ပါလီမန်တွင် လက်ယာစွန်းများကြီးစိုးလာခြင်းနှင့်အတူ အနာဂတ် ဥရောပသမဂ္ဂ (ဘာသာပြန်ဆောင်းပါး)

 432

Alynn (NP News) - ဇူလိုင် ၁၃

၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်မှ ၉ ရက်အတွင်း လူပေါင်းသန်း ၄၀ဝ လောက်ကို ကိုယ်စားပြုသော ဥရောပသမဂ္ဂအဖွဲ့ကြီးသည် ဥရောပပါလီမန် ရွေးကောက်ပွဲများကို ဆက်တိုက်ကျင်းပခဲ့သည်။ ဤ ရွေးကောက်ပွဲများသည် ဥရောပပါလီမန်တွင် မည်သည့်ကိုယ်စားလှယ်က မည်သည့်အီးယူ နိုင်ငံသား များကို ကိုယ်စားပြုကြောင်း ဆုံးဖြတ်ခြင်းဖြစ်ရာ အလွန်အရေး ကြီးသည်ဟု ဆိုရမည်။ ဥရောပပါလီမန်သည် ဥရောပ ၂၇ နိုင်ငံ၏ စီးပွား ရေး၊ လူမှုရေးနှင့် လုံခြုံရေး မူဝါဒများကို ရေးဆွဲ အကောင်အထည်ဖော်ရသည့် နိုင်ငံတကာပါလီမန်အဖွဲ့အစည်းဖြစ်သည့်အပြင် ဥရောပသမဂ္ဂ၏ ဥပဒေ ရေးဆွဲရေး အဖွဲ့လည်းဖြစ်ပါသည်။ ပါလီမန်ဖြစ်သည်နှင့်အညီ ဥရောပပါလီမန်ရွေးကောက်ပွဲများကို ၅ နှစ် တစ်ကြိမ်ကျင်းပပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံမှ ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ် စားလှယ်များဖြင့် ဖွဲ့စည်းထားသောပါလီမန် ဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံတစ်ခုချင်းစီအတွက် ပါလီမန် တွင် ၎င်းတို့လူဦးရေ အချိုးအစားအလိုက် ခွဲဝေ သတ်မှတ်ထားသည့် ကိုယ်စားလှယ်နေရာပေါင်း ၇၂၀ ရှိပါသည်။ ၂၀၂၄ ခုနှစ်တွင်ကျင်းပခဲ့သည့် ၄ ရက်ကြာ ဥရောပ ပါလီမန်ရွေးကောက်ပွဲအပြီးတွင် ပါလီမန် ကိုယ်စားလှယ် ၇၀၅ ဦး ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။ အဆိုပါရွေးကောက်ပွဲသည် ၂၀၂၄ ခုနှစ် အတွင်း အိန္ဒိယရွေးကောက်ပွဲပြီးနောက် မဲဆန္ဒရှင် ၉၆၉ သန်းကို ကိုယ်စားပြုသည့် ကမ္ဘာ့ဒုတိယ အကြီးဆုံး ရွေးကောက်ပွဲကြီးဖြစ်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းအလိုက် ၄ ရက်ကြာကျင်းပခဲ့ရသည့် ဥရောပ ပါလီ မန်ရွေးကောက်ပွဲကို ဇွန်လ ၆ ရက်မှစတင်၍ နယ်သာလန်နိုင်ငံတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံအများစုတွင် ဇွန်လ ၇ ရက်မှသာ စတင် ကျင်းပခဲ့ပါသည်။ ဥရောပသမဂ္ဂအဖွဲ့ ဝင် ၂၇ နိုင်ငံတွေမှ သန်းနှင့်ချီသော နိုင်ငံသားများသည် ဥရောပပါလီ မန်ရွေးကောက်ပွဲများတွင် တက်တက် ကြွကြွမဲပေးခဲ့ကြပြီး ၎င်းတို့အနေဖြင့် သမဂ္ဂက လက်ရှိ အကောင်အထည်ဖော်နေသည့် လူဝင်မှု ကြီးကြပ်ရေး၊ လုံခြုံရေး နှင့် ရာသီဥတုဆိုင်ရာကဏ္ဍများတွင် ယခင်ရှိခဲ့သည့် မူဝါဒများမှ သွေဖည်ကာ ရှေးရိုးစွဲမူဝါဒ ရှိသော လက်ယာယိမ်းပါတီများကို ထောက်ခံခဲ့ကြသည်။ ထို့ ကြောင့် နိုင်ငံအသီးသီးမှ ယခင်အာဏာရ ဗဟို လက်ယာယိမ်းပါတီများ ပူးပေါင်းတည်ထောင်ထားသည့် ဥရောပပြည်သူ့ပါတီ (EPP) အုပ်စုသည် အမတ် နေရာ ၁၈၉ နေရာဖြင့် ပါလီမန်ထဲတွင် အကြီးဆုံး အင်အားစုအဖြစ် ဆက်လက် ထိန်းထားနိုင်ခဲ့ ပြီး ၎င်း EPP အုပ်စုတွင် ပိုလန်နှင့် စပိန်တို့မှ အာဏာရပါတီ များလည်း ပါဝင်လာကြောင်း တွေ့ရှိရသည်။

ဗဟိုလက်ယာယိမ်း ဥရောပပြည်သူ့ပါတီ (EPP)၊ လက်ဝဲယိမ်းဆိုရှယ်လစ်များနှင့် ဒီမိုကရက် တစ်အဖွဲ့ (S&D) နှင့် လစ်ဘရယ်ဝါဒီများဖြစ်သည့် ပြန်လည်ဆန်းသစ်ရေးအုပ်စု (Renew group) တို့ သည် ပါလီမန်တွင် အကြီးဆုံးနိုင်ငံရေးအုပ်စုသုံးစု ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲရလဒ်များအရ ပြင်သစ် သမ္မတမက်ခရွန်၏ ပါတီဖြစ်သော Renew မှာ သိသိသာသာ ရှုံးနိမ့်သွားကြောင်းတွေ့ရသည်။ ယခင်က EPP၊ S&D နှင့် Renew တို့သည် ဥပဒေ များကို အတည်ပြုရန် ပူးပေါင်းဆောင်ရွက်ခဲ့ ကြသည်။ သို့သော် EPP သည် မကြာသေးမီက အီတလီဝန်ကြီး ချုပ် Giorgia Meloni ဦးဆောင်သော လက်ယာစွန်း ဥရောပ ကွန်ဆာဗေးတစ်နှင့် ပြုပြင်ပြောင်းလဲရေးသမားများပါတီ (ECR) နှင့် ပိုမိုနီးကပ် လာခြင်းကြောင့် S&D ပါတီအုပ်စုကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ရွေးကောက်ပွဲအပြီး ထိုကဲ့ သို့ အဓိကအုပ်စုများအကြား သဘောထားကွဲလွဲမှုများသည် အနာဂတ် ပါလီမန်၏ လုပ်ဆောင်ချက်များ အပေါ် များစွာ သက်ရောက်လာနိုင်သည်။ ပါလီမန်တွင် စစ်မှန်သောဩဇာ လွှမ်းမိုးနိုင်မှုရှိရန် လက်ယာ စွန်းပါတီများ၏ စည်းလုံးညီညွတ်မှုက အခရာဖြစ်လာနိုင်သည်။သို့သော် ၎င်းတို့သည် ယူကရိန်းအတွက် အထောက်အပံ့နှင့် ဘဏ္ဍာရေးဆိုင်ရာ ခွဲဝေရေးကဲ့သို့သော အဓိက ကိစ္စရပ်များတွင် အချင်းချင်း ညှိနှိုင်းလို့ မရအောင် ကွဲပြားမှုများကရှိနေသည်။ Euroscepticism ဝါဒီကို ကိုင်စွဲထားသော လက်ယာ စွန်းများ လက်ယာစွန်းပါတီများသည် ဇွန်လ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည် ဆိုသော်လည်း မျှော်မှန်းထားသည့်အတိုင်း အဓိက ရာထူးနေရာများကို ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

သို့သော် ယခုရွေးကောက်ပွဲတွင် ဥရောပ သမဂ္ဂနှင့် နိုင်ငံအဆင့်တွင် လူထုအခြေပြုဝါဒ အမျိုး သားရေးဝါဒနှင့် သမဂ္ဂဝေဖန်ရေးဝါဒ (Eurosceptic) များကိုအခြေခံသော လက်ယာစွန်းများအပေါ် ထောက်ခံမှု သိသိသာသာမြင့်မားလာကြောင်း တအံ့တဩ တွေ့ခဲ့ရသည်။ ဤအခြေအနေသည် ဥရောပ ကောင်စီနှင့် ကောင်စီဝင် ဝန်ကြီးများ၏ ဖွဲ့စည်းမှုနှင့် လုပ်ဆောင်မှုအပေါ် သက်ရောက်မှုရှိလာနိုင်ပြီး ဥ ရောပသမဂ္ဂ၏ မူဝါဒနှင့် ဥပဒေများကို ချမှတ်ရာတွင်လည်း တစ်စိတ်တစ်ပိုင်း သက်‌ရောက်မှုရှိလာ နိုင်သည်။ နိုင်ငံအဆင့်တွင် Eurosceptic ခေါင်းဆောင်များနှင့် ပါတီများ များပြားလာသည်နှင့်အမျှ ဥရောပကောင်စီတွင် အဖွဲ့ဝင်နိုင်ငံများ၏ ရာထူးများသည်လည်း ပြောင်းလဲလာနိုင်သည်။ အဖွဲ့ဝင် နိုင်ငံ များသည် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုခြင်းဖြင့် ဥရောပသမဂ္ဂ၏မူဝါဒနှင့် ဥပဒေပြုရေး အာဏာများကို အားနည်းယုတ်လျော့သွားစေရန်ဖန်တီးလာမည်ဖြစ်ကာ သမဂ္ဂကို အတွင်းထဲမှလှိုက် စားသွားနိုင်သည်။

ရွှေ့ပြောင်းအခြေချနေထိုင်မှု ပြဿနာ၊ စီးပွားရေးအကျပ်အတည်းနှင့် အခြားသော အကျပ် အတည်းများသည် လက်ယာစွန်းများအား ထောက်ခံမှုကို မြှင့်တင်ပေးခဲ့သည်။ လက်ယာစွန်းပါတီ များသည် ထောက်ခံသူများ ပိုမိုရရှိရန် ဤကတ်ကို မကြာခဏ အသုံးပြုလေ့ရှိကြသည်။ လက်ရှိ အခြေ အနေတွင် တစ်ဦးချင်းစီအလိုက် သို့မဟုတ် အစုအဖွဲ့များကို အပြစ်တင်ခြင်းသည် လက်ယာစွန်းများ မကြာခဏ ပြုလုပ်လေ့ရှိသော အလေ့အထဖြစ်သည်။ ဥရောပ ရှိ လက်ယာစွန်းပါတီများနှင့် ၎င်းတို့၏ လှုပ်ရှားမှုများ သည် ယေဘုယျအားဖြင့် ရှေးရိုးစွဲဝါဒ၊ အမျိုးသားရေးဝါဒ၊ လူဝင်မှုကြီးကြပ် ရေးကို ဆန့်ကျင်ခြင်းနှင့် ဥရောပသမဂ္ဂကြောင့် နိုင်ငံတော် အချုပ်အခြာ အာဏာမှာ မှေးမှိန်နေသည်ဟု ယူဆ ကာ သမဂ္ဂကိုဖျက် သိမ်းခြင်း သို့မဟုတ် အားနည်းစေခြင်းစသည့် မူဝါဒများအပေါ် အခြေခံနေသည်။ ဥရောပ၏ လက်ယာစွန်း အုပ်စုများသည် အယူဝါဒအားဖြင့် တူညီကြသော်လည်း နယ်ပယ်များစွာတွင် ကွဲပြားမှုရှိနေ သေးသည်။ ပညာရှင်များက လက်ယာစွန်းများအ ကြား ကွဲပြားမှုကို အမျိုးအစားနှစ်ခု ခွဲခြားထားသည်။ ၎င်းမှာ ပြင်းထန်သော ဥရောပဆန့်ကျင်ရေးဝါဒီများနှင့် ပျော့ပျောင်းသော ဥရောပ ဆန့်ကျင်ရေး ဝါဒီများ ဟူ၍ဖြစ်သည်။ ဤခြားနားမှုသည် ဥရောပသမဂ္ဂ အပေါ်ဆန့်ကျင်မှု (Euroscepticism) ၏ ပြင်းထန်မှုအတိုင်းအတာအလိုက် ခွဲခြားထားခြင်းဖြစ်သည်။ ပြင်းထန်သောဝါဒီကို လက်ကိုင်ထားသူများ က ဥရောပသမဂ္ဂနှင့် ဥရောပပေါင်းစည်းမှုကို ဆန့်ကျင်ပြီး သမဂ္ဂကို ဖျက်သိမ်းလို သည့် ဆန္ဒရှိကြသည်။ ပါတီတစ်ခုသည် Eurosceptic အလွန် ပြင်းထန် သည်ဟု ဆိုခြင်းမှာ ၎င်းတို့၏ မဲဆွယ်စည်းရုံးမှုများတွင် အလွန်အကျွံ အရင်းရှင်၊ ဆိုရှယ်လစ်၊ ခေတ်သစ် လစ်ဘရယ် သို့မဟုတ် ဗျူရို ကရေစီဆန်ဆန် သွင်ပြင်လက္ခဏာများကို တွေ့ရခြင်းဖြစ်သည်။ တစ်ဖက်တွင်မူ ပျော့ပျောင်းသော Eurosceptic အဖွဲ့များသည် ဥရောပပေါင်းစည်းညီညွတ်ခြင်း သို့မဟုတ် သမဂ္ဂအဖွဲ့ဝင်ဖြစ်ခြင်းအပေါ် အခြေခံအားဖြင့် ဆန့်ကျင်မှုများကို မတွေ့ရပါ။ ယင်းအစား အချို့သော မူဝါဒနယ်ပယ်များတွင် ပေါင်းစည်းမှုသည် နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားနှင့် ကွဲလွဲသွားမည်ကို စိုးရိမ်နေကြသူများ ဖြစ် သည်။ ပျော့ပျောင်းသော Euroscepticism ကို ကျင့်သုံးသည့် ပါတီတစ်ခုသည် ဥရောပ ပေါင်းစည်း ညီညွတ်မှုနှင့်ပတ်သက်၍ နောက်ဆက်တွဲ ကိစ္စရပ်များအပေါ် မလိုလားသည့် အနေအထားမျိုး တွင်ရှိ ကြသည်။ တစ်နည်းဆိုရသော် အဆိုပါ ပါတီများသည် လက်ရှိတည်ရှိနေသည့်အတိုင်း သမဂ္ဂကို ထောက်ခံသော်လည်း နောက်ထပ် ပေါင်းစည်းမှုများကို ဆန့်ကျင်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် အချို့သော ပါတီများသည် ငွေကြေးဆိုင်ရာ နယ်ပယ်များတွင် ဥရောပပေါင်းစည်းမှုကို သဘောတူသော် လည်း လူဝင်မှုကြီးကြပ်ရေးနှင့်ဆိုင်သောနေရာများတွင် ပေါင်းစည်းခြင်းကို သဘောမတူခြင်းမျိုးဖြစ်သည်။

လက်ယာစွန်းများ၏ နိုင်ငံခြားရေးမူဝါဒနှင့် ကာကွယ်ရေးကဏ္ဍ အပေါ်သက်ရောက်လာ နိုင်မှုUrsula von der Leyen သည် ကော်မရှင်ဥက္ကဋ္ဌ အဖြစ် ပြန်လည်အရွေးခံရပါက လုံခြုံရေးနှင့် ကာ ကွယ်ရေးဆိုင်ရာ ကော်မရှင်၏ လုပ်ဆောင်ချက်များကို ပိုမိုတိုးချဲ့ရန် အာရုံစိုက်သွားမည်ဖြစ်သည်။ ပါ လီမန်တွင် နိုင်ငံခြားရေးမူဝါဒ ဆုံးဖြတ်ချက်များသည် စည်းနှောင်မှုမရှိသောကြောင့် နိုင်ငံခြားရေး မူဝါဒ နှင့် ပတ်သက်၍ ဩဇာလွှမ်းမိုးမှု နည်းပါးနေသည်။ လက် ဝဲ၊ လက်ယာ၊ လစ်ဘရယ်တို့ပါဝင်သော ပါလီမန်တွင် ရုရှား-ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ယူကရိန်းကို ထောက်ခံမှု ဆက်လက်ထိန်းသိမ်း ထားနိုင်ပြီး ယင်း မှာနိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ အငြင်းပွားမှု အနည်းဆုံး ပြဿနာဟုဆိုရမည်။ ပါလီမန်တွင် ထောက်ခံမဲများ တစ်သမတ်တည်းရှိနေပြီး ယူကရိန်း စစ်ပွဲနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သော နောက်ဆုံးဆန္ဒပြုခြင်းတွင် ထောက်ခံမဲ ၄၅၁ မဲ၊ ကန့်ကွက် ၄၆ မဲနှင့် ကြားနေ ၄၉ မဲဖြင့် ယူကရိန်းကို အထောက်အပံ့ပေးရန် အတည်ပြုနိုင် ခဲ့သည်။ ယူကရိန်းနှင့် သမဂ္ဂကြား အငြင်းပွားဖွယ်ရာ ကုန်သွယ်မှု ဖြေလျှော့ရေးကိစ္စတွင်လည်း ပါလီမန် တွင်း ထောက်ခံမှု အများစုရရှိခဲ့ သည်။ လက်ယာ စွန်းပါတီများ ပါလီမန်အတွင်း များပြားလာခြင်းကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင် ကို ထောက်ခံသည့် ကိုယ်စားလှယ်အရေအတွက် တိုးလာသော်လည်း ယင်းထောက်ခံမှုသည် ဥရောပ သမဂ္ဂ ၏ ယူကရိန်း စစ်ပွဲအပေါ် ရပ်တည်ချက်ကို ပြောင်းလဲသွားနိုင်ဖွယ်မရှိနိုင်ကြောင်း အချို့က သုံးသပ်ထားကြပါသည်။ ဥရောပသမဂ္ဂအတွက် ရေတိုနှင့် ကာလလတ်တွင် ပိုမိုကြီးမားသော စိန်ခေါ်မှု မှာ ဟန်ဂေရီကဲ့သို့ ဥရောပ ကောင်စီရှိ အဟန့်အတားဖြစ်စေသော လက်ယာစွန်း အဖွဲ့ဝင်နိုင်ငံများကို ကိုင်တွယ်ဖြေရှင်းရန်ကိစ္စ ဖြစ်သည်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် သည် ဥရောပသမဂ္ဂ၏ ရုရှားအပေါ် ပိတ်ဆို့ အရေးယူ မှုများနှင့် ယူကရိန်းအပေါ် ထောက်ခံမှုများအပေါ် တစိုက်မတ်မတ် ရှုတ်ချခဲ့သည်။ စလိုဗက်ကီးယား ခေါင်းဆောင် Robert Fico၊ နယ်သာလန်ရှိ Geert Wilders တို့သည် ဥရောပကောင်စီတွင် အော်ဘန်၏ လုပ်ရပ်များကို အတုယူလာနိုင်ဖွယ်ရှိနေသည်။ လက်ယာယိမ်းပါတီများသည် ထိပ်တန်းရာထူးများတွင် နေရာရထားခြင်းမရှိသော်လည်း ပြည်တွင်း မဲဆန္ဒရှင်များကြား ထောက်ခံမှုရရှိနေခြင်းကြောင့် ယူကရိန်းကို ကုန်သွယ်မှု လွတ်လပ်ခွင့်ပေးရေးကိစ္စများတွင် ၎င်းတို့၏ ထောက်ခံမှု နည်းပါးလာနိုင် သည်။လက်ယာစွန်းကိုယ်စားလှယ်များ များပြားလာသော ပါလီမန်၏ ကာကွယ်ရေးကဏ္ဍအပေါ် သက်ရောက်မှု သည် တိုက်ရိုက်မရှိနိုင်သော်လည်း သွယ်ဝိုက်၍ သက်ရောက်လာနိုင်သည်။

အမျိုးသားလုံခြုံရေးသည် အဖွဲ့ဝင်နိုင်ငံတစ်ခု၏ အမျိုးသားကိစ္စတစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေပြီး ဥရောပသမဂ္ဂ၏ ဘုံလုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒသည် အစိုးရအချင်းချင်း ကြား ပူးပေါင်းဆက်ဆံရေးဖြစ်သည်။ ထို့ကြောင့် ပါလီမန်သည် သမဂ္ဂ၏ ကာကွယ်ရေးဘတ်ဂျက်ကို အတည်ပြုပေးရာတွင် အရေးပါသည့် အဖွဲ့အစည်း ဖြစ်နေသည်။ ဤတွင် လက်ယာစွန်းများ ဦးဆောင် နေသော ပါလီမန်သည် ကာကွယ်ရေးအသုံးစရိတ်ကို အနီးကပ် ဆန်းစစ်နိုင်ပြီး ကာကွယ်ရေး အသုံးစ ရိတ် ဥပဒေများကို အတည်ပြုရာတွင် နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်နိုင်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ၂၀၂၄ ဥရောပပါလီမန်ရွေးကောက်ပွဲရလဒ်နှင့်အတူ လက်ယာစွန်းများ ပါလီမန်တွင်း နေရာရလာခြင်းကြောင့် ယခင်က ဥရောပသမဂ္ဂက ထောက်ခံခဲ့သည့် မူဝါဒရေးရာကိစ္စ ရပ်များသည် ပြောင်းပြန်လမ်းကြောင်းပေါ်ရောက်ရှိသွားနိုင်ပြီး ယူကရိန်းကို စစ်လက်နက်နှင့် ငွေကြေး အထောက်အပံ့ ပေးရေးကိစ္စရပ်များတွင်လည်း အနည်းနှင့် အများဆိုသလို အဟန့်အတား ဖြစ်လာနိုင် သည်။ အထူးသတိပြုရမည်မှာ လက်ယာစွန်းများသည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ရှေ့တန်းတင် ပြီး ဥရောပသမဂ္ဂဖျက်သိမ်းရေးမူဝါဒကို ဦးတည်ချက် ထားရှိနေခြင်းကြောင့် အနာဂတ်သမဂ္ဂအတွက် လက်ယာစွန်းများသည် အဖွဲ့ကြီးတည်မြဲရေးနှင့် ပတ်သက်၍ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။

zawgyi version
ပါလီမန္တြင္ လက္ယာစြန္းမ်ားႀကီးစိုးလာျခင္းႏွင့္အတူ အနာဂတ္ ဥေရာပသမဂၢ (ဘာသာျပန္ေဆာင္းပါး)
Alynn (NP News) - ဇူလိုင္ ၁၃

၂၀၂၄ ခုႏွစ္ ဇြန္လ ၆ ရက္မွ ၉ ရက္အတြင္း လူေပါင္းသန္း ၄၀ဝ ေလာက္ကို ကိုယ္စားျပဳေသာ ဥေရာပသမဂၢအဖြဲ႕ႀကီးသည္ ဥေရာပပါလီမန္ ေ႐ြးေကာက္ပြဲမ်ားကို ဆက္တိုက္က်င္းပခဲ့သည္။ ဤ ေ႐ြးေကာက္ပြဲမ်ားသည္ ဥေရာပပါလီမန္တြင္ မည္သည့္ကိုယ္စားလွယ္က မည္သည့္အီးယူ ႏိုင္ငံသား မ်ားကို ကိုယ္စားျပဳေၾကာင္း ဆုံးျဖတ္ျခင္းျဖစ္ရာ အလြန္အေရး ႀကီးသည္ဟု ဆိုရမည္။ ဥေရာပပါလီမန္သည္ ဥေရာပ ၂၇ ႏိုင္ငံ၏ စီးပြား ေရး၊ လူမႈေရးႏွင့္ လုံၿခဳံေရး မူဝါဒမ်ားကို ေရးဆြဲ အေကာင္အထည္ေဖာ္ရသည့္ ႏိုင္ငံတကာပါလီမန္အဖြဲ႕အစည္းျဖစ္သည့္အျပင္ ဥေရာပသမဂၢ၏ ဥပေဒ ေရးဆြဲေရး အဖြဲ႕လည္းျဖစ္ပါသည္။ ပါလီမန္ျဖစ္သည္ႏွင့္အညီ ဥေရာပပါလီမန္ေ႐ြးေကာက္ပြဲမ်ားကို ၅ ႏွစ္ တစ္ႀကိမ္က်င္းပၿပီး ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံ ၂၇ ႏိုင္ငံမွ ေ႐ြးေကာက္တင္ေျမႇာက္ခံရသည့္ ကိုယ္ စားလွယ္မ်ားျဖင့္ ဖြဲ႕စည္းထားေသာပါလီမန္ ျဖစ္ပါသည္။ အဖြဲ႕ဝင္ႏိုင္ငံတစ္ခုခ်င္းစီအတြက္ ပါလီမန္ တြင္ ၎တို႔လူဦးေရ အခ်ိဳးအစားအလိုက္ ခြဲေဝ သတ္မွတ္ထားသည့္ ကိုယ္စားလွယ္ေနရာေပါင္း ၇၂၀ ရွိပါသည္။ ၂၀၂၄ ခုႏွစ္တြင္က်င္းပခဲ့သည့္ ၄ ရက္ၾကာ ဥေရာပ ပါလီမန္ေ႐ြးေကာက္ပြဲအၿပီးတြင္ ပါလီမန္ ကိုယ္စားလွယ္ ၇၀၅ ဦး ေ႐ြးေကာက္ တင္ေျမႇာက္ခံခဲ့ရသည္။ အဆိုပါေ႐ြးေကာက္ပြဲသည္ ၂၀၂၄ ခုႏွစ္ အတြင္း အိႏၵိယေ႐ြးေကာက္ပြဲၿပီးေနာက္ မဲဆႏၵရွင္ ၉၆၉ သန္းကို ကိုယ္စားျပဳသည့္ ကမာၻ႔ဒုတိယ အႀကီးဆုံး ေ႐ြးေကာက္ပြဲႀကီးျဖစ္သည္။

ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံခ်င္းအလိုက္ ၄ ရက္ၾကာက်င္းပခဲ့ရသည့္ ဥေရာပ ပါလီ မန္ေ႐ြးေကာက္ပြဲကို ဇြန္လ ၆ ရက္မွစတင္၍ နယ္သာလန္ႏိုင္ငံတြင္ စတင္က်င္းပခဲ့ျခင္းျဖစ္ၿပီး အဖြဲ႕ဝင္ ႏိုင္ငံအမ်ားစုတြင္ ဇြန္လ ၇ ရက္မွသာ စတင္ က်င္းပခဲ့ပါသည္။ ဥေရာပသမဂၢအဖြဲ႕ ဝင္ ၂၇ ႏိုင္ငံေတြမွ သန္းႏွင့္ခ်ီေသာ ႏိုင္ငံသားမ်ားသည္ ဥေရာပပါလီ မန္ေ႐ြးေကာက္ပြဲမ်ားတြင္ တက္တက္ ႂကြႂကြမဲေပးခဲ့ၾကၿပီး ၎တို႔အေနျဖင့္ သမဂၢက လက္ရွိ အေကာင္အထည္ေဖာ္ေနသည့္ လူဝင္မႈ ႀကီးၾကပ္ေရး၊ လုံၿခဳံေရး ႏွင့္ ရာသီဥတုဆိုင္ရာက႑မ်ားတြင္ ယခင္ရွိခဲ့သည့္ မူဝါဒမ်ားမွ ေသြဖည္ကာ ေရွး႐ိုးစြဲမူဝါဒ ရွိေသာ လက္ယာယိမ္းပါတီမ်ားကို ေထာက္ခံခဲ့ၾကသည္။ ထို႔ ေၾကာင့္ ႏိုင္ငံအသီးသီးမွ ယခင္အာဏာရ ဗဟို လက္ယာယိမ္းပါတီမ်ား ပူးေပါင္းတည္ေထာင္ထားသည့္ ဥေရာပျပည္သူ႔ပါတီ (EPP) အုပ္စုသည္ အမတ္ ေနရာ ၁၈၉ ေနရာျဖင့္ ပါလီမန္ထဲတြင္ အႀကီးဆုံး အင္အားစုအျဖစ္ ဆက္လက္ ထိန္းထားႏိုင္ခဲ့ ၿပီး ၎ EPP အုပ္စုတြင္ ပိုလန္ႏွင့္ စပိန္တို႔မွ အာဏာရပါတီ မ်ားလည္း ပါဝင္လာေၾကာင္း ေတြ႕ရွိရသည္။

ဗဟိုလက္ယာယိမ္း ဥေရာပျပည္သူ႔ပါတီ (EPP)၊ လက္ဝဲယိမ္းဆိုရွယ္လစ္မ်ားႏွင့္ ဒီမိုကရက္ တစ္အဖြဲ႕ (S&D) ႏွင့္ လစ္ဘရယ္ဝါဒီမ်ားျဖစ္သည့္ ျပန္လည္ဆန္းသစ္ေရးအုပ္စု (Renew group) တို႔ သည္ ပါလီမန္တြင္ အႀကီးဆုံးႏိုင္ငံေရးအုပ္စုသုံးစု ျဖစ္သည္။ သို႔ေသာ္ ေ႐ြးေကာက္ပြဲရလဒ္မ်ားအရ ျပင္သစ္ သမၼတမက္ခ႐ြန္၏ ပါတီျဖစ္ေသာ Renew မွာ သိသိသာသာ ရႈံးနိမ့္သြားေၾကာင္းေတြ႕ရသည္။ ယခင္က EPP၊ S&D ႏွင့္ Renew တို႔သည္ ဥပေဒ မ်ားကို အတည္ျပဳရန္ ပူးေပါင္းေဆာင္႐ြက္ခဲ့ ၾကသည္။ သို႔ေသာ္ EPP သည္ မၾကာေသးမီက အီတလီဝန္ႀကီး ခ်ဳပ္ Giorgia Meloni ဦးေဆာင္ေသာ လက္ယာစြန္း ဥေရာပ ကြန္ဆာေဗးတစ္ႏွင့္ ျပဳျပင္ေျပာင္းလဲေရးသမားမ်ားပါတီ (ECR) ႏွင့္ ပိုမိုနီးကပ္ လာျခင္းေၾကာင့္ S&D ပါတီအုပ္စုကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစခဲ့သည္။ ေ႐ြးေကာက္ပြဲအၿပီး ထိုကဲ့ သို႔ အဓိကအုပ္စုမ်ားအၾကား သေဘာထားကြဲလြဲမႈမ်ားသည္ အနာဂတ္ ပါလီမန္၏ လုပ္ေဆာင္ခ်က္မ်ား အေပၚ မ်ားစြာ သက္ေရာက္လာႏိုင္သည္။ ပါလီမန္တြင္ စစ္မွန္ေသာဩဇာ လႊမ္းမိုးႏိုင္မႈရွိရန္ လက္ယာ စြန္းပါတီမ်ား၏ စည္းလုံးညီၫြတ္မႈက အခရာျဖစ္လာႏိုင္သည္။သို႔ေသာ္ ၎တို႔သည္ ယူကရိန္းအတြက္ အေထာက္အပံ့ႏွင့္ ဘ႑ာေရးဆိုင္ရာ ခြဲေဝေရးကဲ့သို႔ေသာ အဓိက ကိစၥရပ္မ်ားတြင္ အခ်င္းခ်င္း ညႇိႏႈိင္းလို႔ မရေအာင္ ကြဲျပားမႈမ်ားကရွိေနသည္။ Euroscepticism ဝါဒီကို ကိုင္စြဲထားေသာ လက္ယာ စြန္းမ်ား လက္ယာစြန္းပါတီမ်ားသည္ ဇြန္လ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရခဲ့သည္ ဆိုေသာ္လည္း ေမွ်ာ္မွန္းထားသည့္အတိုင္း အဓိက ရာထူးေနရာမ်ားကို ရရွိေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ေပ။

သို႔ေသာ္ ယခုေ႐ြးေကာက္ပြဲတြင္ ဥေရာပ သမဂၢႏွင့္ ႏိုင္ငံအဆင့္တြင္ လူထုအေျချပဳဝါဒ အမ်ိဳး သားေရးဝါဒႏွင့္ သမဂၢေဝဖန္ေရးဝါဒ (Eurosceptic) မ်ားကိုအေျခခံေသာ လက္ယာစြန္းမ်ားအေပၚ ေထာက္ခံမႈ သိသိသာသာျမင့္မားလာေၾကာင္း တအံ့တဩ ေတြ႕ခဲ့ရသည္။ ဤအေျခအေနသည္ ဥေရာပ ေကာင္စီႏွင့္ ေကာင္စီဝင္ ဝန္ႀကီးမ်ား၏ ဖြဲ႕စည္းမႈႏွင့္ လုပ္ေဆာင္မႈအေပၚ သက္ေရာက္မႈရွိလာႏိုင္ၿပီး ဥ ေရာပသမဂၢ၏ မူဝါဒႏွင့္ ဥပေဒမ်ားကို ခ်မွတ္ရာတြင္လည္း တစ္စိတ္တစ္ပိုင္း သက္‌ေရာက္မႈရွိလာ ႏိုင္သည္။ ႏိုင္ငံအဆင့္တြင္ Eurosceptic ေခါင္းေဆာင္မ်ားႏွင့္ ပါတီမ်ား မ်ားျပားလာသည္ႏွင့္အမွ် ဥေရာပေကာင္စီတြင္ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ရာထူးမ်ားသည္လည္း ေျပာင္းလဲလာႏိုင္သည္။ အဖြဲ႕ဝင္ ႏိုင္ငံ မ်ားသည္ ႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြားကို ေရွးရႈျခင္းျဖင့္ ဥေရာပသမဂၢ၏မူဝါဒႏွင့္ ဥပေဒျပဳေရး အာဏာမ်ားကို အားနည္းယုတ္ေလ်ာ့သြားေစရန္ဖန္တီးလာမည္ျဖစ္ကာ သမဂၢကို အတြင္းထဲမွလႈိက္ စားသြားႏိုင္သည္။

ေ႐ႊ႕ေျပာင္းအေျခခ်ေနထိုင္မႈ ျပႆနာ၊ စီးပြားေရးအက်ပ္အတည္းႏွင့္ အျခားေသာ အက်ပ္ အတည္းမ်ားသည္ လက္ယာစြန္းမ်ားအား ေထာက္ခံမႈကို ျမႇင့္တင္ေပးခဲ့သည္။ လက္ယာစြန္းပါတီ မ်ားသည္ ေထာက္ခံသူမ်ား ပိုမိုရရွိရန္ ဤကတ္ကို မၾကာခဏ အသုံးျပဳေလ့ရွိၾကသည္။ လက္ရွိ အေျခ အေနတြင္ တစ္ဦးခ်င္းစီအလိုက္ သို႔မဟုတ္ အစုအဖြဲ႕မ်ားကို အျပစ္တင္ျခင္းသည္ လက္ယာစြန္းမ်ား မၾကာခဏ ျပဳလုပ္ေလ့ရွိေသာ အေလ့အထျဖစ္သည္။ ဥေရာပ ရွိ လက္ယာစြန္းပါတီမ်ားႏွင့္ ၎တို႔၏ လႈပ္ရွားမႈမ်ား သည္ ေယဘုယ်အားျဖင့္ ေရွး႐ိုးစြဲဝါဒ၊ အမ်ိဳးသားေရးဝါဒ၊ လူဝင္မႈႀကီးၾကပ္ ေရးကို ဆန႔္က်င္ျခင္းႏွင့္ ဥေရာပသမဂၢေၾကာင့္ ႏိုင္ငံေတာ္ အခ်ဳပ္အျခာ အာဏာမွာ ေမွးမွိန္ေနသည္ဟု ယူဆ ကာ သမဂၢကိုဖ်က္ သိမ္းျခင္း သို႔မဟုတ္ အားနည္းေစျခင္းစသည့္ မူဝါဒမ်ားအေပၚ အေျခခံေနသည္။ ဥေရာပ၏ လက္ယာစြန္း အုပ္စုမ်ားသည္ အယူဝါဒအားျဖင့္ တူညီၾကေသာ္လည္း နယ္ပယ္မ်ားစြာတြင္ ကြဲျပားမႈရွိေန ေသးသည္။ ပညာရွင္မ်ားက လက္ယာစြန္းမ်ားအ ၾကား ကြဲျပားမႈကို အမ်ိဳးအစားႏွစ္ခု ခြဲျခားထားသည္။ ၎မွာ ျပင္းထန္ေသာ ဥေရာပဆန႔္က်င္ေရးဝါဒီမ်ားႏွင့္ ေပ်ာ့ေပ်ာင္းေသာ ဥေရာပ ဆန႔္က်င္ေရး ဝါဒီမ်ား ဟူ၍ျဖစ္သည္။ ဤျခားနားမႈသည္ ဥေရာပသမဂၢ အေပၚဆန႔္က်င္မႈ (Euroscepticism) ၏ ျပင္းထန္မႈအတိုင္းအတာအလိုက္ ခြဲျခားထားျခင္းျဖစ္သည္။ ျပင္းထန္ေသာဝါဒီကို လက္ကိုင္ထားသူမ်ား က ဥေရာပသမဂၢႏွင့္ ဥေရာပေပါင္းစည္းမႈကို ဆန႔္က်င္ၿပီး သမဂၢကို ဖ်က္သိမ္းလို သည့္ ဆႏၵရွိၾကသည္။ ပါတီတစ္ခုသည္ Eurosceptic အလြန္ ျပင္းထန္ သည္ဟု ဆိုျခင္းမွာ ၎တို႔၏ မဲဆြယ္စည္း႐ုံးမႈမ်ားတြင္ အလြန္အကြၽံ အရင္းရွင္၊ ဆိုရွယ္လစ္၊ ေခတ္သစ္ လစ္ဘရယ္ သို႔မဟုတ္ ဗ်ဴ႐ို ကေရစီဆန္ဆန္ သြင္ျပင္လကၡဏာမ်ားကို ေတြ႕ရျခင္းျဖစ္သည္။ တစ္ဖက္တြင္မူ ေပ်ာ့ေပ်ာင္းေသာ Eurosceptic အဖြဲ႕မ်ားသည္ ဥေရာပေပါင္းစည္းညီၫြတ္ျခင္း သို႔မဟုတ္ သမဂၢအဖြဲ႕ဝင္ျဖစ္ျခင္းအေပၚ အေျခခံအားျဖင့္ ဆန႔္က်င္မႈမ်ားကို မေတြ႕ရပါ။ ယင္းအစား အခ်ိဳ႕ေသာ မူဝါဒနယ္ပယ္မ်ားတြင္ ေပါင္းစည္းမႈသည္ ႏိုင္ငံမ်ား၏ အမ်ိဳးသားအက်ိဳးစီးပြားႏွင့္ ကြဲလြဲသြားမည္ကို စိုးရိမ္ေနၾကသူမ်ား ျဖစ္ သည္။ ေပ်ာ့ေပ်ာင္းေသာ Euroscepticism ကို က်င့္သုံးသည့္ ပါတီတစ္ခုသည္ ဥေရာပ ေပါင္းစည္း ညီၫြတ္မႈႏွင့္ပတ္သက္၍ ေနာက္ဆက္တြဲ ကိစၥရပ္မ်ားအေပၚ မလိုလားသည့္ အေနအထားမ်ိဳး တြင္ရွိ ၾကသည္။ တစ္နည္းဆိုရေသာ္ အဆိုပါ ပါတီမ်ားသည္ လက္ရွိတည္ရွိေနသည့္အတိုင္း သမဂၢကို ေထာက္ခံေသာ္လည္း ေနာက္ထပ္ ေပါင္းစည္းမႈမ်ားကို ဆန႔္က်င္ျခင္းျဖစ္သည္။ ဥပမာအားျဖင့္ အခ်ိဳ႕ေသာ ပါတီမ်ားသည္ ေငြေၾကးဆိုင္ရာ နယ္ပယ္မ်ားတြင္ ဥေရာပေပါင္းစည္းမႈကို သေဘာတူေသာ္ လည္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ဆိုင္ေသာေနရာမ်ားတြင္ ေပါင္းစည္းျခင္းကို သေဘာမတူျခင္းမ်ိဳးျဖစ္သည္။

လက္ယာစြန္းမ်ား၏ ႏိုင္ငံျခားေရးမူဝါဒႏွင့္ ကာကြယ္ေရးက႑ အေပၚသက္ေရာက္လာ ႏိုင္မႈUrsula von der Leyen သည္ ေကာ္မရွင္ဥကၠ႒ အျဖစ္ ျပန္လည္အေ႐ြးခံရပါက လုံၿခဳံေရးႏွင့္ ကာ ကြယ္ေရးဆိုင္ရာ ေကာ္မရွင္၏ လုပ္ေဆာင္ခ်က္မ်ားကို ပိုမိုတိုးခ်ဲ႕ရန္ အာ႐ုံစိုက္သြားမည္ျဖစ္သည္။ ပါ လီမန္တြင္ ႏိုင္ငံျခားေရးမူဝါဒ ဆုံးျဖတ္ခ်က္မ်ားသည္ စည္းေႏွာင္မႈမရွိေသာေၾကာင့္ ႏိုင္ငံျခားေရး မူဝါဒ ႏွင့္ ပတ္သက္၍ ဩဇာလႊမ္းမိုးမႈ နည္းပါးေနသည္။ လက္ ဝဲ၊ လက္ယာ၊ လစ္ဘရယ္တို႔ပါဝင္ေသာ ပါလီမန္တြင္ ႐ုရွား-ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္၍ ယူကရိန္းကို ေထာက္ခံမႈ ဆက္လက္ထိန္းသိမ္း ထားႏိုင္ၿပီး ယင္း မွာႏိုင္ငံျခားေရးမူဝါဒႏွင့္ပတ္သက္၍ အျငင္းပြားမႈ အနည္းဆုံး ျပႆနာဟုဆိုရမည္။ ပါလီမန္တြင္ ေထာက္ခံမဲမ်ား တစ္သမတ္တည္းရွိေနၿပီး ယူကရိန္း စစ္ပြဲႏွင့္ပတ္သက္၍ ၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ျပဳလုပ္ခဲ့ေသာ ေနာက္ဆုံးဆႏၵျပဳျခင္းတြင္ ေထာက္ခံမဲ ၄၅၁ မဲ၊ ကန႔္ကြက္ ၄၆ မဲႏွင့္ ၾကားေန ၄၉ မဲျဖင့္ ယူကရိန္းကို အေထာက္အပံ့ေပးရန္ အတည္ျပဳႏိုင္ ခဲ့သည္။ ယူကရိန္းႏွင့္ သမဂၢၾကား အျငင္းပြားဖြယ္ရာ ကုန္သြယ္မႈ ေျဖေလွ်ာ့ေရးကိစၥတြင္လည္း ပါလီမန္ တြင္း ေထာက္ခံမႈ အမ်ားစုရရွိခဲ့ သည္။ လက္ယာ စြန္းပါတီမ်ား ပါလီမန္အတြင္း မ်ားျပားလာျခင္းေၾကာင့္ ႐ုရွားသမၼတ ဗလာဒီမာပူတင္ ကို ေထာက္ခံသည့္ ကိုယ္စားလွယ္အေရအတြက္ တိုးလာေသာ္လည္း ယင္းေထာက္ခံမႈသည္ ဥေရာပ သမဂၢ ၏ ယူကရိန္း စစ္ပြဲအေပၚ ရပ္တည္ခ်က္ကို ေျပာင္းလဲသြားႏိုင္ဖြယ္မရွိႏိုင္ေၾကာင္း အခ်ိဳ႕က သုံးသပ္ထားၾကပါသည္။ ဥေရာပသမဂၢအတြက္ ေရတိုႏွင့္ ကာလလတ္တြင္ ပိုမိုႀကီးမားေသာ စိန္ေခၚမႈ မွာ ဟန္ေဂရီကဲ့သို႔ ဥေရာပ ေကာင္စီရွိ အဟန႔္အတားျဖစ္ေစေသာ လက္ယာစြန္း အဖြဲ႕ဝင္ႏိုင္ငံမ်ားကို ကိုင္တြယ္ေျဖရွင္းရန္ကိစၥ ျဖစ္သည္။

ဟန္ေဂရီဝန္ႀကီးခ်ဳပ္ ဗစ္တာေအာ္ဘန္ သည္ ဥေရာပသမဂၢ၏ ႐ုရွားအေပၚ ပိတ္ဆို႔ အေရးယူ မႈမ်ားႏွင့္ ယူကရိန္းအေပၚ ေထာက္ခံမႈမ်ားအေပၚ တစိုက္မတ္မတ္ ရႈတ္ခ်ခဲ့သည္။ စလိုဗက္ကီးယား ေခါင္းေဆာင္ Robert Fico၊ နယ္သာလန္ရွိ Geert Wilders တို႔သည္ ဥေရာပေကာင္စီတြင္ ေအာ္ဘန္၏ လုပ္ရပ္မ်ားကို အတုယူလာႏိုင္ဖြယ္ရွိေနသည္။ လက္ယာယိမ္းပါတီမ်ားသည္ ထိပ္တန္းရာထူးမ်ားတြင္ ေနရာရထားျခင္းမရွိေသာ္လည္း ျပည္တြင္း မဲဆႏၵရွင္မ်ားၾကား ေထာက္ခံမႈရရွိေနျခင္းေၾကာင့္ ယူကရိန္းကို ကုန္သြယ္မႈ လြတ္လပ္ခြင့္ေပးေရးကိစၥမ်ားတြင္ ၎တို႔၏ ေထာက္ခံမႈ နည္းပါးလာႏိုင္ သည္။လက္ယာစြန္းကိုယ္စားလွယ္မ်ား မ်ားျပားလာေသာ ပါလီမန္၏ ကာကြယ္ေရးက႑အေပၚ သက္ေရာက္မႈ သည္ တိုက္႐ိုက္မရွိႏိုင္ေသာ္လည္း သြယ္ဝိုက္၍ သက္ေရာက္လာႏိုင္သည္။

အမ်ိဳးသားလုံၿခဳံေရးသည္ အဖြဲ႕ဝင္ႏိုင္ငံတစ္ခု၏ အမ်ိဳးသားကိစၥတစ္ရပ္အျဖစ္ ဆက္လက္ တည္ရွိေနၿပီး ဥေရာပသမဂၢ၏ ဘုံလုံၿခဳံေရးႏွင့္ ကာကြယ္ေရးမူဝါဒသည္ အစိုးရအခ်င္းခ်င္း ၾကား ပူးေပါင္းဆက္ဆံေရးျဖစ္သည္။ ထို႔ေၾကာင့္ ပါလီမန္သည္ သမဂၢ၏ ကာကြယ္ေရးဘတ္ဂ်က္ကို အတည္ျပဳေပးရာတြင္ အေရးပါသည့္ အဖြဲ႕အစည္း ျဖစ္ေနသည္။ ဤတြင္ လက္ယာစြန္းမ်ား ဦးေဆာင္ ေနေသာ ပါလီမန္သည္ ကာကြယ္ေရးအသုံးစရိတ္ကို အနီးကပ္ ဆန္းစစ္ႏိုင္ၿပီး ကာကြယ္ေရး အသုံးစ ရိတ္ ဥပေဒမ်ားကို အတည္ျပဳရာတြင္ ေႏွာင့္ေႏွးၾကန႔္ၾကာေအာင္ ျပဳလုပ္ႏိုင္သည္။

အခ်ဳပ္အားျဖင့္ဆိုရလွ်င္ ၂၀၂၄ ဥေရာပပါလီမန္ေ႐ြးေကာက္ပြဲရလဒ္ႏွင့္အတူ လက္ယာစြန္းမ်ား ပါလီမန္တြင္း ေနရာရလာျခင္းေၾကာင့္ ယခင္က ဥေရာပသမဂၢက ေထာက္ခံခဲ့သည့္ မူဝါဒေရးရာကိစၥ ရပ္မ်ားသည္ ေျပာင္းျပန္လမ္းေၾကာင္းေပၚေရာက္ရွိသြားႏိုင္ၿပီး ယူကရိန္းကို စစ္လက္နက္ႏွင့္ ေငြေၾကး အေထာက္အပံ့ ေပးေရးကိစၥရပ္မ်ားတြင္လည္း အနည္းႏွင့္ အမ်ားဆိုသလို အဟန႔္အတား ျဖစ္လာႏိုင္ သည္။ အထူးသတိျပဳရမည္မွာ လက္ယာစြန္းမ်ားသည္ ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို ေရွ႕တန္းတင္ ၿပီး ဥေရာပသမဂၢဖ်က္သိမ္းေရးမူဝါဒကို ဦးတည္ခ်က္ ထားရွိေနျခင္းေၾကာင့္ အနာဂတ္သမဂၢအတြက္ လက္ယာစြန္းမ်ားသည္ အဖြဲ႕ႀကီးတည္ၿမဲေရးႏွင့္ ပတ္သက္၍ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္လာႏိုင္ပါေၾကာင္း ေရးသားလိုက္ရပါသည္။

Related news

© 2021. All rights reserved.