အားဖြည့်အချိုရည်ဘူးအများဆုံးစုဆောင်းနိုင်ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့တဲ့ အမေရိကန်အမျိုးသား

 215

Pika (NP News) - နိုဝင်ဘာ ၁၄

အမေရိကန်နိုင်ငံ Rhode Island ပြည်နယ်မှ အမျိုးသားတစ်ဦးသည် အားဖြည့်အချိုရည်ဘူး(၁၀၁၉)ဘူးထိ စုဆောင်းခဲ့ပြီးနောက် အားဖြည့်အချိုုရည်ဘူးအများဆုံးစုဆောင်းနိုင်ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ကြောင်း သိရသည်။

YouTube ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် CaffeineMan ဟုခေါ်သော ထရီဗာတန်မြို့တွင်နေထိုင်သော ဂျိုအယ်စပီးယားဆိုသည့်အမျိုးသားသည် ပြီးခဲ့သည့်ဇန်နဝါရီလတွင် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ထံ ၎င်း၏အားဖြည့်အချိုရည်ဘူးစုဆောင်းမှုနှင့်ပတ်သက်သည့် အထောက်အထားများကို တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ၎င်းသည် အား ဖြည့်အချိုရည်ဘူးအများဆုံးစုဆောင်းခြင်း ဂင်းနစ်စံချိန်အတွက် တရားဝင်အတည်ပြုချက်ကို ရရှိခဲ့ပြီဖြစ်ကြောင်း ယခုသီတင်းပတ်တွင် ဂျိုအယ်စပီးယားက ထုတ်ပြန်ကြေညာခဲ့သည်။

ဂျိုအယ်စပီးယားက "ဒီလိုစုဆောင်းမှုအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်လိမ့်မယ်လို့ ကျွန်တော်တစ်ခါမှမတွေး ခဲ့ဖူးပါဘူး။ ကျွန်တော့်ရဲ့ YouTube ချန်နယ်က စတင်အောင်မြင်လာမှုနဲ့အတူ အားဖြည့်အချိုရည်ဘူးစုဆောင်းမှုတွေကို ကျွန်တော်ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံးတော့ ကျွန်တော်စုဆောင်းထားတဲ့ အချိုရည်ဘူးတွေအားလုံးကို ရေ တွက်ပြီးတဲ့နောက်မှာတော့ ယခုလိုကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်" ဟုပြော ဆိုခဲ့သည်။

ပြီးခဲ့သည့်(၆)နှစ်ခန့်တွင် အားဖြည့်အချိုရည်ဘူးများကို သုံးသပ်သည့် YouTube ချန်နယ်ကို စတင်တည်ထောင်ခဲ့သူ ဂျိုအယ်စပီးယားက အဆိုပါဂင်းနစ်စံချိန်ကို ရရှိရန်အတွက် အထောက်အထားများတင်ပြရခြင်းမှာ အံ့ဩဖို့ကောင်းသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။ ဂျိုအယ်စပီးယားက "ဒီလုပ်ငန်းစဉ်တစ်ခုလုံးကို ကျွန်တော်ဗီဒီယိုရိုက် ကူးခဲ့ရပါတယ်။ အားဖြည့်အချိုရည်ဘူးတိုင်းကို ဓါတ်ပုံတွေရိုက်ခဲ့ရပါတယ်။ အချိန်ကုန်တဲ့အပိုင်းတစ်ခုကတော့ ဘူးတစ်ခုချင်းစီရဲ့ ပစ္စည်းစာရင်းတွေလိုအပ်တယ်ဆိုတာကို ကျွန် တော်မသိခဲ့တာပါ။ အဲဒါကြောင့် စာရင်းပြုစုတာတွေ ပြန်လုပ်ဖို့ အချိန်အတော်ယူခဲ့ရပါတယ်။ ဒါကရှည်လျားတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပေမယ့် ထိုက်တန်ပါတယ်"ဟု ပြောဆိုခဲ့သည်။

zawgyi version
အားျဖည့္အခ်ိဳရည္ဘူးအမ်ားဆုံးစုေဆာင္းႏိုင္ျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့တဲ့ အေမရိကန္အမ်ိဳးသား
Pika (NP News) - ႏိုဝင္ဘာ ၁၄

အေမရိကန္ႏိုင္ငံ Rhode Island ျပည္နယ္မွ အမ်ိဳးသားတစ္ဦးသည္ အားျဖည့္အခ်ိဳရည္ဘူး(၁၀၁၉)ဘူးထိ စုေဆာင္းခဲ့ၿပီးေနာက္ အားျဖည့္အခ်ိဳုရည္ဘူးအမ်ားဆုံးစုေဆာင္းႏိုင္ျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ေၾကာင္း သိရသည္။

YouTube ဆိုရွယ္မီဒီယာပလက္ေဖာင္းေပၚတြင္ CaffeineMan ဟုေခၚေသာ ထရီဗာတန္ၿမိဳ႕တြင္ေနထိုင္ေသာ ဂ်ိဳအယ္စပီးယားဆိုသည့္အမ်ိဳးသားသည္ ၿပီးခဲ့သည့္ဇန္နဝါရီလတြင္ ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕ထံ ၎၏အားျဖည့္အခ်ိဳရည္ဘူးစုေဆာင္းမႈႏွင့္ပတ္သက္သည့္ အေထာက္အထားမ်ားကို တင္ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ေနာက္ ၎သည္ အား ျဖည့္အခ်ိဳရည္ဘူးအမ်ားဆုံးစုေဆာင္းျခင္း ဂင္းနစ္စံခ်ိန္အတြက္ တရားဝင္အတည္ျပဳခ်က္ကို ရရွိခဲ့ၿပီျဖစ္ေၾကာင္း ယခုသီတင္းပတ္တြင္ ဂ်ိဳအယ္စပီးယားက ထုတ္ျပန္ေၾကညာခဲ့သည္။

ဂ်ိဳအယ္စပီးယားက "ဒီလိုစုေဆာင္းမႈအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္တစ္ခါမွမေတြး ခဲ့ဖူးပါဘူး။ ကြၽန္ေတာ့္ရဲ႕ YouTube ခ်န္နယ္က စတင္ေအာင္ျမင္လာမႈနဲ႔အတူ အားျဖည့္အခ်ိဳရည္ဘူးစုေဆာင္းမႈေတြကို ကြၽန္ေတာ္ဆက္လက္လုပ္ေဆာင္ခဲ့ပါတယ္။ ေနာက္ဆုံးေတာ့ ကြၽန္ေတာ္စုေဆာင္းထားတဲ့ အခ်ိဳရည္ဘူးေတြအားလုံးကို ေရ တြက္ၿပီးတဲ့ေနာက္မွာေတာ့ ယခုလိုကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္" ဟုေျပာ ဆိုခဲ့သည္။

ၿပီးခဲ့သည့္(၆)ႏွစ္ခန႔္တြင္ အားျဖည့္အခ်ိဳရည္ဘူးမ်ားကို သုံးသပ္သည့္ YouTube ခ်န္နယ္ကို စတင္တည္ေထာင္ခဲ့သူ ဂ်ိဳအယ္စပီးယားက အဆိုပါဂင္းနစ္စံခ်ိန္ကို ရရွိရန္အတြက္ အေထာက္အထားမ်ားတင္ျပရျခင္းမွာ အံ့ဩဖို႔ေကာင္းသည့္ လုပ္ငန္းစဥ္တစ္ခုျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။ ဂ်ိဳအယ္စပီးယားက "ဒီလုပ္ငန္းစဥ္တစ္ခုလုံးကို ကြၽန္ေတာ္ဗီဒီယို႐ိုက္ ကူးခဲ့ရပါတယ္။ အားျဖည့္အခ်ိဳရည္ဘူးတိုင္းကို ဓါတ္ပုံေတြ႐ိုက္ခဲ့ရပါတယ္။ အခ်ိန္ကုန္တဲ့အပိုင္းတစ္ခုကေတာ့ ဘူးတစ္ခုခ်င္းစီရဲ႕ ပစၥည္းစာရင္းေတြလိုအပ္တယ္ဆိုတာကို ကြၽန္ ေတာ္မသိခဲ့တာပါ။ အဲဒါေၾကာင့္ စာရင္းျပဳစုတာေတြ ျပန္လုပ္ဖို႔ အခ်ိန္အေတာ္ယူခဲ့ရပါတယ္။ ဒါကရွည္လ်ားတဲ့ လုပ္ငန္းစဥ္တစ္ခုျဖစ္ေပမယ့္ ထိုက္တန္ပါတယ္"ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.