အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လက်ဘနွန်မြို့တော်ဝန်တစ်ဦးအပါအဝင် (၁၆)ဦး သေဆုံး

 355

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၇

အစ္စရေးနိုင်ငံသည် လက်ဘနွန်နိုင်ငံတောင်ပိုင်း Nabatieh မြို့ကို အောက်တိုဘာ ၁၆ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်နေရာ မြို့တော်ဝန်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အစ္စရေးသည် ဟစ္စဘိုလာအဖွဲ့ကို တိုက်ခိုက်ရန်အတွက် လက်ဘနွန်နိုင်ငံကို စင်တင်ဘာလကတည်းက လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ ဟစ္စဘိုလာအဖွဲ့အဓိက ခေါင်းဆောင်များသေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၆ ရက်တွင် အစ္စရေး၏ ဗုံးကြဲမှုဖြစ်စဉ်အတွင်း မြို့တော်ဝန်တစ်ဦးအပါအဝင် လူပေါင်း(၁၆)ဦး သေဆုံးကာ လူပေါင်း(၅၀)ကျော်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၆ ရက်တွင်ပြုလုပ်ခဲ့သော ဗုံးကြဲမှုသည် လက်ဘနွန်နိုင်ငံအပေါ် အစ္စရေးစစ်တပ်က လေကြောင်းမှထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ကြီးမားသော တိုက်ခိုက်မှုဖြစ်ခဲ့ကြောင်း ဒေသခံမီဒီယာများက ရေးသားဖော်ပြကြသည်။

အစ္စရေးသည် နေရပ်စွန့်ခွာနေထိုင်နေရသူများက အကူညီပေးရန် ဆွေးနွေးနေချိန်အတွင်း မြို့ကောင်စီရုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း လက်ဘနွန်အစိုးရတာဝန်ရှိသူများက ဝေဖန်ပြစ်တင်ထားသည်။ ဟစ္စဘိုလာအဖွဲ့သည် အစ္စရေးနှင့်ဟားမတ်စ်အဖွဲ့ကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းလူမျိုးများကို အားပေးထောက်ခံကြောင်းပြသမှုအဖြစ် အစ္စရေးနိုင်ငံမြောက်ဘက်ခြမ်းကိုတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီး အစ္စရေးက ဟစ္စဘိုလာအဖွဲ့ဝင်များကို စက်တင်ဘာလနောက်ပိုင်းတည်းက အရှိန်မြင့်တိုက်ခိုက်လာခဲ့ခြင်းဖြစ်ရာ အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးတင်းမာမှုအရှိန်ပိုမိုမြင့်တင်လာနေကြောင်း သိရသည်။ အစ္စရေးသည် ဟစ္စဘိုလာအဖွဲ့ဝင်များကို တိုက်ခိုက်ရန်အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့ဝင်များကိုလည်း နေရပ်စွန့်ခွာရန် သတိပေးထားကြောင်း သိရသည်။ အစ္စရေးနိုင်ငံအနေဖြင့် အပစ်ခတ်ရပ်စဲရေးမရမချင်း ဟစ္စဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွာမည်ဟုပြောသည်။ အစ္စရေးစစ်တပ်ဟာ ဟစ္စဘိုလာအဖွဲ့ကို တိုက်ခိုက်ဖို့ လက်ဘနွန်နိုင်ငံကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး လက်ဘနွန်စစ်တပ်ကတော့ အစ္စရေးစစ်တပ်ကို တုံ့ပြန်တိုက်ခိုက်ခြင်းမျိုးမရှိသေးကြောင်းသိရသည်။

zawgyi version
အစၥေရးရဲ႕တိုက္ခိုက္မႈေၾကာင့္ လက္ဘႏြန္ၿမိဳ႕ေတာ္ဝန္တစ္ဦးအပါအဝင္ (၁၆)ဦး ေသဆုံး
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၇

အစၥေရးႏိုင္ငံသည္ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္း Nabatieh ၿမိဳ႕ကို ေအာက္တိုဘာ ၁၆ ရက္ေန႔က ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္မႈမ်ားဆက္လက္လုပ္ေဆာင္ေနရာ ၿမိဳ႕ေတာ္ဝန္တစ္ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

အစၥေရးသည္ ဟစၥဘိုလာအဖြဲ႕ကို တိုက္ခိုက္ရန္အတြက္ လက္ဘႏြန္ႏိုင္ငံကို စင္တင္ဘာလကတည္းက ေလေၾကာင္းတိုက္ခိုက္မႈမ်ား အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ရာ ဟစၥဘိုလာအဖြဲ႕အဓိက ေခါင္းေဆာင္မ်ားေသဆုံးခဲ့ေၾကာင္း သိရသည္။ ေအာက္တိုဘာ ၁၆ ရက္တြင္ အစၥေရး၏ ဗုံးႀကဲမႈျဖစ္စဥ္အတြင္း ၿမိဳ႕ေတာ္ဝန္တစ္ဦးအပါအဝင္ လူေပါင္း(၁၆)ဦး ေသဆုံးကာ လူေပါင္း(၅၀)ေက်ာ္ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။ ေအာက္တိုဘာ ၁၆ ရက္တြင္ျပဳလုပ္ခဲ့ေသာ ဗုံးႀကဲမႈသည္ လက္ဘႏြန္ႏိုင္ငံအေပၚ အစၥေရးစစ္တပ္က ေလေၾကာင္းမွထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႀကီးမားေသာ တိုက္ခိုက္မႈျဖစ္ခဲ့ေၾကာင္း ေဒသခံမီဒီယာမ်ားက ေရးသားေဖာ္ျပၾကသည္။

အစၥေရးသည္ ေနရပ္စြန႔္ခြာေနထိုင္ေနရသူမ်ားက အကူညီေပးရန္ ေဆြးေႏြးေနခ်ိန္အတြင္း ၿမိဳ႕ေကာင္စီ႐ုံးကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း လက္ဘႏြန္အစိုးရတာဝန္ရွိသူမ်ားက ေဝဖန္ျပစ္တင္ထားသည္။ ဟစၥဘိုလာအဖြဲ႕သည္ အစၥေရးႏွင့္ဟားမတ္စ္အဖြဲ႕ၾကား ဂါဇာစစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ပါလက္စတိုင္းလူမ်ိဳးမ်ားကို အားေပးေထာက္ခံေၾကာင္းျပသမႈအျဖစ္ အစၥေရးႏိုင္ငံေျမာက္ဘက္ျခမ္းကိုတိုက္ခိုက္ခဲ့ရာ ႏွစ္ဖက္တင္းမာမႈအရွိန္ျမင့္တက္လာခဲ့ၿပီး အစၥေရးက ဟစၥဘိုလာအဖြဲ႕ဝင္မ်ားကို စက္တင္ဘာလေနာက္ပိုင္းတည္းက အရွိန္ျမင့္တိုက္ခိုက္လာခဲ့ျခင္းျဖစ္ရာ အေရွ႕အလယ္ပိုင္းေဒသအတြင္း စစ္ေရးတင္းမာမႈအရွိန္ပိုမိုျမင့္တင္လာေနေၾကာင္း သိရသည္။ အစၥေရးသည္ ဟစၥဘိုလာအဖြဲ႕ဝင္မ်ားကို တိုက္ခိုက္ရန္အတြက္ ကုလသမဂၢၿငိမ္းခ်မ္းေရးအဖြဲ႕ဝင္မ်ားကိုလည္း ေနရပ္စြန႔္ခြာရန္ သတိေပးထားေၾကာင္း သိရသည္။ အစၥေရးႏိုင္ငံအေနျဖင့္ အပစ္ခတ္ရပ္စဲေရးမရမခ်င္း ဟစၥဘိုလာအဖြဲ႕အေပၚ တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္သြာမည္ဟုေျပာသည္။ အစၥေရးစစ္တပ္ဟာ ဟစၥဘိုလာအဖြဲ႕ကို တိုက္ခိုက္ဖို႔ လက္ဘႏြန္ႏိုင္ငံကို က်ဴးေက်ာ္ဝင္ေရာက္ခဲ့ၿပီး လက္ဘႏြန္စစ္တပ္ကေတာ့ အစၥေရးစစ္တပ္ကို တုံ႔ျပန္တိုက္ခိုက္ျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.