BLACKPINK အဖွဲ့ဝင် ဂျီဆိုးနဲ့ ဇန်မလိတ်ခ် ရဲ့ "Eyes Closed" သီချင်း ၂၀၂၅ ခုနှစ်ရဲ့တရုတ်နိုင်ငံမှာ ရောင်းအား အကောင်းဆုံး Single Collaboration ဖြစ်လာ

70
ရောင်နီ (NP News) - အောက်တိုဘာ ၁၄
တောင်ကိုရီးယားအမျိုးသမီး K Pop အဖွဲ့ BLACKPINK ရဲ့အဖွဲ့ဝင် ဂျီဆိုး နဲ့ အမေရိကန်အမျိုးသား အဆိုတော်အဖွဲ့ One Direction ရဲ့ အဖွဲ့ဝင်ဟောင်း ဇန်မလိတ်ခ်ရဲ့မကြာသေးခင်ကမှ ထွက်ရှိတဲ့ သီချင်းသစ် 'Eyes Closed" ဟာ တရုတ်နိုင်ငံမှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။
"Flower" "Your Love" စတဲ့သီချင်းတွေနဲ့ ကမ္ဘာ့ဂီတ ပလက်ဖောင်းပေါ်မှာ တစ်ကိုယ်တော်အနုပညာရှင်တစ်ဦးအဖြစ် ထူးခြားတဲ့စွမ်းဆောင်ရည်တွေကို ဆက်တိုက်ပြသနိုင်ခဲ့တဲ့ ဂျီဆိုးဟာ အခုတစ်ခေါက် ဇန်မလိတ်ခ်နဲ့ပူးပေါင်းပြီး နောက်ဆုံးထွက်ရှိထားတဲ့ သီချင်း "Eyes Closed" ဟာလည်း တရုတ်ဈေးကွက်မှာ အောင်မြင်မှု ရရှိထားပါတယ်။ သီချင်းသစ် "Eyes Closed" ဟာ QQ Music မှာ နေ့စဉ် ရောင်းအားအကောင်းဆုံး Singles ဇယားမှာ နံပါတ် ၁ ဖြစ်နေပြီး ဒစ်ဂျစ်တယ်ကော်ပီ ၃၈,၀၀၀ ကျော်ရောင်းချရကာ ၂၀၂၅ ခုနှစ်အတွက် တရုတ်နိုင်ငံမှာ ရောင်းအားအကောင်းဆုံး Single Collaboration ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
"Eyes Closed" သီချင်းဟာ အောက်တိုဘာ ၁၁ ရက်က စတင်ထွက်ခဲ့တာဖြစ်ပေမယ့် လက်ရှိ Youtube မှာ ကြည့်ရှုသူ ၂၁ သန်းထိ ရရှိခဲ့ပြီ ဖြစ်ပါတယ်။

Zawgyi Version:
BLACKPINK အဖြဲ႕ဝင္ ဂ်ီဆိုးနဲ႔ ဇန္မလိတ္ခ္ ရဲ႕ "Eyes Closed" သီခ်င္း ၂၀၂၅ ခုႏွစ္ရဲ႕တ႐ုတ္ႏိုင္ငံမွာ ေရာင္းအား အေကာင္းဆုံး Single Collaboration ျဖစ္လာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၄
ေတာင္ကိုရီးယားအမ်ိဳးသမီး K Pop အဖြဲ႕ BLACKPINK ရဲ႕အဖြဲ႕ဝင္ ဂ်ီဆိုး နဲ႔ အေမရိကန္အမ်ိဳးသား အဆိုေတာ္အဖြဲ႕ One Direction ရဲ႕ အဖြဲ႕ဝင္ေဟာင္း ဇန္မလိတ္ခ္ရဲ႕မၾကာေသးခင္ကမွ ထြက္ရွိတဲ့ သီခ်င္းသစ္ 'Eyes Closed" ဟာ တ႐ုတ္ႏိုင္ငံမွာ အေတာ္ေလး ေရပန္းစားခဲ့ပါတယ္။
"Flower" "Your Love" စတဲ့သီခ်င္းေတြနဲ႔ ကမာၻ႔ဂီတ ပလက္ေဖာင္းေပၚမွာ တစ္ကိုယ္ေတာ္အႏုပညာရွင္တစ္ဦးအျဖစ္ ထူးျခားတဲ့စြမ္းေဆာင္ရည္ေတြကို ဆက္တိုက္ျပသႏိုင္ခဲ့တဲ့ ဂ်ီဆိုးဟာ အခုတစ္ေခါက္ ဇန္မလိတ္ခ္နဲ႔ပူးေပါင္းၿပီး ေနာက္ဆုံးထြက္ရွိထားတဲ့ သီခ်င္း "Eyes Closed" ဟာလည္း တ႐ုတ္ေဈးကြက္မွာ ေအာင္ျမင္မႈ ရရွိထားပါတယ္။ သီခ်င္းသစ္ "Eyes Closed" ဟာ QQ Music မွာ ေန႔စဥ္ ေရာင္းအားအေကာင္းဆုံး Singles ဇယားမွာ နံပါတ္ ၁ ျဖစ္ေနၿပီး ဒစ္ဂ်စ္တယ္ေကာ္ပီ ၃၈,၀၀၀ ေက်ာ္ေရာင္းခ်ရကာ ၂၀၂၅ ခုႏွစ္အတြက္ တ႐ုတ္ႏိုင္ငံမွာ ေရာင္းအားအေကာင္းဆုံး Single Collaboration ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။
"Eyes Closed" သီခ်င္းဟာ ေအာက္တိုဘာ ၁၁ ရက္က စတင္ထြက္ခဲ့တာျဖစ္ေပမယ့္ လက္ရွိ Youtube မွာ ၾကည့္ရႈသူ ၂၁ သန္းထိ ရရွိခဲ့ၿပီ ျဖစ္ပါတယ္။