Iron Man ဇာတ်ကောင်ကို AI နည်းပညာဖြင့် ပုံစံတူပြန်လည်ဖန်တီးခွင့်မပြုဟု သရုပ် ဆောင် ရောဘတ်ဒေါင်နီ ဂျူနီယာပြော
233
Pika (NP News) - နိုဝင်ဘာ ၆
Iron Man ဖြစ်သောTony Stark ဇာတ်ကောင်ကို AI နည်းပညာများအသုံးပြုကာ ပုံစံတူပြန်လည်ဖန်တီးရန်လုပ်ဆောင်မည်ဆိုပါက Marvel အမှုဆောင်အဖွဲ့ကို တရားစွဲဆိုမှုများလုပ်ဆောင် သွားမည်ဖြစ်ကြောင်း Tony Stark ဇာတ်ကောင်သရုပ်ဆောင် ရောဘတ်ဒေါင်နီဂျူနီယာက ပြောကြားသည်။
AI နည်းပညာဖြင့် ဖန်တီးထားသောဗားရှင်းကို ခွင့်ပြုပေးမည့် အနာဂတ်အမှု ဆောင်များအားလုံးကို တရားစွဲဆိုရန် ရည်ရွယ်ထား ကြောင်းကိုလည်း အော်စကာဆုရ ရုပ်ရှင် သရုပ်ဆောင် ရောဘတ်ဒေါင်နီဂျူနီယာက အမေရိကန်သတင်းထောက် ကာရာဆွစ်ရှာနှင့်အင်တာဗျူးတစ်ခုအတွင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် Iron Man အဖြစ် ၎င်း၏အခန်းကဏ္ဍနှင့်ပတ်သက်ပြီးပြောကြားရာတွင် ၎င်း ၏ပုံစံတူကို AI နည်းပညာဖြင့် ပြန်လည်ဖန်တီးသည်ကို မလိုလားကြောင်း ရောဘတ်ဒေါင်နီဂျူနီယာကပြောကြားခဲ့သည်။ ၎င်းက"ကျွန်တော့်ရဲ့ ဇာတ်ကောင်ကို တခြားလူတစ်ယောက်က သရုပ်ဆောင်မှာကို မစိုးရိမ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရှိနေရဲ့နဲ့ အဲဒီလိုဆုံးဖြတ်ချက်တွေကို ဘယ်တော့မှချမှာ မဟုတ်တဲ့ လူ(၃)ယောက်၊(၄)ယောက်လောက်ရှိလို့ပါ"ဟုပြောဆိုခဲ့သည်။
ထို့ပြင် အဆိုပါဖန်တီးမှုကို ခွင့်ပြုပေးမည့် အမှုဆောင်များအားလုံးသည် နောက်ဆုံးတွင် အစားထိုးခံရလိမ့်မည်ဖြစ်ကြောင်း ကာရာဆွစ်ရှာက မှတ်ချက်ပြုပြောဆိုခဲ့သည်။
ရောဘတ်ဒေါင်နီဂျူနီယာက "ဟုတ်ပါတယ်။ မှန်ပါတယ်။ ကျွန်တော်ပြောချင်တာက အနာဂတ်အမှုဆောင်တွေအားလုံးကို သတ်မှတ်ချက်တွေတစ်ခုတည်းနဲ့တင် တရားစွဲဆိုဖို့ ရည်ရွယ်ထားတယ်လို့ ဆိုလိုတာပါ။ ကျွန်တော့်ရဲ့ ဥပဒေကုမ္ပဏီ အမြဲတမ်းအသင့်ဖြစ်နေမှာပါ"ဟု ပြောသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို Marvel Studios ၏ကိုယ်စားလှယ်များနှင့် ရောဘတ်ဒေါင်နီဂျူနီယာတို့က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေ ကြားခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။
zawgyi version
Iron Man ဇာတ္ေကာင္ကို AI နည္းပညာျဖင့္ ပုံစံတူျပန္လည္ဖန္တီးခြင့္မျပဳဟု သ႐ုပ္ ေဆာင္ ေရာဘတ္ေဒါင္နီ ဂ်ဴနီယာေျပာ
Pika (NP News) - ႏိုဝင္ဘာ ၆
Iron Man ျဖစ္ေသာTony Stark ဇာတ္ေကာင္ကို AI နည္းပညာမ်ားအသုံးျပဳကာ ပုံစံတူျပန္လည္ဖန္တီးရန္လုပ္ေဆာင္မည္ဆိုပါက Marvel အမႈေဆာင္အဖြဲ႕ကို တရားစြဲဆိုမႈမ်ားလုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း Tony Stark ဇာတ္ေကာင္သ႐ုပ္ေဆာင္ ေရာဘတ္ေဒါင္နီဂ်ဴနီယာက ေျပာၾကားသည္။
AI နည္းပညာျဖင့္ ဖန္တီးထားေသာဗားရွင္းကို ခြင့္ျပဳေပးမည့္ အနာဂတ္အမႈ ေဆာင္မ်ားအားလုံးကို တရားစြဲဆိုရန္ ရည္႐ြယ္ထား ေၾကာင္းကိုလည္း ေအာ္စကာဆုရ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ ေရာဘတ္ေဒါင္နီဂ်ဴနီယာက အေမရိကန္သတင္းေထာက္ ကာရာဆြစ္ရွာႏွင့္အင္တာဗ်ဴးတစ္ခုအတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ Iron Man အျဖစ္ ၎၏အခန္းက႑ႏွင့္ပတ္သက္ၿပီးေျပာၾကားရာတြင္ ၎ ၏ပုံစံတူကို AI နည္းပညာျဖင့္ ျပန္လည္ဖန္တီးသည္ကို မလိုလားေၾကာင္း ေရာဘတ္ေဒါင္နီဂ်ဴနီယာကေျပာၾကားခဲ့သည္။ ၎က"ကြၽန္ေတာ့္ရဲ႕ ဇာတ္ေကာင္ကို တျခားလူတစ္ေယာက္က သ႐ုပ္ေဆာင္မွာကို မစိုးရိမ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္ရွိေနရဲ႕နဲ႔ အဲဒီလိုဆုံးျဖတ္ခ်က္ေတြကို ဘယ္ေတာ့မွခ်မွာ မဟုတ္တဲ့ လူ(၃)ေယာက္၊(၄)ေယာက္ေလာက္ရွိလို႔ပါ"ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ အဆိုပါဖန္တီးမႈကို ခြင့္ျပဳေပးမည့္ အမႈေဆာင္မ်ားအားလုံးသည္ ေနာက္ဆုံးတြင္ အစားထိုးခံရလိမ့္မည္ျဖစ္ေၾကာင္း ကာရာဆြစ္ရွာက မွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။
ေရာဘတ္ေဒါင္နီဂ်ဴနီယာက "ဟုတ္ပါတယ္။ မွန္ပါတယ္။ ကြၽန္ေတာ္ေျပာခ်င္တာက အနာဂတ္အမႈေဆာင္ေတြအားလုံးကို သတ္မွတ္ခ်က္ေတြတစ္ခုတည္းနဲ႔တင္ တရားစြဲဆိုဖို႔ ရည္႐ြယ္ထားတယ္လို႔ ဆိုလိုတာပါ။ ကြၽန္ေတာ့္ရဲ႕ ဥပေဒကုမၸဏီ အၿမဲတမ္းအသင့္ျဖစ္ေနမွာပါ"ဟု ေျပာသည္။
အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ေတာင္းဆိုမႈမ်ားကို Marvel Studios ၏ကိုယ္စားလွယ္မ်ားႏွင့္ ေရာဘတ္ေဒါင္နီဂ်ဴနီယာတို႔က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖ ၾကားျခင္းမ်ိဳး မရွိေသးေၾကာင္းလည္း သိရသည္။