafster ဟုအမည်ပေးထားသော ရွှေဖရုံသီးလှေကို ဖန်တီး ခဲ့ကြောင်း သိရသည်။ ဂယ်ရီခရစ္စတန်ဆန်သည် (၄၅ ဒသမ ၆၇)မိုင်ခရီးစဉ်ကို ပြီးမြောက်ရန်အတွက် အချိန်(၂၆)နာရီကျော်ကြာမြင့်ခဲ့ပြီး ယခင်စံချိန်ဖြစ်သည့် (၃၉)မိုင်ကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အတွင်း လေပြင်းတိုက်ခြင်းများနှင့် ရေမျက်နှာပြင်မတည်ငြိမ်မှုတို့ ကြောင့် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရကြောင်း ဂယ်ရီခရစ္စတန်ဆန်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဂယ်ရီခရစ္စတန်ဆန်က “ဒီခရီးစဉ်အတွင်း (၄)မိုင် ဒါမှမဟုတ်(၅)မိုင်ခန့်လောက်အရောက်မှာ တစ်နာရီကို (၃၀)ကနေ(၃၅)မိုင်နှုန်းအထိ တိုက်ခတ်ခဲ့တဲ့ လေပြင်းတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီခရီး စဉ်ကို Bonneville ဆည်ကနေစတင်ခဲ့တာ ဖြစ်ပြီး ကျွန်တော့်ရဲ့ ရွှေဖရုံသီးလှေထဲကို ရေတွေဝင် လောက်တဲ့အထိ လှိုင်းတွေကကြီးမားပါတယ်” ဟုပြောဆိုခဲ့သည်။
zawgyi version
ေ႐ႊဖ႐ုံသီးေလွနဲ႔ (၄၅ ဒသမ ၆၇)မိုင္အထိ ေလွာ္ျပခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ခဲ့တဲ့ အေမရိကန္ အမ်ိဳးသား
Pika (NP News) - ႏိုဝင္ဘာ ၁၄
အေမရိကန္ႏိုင္ငံ ေအာ္ရီဂြန္ျပည္နယ္မွ အမ်ိဳးသားတစ္ဦးသည္ ၎စိုက္ပ်ိဳးထားေသာ အေလး ခ်ိန္(၁၂၁၄)ေပါင္ရွိ ေ႐ႊဖ႐ုံသီးကို ေလွပုံစံ ဖန္တီးကာ ကိုလံဘီယာျမစ္အတြင္းတြင္ အကြာအေဝး(၄၅ ဒသမ ၆၇)မိုင္အထိ ေလွာ္ျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။
(၂၀၁၁)ခုႏွစ္တည္းက ဧရာမေ႐ႊဖ႐ုံသီးမ်ားကို စိုက္ပ်ိဳးခဲ့ေသာ ဂယ္ရီခရစၥတန္ဆန္သည္ West Coast Giant Pumpkin Regatta ၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ရန္အတြက္ (၂၀၁၃)ခုႏွစ္မွစတင္ၿပီး ၎၏ ေ႐ႊဖ႐ုံးသီးမ်ားကို ေလွပုံစံအျဖစ္ ဖန္တီးခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ဂယ္ရီခရစၥတန္ဆန္ သည္ West Coast Giant Pumpkin Regatta ၿပိဳင္ပြဲတြင္ၿပီးခဲ့သည့္ေလးႏွစ္ဆက္တိုက္ အႏိုင္ရရွိခဲ့သူျဖစ္ေၾကာင္းလည္းသိရသည္။
ဂယ္ရီခရစၥတန္ဆန္သည္ ေ႐ႊဖ႐ုံသီး ေလွျဖင့္ အရွည္လ်ားဆုံးေလွေလွာ္ခရီးစဥ္ ဂင္းနစ္စံ ခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ရန္အတြက္ ယခုႏွစ္တြင္ Punky Loafster ဟုအမည္ေပးထားေသာ ေ႐ႊဖ႐ုံသီးေလွကို ဖန္တီး ခဲ့ေၾကာင္း သိရသည္။ ဂယ္ရီခရစၥတန္ဆန္သည္ (၄၅ ဒသမ ၆၇)မိုင္ခရီးစဥ္ကို ၿပီးေျမာက္ရန္အတြက္ အခ်ိန္(၂၆)နာရီေက်ာ္ၾကာျမင့္ခဲ့ၿပီး ယခင္စံခ်ိန္ျဖစ္သည့္ (၃၉)မိုင္ကို ေအာင္ျမင္စြာေက်ာ္ျဖတ္ႏိုင္ခဲ့ ေၾကာင္း သိရသည္။ အဆိုပါ ခရီးစဥ္အတြင္း ေလျပင္းတိုက္ျခင္းမ်ားႏွင့္ ေရမ်က္ႏွာျပင္မတည္ၿငိမ္မႈတို႔ ေၾကာင့္ အခက္အခဲမ်ားစြာကို ႀကဳံေတြ႕ခဲ့ရေၾကာင္း ဂယ္ရီခရစၥတန္ဆန္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဂယ္ရီခရစၥတန္ဆန္က “ဒီခရီးစဥ္အတြင္း (၄)မိုင္ ဒါမွမဟုတ္(၅)မိုင္ခန႔္ေလာက္အေရာက္မွာ တစ္နာရီကို (၃၀)ကေန(၃၅)မိုင္ႏႈန္းအထိ တိုက္ခတ္ခဲ့တဲ့ ေလျပင္းေတြကို ႀကဳံေတြ႕ခဲ့ရပါတယ္။ ဒီခရီး စဥ္ကို Bonneville ဆည္ကေနစတင္ခဲ့တာ ျဖစ္ၿပီး ကြၽန္ေတာ့္ရဲ႕ ေ႐ႊဖ႐ုံသီးေလွထဲကို ေရေတြဝင္ ေလာက္တဲ့အထိ လႈိင္းေတြကႀကီးမားပါတယ္” ဟုေျပာဆိုခဲ့သည္။