အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် မဲဆွယ်စည်းရုံးပွဲတွေ လုပ်ဆောင်နေချိန်အတွင်း သေနတ်နဲ့ပစ်ခတ်ခံရ

 2137

Pika (NP News) - ဇူလိုင် ၁၄

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ ဇူလိုင်လ(၁၃)ရက်က မဲဆွယ်စည်းရုံးမှုတွေလုပ်ဆောင်နေစဉ်အချိန်အတွင်း နားရွက်ကိုသေနတ်နဲ့ပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

နားရွက်ကို သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ ဒေါ်နယ်ထရမ့်ရဲ့မျက်နှာပေါ်မှာ သွေးတွေ ပေနေခဲ့ပြီး အေးဂျင့်တွေဟာ ၎င်းကိုချက်ချင်းပဲ ကာကွယ်ပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ အဲဒီဖြစ်ရပ်အတွင်း သေနတ်သမားလည်း သေဆုံးခဲ့သလို ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးပွဲကိုလာတဲ့လူတစ်ယောက်လည်း သေဆုံးခဲ့ပြီး အခြားလူ(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လျှို့ဝှက်ဝန်ဆောင်မှုအဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းမှုတစ်ခုအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အသက်(၇၈)နှစ်အရွယ် ဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့မိန့်ခွန်းကို စတင်ပြောကြားနေချိန်မှာပဲ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မိန့်ခွန်းပြောနေတဲ့ ဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့နားရွက်ကို ညာဖက်လက်နဲ့အုပ်လိုက်ပြီး ဝပ်လိုက်ချိန်မှာပဲ ၎င်းရဲ့လျှို့ဝှက်ဝန်ဆောင်မှုအေးဂျင့်တွေက ချက်ချင်းလာရောက်ကာကွယ်ပေးခဲ့ကြတာကိုလည်း ဗီဒီယိုဖိုင်တစ်ခုမှာ တွေ့ခဲ့ရပါတယ်။ ပြီးတော့ ၎င်းရဲ့အေးဂျင့်တွေက ကားပေါ်ကို ခေါ်ဆောင်မသွားခင်မှာပဲ ခဏစောင့်ပါလို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒေါ်နယ်ထရမ့်က "ကျွန်တော့် ညာဖက်နားရွက်အပေါ်ပိုင်းကို သေနတ်နဲ့ပစ်ခံခဲ့ရပါတယ်။ သွေးတွေလည်း တော်တော်ထွက်ခဲ့ပါတယ်” လို့ Truth Social ပလက်ဖောင်းပေါ်မှာပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ပင်ဆယ်ဗေးနီးယားပြည်နယ် Pittsburgh မြို့မြောက်ဘက် မိုင်(၃၀)အကွာ Butler ကောင်တီမှာ မိန့်ခွန်းပြောနေစဉ်အချိန်အတွင်း ယခုလိုသေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာလို့လည်း သိရပါတယ်။

သေနတ်သမားရဲ့အထောက်အထားတွေနဲ့ ဘာလို့ အခုလိုပစ်ခတ်ရတယ်ဆိုတဲ့ရည်ရွယ်ချက်တွေကိုတော့ ယခုအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့ သိရပါတယ်။ အဲဒီပစ်ခတ်မှုကို ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေက ချက်ချင်းပဲပြစ်တင်ရှုတ်ချမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က "အမေရိကန်မှာ ဒီလိုမျိုးအကြမ်းဖက်မှုတွေအတွက် နေရာမရှိပါဘူး။ ဒီလိုပစ်ခတ်မှုကို ပြစ်တင်ရှုတ်ချဖို့ ကျွန်တော်တို့ အားလုံးစည်းလုံးရပါတယ်” လို့ ပြောခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဂျိုးဘိုင်ဒန်ဟာ ဒေါ်နယ်ထရမ့်နဲ့စကားပြောဆိုမှုတွေ လုပ်ဆောာင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီပစ်ခတ်မှုကြောင့် ဒေါ်နယ်ထရမ့် အပါအဝင် သမ္မတဟောင်းတွေကို သက်တော်စောင့်လုပ်ပေးနေတဲ့လျှို့ဝှက်ဝန်ဆောင်မှုအဖွဲ့ရဲ့လုံခြုံရေးပျက်ကွက်မှုတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်တာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္ မဲဆြယ္စည္း႐ုံးပြဲေတြ လုပ္ေဆာင္ေနခ်ိန္အတြင္း ေသနတ္နဲ႔ပစ္ခတ္ခံရ
Pika (NP News) - ဇူလိုင္ ၁၄

အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္ဟာ ဇူလိုင္လ(၁၃)ရက္က မဲဆြယ္စည္း႐ုံးမႈေတြလုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း နား႐ြက္ကိုေသနတ္နဲ႔ပစ္ခံခဲ့ရတယ္လို႔ သိရပါတယ္။

နား႐ြက္ကို ေသနတ္နဲ႔ပစ္ခံခဲ့ရတဲ့ ေဒၚနယ္ထရမ့္ရဲ႕မ်က္ႏွာေပၚမွာ ေသြးေတြ ေပေနခဲ့ၿပီး ေအးဂ်င့္ေတြဟာ ၎ကိုခ်က္ခ်င္းပဲ ကာကြယ္ေပးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ အဲဒီျဖစ္ရပ္အတြင္း ေသနတ္သမားလည္း ေသဆုံးခဲ့သလို ေဒၚနယ္ထရမ့္ရဲ႕ မဲဆြယ္စည္း႐ုံးပြဲကိုလာတဲ့လူတစ္ေယာက္လည္း ေသဆုံးခဲ့ၿပီး အျခားလူ(၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ လွ်ိဳ႕ဝွက္ဝန္ေဆာင္မႈအဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

အဲဒီျဖစ္ရပ္ကို လုပ္ႀကံသတ္ျဖတ္ဖို႔ႀကိဳးပမ္းမႈတစ္ခုအေနနဲ႔ စုံစမ္းစစ္ေဆးမႈေတြလုပ္ေဆာင္ေနတယ္လို႔ သတင္းရင္းျမစ္တစ္ခုက ႐ိုက္တာသတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။ အသက္(၇၈)ႏွစ္အ႐ြယ္ ေဒၚနယ္ထရမ့္ဟာ ၎ရဲ႕မိန႔္ခြန္းကို စတင္ေျပာၾကားေနခ်ိန္မွာပဲ ပစ္ခတ္မႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ မိန႔္ခြန္းေျပာေနတဲ့ ေဒၚနယ္ထရမ့္ဟာ ၎ရဲ႕နား႐ြက္ကို ညာဖက္လက္နဲ႔အုပ္လိုက္ၿပီး ဝပ္လိုက္ခ်ိန္မွာပဲ ၎ရဲ႕လွ်ိဳ႕ဝွက္ဝန္ေဆာင္မႈေအးဂ်င့္ေတြက ခ်က္ခ်င္းလာေရာက္ကာကြယ္ေပးခဲ့ၾကတာကိုလည္း ဗီဒီယိုဖိုင္တစ္ခုမွာ ေတြ႕ခဲ့ရပါတယ္။ ၿပီးေတာ့ ၎ရဲ႕ေအးဂ်င့္ေတြက ကားေပၚကို ေခၚေဆာင္မသြားခင္မွာပဲ ခဏေစာင့္ပါလို႔ ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ ေဒၚနယ္ထရမ့္က "ကြၽန္ေတာ့္ ညာဖက္နား႐ြက္အေပၚပိုင္းကို ေသနတ္နဲ႔ပစ္ခံခဲ့ရပါတယ္။ ေသြးေတြလည္း ေတာ္ေတာ္ထြက္ခဲ့ပါတယ္” လို႔ Truth Social ပလက္ေဖာင္းေပၚမွာေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ပင္ဆယ္ေဗးနီးယားျပည္နယ္ Pittsburgh ၿမိဳ႕ေျမာက္ဘက္ မိုင္(၃၀)အကြာ Butler ေကာင္တီမွာ မိန႔္ခြန္းေျပာေနစဥ္အခ်ိန္အတြင္း ယခုလိုေသနတ္နဲ႔ပစ္ခတ္ခံခဲ့ရတာလို႔လည္း သိရပါတယ္။

ေသနတ္သမားရဲ႕အေထာက္အထားေတြနဲ႔ ဘာလို႔ အခုလိုပစ္ခတ္ရတယ္ဆိုတဲ့ရည္႐ြယ္ခ်က္ေတြကိုေတာ့ ယခုအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔ သိရပါတယ္။ အဲဒီပစ္ခတ္မႈကို ရီပတ္ဘလစ္ကန္ေတြနဲ႔ ဒီမိုကရက္တစ္ပါတီဝင္ေတြက ခ်က္ခ်င္းပဲျပစ္တင္ရႈတ္ခ်မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က "အေမရိကန္မွာ ဒီလိုမ်ိဳးအၾကမ္းဖက္မႈေတြအတြက္ ေနရာမရွိပါဘူး။ ဒီလိုပစ္ခတ္မႈကို ျပစ္တင္ရႈတ္ခ်ဖို႔ ကြၽန္ေတာ္တို႔ အားလုံးစည္းလုံးရပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ ဂ်ိဳးဘိုင္ဒန္ဟာ ေဒၚနယ္ထရမ့္နဲ႔စကားေျပာဆိုမႈေတြ လုပ္ေဆာာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒီပစ္ခတ္မႈေၾကာင့္ ေဒၚနယ္ထရမ့္ အပါအဝင္ သမၼတေဟာင္းေတြကို သက္ေတာ္ေစာင့္လုပ္ေပးေနတဲ့လွ်ိဳ႕ဝွက္ဝန္ေဆာင္မႈအဖြဲ႕ရဲ႕လုံၿခဳံေရးပ်က္ကြက္မႈေတြနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္တာေတြလည္းရွိခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.