ပေါ့ပ်စတား Selena Quintanilla နှင့်ပတ်သက်သည့် အမှတ်တရစရာပစ္စည်း(၁၃၀၈)ခုကို စုဆောင်းပြီး ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ အမျိုးသား
135
Pika (NP News) - နိုဝင်ဘာ ၇
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှအမျိုးသားတစ်ဦးသည် ကွယ်လွန်သွားပြီဖြစ်သော ပေါ့ပ်စတား Selena Quintanilla နှင့်ပတ်သက်သည့် အမှတ်တရစရာပစ္စည်း(၁၃၀၈)ခုကို စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
Lake Jackson မြို့တွင်နေထိုင်သော အန်ဒရူးလွန်ဂိုရီးယားဆိုသည့် အမျိုးသားသည် ပေါ့ပ်စတား Selena Quintanilla နှင့်ပတ်သက်သည့် အမှတ်တရစရာပစ္စည်း(၁၃၀၈)ခုကို စုဆောင်းခဲ့ပြီးနောက် အထောက်အထားများကို ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထို့နောက် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က အန်ဒရူးလွန်ဂိုရီးယား၏စုဆောင်းမှုသည် ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း အတည်ပြုဆုံးဖြတ်ပေးခဲ့သည်။ အန်ဒရူးလွန်ဂိုရီးယား၏စုဆောင်းမှုတွင် အယ်လ်ဘမ်များ၊ လက်ကိုင်အိတ်များ၊ တီရှပ်များ၊ အရုပ်များ၊ တရားဝင်ထုတ်ထားသည့်ဂျင်းဘောင်းဘီများနှင့် အခြားအရာများပါဝင်ကြောင်းသိရသည်။
Selena Quintanilla သေဆုံးပြီးနောက် (၂)နှစ်အကြာတွင် ၎င်း၏အဘွားဖြစ်သူက "Dreaming of You" စီဒီချပ်ကို ဝယ်ယူလာပေးခဲ့ပြီးနောက် (၁၉၉၇)ခုနှစ်တွင် Selena Quintanilla ၏ပရိသတ်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း အန်ဒရူးလွန်ဂိုရီးယားက ပြောကြားခဲ့သည်။ Selena Quintanilla နှင့်ပတ်သက်သည့် အမှတ်ရစရာပစ္စည်းများကို စုဆောင်းမှုအလေ့အကျင့်ကို အမေရိကန်အဆိုတော် Elvis နှင့်ပတ်သက်သည့် အမှတ်ရစရာပစ္စည်းများကို စုဆောင်းခဲ့သော ၎င်း၏အဘွားဖြစ်သူထံမှ လှုံ့ဆော်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း အန်ဒရူးလွန်ဂိုရီးယားက ပြောကြားခဲ့သည်။ ထို့ပြင် Selena Quintanilla နှင့်ပတ်သက်သည့် အမှတ်တရစရာပစ္စည်း(၁၃၀၈)ခုကို စုဆောင်းခဲ့ပြီးနောက် ယခုကဲ့သို့ ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာမိကြောင်း အန်ဒရူးလွန်ဂိုရီးယားကပြောကြားခဲ့သည်။
zawgyi version
ေပါ့ပ္စတား Selena Quintanilla ႏွင့္ပတ္သက္သည့္ အမွတ္တရစရာပစၥည္း(၁၃၀၈)ခုကို စုေဆာင္းၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ အမ်ိဳးသား
Pika (NP News) - ႏိုဝင္ဘာ ၇
အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္မွအမ်ိဳးသားတစ္ဦးသည္ ကြယ္လြန္သြားၿပီျဖစ္ေသာ ေပါ့ပ္စတား Selena Quintanilla ႏွင့္ပတ္သက္သည့္ အမွတ္တရစရာပစၥည္း(၁၃၀၈)ခုကို စုေဆာင္းခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။
Lake Jackson ၿမိဳ႕တြင္ေနထိုင္ေသာ အန္ဒ႐ူးလြန္ဂိုရီးယားဆိုသည့္ အမ်ိဳးသားသည္ ေပါ့ပ္စတား Selena Quintanilla ႏွင့္ပတ္သက္သည့္ အမွတ္တရစရာပစၥည္း(၁၃၀၈)ခုကို စုေဆာင္းခဲ့ၿပီးေနာက္ အေထာက္အထားမ်ားကို ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သို႔ တင္ျပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ထို႔ေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က အန္ဒ႐ူးလြန္ဂိုရီးယား၏စုေဆာင္းမႈသည္ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း အတည္ျပဳဆုံးျဖတ္ေပးခဲ့သည္။ အန္ဒ႐ူးလြန္ဂိုရီးယား၏စုေဆာင္းမႈတြင္ အယ္လ္ဘမ္မ်ား၊ လက္ကိုင္အိတ္မ်ား၊ တီရွပ္မ်ား၊ အ႐ုပ္မ်ား၊ တရားဝင္ထုတ္ထားသည့္ဂ်င္းေဘာင္းဘီမ်ားႏွင့္ အျခားအရာမ်ားပါဝင္ေၾကာင္းသိရသည္။
Selena Quintanilla ေသဆုံးၿပီးေနာက္ (၂)ႏွစ္အၾကာတြင္ ၎၏အဘြားျဖစ္သူက "Dreaming of You" စီဒီခ်ပ္ကို ဝယ္ယူလာေပးခဲ့ၿပီးေနာက္ (၁၉၉၇)ခုႏွစ္တြင္ Selena Quintanilla ၏ပရိသတ္ျဖစ္လာခဲ့ျခင္းျဖစ္ေၾကာင္း အန္ဒ႐ူးလြန္ဂိုရီးယားက ေျပာၾကားခဲ့သည္။ Selena Quintanilla ႏွင့္ပတ္သက္သည့္ အမွတ္ရစရာပစၥည္းမ်ားကို စုေဆာင္းမႈအေလ့အက်င့္ကို အေမရိကန္အဆိုေတာ္ Elvis ႏွင့္ပတ္သက္သည့္ အမွတ္ရစရာပစၥည္းမ်ားကို စုေဆာင္းခဲ့ေသာ ၎၏အဘြားျဖစ္သူထံမွ လႈံ႕ေဆာ္မႈရရွိခဲ့ျခင္းျဖစ္ေၾကာင္း အန္ဒ႐ူးလြန္ဂိုရီးယားက ေျပာၾကားခဲ့သည္။ ထို႔ျပင္ Selena Quintanilla ႏွင့္ပတ္သက္သည့္ အမွတ္တရစရာပစၥည္း(၁၃၀၈)ခုကို စုေဆာင္းခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့သည့္အတြက္ အလြန္ဝမ္းသာမိေၾကာင္း အန္ဒ႐ူးလြန္ဂိုရီးယားကေျပာၾကားခဲ့သည္။