K Pop ခေတ်ဦး အမျိုးသား အဖွဲ့ F-IV ရဲ့ အဖွဲ့ဝင် ဂျန်ဟေယောင်း ကင်ဆာရောဂါနဲ့ ကွယ်လွန်

290
ရောင်နီ (NP News) - အောက်တိုဘာ ၁၄
K Pop ခေတ်ဦး အမျိုးသား အဖွဲ့ F-IV ရဲ့ အဖွဲ့ဝင် ဂျန်ဟေယောင်း ဟာ ကင်ဆာရောဂါ ကုသနေရင်း အောက်တိုဘာ ၆ ရက်၊ အသက် ၄၅ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ အောက်တိုဘာလ ၁၁ ရက်ထုတ် Spotv News ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဒီသတင်းကို F-IV အဖွဲ့ဝင် ကင်ဟွမ်ဆိုး က ဆိုရှယ်မီဒီယာမှာ ဂျန်ရဲ့ပရိုဖိုင်ပုံတစ်ပုံနဲ့အတူ ဝမ်းနည်းကြောင်း ဆိုကာ မျှဝေခဲ့တာဖြစ်ပါတယ်။ ဂျန်ဟာ နှစ်အနည်းငယ်ကြာ ပရိသတ်ရှေ့က ပျောက်ကွယ်သွားခဲ့တာကြောင့် အခုလို ကွယ်လွန်သတင်းဟာ သူ့ရဲ့ပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာ မွေးဖွား ခဲ့သူဖြစ်တဲ့ ဂျန် ဟာ ၁၉၉၇ ခုနှစ်မှာ Duo Kid အဖွဲ့နဲ့ ပထမဆုံး ပွဲဦးထွက်ခဲ့ပြီးနောက် ၂၀၀၂ ခုနှစ်မှာတော့ အဖွဲ့ဝင် ဝူဂျောင်ထေး၊ ကင်ဟွမ်ဆိုး၊ ဆိုဂျီဝမ် တို့နဲ့အတူ F-IV အဖွဲ့ မှာ အဓိက vocalist အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အနုပညာ ခရီးစဉ်တလျှောက် "Oh! Nanriya" သီချင်းနဲ့ လူသိများပြီး "Girl" "Ring" "Merry Christmas" ၊ "I'm Sorry" စတဲ့ သီချင်းတွေနဲ့ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။

Zawgyi Version:
K Pop ေခတ္ဦး အမ်ိဳးသား အဖြဲ႕ F-IV ရဲ႕ အဖြဲ႕ဝင္ ဂ်န္ေဟေယာင္း ကင္ဆာေရာဂါနဲ႔ ကြယ္လြန္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၄
K Pop ေခတ္ဦး အမ်ိဳးသား အဖြဲ႕ F-IV ရဲ႕ အဖြဲ႕ဝင္ ဂ်န္ေဟေယာင္း ဟာ ကင္ဆာေရာဂါ ကုသေနရင္း ေအာက္တိုဘာ ၆ ရက္၊ အသက္ ၄၅ ႏွစ္ အ႐ြယ္မွာ ကြယ္လြန္သြားခဲ့တယ္လို႔ ေအာက္တိုဘာလ ၁၁ ရက္ထုတ္ Spotv News ရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
ဒီသတင္းကို F-IV အဖြဲ႕ဝင္ ကင္ဟြမ္ဆိုး က ဆိုရွယ္မီဒီယာမွာ ဂ်န္ရဲ႕ပ႐ိုဖိုင္ပုံတစ္ပုံနဲ႔အတူ ဝမ္းနည္းေၾကာင္း ဆိုကာ မွ်ေဝခဲ့တာျဖစ္ပါတယ္။ ဂ်န္ဟာ ႏွစ္အနည္းငယ္ၾကာ ပရိသတ္ေရွ႕က ေပ်ာက္ကြယ္သြားခဲ့တာေၾကာင့္ အခုလို ကြယ္လြန္သတင္းဟာ သူ႔ရဲ႕ပရိသတ္ေတြအတြက္ အံ့အားသင့္စရာျဖစ္ခဲ့ပါတယ္။ ၁၉၈၀ ျပည့္ႏွစ္မွာ ေမြးဖြား ခဲ့သူျဖစ္တဲ့ ဂ်န္ ဟာ ၁၉၉၇ ခုႏွစ္မွာ Duo Kid အဖြဲ႕နဲ႔ ပထမဆုံး ပြဲဦးထြက္ခဲ့ၿပီးေနာက္ ၂၀၀၂ ခုႏွစ္မွာေတာ့ အဖြဲ႕ဝင္ ဝူေဂ်ာင္ေထး၊ ကင္ဟြမ္ဆိုး၊ ဆိုဂ်ီဝမ္ တို႔နဲ႔အတူ F-IV အဖြဲ႕ မွာ အဓိက vocalist အျဖစ္ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ အႏုပညာ ခရီးစဥ္တေလွ်ာက္ "Oh! Nanriya" သီခ်င္းနဲ႔ လူသိမ်ားၿပီး "Girl" "Ring" "Merry Christmas" ၊ "I'm Sorry" စတဲ့ သီခ်င္းေတြနဲ႔ ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့ပါတယ္။