မြန်မာ့နိုင်ငံရေးအခက်၌ ထိုင်း၏အိမ်ခြံမြေကဏ္ဍ စီးပွားတက်ခဲ့ပြီး သုံးနှစ်အတွင်း ဘတ်(၁၀)ဘီလျံထက်မနည်း ရရှိသွား
582
အေဝိုင်အီး (NP News) - ဇူလိုင် ၁၉
နိုင်ငံရေးပြဿနာများဖြစ်ပေါ်လာပြီးနောက်ပိုင်း သုံးနှစ်ကျော်အတွင်း ထိုင်းနိုင်ငံအတွင်း၌ မြန်မာတို့၏ပိုင်ဆိုင်မှုသည် အိမ်ခြံမြေတစ်ခုတည်း၌ပင် ဘတ် (၁၀)ဘီလျံထက်မနည်းရှိလာနေကြောင်း ထိုင်း အိမ်ခြံမြေဈေးကွက်ဆိုင်ရာဌာန (REIC) ၏ ဖော်ပြချက်အရ ကောက်ချက်ချနိုင်သည်။
ထိုင်းသတင်းဌာန Khaosod English ၏ ဇူလိုင်လ(၆)ရက်ကဖော်ပြချက်အရ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် မြန်မာတို့၏ အိမ်ခြံမြေဝယ်ယူပိုင်ဆိုင်မှုက အဆပေါင်းများစွာ ခုန်တက်လာခဲ့ကြောင်း သိရပြီး ဝယ်ယူမှုအားလုံး ၏ရည်မှန်းချက်မှာ နိုင်ငံရေးမတည်ငြိမ်မှုမှ စတင်မြစ်ဖျားခံလာခြင်းဟု ဆို သည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာ ရယူလိုက်မှုဖြစ်စဉ်နောက်ပိုင်း ထိုင်းနိုင်ငံ ၏အိမ်ခြံမြေ ဈေးကွက်ကို အကျိုးဖြစ်ထွန်းမှုများစွာဖြစ်ပေါ်စေခဲ့ပြီး ထိုင်းဆောက်လုပ်ရေး လုပ်ငန်း ရှင်များအတွက်လည်း ဝင်ငွေနှင့်အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုဖြစ်ထွန်းခဲ့သည်ဟု သုံးသပ်ထားသည်။
“ ကျွန်တော်သိတဲ့ သူဌေးတစ်ယောက်ဆိုရင် ဘတ်(၂၆)သန်းတန်တဲ့အိမ်တောင် ထိုင်းမှာ ဝယ်ထားတယ်။ ကွန်ဒိုအခန်းပဲ။ သေးသေးလေးမဟုတ်ဘူး။ တကယ့်ကို အကောင်းစားကွန်ဒိုပဲ။ ဒါပေမဲ့ အများစုကတော့ စတုရန်းပေ(၁၀ဝဝ)အောက်ပဲရှိတဲ့ ကွန်ဒိုတွေကိုဝယ်ကြတယ်။ ဘတ်ငါးသန်း၊ ခြောက်သန်း တန်တွေလောက်ပေါ့ “ ဟု မြန်မာလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။ ထိုင်း ဘက်ခြမ်းမှ ဝန်ဆောင်မှုပေးသူ ထိုင်း အနေကြာ မြန်မာပွဲစားများလည်း မြန်မာဝယ်လက်များကြောင့် စီးပွားရေး အဆင်ပြေသွားကြကြောင်း ကိုယ်တိုင်ကြုံခဲ့သူ သရုပ်ဆောင်တစ်ဦးက အတည်ပြုသည်။ ယခုနှစ်အစောပိုင်းကာလများအတွင်းက ထိုင်းနိုင်ငံသို့လာရောက်၍ ကွန်ဒို အခန်းများဝယ်ယူမှု မြင့်တက်ခဲ့ပြီး နာမည်ကျော် လုပ်ငန်းရှင်များပင်ပါဝင်ခဲ့ကြောင်း၊ အချို့သောဝယ်လက်များမှာ အသိုင်း အဝိုင်းအကြီးထဲမှပင်ပါဝင်ခဲ့ကြောင်း ဆိုသည်။ ထိုင်းသတင်းဌာနနှင့် REIC တို့၏ ဖော်ပြချက်များအရ ၂၀၂၁ ခုနှစ်အတွင်း အိမ်ခန်းပေါင်း(၃၀)သာ ဝယ်ယူမှုရှိခဲ့ပြီး အဆင့်(၂၅)တွင်သာ မြန်မာတို့က ရပ်တည် နိုင်ခဲ့ကြောင်း တွေ့ရသည်။ သို့သော်လည်း ၂၀၂၂ ခုနှစ်၌ အခန်းပေါင်း(၃၄၉)ခန်းအထိ ဝယ်ယူခဲ့ကြကာ အဆင့်(၆) နေရာသို့လည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် အခန်းပေါင်း (၅၆၄)ခန်းဖြင့် အဆင့်(၄)နေရာသို့ လည်းကောင်း၊ ၂၀၂၄ ခုနှစ်၏ ပထမ လေးလအတွင်း၌ အခန်းပေါင်း (၃၉၂)ခန်းဖြင့် အဆင့်(၂)နေရာသို့ လည်းကောင်း ဝယ်လိုအားများရှိနေခဲ့သည်ဟု သိရသည်။ အဆိုပါစာရင်းအရ သုံးနှစ်ကျော်အတွင်း အခန်းပေါင်း (၁၃၃၅)ခန်းအထိ ဝယ်ယူထားပြီး နေပြီဟုဆိုနိုင်သည်။ အကြမ်းဖျင်း တွက်ချက်ကြည့် မည်ဆိုပါက ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း၌ အခန်းပေါင်း(၃၉၂)ခန်းအတွက် ဘတ်(၂ ဒသမ ၂) ဘီလျံကျော် ဝယ်ယူမှုရှိခြင်းကြောင့် အခန်းတစ်ခန်းလျှင် ပျမ်းမျှ ဘတ်ငါးသန်းခွဲကျော်ရှိနေပြီး အခန်း ပေါင်း(၁၃၃၅) ခန်းအတွက် ဘတ်(၇)ဘီလျံခွဲထက် မနည်းရှိနေမည်ဖြစ်သည်။ သို့သော်လည်း တစ်ဦးတည်းက ဘတ် (၂၆)သန်းတန်ကဲ့သို့သော အခန်းမျိုးအပြင် ဘတ်(၁၀)သန်းထက်မနည်း တန်ကြေးရှိ သော အိမ်များကို ဝယ်ယူထားမှုများကြောင့် ထိုင်းနိုင်ငံတွင်း ၌ မြန်မာတို့၏အိမ်ခြံမြေပိုင်ဆိုင်မှု တစ်ခု တည်းပင်လျှင် သုံးနှစ်အတွင်း ဘတ်(၁၀)ဘီလျံထက်မနည်း ရှိနေမည်ဟု ခန့်မှန်းနိုင်ခြင်းလည်း ဖြစ် သည်။ သို့သော်လည်း ထိုင်းအစိုးရနှင့် အိမ်ခြံမြေအသင်းများဘက်က အသေးစိတ်စာရင်းများကို တိတိပပ ထုတ်ပြန်တော့မည်မဟုတ်ဘဲ သိုသိပ်သောနည်းလမ်းဖြင့်သာ မြန်မာတို့ထံမှပိုင်ဆိုင်မှုများကို ရယူသွားနိုင်ခြေ ရှိနေသည်။
“ ထိုင်းက Retired ဗီဇာလိုမျိုးလည်း ဆွဲဆောင်ခေါ်ယူနေတယ်။ အသက် ကြီးလာလို့ အေးအေးဆေးဆေး အနားယူချင်ရင် လာရောက်အနားယူ နေထိုင်နိုင်ဖို့အတွက် ဗီဇာထုတ်ပေးတယ်။ ဒါပေမဲ့ အဲဒီဗီဇာနဲ့အလုပ်လုပ်လို့တော့မရဘူး” ဟု ထိုင်းဘက်ခြမ်းက ငွေရှာကြမ်းသောအစီအစဉ်တစ်ခုအကြောင်းကို ထိုင်းသို့ လုပ်ငန်းကိစ္စ မကြာခဏသွားလာနေသူ သတင်း ရင်းမြစ်တစ်ဦးကလည်း ပြောသည်။ ယခုနှစ်ဇွန်လအတွင်း၌ နစကအစိုးရဘက်က တရားဝင် ထုတ်ပြန် အသိပေးမှုတစ်ခုရှိခဲ့ပြီး အဆိုပါထုတ်ပြန် ကြေညာချက်အရ ထိုင်းနိုင်ငံအတွင်း၌ မြန်မာများ အိမ်ခြံမြေ ဝယ်ယူစေရန် ပွဲစားလုပ်နေကြသူ လုပ်ငန်းရှင်အချို့ကို အရေးယူထားပြီဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း အရေးယူခံရသည်ဆိုသော ပုဂ္ဂိုလ်များထက်ပို၍ အရေးယူသင့်သောပုဂ္ဂိုလ်များက လွတ်မြောက်နေဆဲဖြစ်သည်ဟု လေ့လာစောင့်ကြည့်နေသည့် အသိုင်းအဝိုင်းက နားလည်ထားကြသည်။
ထိုင်းနိုင်ငံတွင်း၌ မြန်မာတို့၏ ပိုင်ဆိုင်မှုများ မြင့်တက်နေခြင်းသည် မြန်မာနိုင်ငံဘက်၌ ပိုင်ဆိုင်မှုများ ဆုံးရှုံးခြင်းတစ်မျိုးဖြစ်နေပြီး နိုင်ငံမတည်ငြိမ်မှု၏ နောက်ဆက်တွဲဂယက်ဆိုးကျိုးလည်း ဖြစ်နေသည်။ နိုင်ငံရေး မတည်ငြိမ်မှု၏နောက်ဆက်တွဲအဖြစ် နိုင်ငံသားများက အိမ်နီးချင်းနိုင်ငံ၌ အခန်း များ ဝယ်ယူ၍ ရှောင်တိမ်းနေထိုင်ရန်ကြိုးပမ်းလာကြခြင်းအပြင် နိုင်ငံရေးအရ နစကကို ထိုးနှက် တိုက်ခိုက်နေသော ပြည်ပြေးများကလည်း အမည်ခံများဖြင့် အိမ်ခြံမြေဝယ်ယူမှုများ လုပ်ဆောင် နေကြခြင်းဖြစ်ကြောင်း ကြားသိရသည်။ ထိုင်း နိုင်ငံတွင် မြန်မာတို့၏ အိမ်ခြံမြေဝယ်ယူမှုတွင် ကျန်း မာရေးခေါင်းစဉ်၊ ပညာရေးခေါင်းစဉ်၊ နိုင်ငံရေးခေါင်း စဉ်နှင့် ထိုင်းနိုင်ငံတွင်သာ အခြေတကျနေထိုင် သွားရန်ဆုံးဖြတ်ခဲ့သောခေါင်းစဉ် အစရှိသည့်ခေါင်းစဉ်အမျိုးမျိုးဖြင့်ဖြစ်ကြောင်းသိရသည်။
zawgyi version
ျမန္မာ့ႏိုင္ငံေရးအခက္၌ ထိုင္း၏အိမ္ၿခံေျမက႑ စီးပြားတက္ခဲ့ၿပီး သုံးႏွစ္အတြင္း ဘတ္(၁၀)ဘီလ်ံထက္မနည္း ရရွိသြား
ေအဝိုင္အီး (NP News) - ဇူလိုင္ ၁၉
ႏိုင္ငံေရးျပႆနာမ်ားျဖစ္ေပၚလာၿပီးေနာက္ပိုင္း သုံးႏွစ္ေက်ာ္အတြင္း ထိုင္းႏိုင္ငံအတြင္း၌ ျမန္မာတို႔၏ပိုင္ဆိုင္မႈသည္ အိမ္ၿခံေျမတစ္ခုတည္း၌ပင္ ဘတ္ (၁၀)ဘီလ်ံထက္မနည္းရွိလာေနေၾကာင္း ထိုင္း အိမ္ၿခံေျမေဈးကြက္ဆိုင္ရာဌာန (REIC) ၏ ေဖာ္ျပခ်က္အရ ေကာက္ခ်က္ခ်ႏိုင္သည္။
ထိုင္းသတင္းဌာန Khaosod English ၏ ဇူလိုင္လ(၆)ရက္ကေဖာ္ျပခ်က္အရ ၂၀၂၁ ခုႏွစ္ ေနာက္ပိုင္းတြင္ ျမန္မာတို႔၏ အိမ္ၿခံေျမဝယ္ယူပိုင္ဆိုင္မႈက အဆေပါင္းမ်ားစြာ ခုန္တက္လာခဲ့ေၾကာင္း သိရၿပီး ဝယ္ယူမႈအားလုံး ၏ရည္မွန္းခ်က္မွာ ႏိုင္ငံေရးမတည္ၿငိမ္မႈမွ စတင္ျမစ္ဖ်ားခံလာျခင္းဟု ဆို သည္။ တစ္နည္းအားျဖင့္ ျမန္မာႏိုင္ငံတြင္ စစ္တပ္ကအာဏာ ရယူလိုက္မႈျဖစ္စဥ္ေနာက္ပိုင္း ထိုင္းႏိုင္ငံ ၏အိမ္ၿခံေျမ ေဈးကြက္ကို အက်ိဳးျဖစ္ထြန္းမႈမ်ားစြာျဖစ္ေပၚေစခဲ့ၿပီး ထိုင္းေဆာက္လုပ္ေရး လုပ္ငန္း ရွင္မ်ားအတြက္လည္း ဝင္ေငြႏွင့္အလုပ္အကိုင္အခြင့္အလမ္းေကာင္းမ်ား ပိုမိုျဖစ္ထြန္းခဲ့သည္ဟု သုံးသပ္ထားသည္။
“ ကြၽန္ေတာ္သိတဲ့ သူေဌးတစ္ေယာက္ဆိုရင္ ဘတ္(၂၆)သန္းတန္တဲ့အိမ္ေတာင္ ထိုင္းမွာ ဝယ္ထားတယ္။ ကြန္ဒိုအခန္းပဲ။ ေသးေသးေလးမဟုတ္ဘူး။ တကယ့္ကို အေကာင္းစားကြန္ဒိုပဲ။ ဒါေပမဲ့ အမ်ားစုကေတာ့ စတုရန္းေပ(၁၀ဝဝ)ေအာက္ပဲရွိတဲ့ ကြန္ဒိုေတြကိုဝယ္ၾကတယ္။ ဘတ္ငါးသန္း၊ ေျခာက္သန္း တန္ေတြေလာက္ေပါ့ “ ဟု ျမန္မာလုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။ ထိုင္း ဘက္ျခမ္းမွ ဝန္ေဆာင္မႈေပးသူ ထိုင္း အေနၾကာ ျမန္မာပြဲစားမ်ားလည္း ျမန္မာဝယ္လက္မ်ားေၾကာင့္ စီးပြားေရး အဆင္ေျပသြားၾကေၾကာင္း ကိုယ္တိုင္ႀကဳံခဲ့သူ သ႐ုပ္ေဆာင္တစ္ဦးက အတည္ျပဳသည္။ ယခုႏွစ္အေစာပိုင္းကာလမ်ားအတြင္းက ထိုင္းႏိုင္ငံသို႔လာေရာက္၍ ကြန္ဒို အခန္းမ်ားဝယ္ယူမႈ ျမင့္တက္ခဲ့ၿပီး နာမည္ေက်ာ္ လုပ္ငန္းရွင္မ်ားပင္ပါဝင္ခဲ့ေၾကာင္း၊ အခ်ိဳ႕ေသာဝယ္လက္မ်ားမွာ အသိုင္း အဝိုင္းအႀကီးထဲမွပင္ပါဝင္ခဲ့ေၾကာင္း ဆိုသည္။ ထိုင္းသတင္းဌာနႏွင့္ REIC တို႔၏ ေဖာ္ျပခ်က္မ်ားအရ ၂၀၂၁ ခုႏွစ္အတြင္း အိမ္ခန္းေပါင္း(၃၀)သာ ဝယ္ယူမႈရွိခဲ့ၿပီး အဆင့္(၂၅)တြင္သာ ျမန္မာတို႔က ရပ္တည္ ႏိုင္ခဲ့ေၾကာင္း ေတြ႕ရသည္။ သို႔ေသာ္လည္း ၂၀၂၂ ခုႏွစ္၌ အခန္းေပါင္း(၃၄၉)ခန္းအထိ ဝယ္ယူခဲ့ၾကကာ အဆင့္(၆) ေနရာသို႔လည္းေကာင္း၊ ၂၀၂၃ ခုႏွစ္တြင္ အခန္းေပါင္း (၅၆၄)ခန္းျဖင့္ အဆင့္(၄)ေနရာသို႔ လည္းေကာင္း၊ ၂၀၂၄ ခုႏွစ္၏ ပထမ ေလးလအတြင္း၌ အခန္းေပါင္း (၃၉၂)ခန္းျဖင့္ အဆင့္(၂)ေနရာသို႔ လည္းေကာင္း ဝယ္လိုအားမ်ားရွိေနခဲ့သည္ဟု သိရသည္။ အဆိုပါစာရင္းအရ သုံးႏွစ္ေက်ာ္အတြင္း အခန္းေပါင္း (၁၃၃၅)ခန္းအထိ ဝယ္ယူထားၿပီး ေနၿပီဟုဆိုႏိုင္သည္။ အၾကမ္းဖ်င္း တြက္ခ်က္ၾကည့္ မည္ဆိုပါက ၂၀၂၄ ခုႏွစ္ ပထမေလးလအတြင္း၌ အခန္းေပါင္း(၃၉၂)ခန္းအတြက္ ဘတ္(၂ ဒသမ ၂) ဘီလ်ံေက်ာ္ ဝယ္ယူမႈရွိျခင္းေၾကာင့္ အခန္းတစ္ခန္းလွ်င္ ပ်မ္းမွ် ဘတ္ငါးသန္းခြဲေက်ာ္ရွိေနၿပီး အခန္း ေပါင္း(၁၃၃၅) ခန္းအတြက္ ဘတ္(၇)ဘီလ်ံခြဲထက္ မနည္းရွိေနမည္ျဖစ္သည္။ သို႔ေသာ္လည္း တစ္ဦးတည္းက ဘတ္ (၂၆)သန္းတန္ကဲ့သို႔ေသာ အခန္းမ်ိဳးအျပင္ ဘတ္(၁၀)သန္းထက္မနည္း တန္ေၾကးရွိ ေသာ အိမ္မ်ားကို ဝယ္ယူထားမႈမ်ားေၾကာင့္ ထိုင္းႏိုင္ငံတြင္း ၌ ျမန္မာတို႔၏အိမ္ၿခံေျမပိုင္ဆိုင္မႈ တစ္ခု တည္းပင္လွ်င္ သုံးႏွစ္အတြင္း ဘတ္(၁၀)ဘီလ်ံထက္မနည္း ရွိေနမည္ဟု ခန႔္မွန္းႏိုင္ျခင္းလည္း ျဖစ္ သည္။ သို႔ေသာ္လည္း ထိုင္းအစိုးရႏွင့္ အိမ္ၿခံေျမအသင္းမ်ားဘက္က အေသးစိတ္စာရင္းမ်ားကို တိတိပပ ထုတ္ျပန္ေတာ့မည္မဟုတ္ဘဲ သိုသိပ္ေသာနည္းလမ္းျဖင့္သာ ျမန္မာတို႔ထံမွပိုင္ဆိုင္မႈမ်ားကို ရယူသြားႏိုင္ေျခ ရွိေနသည္။
“ ထိုင္းက Retired ဗီဇာလိုမ်ိဳးလည္း ဆြဲေဆာင္ေခၚယူေနတယ္။ အသက္ ႀကီးလာလို႔ ေအးေအးေဆးေဆး အနားယူခ်င္ရင္ လာေရာက္အနားယူ ေနထိုင္ႏိုင္ဖို႔အတြက္ ဗီဇာထုတ္ေပးတယ္။ ဒါေပမဲ့ အဲဒီဗီဇာနဲ႔အလုပ္လုပ္လို႔ေတာ့မရဘူး” ဟု ထိုင္းဘက္ျခမ္းက ေငြရွာၾကမ္းေသာအစီအစဥ္တစ္ခုအေၾကာင္းကို ထိုင္းသို႔ လုပ္ငန္းကိစၥ မၾကာခဏသြားလာေနသူ သတင္း ရင္းျမစ္တစ္ဦးကလည္း ေျပာသည္။ ယခုႏွစ္ဇြန္လအတြင္း၌ နစကအစိုးရဘက္က တရားဝင္ ထုတ္ျပန္ အသိေပးမႈတစ္ခုရွိခဲ့ၿပီး အဆိုပါထုတ္ျပန္ ေၾကညာခ်က္အရ ထိုင္းႏိုင္ငံအတြင္း၌ ျမန္မာမ်ား အိမ္ၿခံေျမ ဝယ္ယူေစရန္ ပြဲစားလုပ္ေနၾကသူ လုပ္ငန္းရွင္အခ်ိဳ႕ကို အေရးယူထားၿပီျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ သို႔ေသာ္လည္း အေရးယူခံရသည္ဆိုေသာ ပုဂၢိဳလ္မ်ားထက္ပို၍ အေရးယူသင့္ေသာပုဂၢိဳလ္မ်ားက လြတ္ေျမာက္ေနဆဲျဖစ္သည္ဟု ေလ့လာေစာင့္ၾကည့္ေနသည့္ အသိုင္းအဝိုင္းက နားလည္ထားၾကသည္။
ထိုင္းႏိုင္ငံတြင္း၌ ျမန္မာတို႔၏ ပိုင္ဆိုင္မႈမ်ား ျမင့္တက္ေနျခင္းသည္ ျမန္မာႏိုင္ငံဘက္၌ ပိုင္ဆိုင္မႈမ်ား ဆုံးရႈံးျခင္းတစ္မ်ိဳးျဖစ္ေနၿပီး ႏိုင္ငံမတည္ၿငိမ္မႈ၏ ေနာက္ဆက္တြဲဂယက္ဆိုးက်ိဳးလည္း ျဖစ္ေနသည္။ ႏိုင္ငံေရး မတည္ၿငိမ္မႈ၏ေနာက္ဆက္တြဲအျဖစ္ ႏိုင္ငံသားမ်ားက အိမ္နီးခ်င္းႏိုင္ငံ၌ အခန္း မ်ား ဝယ္ယူ၍ ေရွာင္တိမ္းေနထိုင္ရန္ႀကိဳးပမ္းလာၾကျခင္းအျပင္ ႏိုင္ငံေရးအရ နစကကို ထိုးႏွက္ တိုက္ခိုက္ေနေသာ ျပည္ေျပးမ်ားကလည္း အမည္ခံမ်ားျဖင့္ အိမ္ၿခံေျမဝယ္ယူမႈမ်ား လုပ္ေဆာင္ ေနၾကျခင္းျဖစ္ေၾကာင္း ၾကားသိရသည္။ ထိုင္း ႏိုင္ငံတြင္ ျမန္မာတို႔၏ အိမ္ၿခံေျမဝယ္ယူမႈတြင္ က်န္း မာေရးေခါင္းစဥ္၊ ပညာေရးေခါင္းစဥ္၊ ႏိုင္ငံေရးေခါင္း စဥ္ႏွင့္ ထိုင္းႏိုင္ငံတြင္သာ အေျခတက်ေနထိုင္ သြားရန္ဆုံးျဖတ္ခဲ့ေသာေခါင္းစဥ္ အစရွိသည့္ေခါင္းစဥ္အမ်ိဳးမ်ိဳးျဖင့္ျဖစ္ေၾကာင္းသိရသည္။