အမေရိကန်ရွေးကောက်ပွဲတွင် ကြားနေအဖြစ်သာနေလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ခရစ္စပတ်
1965
Pika (NP News) - နိုဝင်ဘာ ၆
ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ် နှင့် ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရမ့်တို့၏ ရွေးကောက်ပွဲတွင် မည်သူ့ကိုမှဘက်လိုက်ခြင်းမျိုးမရှိဘဲ ကြားနေအဖြစ်သာ နေလိုကြောင်း Guardians Of The Galaxy ဇာတ်ကား၏ နာမည်ကျော်သရုပ်ဆောင် ခရစ္စပရတ်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါထုတ်ဖော်ပြောဆိုချက်များကြောင့် ခရစ္စပရတ်သည် လူအများအပြား၏ ဝေဖန်မှုများကို ခံနေရကြောင်းလည်း သိရသည်။ အသက်(၄၅)နှစ်အရွယ် ခရစ္စပရတ်က "ဒီရွေး ကောက်ပွဲကို အနိုင်ရရှိတဲ့လူက ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးက အမေရိကန်ရဲ့ နိုင်ငံသားတွေဖြစ်တယ်ဆိုတာကို ပြည်သူတွေကို သတိပေးချင်ပါတယ်။ ဒါပေမဲ့ ဒီရွေး ကောက်ပွဲမှာ ဘယ်သူ့ကိုအနိုင်ရရှိစေချင်တယ်၊ ဘယ်သူ့ကို ရှုံးနိမ့်စေချင်တယ်ဆိုပြီး လိုက်တွေးတာမျိုးဟာ ကျွန်တော်တို့က ဒီနိုင်ငံသားဖြစ်တယ်ဆိုတဲ့အချက်ကို မျက်ကွယ်ပြုနေတာမျိုးပဲဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။
Reddit ဝက်ဘ်ဆိုက်ပေါ်ရှိ အသုံးပြုသူအများအပြားသည် ခရစ္စပရတ်၏ ပြောဆိုချက်များကို ပြစ်တင်ရှုတ်ချခဲ့ကြပြီး ၎င်း၏အပြုသဘောဆောင်သောနိုင်ငံရေးပြောဆိုချက်များမှာ တန်ဖိုးမဲ့သောပြောဆိုချက်များသာဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့ကြသည်။Reddit အသုံးပြုသူတစ်ဦးက"တော်လိုက်စမ်းပါ ခရစ္စပတ်၊၊ဘယ်သူကမှ ဒီလိုအသုံးမကျတဲ့ သဘောထားတွေကို မလိုအပ်ဘူး။"ဟုရေးသားဖော်ပြခဲ့သည်။
အခြားအသုံးပြုသူတစ်ဦးက "ဟုတ်ပြီ ခရစ္စပတ်။ မဲပေးဖို့အတွက် ထိုက်တန်တဲ့ ဒေါ်နယ်ထရမ့်ပါတီဘက်က အကြောင်းတစ်ခုကိုပဲ ပြောပြပါ ဒါမှမဟုတ် မဲပေးဖို့အတွက်ထိုက်တန်တဲ့ နှစ်ဘက်စလုံးက အကြောင်းအရာတစ်ခုကိုပဲပြောပြပါ"ဟု ဝေဖန်ပြောဆိုခဲ့သည်။ ထို့ပြင် အခြားဝေဖန်သူများကလည်း အမေရိကန်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ခရစ္စပတ်၏ကြားနေမှုအတွက် စိတ်မကောင်းဖြစ်မိကြောင်း ဝေဖန်ပြောဆိုခဲ့ကြသည်။
zawgyi version
အေမရိကန္ေ႐ြးေကာက္ပြဲတြင္ ၾကားေနအျဖစ္သာေနလိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ခရစၥပတ္
Pika (NP News) - ႏိုဝင္ဘာ ၆
ဒီမိုကရက္တစ္သမၼတေလာင္း ကမ္မလာဟားရစ္ ႏွင့္ ရီပတ္ဘလစ္ကန္သမၼတေလာင္းေဒၚနယ္ထရမ့္တို႔၏ ေ႐ြးေကာက္ပြဲတြင္ မည္သူ႔ကိုမွဘက္လိုက္ျခင္းမ်ိဳးမရွိဘဲ ၾကားေနအျဖစ္သာ ေနလိုေၾကာင္း Guardians Of The Galaxy ဇာတ္ကား၏ နာမည္ေက်ာ္သ႐ုပ္ေဆာင္ ခရစၥပရတ္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
အဆိုပါထုတ္ေဖာ္ေျပာဆိုခ်က္မ်ားေၾကာင့္ ခရစၥပရတ္သည္ လူအမ်ားအျပား၏ ေဝဖန္မႈမ်ားကို ခံေနရေၾကာင္းလည္း သိရသည္။ အသက္(၄၅)ႏွစ္အ႐ြယ္ ခရစၥပရတ္က "ဒီေ႐ြး ေကာက္ပြဲကို အႏိုင္ရရွိတဲ့လူက ဘယ္သူပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔အားလုံးက အေမရိကန္ရဲ႕ ႏိုင္ငံသားေတြျဖစ္တယ္ဆိုတာကို ျပည္သူေတြကို သတိေပးခ်င္ပါတယ္။ ဒါေပမဲ့ ဒီေ႐ြး ေကာက္ပြဲမွာ ဘယ္သူ႔ကိုအႏိုင္ရရွိေစခ်င္တယ္၊ ဘယ္သူ႔ကို ရႈံးနိမ့္ေစခ်င္တယ္ဆိုၿပီး လိုက္ေတြးတာမ်ိဳးဟာ ကြၽန္ေတာ္တို႔က ဒီႏိုင္ငံသားျဖစ္တယ္ဆိုတဲ့အခ်က္ကို မ်က္ကြယ္ျပဳေနတာမ်ိဳးပဲျဖစ္ပါတယ္"ဟု ေျပာဆိုခဲ့သည္။
Reddit ဝက္ဘ္ဆိုက္ေပၚရွိ အသုံးျပဳသူအမ်ားအျပားသည္ ခရစၥပရတ္၏ ေျပာဆိုခ်က္မ်ားကို ျပစ္တင္ရႈတ္ခ်ခဲ့ၾကၿပီး ၎၏အျပဳသေဘာေဆာင္ေသာႏိုင္ငံေရးေျပာဆိုခ်က္မ်ားမွာ တန္ဖိုးမဲ့ေသာေျပာဆိုခ်က္မ်ားသာျဖစ္ေၾကာင္း ေဝဖန္ေျပာဆိုခဲ့ၾကသည္။Reddit အသုံးျပဳသူတစ္ဦးက"ေတာ္လိုက္စမ္းပါ ခရစၥပတ္၊၊ဘယ္သူကမွ ဒီလိုအသုံးမက်တဲ့ သေဘာထားေတြကို မလိုအပ္ဘူး။"ဟုေရးသားေဖာ္ျပခဲ့သည္။
အျခားအသုံးျပဳသူတစ္ဦးက "ဟုတ္ၿပီ ခရစၥပတ္။ မဲေပးဖို႔အတြက္ ထိုက္တန္တဲ့ ေဒၚနယ္ထရမ့္ပါတီဘက္က အေၾကာင္းတစ္ခုကိုပဲ ေျပာျပပါ ဒါမွမဟုတ္ မဲေပးဖို႔အတြက္ထိုက္တန္တဲ့ ႏွစ္ဘက္စလုံးက အေၾကာင္းအရာတစ္ခုကိုပဲေျပာျပပါ"ဟု ေဝဖန္ေျပာဆိုခဲ့သည္။ ထို႔ျပင္ အျခားေဝဖန္သူမ်ားကလည္း အေမရိကန္ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္ၿပီး ခရစၥပတ္၏ၾကားေနမႈအတြက္ စိတ္မေကာင္းျဖစ္မိေၾကာင္း ေဝဖန္ေျပာဆိုခဲ့ၾကသည္။