ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး

 403

Pika (NP News) - နိုဝင်ဘာ ၈

NANO TRACKS တည်ထောင်သူ ဂျော်န သန်အက်ဘ်ဘော့တ်သည် ပုံမှန်မြေတူးစက် အရွယ် အစားထက် (၁/၆၄)ဆသာရှိသော ကမ္ဘာ့အသေးဆုံး အဝေးထိန်း မြေတူးစက်အသေးစား (Nano Tracks N320) ကို တီထွင်ဖန်တီးခဲ့ကြောင်း သိရသည်။

အဆိုပါမြေတူးစက်သည် ကစားစရာတစ်ခု ပုံစံမျိုးမဟုတ်ဘဲ ပုံမှန်မြေတူးစက်ကဲ့သို့ အပြည့်အဝ လုပ်ဆောင် နိုင်စွမ်းရှိကြောင်းလည်းသိရသည်။ ကမ္ဘာ့အသေးဆုံးမြေတူးစက်တွင် တစ်ခုချင်းစီဖြစ်ပြီး အချိုးကျသော မော်တာ(၆) လုံးပါရှိပြီး လှုပ်ရှားမှုတိုင်းကို တိကျစွာထိန်းချုပ်ပေးသည့်အပြင် ပုံမှန်မြေတူးစက်တစ်ခုတွင်ပါဝင်သည့် အရာအားလုံးပါရှိကြောင်းလည်းသိရသည်။

အဆိုပါ ကမ္ဘာ့အသေးဆုံးမြေတူးစက်ကို တီထွင် ဖန်တီးရန်စိတ်ကူးသည် ပြီးခဲ့သည့်နှစ်အနည်းငယ်က စတင်ခဲ့ ခြင်းဖြစ်ကြောင်း ဂျော်နသန်အက်ဘ်ဘော့တ် ကပြောကြားခဲ့သည်။ အပြည့်အဝ လည်ပတ်နိုင်စွမ်းရှိသော အဝေးထိန်း မြေတူးစက်အသေးစားများနှင့်ကစားရသည်ကို ကြိုက်နှစ်သက်သည့် ဝါသနာရှင်အဖွဲ့တစ်ဖွဲ့ကို တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့တီထွင်ဖန်တီး ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဂျော်နသန်အက်ဘ်ဘော့တ်နှင့် ၎င်း၏ အဖွဲ့ သည် Nano Tracks N320 မြေတူးစက်ကို တီထွင် ဖန်တီးရန် အတွက် နာရီ (၂၃၀ဝ) ခန့်အချိန်ယူခဲ့ရပြီး နောက်ဆုံးတွင် ကမ္ဘာ့အသေးဆုံးမြေတူးစက်ကို တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဂျော်နသန်အက်ဘ်ဘော့တ်သည် Nano Tracks N320 မြေတူးစက်ကို လူစုလူဝေးရန်ပုံငွေ အမေရိကန် ဒေါ် လာ (၂) သောင်းဝန်းကျင်နှင့်အတူ Kickstarter ကော်ပိုရေးရှင်းတွင် စတင်ပြသခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ကမ်ပိန်းသည် သိသိသာသာအောင်မြင်မှုများရရှိခဲ့ပြီး ဂျော်နသန်အက်ဘ်ဘော့တ်သည် ရက် ပေါင်း(၇၀)အတွင်း အမေရိကန်ဒေါ်လာ(၂၆၈၀ဝဝ)ကျော် စုဆောင်းနိုင်ခဲ့ကြောင်းလည်း သိရသည်။

zawgyi version
ပုံမွန္လိုမ်ိဳးလုပ္ေဆာင္ႏိုင္တဲ့ ကမာၻ႔အေသးဆုံး ေျမတူးစက္ကို အေမရိကန္အမ်ိဳးသားတစ္ဦး ဖန္တီး
Pika (NP News) - ႏိုဝင္ဘာ ၈

NANO TRACKS တည္ေထာင္သူ ေဂ်ာ္န သန္အက္ဘ္ေဘာ့တ္သည္ ပုံမွန္ေျမတူးစက္ အ႐ြယ္ အစားထက္ (၁/၆၄)ဆသာရွိေသာ ကမာၻ႔အေသးဆုံး အေဝးထိန္း ေျမတူးစက္အေသးစား (Nano Tracks N320) ကို တီထြင္ဖန္တီးခဲ့ေၾကာင္း သိရသည္။

အဆိုပါေျမတူးစက္သည္ ကစားစရာတစ္ခု ပုံစံမ်ိဳးမဟုတ္ဘဲ ပုံမွန္ေျမတူးစက္ကဲ့သို႔ အျပည့္အဝ လုပ္ေဆာင္ ႏိုင္စြမ္းရွိေၾကာင္းလည္းသိရသည္။ ကမာၻ႔အေသးဆုံးေျမတူးစက္တြင္ တစ္ခုခ်င္းစီျဖစ္ၿပီး အခ်ိဳးက်ေသာ ေမာ္တာ(၆) လုံးပါရွိၿပီး လႈပ္ရွားမႈတိုင္းကို တိက်စြာထိန္းခ်ဳပ္ေပးသည့္အျပင္ ပုံမွန္ေျမတူးစက္တစ္ခုတြင္ပါဝင္သည့္ အရာအားလုံးပါရွိေၾကာင္းလည္းသိရသည္။

အဆိုပါ ကမာၻ႔အေသးဆုံးေျမတူးစက္ကို တီထြင္ ဖန္တီးရန္စိတ္ကူးသည္ ၿပီးခဲ့သည့္ႏွစ္အနည္းငယ္က စတင္ခဲ့ ျခင္းျဖစ္ေၾကာင္း ေဂ်ာ္နသန္အက္ဘ္ေဘာ့တ္ ကေျပာၾကားခဲ့သည္။ အျပည့္အဝ လည္ပတ္ႏိုင္စြမ္းရွိေသာ အေဝးထိန္း ေျမတူးစက္အေသးစားမ်ားႏွင့္ကစားရသည္ကို ႀကိဳက္ႏွစ္သက္သည့္ ဝါသနာရွင္အဖြဲ႕တစ္ဖြဲ႕ကို ေတြ႕ရွိခဲ့ၿပီးေနာက္ ယခုကဲ့သို႔တီထြင္ဖန္တီး ရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ေဂ်ာ္နသန္အက္ဘ္ေဘာ့တ္ႏွင့္ ၎၏ အဖြဲ႕ သည္ Nano Tracks N320 ေျမတူးစက္ကို တီထြင္ ဖန္တီးရန္ အတြက္ နာရီ (၂၃၀ဝ) ခန႔္အခ်ိန္ယူခဲ့ရၿပီး ေနာက္ဆုံးတြင္ ကမာၻ႔အေသးဆုံးေျမတူးစက္ကို တီထြင္ဖန္တီးႏိုင္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ေဂ်ာ္နသန္အက္ဘ္ေဘာ့တ္သည္ Nano Tracks N320 ေျမတူးစက္ကို လူစုလူေဝးရန္ပုံေငြ အေမရိကန္ ေဒၚ လာ (၂) ေသာင္းဝန္းက်င္ႏွင့္အတူ Kickstarter ေကာ္ပိုေရးရွင္းတြင္ စတင္ျပသခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါ ကမ္ပိန္းသည္ သိသိသာသာေအာင္ျမင္မႈမ်ားရရွိခဲ့ၿပီး ေဂ်ာ္နသန္အက္ဘ္ေဘာ့တ္သည္ ရက္ ေပါင္း(၇၀)အတြင္း အေမရိကန္ေဒၚလာ(၂၆၈၀ဝဝ)ေက်ာ္ စုေဆာင္းႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.