အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
588
Pika (NP News) - နိုဝင်ဘာ ၈
အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်မှစုံတွဲတစ်တွဲသည် အမြင့်(၁၆) ပေ (၁၀)လက်မရှိသော ရုံးပတီသီးပင်ကို စိုက်ပျိုးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။
တယ်ရီ နှင့် ကန်ဒေ့စ်စတီဗင်တို့က ၎င်းတို့၏ဥယျာဉ်တွင် ရုံးပတီသီးပင်များကို ယခုနှစ်မှစတင် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ၎င်းတို့စိုက်ပျိုးထားသည့် ရုံးပတီသီးပင်များထဲမှ တစ်ပင်သည် အမြင့်(၁၅)ပေကျော်အထိ ကြီးထွားလာခဲ့ပြီးနောက် အံ့ဩသွားခဲ့ရကြောင်း တယ်ရီ နှင့် ကန်ဒေ့စ်စတီဗင်တို့က ပြောကြားခဲ့သည်။ တယ်ရီက “တကယ်တော့ ကျွန်တော်တို့ ရုံးပတီသီးပင်တွေကို ဒီနှစ်မှ ပထမဆုံးစိုက်ပျိုးခဲ့တာပါ။ ပြီးခဲ့ တဲ့မေလလောက်ကမှ ရုံးပတီသီးပင်တွေ စပြီးစိုက်ပျိုးခဲ့တာ ပါ။ ကျွန်တော်တို့ မျိုးစေ့တွေချပြီး စိုက်ပျိုးခဲ့ပြီး တဲ့နောက်မှာ ရုံးပတီသီးပင်တွေက ပုံမှန်ထက် ပိုမို ကြီး ထွားတဲ့ပုံစံနဲ့ ရှင်သန်လာတာကို တွေ့မြင်ခဲ့ရတာပါ” ဟုပြောဆိုခဲ့သည်။
Byrd Surveying အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် တယ်ရီ နှင့် ကန်ဒေ့စ်စတီဗင်တို့၏ နေအိမ်ကို သွားရောက်လည်ပတ်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့ တင်ပြရန်အတွက် တရားဝင်တိုင်းတာမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရုံးပတီသီး ပင်သည် အမြင့်(၁၆)ပေနှင့် (၁၀)လက်မအတိုင်းအတာရှိကြောင်း Byrd Surveying အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ရုံးပတီသီးပင် ဂင်းနစ်စံချိန်ကို ယခုကိုင်ဆောင်ထားသူမှာ နယူးအော်လန်မြို့တွင်နေထိုင်သည့် ဂျက်ရီနိုဆွီနေးဆိုသည့်အမျိုးသားဖြစ်ကြောင်းလည်း သိရသည်။ ဂျက်ရီနိုဆွီနေးသည် အဆိုပါဂင်းနစ်စံချိန်ကို (၂၀၂၂) ခုနှစ်တွင် တင်ခဲ့ခြင်းဖြစ်ပြီး ၎င်းစိုက်ပျိုးထားသော ရုံးပတီသီးပင်မှာ အမြင့် (၁၆)ပေနှင့်(၄)လက်မ ရှိကြောင်းသိရသည်။
zawgyi version
အျမင့္(၁၇)ေပနီးပါးရွိေသာ ႐ုံးပတီသီးပင္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ဖြယ္ရွိ
Pika (NP News) - ႏိုဝင္ဘာ ၈
အေမရိကန္ႏိုင္ငံ အလာဘားမားျပည္နယ္မွစုံတြဲတစ္တြဲသည္ အျမင့္(၁၆) ေပ (၁၀)လက္မရွိေသာ ႐ုံးပတီသီးပင္ကို စိုက္ပ်ိဳးခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္ စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။
တယ္ရီ ႏွင့္ ကန္ေဒ့စ္စတီဗင္တို႔က ၎တို႔၏ဥယ်ာဥ္တြင္ ႐ုံးပတီသီးပင္မ်ားကို ယခုႏွစ္မွစတင္ စိုက္ပ်ိဳးခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔ေနာက္ ၎တို႔စိုက္ပ်ိဳးထားသည့္ ႐ုံးပတီသီးပင္မ်ားထဲမွ တစ္ပင္သည္ အျမင့္(၁၅)ေပေက်ာ္အထိ ႀကီးထြားလာခဲ့ၿပီးေနာက္ အံ့ဩသြားခဲ့ရေၾကာင္း တယ္ရီ ႏွင့္ ကန္ေဒ့စ္စတီဗင္တို႔က ေျပာၾကားခဲ့သည္။ တယ္ရီက “တကယ္ေတာ့ ကြၽန္ေတာ္တို႔ ႐ုံးပတီသီးပင္ေတြကို ဒီႏွစ္မွ ပထမဆုံးစိုက္ပ်ိဳးခဲ့တာပါ။ ၿပီးခဲ့ တဲ့ေမလေလာက္ကမွ ႐ုံးပတီသီးပင္ေတြ စၿပီးစိုက္ပ်ိဳးခဲ့တာ ပါ။ ကြၽန္ေတာ္တို႔ မ်ိဳးေစ့ေတြခ်ၿပီး စိုက္ပ်ိဳးခဲ့ၿပီး တဲ့ေနာက္မွာ ႐ုံးပတီသီးပင္ေတြက ပုံမွန္ထက္ ပိုမို ႀကီး ထြားတဲ့ပုံစံနဲ႔ ရွင္သန္လာတာကို ေတြ႕ျမင္ခဲ့ရတာပါ” ဟုေျပာဆိုခဲ့သည္။
Byrd Surveying အဖြဲ႕မွ အဖြဲ႕ဝင္တစ္ဦးသည္ တယ္ရီ ႏွင့္ ကန္ေဒ့စ္စတီဗင္တို႔၏ ေနအိမ္ကို သြားေရာက္လည္ပတ္ခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သို႔ တင္ျပရန္အတြက္ တရားဝင္တိုင္းတာမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါ ႐ုံးပတီသီး ပင္သည္ အျမင့္(၁၆)ေပႏွင့္ (၁၀)လက္မအတိုင္းအတာရွိေၾကာင္း Byrd Surveying အဖြဲ႕မွ အဖြဲ႕ဝင္တစ္ဦးက ေျပာၾကားခဲ့သည္။ ကမာၻ႔အႀကီးဆုံး ႐ုံးပတီသီးပင္ ဂင္းနစ္စံခ်ိန္ကို ယခုကိုင္ေဆာင္ထားသူမွာ နယူးေအာ္လန္ၿမိဳ႕တြင္ေနထိုင္သည့္ ဂ်က္ရီႏိုဆြီေနးဆိုသည့္အမ်ိဳးသားျဖစ္ေၾကာင္းလည္း သိရသည္။ ဂ်က္ရီႏိုဆြီေနးသည္ အဆိုပါဂင္းနစ္စံခ်ိန္ကို (၂၀၂၂) ခုႏွစ္တြင္ တင္ခဲ့ျခင္းျဖစ္ၿပီး ၎စိုက္ပ်ိဳးထားေသာ ႐ုံးပတီသီးပင္မွာ အျမင့္ (၁၆)ေပႏွင့္(၄)လက္မ ရွိေၾကာင္းသိရသည္။