အစ္စရေးနိုင်ငံသားအများစုက ဝန်ကြီးချုပ်နေတန်ရာဟုကို ရာထူးကနေ နှုတ်ထွက်စေလိုတယ်လို့ စစ်တမ်းတစ်ခုတွင် ဖော်ပြ

 511

Pika (NP News) - ဇူလိုင် ၁၄

အစ္စရေးနိုင်ငံသား လေးပုံပုံ သုံးပုံနီးပါးဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ရာထူးကနေ နှုတ်ထွက်စေလိုကြ တယ်လို့ ဇူလိုင်လ(၁၂)ရက်မှာ Channel 12 ရုပ်သံလိုင်းက ထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုအရ သိရပါတယ်။
နေတန်ရာဟုဟာ ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်သင့်တယ်လို့ စစ်တမ်းကို ဖြေဆိုသူတွေရဲ့ (၇၂) ရာခိုင်နှုန်းက ပြောဆိုထားကြပြီး (၄၄)ရာခိုင်နှုန်းကတော့ နေတန်ရာဟုဟာ ချက်ချင်းနှုတ်ထွက်သင့်တယ်လို့ ဖြေဆိုခဲ့ကြပါ တယ်။

ဖြေဆိုသူတွေရဲ့(၂၈)ရာခိုင်နှုန်းကတော့ နေတန်ရာဟုဟာ အစ္စရေးတပ်ဖွဲ့တွေက ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဆင်ရေးတွေလုပ်ဆောင်အပြီး နှုတ်ထွက်သင့်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ အစ္စရေး-ဟားမက်စစ်ပွဲ စတင် ဖြစ်ပွားကတည်းက အစ္စရေးနိုင်ငံသားတွေဟာ နေတန်ရာဟုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါ့အပြင် အစ္စရေးနိုင်ငံသားအများစုဟာ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုခဲ့ကြပြီး ဟားမက်လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးထားဆဲဖြစ်တဲ့ ဓါးစာခံတွေကို ပြန်လည်ခေါ်ယူပေးဖို့ အစိုးရကို တိုက်တွန်းခဲ့ကြတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်နေ့မှာ အစ္စရေး-ဟားမက် စစ်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ယခုအချိန်အထိ အစ္စရေးနိုင်ငံသား(၁၂၀၀)ကျော်သေဆုံးခဲ့ပြီး ပါလက်စတိုင်းလူမျိုး(၃)သောင်းကျော် သေဆုံးထား တယ်လို့ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ သိရပါတယ်။
ယခုအချိန်မှာ အစ္စရေးဟာ ပါလက်စတိုင်းဒုက္ခသည်တစ်သန်းကျော် ခိုလှုံတဲ့နေရာဖြစ်တဲ့ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ကရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

Zawgyi Version;
အစၥေရးႏိုင္ငံသားအမ်ားစုက ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကို ရာထူးကေန ႏႈတ္ထြက္ေစလိုတယ္လို႔ စစ္တမ္းတစ္ခုတြင္ ေဖာ္ျပ

Pika (NP News) - ဇူလိုင္ ၁၄

အစၥေရးႏိုင္ငံသား ေလးပုံပုံ သုံးပုံနီးပါးဟာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကို ရာထူးကေန ႏႈတ္ထြက္ေစလိုၾက တယ္လို႔ ဇူလိုင္လ(၁၂)ရက္မွာ Channel 12 ႐ုပ္သံလိုင္းက ထုတ္ျပန္တဲ့ စစ္တမ္းတစ္ခုအရ သိရပါတယ္။
ေနတန္ရာဟုဟာ ဝန္ႀကီးခ်ဳပ္ရာထူးကေန ႏႈတ္ထြက္သင့္တယ္လို႔ စစ္တမ္းကို ေျဖဆိုသူေတြရဲ႕ (၇၂) ရာခိုင္ႏႈန္းက ေျပာဆိုထားၾကၿပီး (၄၄)ရာခိုင္ႏႈန္းကေတာ့ ေနတန္ရာဟုဟာ ခ်က္ခ်င္းႏႈတ္ထြက္သင့္တယ္လို႔ ေျဖဆိုခဲ့ၾကပါ တယ္။

ေျဖဆိုသူေတြရဲ႕(၂၈)ရာခိုင္ႏႈန္းကေတာ့ ေနတန္ရာဟုဟာ အစၥေရးတပ္ဖြဲ႕ေတြက ဂါဇာကမ္းေျမာင္ေဒသမွာ စစ္ဆင္ေရးေတြလုပ္ေဆာင္အၿပီး ႏႈတ္ထြက္သင့္တယ္လို႔ ေျဖဆိုခဲ့ၾကပါတယ္။ အစၥေရး-ဟားမက္စစ္ပြဲ စတင္ ျဖစ္ပြားကတည္းက အစၥေရးႏိုင္ငံသားေတြဟာ ေနတန္ရာဟုကို ဆန႔္က်င္တဲ့ဆႏၵျပပြဲေတြကို အႀကိမ္ႀကိမ္ လုပ္ေဆာင္ခဲ့ၾကပါတယ္။

ဒါ့အျပင္ အစၥေရးႏိုင္ငံသားအမ်ားစုဟာ အပစ္အခတ္ရပ္စဲေရးကို ေတာင္းဆိုခဲ့ၾကၿပီး ဟားမက္လက္နက္ကိုင္ အဖြဲ႕က ဖမ္းဆီးထားဆဲျဖစ္တဲ့ ဓါးစာခံေတြကို ျပန္လည္ေခၚယူေပးဖို႔ အစိုးရကို တိုက္တြန္းခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔မွာ အစၥေရး-ဟားမက္ စစ္ပြဲစတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး ယခုအခ်ိန္အထိ အစၥေရးႏိုင္ငံသား(၁၂၀၀)ေက်ာ္ေသဆုံးခဲ့ၿပီး ပါလက္စတိုင္းလူမ်ိဳး(၃)ေသာင္းေက်ာ္ ေသဆုံးထား တယ္လို႔ ထုတ္ျပန္ထားတဲ့အခ်က္အလက္ေတြအရ သိရပါတယ္။
ယခုအခ်ိန္မွာ အစၥေရးဟာ ပါလက္စတိုင္းဒုကၡသည္တစ္သန္းေက်ာ္ ခိုလႈံတဲ့ေနရာျဖစ္တဲ့ ဂါဇာကမ္းေျမာင္ေဒသ ေတာင္ပိုင္း ကရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈေတြ လုပ္ေဆာင္ေနတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.