တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ရုရှားတို့က လက်နက်အစစ်များ အသုံးပြု၍ ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်
736
ALynn (NP News) - ဇူလိုင် ၁၇
တရုတ်နှင့် ရုရှားတို့သည် တောင်တရုတ်ပင်လယ်တွင် လက်နက်အစစ်များကို အသုံးပြု၍ ရေတပ်စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ကြောင်း နိုင်ငံပိုင် Global Times သတင်းစာက ဖော်ပြခဲ့ပြီး နှစ်နိုင်ငံလုံးအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများပြုလုပ်ပြီးနောက် မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံအကြား စစ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ ပိုမိုအား ကောင်းလာခဲ့သည်။ နှစ်နိုင်ငံစလုံးသည် သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုတွင် အနည်းဆုံး စစ်ရေယာဉ် ၃ စီးစီ ဖြန့်ကျက်ထားမည်ဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးရေတပ် (PLA) ၏ ဖော်ပြချက်ကို ကိုးကား၍ မီဒီယာက ဆိုသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ပစိဖိတ်မြောက်ပိုင်းတွင် ပူးတွဲရေတပ်ကင်းလှည့်မှုပြီးနောက် စတင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် စစ်ရေယာဉ်ဖွဲ့စည်းလေ့ကျင့်ခြင်း၊ ကင်းထောက်ခြင်းနှင့် ကြိုတင် သတိပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေးနှင့် လေကြောင်းရန် ကာကွယ်ရေးတို့ကို လုပ်ဆောင်မည် ဖြစ်ကြောင်း အင်္ဂါနေ့ (ဇူလိုင်လ ၁၆ ရက်) ညနေပိုင်းတွင် PLA South Sea Fleet ၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။ PLA ရေတပ်မှ Wang Guangzheng က "တရုတ်-ရုရှား ပူးတွဲကင်းလှည့်မှုသည် လမ်းကြောင်းမျိုးစုံနှင့် နယ်ပယ်ပေါင်းစုံတွင် နှစ်နိုင်ငံအကြား ဆက်ဆံ ရေးကို ပိုမိုနက်ရှိုင်းစေပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးသည်" ဟု တရုတ်အစိုးရရုပ်သံ CCTV သို့ ပြောကြားခဲ့သည်။
ပါ၀င်ရေယာဉ်များသည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် Zhanjiang ရှိ ရေတပ် ဆိပ်ကမ်းမှ တနင်္လာနေ့တွင် ထွက်ခွာခဲ့ကြောင်း PLA ရေတပ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုအား မည်သည့်နေရာတွင် ပြုလုပ်မည်ကို အစီရင်ခံစာတွင် မဖော်ပြထားပေ။ ဖိလစ်ပိုင်သည် ၎င်းတို့၏ ရေကြောင်း ပိုင်နက်ဆိုင်ရာ တောင်းဆိုမှုများကို သေချာကြောင်းအားဖြည့်ရန် ၁၉၉၉ ခုနှစ်တွင် အငြင်းပွား Second Thomas Shoal ကို တမင်တကာ ပိတ်ဆို့ထားသည်ဟု ဖော်ပြထားသည်။
ဖိလစ်ပိုင်နှင့် အမေရိကန်တို့ကြား အပြန်အလှန်ကာကွယ်ရေးဆိုင်ရာ ဆက် ဆံမှုများသည် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများကို မြင့်တက်စေကြောင်း တရုတ်က သတိပေးခဲ့သည်။ ယူကရိန်းပဋိပက္ခမဖြစ်ပွားမီ ရက်အနည်းငယ်အလိုတွင် သမ္မတ ဗလာဒီမာပူတင်သည် ပေကျင်းသို့ အလည် အပတ်သွားရောက်စဉ် တရုတ်နှင့် ရုရှားတို့သည် အကန့်အသတ်မရှိ မိတ်ဖက်များအဖြစ် ၂၀၂၂ ခုနှစ်တွင် ကြေညာခဲ့သည်။ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံသို့ ပို့ကုန်များတိုးမြှင့်ကာ မော်စကို၏ စစ်ပွဲအတွင်း စီးပွားရေးကို ဆက်လက် ထိန်းသိမ်းနိုင်ရန် ကူညီပေးခဲ့သည်။ တရုတ်အကောက်ခွန်အချက်အလက်များအရ နှစ်နိုင်ငံအကြား အကန့်အသတ်မရှိ ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄၀ ဒသမ ၁ ဘီလျံအထိ စံချိန်တင်ခဲ့ကြောင်း သိရသည်။
zawgyi version
ေတာင္တ႐ုတ္ပင္လယ္တြင္ တ႐ုတ္ႏွင့္ ႐ုရွားတို႔က လက္နက္အစစ္မ်ား အသုံးျပဳ၍ ေရတပ္စစ္ေရးေလ့က်င့္မႈ ျပဳလုပ္
ALynn (NP News) - ဇူလိုင္ ၁၇
တ႐ုတ္ႏွင့္ ႐ုရွားတို႔သည္ ေတာင္တ႐ုတ္ပင္လယ္တြင္ လက္နက္အစစ္မ်ားကို အသုံးျပဳ၍ ေရတပ္စစ္ေရးေလ့က်င့္မႈကို စတင္ခဲ့ေၾကာင္း ႏိုင္ငံပိုင္ Global Times သတင္းစာက ေဖာ္ျပခဲ့ၿပီး ႏွစ္ႏိုင္ငံလုံးအေပၚ အေမရိကန္၏ ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္ၿပီးေနာက္ မၾကာေသးမီႏွစ္မ်ားအတြင္း ႏွစ္ႏိုင္ငံအၾကား စစ္ေရးႏွင့္ ကုန္သြယ္ေရးဆိုင္ရာ ဆက္ဆံမႈမ်ား ပိုမိုအား ေကာင္းလာခဲ့သည္။ ႏွစ္ႏိုင္ငံစလုံးသည္ သုံးရက္ၾကာ စစ္ေရးေလ့က်င့္မႈတြင္ အနည္းဆုံး စစ္ေရယာဥ္ ၃ စီးစီ ျဖန႔္က်က္ထားမည္ျဖစ္ေၾကာင္း ျပည္သူ႔လြတ္ေျမာက္ေရးေရတပ္ (PLA) ၏ ေဖာ္ျပခ်က္ကို ကိုးကား၍ မီဒီယာက ဆိုသည္။ အဆိုပါ စစ္ေရးေလ့က်င့္မႈကို ပစိဖိတ္ေျမာက္ပိုင္းတြင္ ပူးတြဲေရတပ္ကင္းလွည့္မႈၿပီးေနာက္ စတင္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။
အဆိုပါ စစ္ေရးေလ့က်င့္မႈတြင္ စစ္ေရယာဥ္ဖြဲ႕စည္းေလ့က်င့္ျခင္း၊ ကင္းေထာက္ျခင္းႏွင့္ ႀကိဳတင္ သတိေပးျခင္း၊ ရွာေဖြကယ္ဆယ္ေရးႏွင့္ ေလေၾကာင္းရန္ ကာကြယ္ေရးတို႔ကို လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း အဂၤါေန႔ (ဇူလိုင္လ ၁၆ ရက္) ညေနပိုင္းတြင္ PLA South Sea Fleet ၏ အစီရင္ ခံစာတြင္ ေဖာ္ျပထားသည္။ PLA ေရတပ္မွ Wang Guangzheng က "တ႐ုတ္-႐ုရွား ပူးတြဲကင္းလွည့္မႈသည္ လမ္းေၾကာင္းမ်ိဳးစုံႏွင့္ နယ္ပယ္ေပါင္းစုံတြင္ ႏွစ္ႏိုင္ငံအၾကား ဆက္ဆံ ေရးကို ပိုမိုနက္ရႈိင္းေစၿပီး လက္ေတြ႕က်ေသာ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ေပးသည္" ဟု တ႐ုတ္အစိုးရ႐ုပ္သံ CCTV သို႔ ေျပာၾကားခဲ့သည္။
ပါ၀င္ေရယာဥ္မ်ားသည္ တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ကြမ္တုံျပည္နယ္ Zhanjiang ရွိ ေရတပ္ ဆိပ္ကမ္းမွ တနလၤာေန႔တြင္ ထြက္ခြာခဲ့ေၾကာင္း PLA ေရတပ္၏ ထုတ္ျပန္ခ်က္ကို ကိုးကား၍ အစီရင္ခံစာတြင္ ထည့္သြင္းေဖာ္ျပထားသည္။ အဆိုပါ စစ္ေရးေလ့က်င့္မႈအား မည္သည့္ေနရာတြင္ ျပဳလုပ္မည္ကို အစီရင္ခံစာတြင္ မေဖာ္ျပထားေပ။ ဖိလစ္ပိုင္သည္ ၎တို႔၏ ေရေၾကာင္း ပိုင္နက္ဆိုင္ရာ ေတာင္းဆိုမႈမ်ားကို ေသခ်ာေၾကာင္းအားျဖည့္ရန္ ၁၉၉၉ ခုႏွစ္တြင္ အျငင္းပြား Second Thomas Shoal ကို တမင္တကာ ပိတ္ဆို႔ထားသည္ဟု ေဖာ္ျပထားသည္။
ဖိလစ္ပိုင္ႏွင့္ အေမရိကန္တို႔ၾကား အျပန္အလွန္ကာကြယ္ေရးဆိုင္ရာ ဆက္ ဆံမႈမ်ားသည္ ေတာင္တ႐ုတ္ပင္လယ္အတြင္း တင္းမာမႈမ်ားကို ျမင့္တက္ေစေၾကာင္း တ႐ုတ္က သတိေပးခဲ့သည္။ ယူကရိန္းပဋိပကၡမျဖစ္ပြားမီ ရက္အနည္းငယ္အလိုတြင္ သမၼတ ဗလာဒီမာပူတင္သည္ ေပက်င္းသို႔ အလည္ အပတ္သြားေရာက္စဥ္ တ႐ုတ္ႏွင့္ ႐ုရွားတို႔သည္ အကန႔္အသတ္မရွိ မိတ္ဖက္မ်ားအျဖစ္ ၂၀၂၂ ခုႏွစ္တြင္ ေၾကညာခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံသို႔ ပို႔ကုန္မ်ားတိုးျမႇင့္ကာ ေမာ္စကို၏ စစ္ပြဲအတြင္း စီးပြားေရးကို ဆက္လက္ ထိန္းသိမ္းႏိုင္ရန္ ကူညီေပးခဲ့သည္။ တ႐ုတ္အေကာက္ခြန္အခ်က္အလက္မ်ားအရ ႏွစ္ႏိုင္ငံအၾကား အကန႔္အသတ္မရွိ ကုန္သြယ္မႈသည္ ၂၀၂၃ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၂၄၀ ဒသမ ၁ ဘီလ်ံအထိ စံခ်ိန္တင္ခဲ့ေၾကာင္း သိရသည္။