ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ မြေပြိုမှုကြောင့် အနည်းဆုံးလူ(၇)ဦးသေဆုံး

 669

Pika (NP News) - ဇူလိုင် ၁၄

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ မြေပြိုမှုတစ်ခုအတွင်း ခရီးသွားနေတဲ့ ဗန်ကာ တစ်စီးပါသွားခဲ့ပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဇူလိုင်လ(၁၃)ရက်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။

ဇူလိုင်လ(၁၃)ရက် နံနက်(၄)နာရီဝန်းကျင်မှာ ထိုင်ခုံ(၁၆)ခုံပါတဲ့ ဗန်ကားဟာ Ha Giang ပြည်နယ် Bac Me ခရိုင်မှာ ခရီးသွားနေစဉ်အချိန်အတွင်း မြေပြိုမှုထဲပါသွားခဲ့တာလို့လည်း သိရပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားတွေဟာ ကောင်လေးတစ်ဦးရဲ့ရုပ်အလောင်း အပါအဝင် ရုပ်အလောင်း(၇)လောင်းကို ပြန်လည်ဆယ်ယူရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အခြားလူ(၆)ဦးကိုတော့ အသက်ရှင်လျက်တွေ့ရှိခဲ့ကာ နီးစပ်ရာဆေးရုံတစ်ခုကို ပို့ဆောင်ထားတယ်လို့ နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြထားပါတယ်။ ဒါ့ပြင် ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ ဓါတ်ပုံ တွေ နဲ့ ဗီဒီယိုတွေမှာ မြေတူးစက်တွေ၊ လူနာတင်ယာဉ်တွေနဲ့ ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေကို တွေ့မြင်ခဲ့ရပါတယ်။ Ha Giang ပြည်နယ်ဟာ နိုင်ငံခြားသားခရီးသွားတွေ မော်တော်ဆိုင်ကယ်စီးဖို့အတွက် အဓိက ရေပန်းစားတဲ့နေရာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လကလည်း Ha Giang ပြည်နယ်မှာ ရေကြီးမှုတွေကြောင့် လူ(၃)ဦး သေဆုံးခဲ့ဖူးတယ်လို့ သိရပါတယ်။

Zawgyi Version;
ဗီယက္နမ္ႏိုင္ငံေျမာက္ပိုင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေျမၿပိဳမႈေၾကာင့္ အနည္းဆုံးလူ(၇)ဦးေသဆုံး
Pika (NP News) - ဇူလိုင္ ၁၄

ဗီယက္နမ္ႏိုင္ငံေျမာက္ပိုင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေျမၿပိဳမႈတစ္ခုအတြင္း ခရီးသြားေနတဲ့ ဗန္ကာ တစ္စီးပါသြားခဲ့ၿပီး အနည္းဆုံးလူ(၇)ဦးေသဆုံးခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာေတြက ဇူလိုင္လ(၁၃)ရက္မွာ ေရးသား ေဖာ္ျပခဲ့ပါတယ္။

ဇူလိုင္လ(၁၃)ရက္ နံနက္(၄)နာရီဝန္းက်င္မွာ ထိုင္ခုံ(၁၆)ခုံပါတဲ့ ဗန္ကားဟာ Ha Giang ျပည္နယ္ Bac Me ခ႐ိုင္မွာ ခရီးသြားေနစဥ္အခ်ိန္အတြင္း ေျမၿပိဳမႈထဲပါသြားခဲ့တာလို႔လည္း သိရပါတယ္။ အဲဒီျဖစ္ရပ္ျဖစ္ပြားၿပီးေနာက္ ကယ္ဆယ္ေရးသမားေတြဟာ ေကာင္ေလးတစ္ဦးရဲ႕႐ုပ္အေလာင္း အပါအဝင္ ႐ုပ္အေလာင္း(၇)ေလာင္းကို ျပန္လည္ဆယ္ယူရရွိခဲ့တယ္လို႔လည္း သိရပါတယ္။

အျခားလူ(၆)ဦးကိုေတာ့ အသက္ရွင္လ်က္ေတြ႕ရွိခဲ့ကာ နီးစပ္ရာေဆး႐ုံတစ္ခုကို ပို႔ေဆာင္ထားတယ္လို႔ ႏိုင္ငံပိုင္ မီဒီယာေတြက ေဖာ္ျပထားပါတယ္။ ဒါ့ျပင္ ေပ်ာက္ဆုံးေနသူေတြကို ရွာေဖြဖို႔အတြက္ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္းသိရပါတယ္။ဆိုရွယ္မီဒီယာေပၚမွာတင္ထားတဲ့ ဓါတ္ပုံ ေတြ နဲ႔ ဗီဒီယိုေတြမွာ ေျမတူးစက္ေတြ၊ လူနာတင္ယာဥ္ေတြနဲ႔ ရာနဲ႔ခ်ီတဲ့ ကယ္ဆယ္ေရးသမားေတြကို ေတြ႕ျမင္ခဲ့ရပါတယ္။ Ha Giang ျပည္နယ္ဟာ ႏိုင္ငံျခားသားခရီးသြားေတြ ေမာ္ေတာ္ဆိုင္ကယ္စီးဖို႔အတြက္ အဓိက ေရပန္းစားတဲ့ေနရာတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ဇြန္လကလည္း Ha Giang ျပည္နယ္မွာ ေရႀကီးမႈေတြေၾကာင့္ လူ(၃)ဦး ေသဆုံးခဲ့ဖူးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.