နေတိုးထိပ်သီးအစည်းအဝေး၏ စွပ်စွဲချက်များကို “ ဘယ်တော့မှ” လက်ခံမည် မဟုတ်ကြောင်း တရုတ်အစိုးရ ပြော

 1259

Pika (NP News) - ဇူလိုင် ၁၅

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် ကျင်းပသော နေတိုးထိပ်သီးအစည်းအဝေးအတွင်း ပြောဆိုခဲ့ကြသော အခြေအမြစ်မရှိသည့် စွပ်စွဲပြောဆိုချက်များကို တရုတ်ကဘယ်တော့မှလက်ခံမည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ထုတ်ဖော်ပြောဆိုခဲ့သည်။
ဝမ်ယီသည် နယ်သာလန်ဝန်ကြီးချုပ်နှင့် ဖုန်းခေါ်ဆိုမှုအတွင်း ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် နေတိုး အဖွဲ့နှင့်တန်းတူညီမျှသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားရန်နှင့် အပြန်အလှန်လေးစားမှု အပေါ် အခြေခံကာ ဖလှယ်မှုများပြုလုပ်သွားရန် ဆန္ဒ ရှိကြောင်း ဝမ်ယီကပြောကြားခဲ့သည်။ နေတိုးအဖွဲ့ အနေဖြင့် တရုတ်၏ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် သို့မဟုတ် ၎င်းတို့၏အကျိုးစီးပွားကို စိန်ခေါ်ခြင်းမပြုရန် ဝမ်ယီက တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ တရုတ်နှင့် နေတိုးအဖွဲ့ကြားတွင် မတူညီသော နိုင်ငံရေးစနစ်များနှင့် တန်ဖိုးများရှိကြသော်လည်း နေတိုးအဖွဲ့အတွက် အဆိုပါအချက် သည် တရုတ်နှင့်ထိပ်တိုက်တွေ့ဆုံရန် အကြောင်းပြချက်တစ်ခုမဖြစ်သင့်ကြောင်း ဝမ်ယီက ပြောဆိုခဲ့သည်။
ဝမ်ယီက “ မှန်ကန်တဲ့နည်းလမ်းက ဆွေးနွေးမှုတွေကို အားကောင်းလာစေဖို့၊ နားလည်မှုတွေ ကို မြှင့်တင်ဖို့၊ အပြန်အလှန်အခြေခံယုံကြည်မှုကို တည်ဆောက်ဖို့နဲ့ မဟာဗျူဟာမြောက် မှားယွင်းတွက် ချက်မှုတွေကို ရှောင်ရှားဖို့ဖြစ်ပါတယ်” ဟုပြောဆိုခဲ့သည်။ ရုရှား-ယူကရိန်းစစ်ပွဲကို အလေးထား ဆွေး နွေးသော နေတိုးထိပ်သီးအစည်းအဝေးကို တရုတ် အစိုးရက ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် နယ်သာလန်နိုင်ငံနှင့်ဆက်ဆံရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသည် နယ်သာလန်အစိုးရ အသစ် နှင့် နီးကပ်သောဆက်ဆံရေးများ ထူထောင်ကာ ဘက်စုံတွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန် ဆန္ဒရှိ ကြောင်း ဝမ်ယီက ပြောကြားခဲ့သည်။ ဇူလိုင်လ (၁၀)ရက်နေ့တွင် နေတိုးအဖွဲ့ဝင်နိုင်ငံများက ထုတ် ပြန်ခဲ့သောစာတမ်းတွင် တရုတ်အစိုးရသည် စည်းမျဉ်းအခြေခံသော နိုင်ငံတကာအမိန့်များကို ချိုး ဖောက်ရန်နှင့်ပြန်လည်ပုံဖော်ရန်အတွက် ရုရှားနှင့်အလုပ် တွဲလုပ်နေကြောင်း စွပ်စွဲပြောဆိုထားသည်။ ယူကရိန်းပဋိပက္ခဖြစ်ပွားနေသည့်ကြားက တရုတ် နိုင်ငံသည် ရုရှား၏စစ်လက်နက်ပစ္စည်းထုတ်လုပ်သူ များကို အစိတ်အပိုင်းများနှင့်ပစ္စည်းများ ထောက်ပံ့ပေးနေသည်ဟု နေတိုးအဖွဲ့က စွပ်စွဲထားကြောင်း လည်းသိရသည်။ ထို့ပြင် တရုတ်သည် ယူကရိန်း အပေါ် ရုရှား၏ကျူးကျော်တိုက်ခိုက်မှုများကို အဆုံး အဖြတ်ပေးနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းလည်း အဆိုပါစာတမ်းထဲတွင် ရေးသားဖော်ပြထား သည်။

Zawgyi Version;
ေနတိုးထိပ္သီးအစည္းအေဝး၏ စြပ္စြဲခ်က္မ်ားကို “ ဘယ္ေတာ့မွ” လက္ခံမည္ မဟုတ္ေၾကာင္း တ႐ုတ္အစိုးရ ေျပာ
Pika (NP News) - ဇူလိုင္ ၁၅

အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီၿမိဳ႕တြင္ က်င္းပေသာ ေနတိုးထိပ္သီးအစည္းအေဝးအတြင္း ေျပာဆိုခဲ့ၾကေသာ အေျခအျမစ္မရွိသည့္ စြပ္စြဲေျပာဆိုခ်က္မ်ားကို တ႐ုတ္ကဘယ္ေတာ့မွလက္ခံမည္ မဟုတ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဝမ္ယီသည္ နယ္သာလန္ဝန္ႀကီးခ်ဳပ္ႏွင့္ ဖုန္းေခၚဆိုမႈအတြင္း ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ ျခင္းျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာၾကားခဲ့သည္။ ထို႔ျပင္ တ႐ုတ္ႏိုင္ငံသည္ ေနတိုး အဖြဲ႕ႏွင့္တန္းတူညီမွ်ေသာ ဆက္ဆံေရးကို ဆက္လက္ထိန္းသိမ္းသြားရန္ႏွင့္ အျပန္အလွန္ေလးစားမႈ အေပၚ အေျခခံကာ ဖလွယ္မႈမ်ားျပဳလုပ္သြားရန္ ဆႏၵ ရွိေၾကာင္း ဝမ္ယီကေျပာၾကားခဲ့သည္။ ေနတိုးအဖြဲ႕ အေနျဖင့္ တ႐ုတ္၏ျပည္တြင္းေရးကို ဝင္ေရာက္မစြက္ဖက္ရန္ သို႔မဟုတ္ ၎တို႔၏အက်ိဳးစီးပြားကို စိန္ေခၚျခင္းမျပဳရန္ ဝမ္ယီက ေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။ တ႐ုတ္ႏွင့္ ေနတိုးအဖြဲ႕ၾကားတြင္ မတူညီေသာ ႏိုင္ငံေရးစနစ္မ်ားႏွင့္ တန္ဖိုးမ်ားရွိၾကေသာ္လည္း ေနတိုးအဖြဲ႕အတြက္ အဆိုပါအခ်က္ သည္ တ႐ုတ္ႏွင့္ထိပ္တိုက္ေတြ႕ဆုံရန္ အေၾကာင္းျပခ်က္တစ္ခုမျဖစ္သင့္ေၾကာင္း ဝမ္ယီက ေျပာဆိုခဲ့သည္။
ဝမ္ယီက “ မွန္ကန္တဲ့နည္းလမ္းက ေဆြးေႏြးမႈေတြကို အားေကာင္းလာေစဖို႔၊ နားလည္မႈေတြ ကို ျမႇင့္တင္ဖို႔၊ အျပန္အလွန္အေျခခံယုံၾကည္မႈကို တည္ေဆာက္ဖို႔နဲ႔ မဟာဗ်ဴဟာေျမာက္ မွားယြင္းတြက္ ခ်က္မႈေတြကို ေရွာင္ရွားဖို႔ျဖစ္ပါတယ္” ဟုေျပာဆိုခဲ့သည္။ ႐ုရွား-ယူကရိန္းစစ္ပြဲကို အေလးထား ေဆြး ေႏြးေသာ ေနတိုးထိပ္သီးအစည္းအေဝးကို တ႐ုတ္ အစိုးရက ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ နယ္သာလန္ႏိုင္ငံႏွင့္ဆက္ဆံေရးႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံသည္ နယ္သာလန္အစိုးရ အသစ္ ႏွင့္ နီးကပ္ေသာဆက္ဆံေရးမ်ား ထူေထာင္ကာ ဘက္စုံေတြ႕ဆုံေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ ဆႏၵရွိ ေၾကာင္း ဝမ္ယီက ေျပာၾကားခဲ့သည္။ ဇူလိုင္လ (၁၀)ရက္ေန႔တြင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားက ထုတ္ ျပန္ခဲ့ေသာစာတမ္းတြင္ တ႐ုတ္အစိုးရသည္ စည္းမ်ဥ္းအေျခခံေသာ ႏိုင္ငံတကာအမိန႔္မ်ားကို ခ်ိဳး ေဖာက္ရန္ႏွင့္ျပန္လည္ပုံေဖာ္ရန္အတြက္ ႐ုရွားႏွင့္အလုပ္ တြဲလုပ္ေနေၾကာင္း စြပ္စြဲေျပာဆိုထားသည္။ ယူကရိန္းပဋိပကၡျဖစ္ပြားေနသည့္ၾကားက တ႐ုတ္ ႏိုင္ငံသည္ ႐ုရွား၏စစ္လက္နက္ပစၥည္းထုတ္လုပ္သူ မ်ားကို အစိတ္အပိုင္းမ်ားႏွင့္ပစၥည္းမ်ား ေထာက္ပံ့ေပးေနသည္ဟု ေနတိုးအဖြဲ႕က စြပ္စြဲထားေၾကာင္း လည္းသိရသည္။ ထို႔ျပင္ တ႐ုတ္သည္ ယူကရိန္း အေပၚ ႐ုရွား၏က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားကို အဆုံး အျဖတ္ေပးေနသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္းလည္း အဆိုပါစာတမ္းထဲတြင္ ေရးသားေဖာ္ျပထား သည္။

Related news

© 2021. All rights reserved.