ဥရောပတွင် တစ်ကိုယ်တော်အနုပညာရှင်အဖြစ် မှတ်တိုင်သစ်များကို စိုက်ထူခဲ့သည့် BTS အဖွဲ့ဝင် ဂျင်

 128

Pika (NP News) - အောက်တိုဘာ ၁၂

တောင်ကိုရီးယားနာမည်ကျော် အမျိုးသား အဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်သည် ဥရောပတွင် တစ်ကိုယ်တော်အနုပညာရှင်အဖြစ် မှတ်တိုင်အသစ်တစ်ခုကိုစိုက်ထူနိုင်ခဲ့ကြောင်းသိရသည်။ ဂျင်သည် ဩဂုတ်လ (၅)ရက်နှင့်(၆)ရက်တို့တွင် လန်ဒန်မြို့၌ကျင်းပခဲ့သည့်ပွဲ၊ ဩဂုတ်လ (၉) ရက်နှင့်(၁၀)ရက်တို့တွင် အမ်စတာဒမ်မြို့၌ ကျင်းပခဲ့သည့်ပွဲအပါအဝင် ရှိုးပွဲ(၄)ပွဲအပေါ်အခြေခံပြီး (၂၀၂၅)ခုနှစ် ‘‘Billboard Top Tours” ဇယားတွင် အဆင့်(၂၄) နေရာသို့ ရောက်ရှိခဲ့ကြောင်းသိရ သည်။
ဂျင်၏ရှိုးပွဲသို့တက်ရောက်ခဲ့သူမှာ (၅၀၇၀ဝ)ဦးရှိပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ(၁၁ ဒသမ ၅)သန်းရရှိခဲ့ကာ တောင်ကိုရီးယားတစ်ကိုယ် တော်အနုပညာရှင်တစ်ဦး၏ ဥရောပဖျော်ဖြေရေးဝင် ငွေအများဆုံးနှင့် “Billboard Top Tours” စံချိန် အသစ်တစ်ခုတို့ကိုတင်နိုင်ခဲ့ကြောင်းသိရသည်။ ဂျင်သည် ၎င်း၏ ပထမဆုံးတစ်ကိုယ်တော် ကမ္ဘာလှည့် ဖျော်ဖြေပွဲနှင့် ပထမဆုံး သီးသန့် ပရိသတ်ဖျော်ဖြေပွဲ စီးရီး “#RUNSEOKJIN_EP. TOUR” ဖြင့် မြို့ကြီး(၉)မြို့တွင် ရှိုးပွဲ(၁၈)ခု ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ဂျင်၏ ပထမဆုံးတစ်ကိုယ်တော်ကမ္ဘာ လှည့်ဖျော်ဖြေပွဲကို တောင်ကိုရီးယားနိုင်ငံမှစတင်ကာ ဂျပန်နိုင်ငံတွင် ချီကာနှင့်အိုဆာကာစီရင်စု၊ အမေရိကန်တွင် Anaheim၊ Dallas၊ Tampa နှင့် New­ark မြို့၊ ဥရောပတွင် လန်ဒန်နှင့် အမ်စတာဒမ်မြို့တို့ တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဂျင်သည် တစ်ကိုယ်တော်အနုပညာရှင်တစ်ဦးအ တွက် ‘‘Billboard World Digital Song Sales”၏သမိုင်းတွင် ရောင်းအားအကောင်းဆုံး နံပါတ်(၁)သီချင်းစံချိန်ကို Seven သီချင်းဖြင့် ဆွတ် ခူးခဲ့ပြီး ၎င်း၏အယ်လ်ဘမ်တစ်ခုဖြစ်သော Echo သည် “Billboard World Albums” တွင် သီ တင်း(၁၈)ပတ်ကျော်ကြာ မှတ်တမ်းတင်နိုင်ခဲ့သော ပထမဆုံးနှင့်တစ်ခုတည်းသော (၂၀၂၅)ခုနှစ် K-pop တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်လာခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဥေရာပတြင္ တစ္ကိုယ္ေတာ္အႏုပညာရွင္အျဖစ္ မွတ္တိုင္သစ္မ်ားကို စိုက္ထူခဲ့သည့္ BTS အဖြဲ႕ဝင္ ဂ်င္
Pika (NP News) - ေအာက္တိုဘာ ၁၂
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသား အဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်င္သည္ ဥေရာပတြင္ တစ္ကိုယ္ေတာ္အႏုပညာရွင္အျဖစ္ မွတ္တိုင္အသစ္တစ္ခုကိုစိုက္ထူႏိုင္ခဲ့ေၾကာင္းသိရသည္။ ဂ်င္သည္ ဩဂုတ္လ (၅)ရက္ႏွင့္(၆)ရက္တို႔တြင္ လန္ဒန္ၿမိဳ႕၌က်င္းပခဲ့သည့္ပြဲ၊ ဩဂုတ္လ (၉) ရက္ႏွင့္(၁၀)ရက္တို႔တြင္ အမ္စတာဒမ္ၿမိဳ႕၌ က်င္းပခဲ့သည့္ပြဲအပါအဝင္ ရႈိးပြဲ(၄)ပြဲအေပၚအေျခခံၿပီး (၂၀၂၅)ခုႏွစ္ ‘‘Billboard Top Tours” ဇယားတြင္ အဆင့္(၂၄) ေနရာသို႔ ေရာက္ရွိခဲ့ေၾကာင္းသိရ သည္။
ဂ်င္၏ရႈိးပြဲသို႔တက္ေရာက္ခဲ့သူမွာ (၅၀၇၀ဝ)ဦးရွိၿပီး ဝင္ေငြ အေမရိကန္ေဒၚလာ(၁၁ ဒသမ ၅)သန္းရရွိခဲ့ကာ ေတာင္ကိုရီးယားတစ္ကိုယ္ ေတာ္အႏုပညာရွင္တစ္ဦး၏ ဥေရာပေဖ်ာ္ေျဖေရးဝင္ ေငြအမ်ားဆုံးႏွင့္ “Billboard Top Tours” စံခ်ိန္ အသစ္တစ္ခုတို႔ကိုတင္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ဂ်င္သည္ ၎၏ ပထမဆုံးတစ္ကိုယ္ေတာ္ ကမာၻလွည့္ ေဖ်ာ္ေျဖပြဲႏွင့္ ပထမဆုံး သီးသန႔္ ပရိသတ္ေဖ်ာ္ေျဖပြဲ စီးရီး “#RUNSEOKJIN_EP. TOUR” ျဖင့္ ၿမိဳ႕ႀကီး(၉)ၿမိဳ႕တြင္ ရႈိးပြဲ(၁၈)ခု ျပဳလုပ္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။
ဂ်င္၏ ပထမဆုံးတစ္ကိုယ္ေတာ္ကမာၻ လွည့္ေဖ်ာ္ေျဖပြဲကို ေတာင္ကိုရီးယားႏိုင္ငံမွစတင္ကာ ဂ်ပန္ႏိုင္ငံတြင္ ခ်ီကာႏွင့္အိုဆာကာစီရင္စု၊ အေမရိကန္တြင္ Anaheim၊ Dallas၊ Tampa ႏွင့္ New­ark ၿမိဳ႕၊ ဥေရာပတြင္ လန္ဒန္ႏွင့္ အမ္စတာဒမ္ၿမိဳ႕တို႔ တြင္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ဂ်င္သည္ တစ္ကိုယ္ေတာ္အႏုပညာရွင္တစ္ဦးအ တြက္ ‘‘Billboard World Digital Song Sales”၏သမိုင္းတြင္ ေရာင္းအားအေကာင္းဆုံး နံပါတ္(၁)သီခ်င္းစံခ်ိန္ကို Seven သီခ်င္းျဖင့္ ဆြတ္ ခူးခဲ့ၿပီး ၎၏အယ္လ္ဘမ္တစ္ခုျဖစ္ေသာ Echo သည္ “Billboard World Albums” တြင္ သီ တင္း(၁၈)ပတ္ေက်ာ္ၾကာ မွတ္တမ္းတင္ႏိုင္ခဲ့ေသာ ပထမဆုံးႏွင့္တစ္ခုတည္းေသာ (၂၀၂၅)ခုႏွစ္ K-pop တစ္ကိုယ္ေတာ္ အယ္လ္ဘမ္ျဖစ္လာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.