ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
819
ရောင်နီ (NP News) - နိုဝင်ဘာ ၈
ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ကြက်ရုပ်ပုံစံ ဆန်းသစ်ထားတဲ့ ဟိုတယ်တစ်ခုဟာ ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန် အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်း ကမ္ဘာ့စံချိန်တင် ဂုဏ်ပြုခံရဖွယ်ရှိပါတယ်။
ဟိုတယ်ဟာ ဖိလစ်ပိုင် အလယ်ပိုင်း ရီဂရိုစ်အိုစီဒန်တယ်လ်ပြည်နယ်မှာ တည်ရှိပြီး ဒေသခံခရီးသွားတွေကို ဆွဲဆောင်ရာ Campuestohan Highland Resort ရဲ့ တစိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဟိုတယ်မှာ အနံ ၁၂ မီတာ၊ အလျား ၂၈ မီတာ၊ အမြင့် ၃၅ မီတာရှိပြီး ကြက်ရုပ် ပုံစံဆောက်လုပ်ထားပါတယ်။ အဲဒီကြက်ရုပ်ကြီးဟာ အထပ် ၁၃ ထပ် ခန့်ရှိပြီး အထပ်တစ်ခုစီဟာ ၂.၆ မီတာခန့်မြင့်ပါတယ်။ အဲဒီ အဆောက်အအုံကို ကာနိုလို့ လူသိများတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ရီကာဒိုတန်က ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ "Manok ni Cano Gwapo" (Handsome Cano's Chicken)လို့ နာမည်ပေးထားတဲ့ အဲဒီဟိုတယ်မှာ ရုပ်မြင်သံကြား၊ မိသားစုလိုက်တည်းနိုင်တဲ့ ကုတင်ကြီးတွေနဲ့ လေအေးပေးစက်တွေ တပ်ဆင်ထားတဲ့ အခန်း (၁၅)ခန်းပါရှိပါတယ်။ အခန်းခနှုန်းထားတွေကတော့ တစ်ညကို ပီဆို ၄,၅၀၀ က စတယ်လို့ ဆိုပါတယ်။
အဆောက်အအုံဒီဇိုင်းအတွက် ကြက်ပုံစံကို ရွေးချယ်ခဲ့ခြင်းကတော့ ကြက်ဖရဲ့ "တည်ငြိမ်ပြီး ခံ့ညားသန်မာတဲ့" အသွင်အပြင်ဟာ ဒေသခံတွေရဲ့ သဘောထားကို ထင်ဟပ်စေခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဟိုတယ်အဆောက်အအုံကို ၂ဝ၂၃ ခုနှစ် ဇွန်လ ၁၀ ရက်က စတင်တည် ဆောက်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၈ ရက်မှာ ပြီးစီးခဲ့တာ ဖြစ်ပါတယ်။
zawgyi version
ၾကက္႐ုပ္ပုံစံ ဖိလစ္ပိုင္ဟိုတယ္ ကမာၻ႔အႀကီးဆုံး ၾကက္ပုံသ႑ာန္ရွိ အေဆာက္အအုံအျဖစ္ ဂင္းနစ္မွတ္တမ္းဝင္ဖြယ္ရွိ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၈
ဖိလစ္ပိုင္ႏိုင္ငံမွာရွိတဲ့ ၾကက္႐ုပ္ပုံစံ ဆန္းသစ္ထားတဲ့ ဟိုတယ္တစ္ခုဟာ ကမာၻ႔အႀကီးဆုံး ၾကက္ပုံသ႑ာန္ အေဆာက္အအုံအျဖစ္ ဂင္းနစ္မွတ္တမ္း ကမာၻ႔စံခ်ိန္တင္ ဂုဏ္ျပဳခံရဖြယ္ရွိပါတယ္။
ဟိုတယ္ဟာ ဖိလစ္ပိုင္ အလယ္ပိုင္း ရီဂ႐ိုစ္အိုစီဒန္တယ္လ္ျပည္နယ္မွာ တည္ရွိၿပီး ေဒသခံခရီးသြားေတြကို ဆြဲေဆာင္ရာ Campuestohan Highland Resort ရဲ႕ တစိတ္တစ္ပိုင္း ျဖစ္ပါတယ္။ ဟိုတယ္မွာ အနံ ၁၂ မီတာ၊ အလ်ား ၂၈ မီတာ၊ အျမင့္ ၃၅ မီတာရွိၿပီး ၾကက္႐ုပ္ ပုံစံေဆာက္လုပ္ထားပါတယ္။ အဲဒီၾကက္႐ုပ္ႀကီးဟာ အထပ္ ၁၃ ထပ္ ခန႔္ရွိၿပီး အထပ္တစ္ခုစီဟာ ၂.၆ မီတာခန႔္ျမင့္ပါတယ္။ အဲဒီ အေဆာက္အအုံကို ကာႏိုလို႔ လူသိမ်ားတဲ့ ျပည္တြင္းစီးပြားေရးလုပ္ငန္းရွင္ ရီကာဒိုတန္က ေဆာက္လုပ္ခဲ့တာ ျဖစ္ပါတယ္။ "Manok ni Cano Gwapo" (Handsome Cano's Chicken)လို႔ နာမည္ေပးထားတဲ့ အဲဒီဟိုတယ္မွာ ႐ုပ္ျမင္သံၾကား၊ မိသားစုလိုက္တည္းႏိုင္တဲ့ ကုတင္ႀကီးေတြနဲ႔ ေလေအးေပးစက္ေတြ တပ္ဆင္ထားတဲ့ အခန္း (၁၅)ခန္းပါရွိပါတယ္။ အခန္းခႏႈန္းထားေတြကေတာ့ တစ္ညကို ပီဆို ၄,၅၀၀ က စတယ္လို႔ ဆိုပါတယ္။
အေဆာက္အအုံဒီဇိုင္းအတြက္ ၾကက္ပုံစံကို ေ႐ြးခ်ယ္ခဲ့ျခင္းကေတာ့ ၾကက္ဖရဲ႕ "တည္ၿငိမ္ၿပီး ခံ့ညားသန္မာတဲ့" အသြင္အျပင္ဟာ ေဒသခံေတြရဲ႕ သေဘာထားကို ထင္ဟပ္ေစျခင္းေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါ ဟိုတယ္အေဆာက္အအုံကို ၂ဝ၂၃ ခုႏွစ္ ဇြန္လ ၁၀ ရက္က စတင္တည္ ေဆာက္ခဲ့တာျဖစ္ၿပီး ၂၀၂၄ ခုႏွစ္ စက္တင္ဘာ ၈ ရက္မွာ ၿပီးစီးခဲ့တာ ျဖစ္ပါတယ္။