ရုရှား၏ သဘာဝရွက်ဖျန်းအားဆေးစက်ရုံစီမံကိန်း နေပြည်တော်တွင် စတင်တည်ဆောက်မည်

 288

ချယ်ရီ (NP News) - နိုဝင်ဘာ ၂၈

ရုရှားနိုင်ငံ RC Investments က သဘာဝရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မည့်စက်ရုံကို တစ်နှစ်အတွင်း နေပြည်တော်၌ အပြီးတည် ဆောက် သွားဖွယ်ရှိကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က NP News သို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ(၄)ရက်က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့်(၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံတွင် သဘာဝရွက်ဖျန်း အားဆေးရည်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရေးနှင့် သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (MOU)ကို လက်မှတ်ရေးထိုး‌ခဲ့ကြောင်း သိရသည်။ “လုပ်နေတာ ဘယ်အထိရောက်ပြီလဲလို့ပြောရမယ်ဆိုရင် နှစ်နိုင်ငံအဆင့်သဘောတူညီချက် စာချုပ်ချုပ်တာတော့ ပြီးပါပြီ။ သူက ရင်းနှီးမြုပ်နှံမှုဖြစ်တယ်။ ပြီးရင် နေပြည်တော်မှာ တည်မှာဆိုတော့ ကော်မရှင်တင်တဲ့ Process လုပ်နေတယ်။ အခု စက်ရုံမပြီးခင် သူတို့က သဘာဝဆေးရည်ကို တင်သွင်းပြီးတော့ စမ်းသပ်တာတွေလုပ်နေပါတယ်” ဟု ဦးခန့်ဇော်က ပြောသည်။

အဆိုပါ သဘာဝရွက်ဖျန်း အားဆေးရည် ထုတ်လုပ်မည့်စက်ရုံကို နေပြည် တော် ကောင်စီနယ်မြေ၊ ပျဉ်မနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်စည်ပင်နယ်မြေဧရိယာအတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ‘‘အခု စဆောက်မှာကတော့ အသေးစားပဲ ဖြစ်ဦးမှာပါ။ နေပြည် တော်မှာ စတည်ပြီးရင် ရေရှည်မျှော်မှန်းထားတာတော့ နောက်ကျရင် မန္တလေးတိုင်းမှာ လုပ်ဖို့။ ဧရာဝတီတိုင်းထဲမှာ လုပ်ဖို့။ ပဲခူးတိုင်းစသဖြင့် ဆက်သွားမယ့် Plan လေးတွေရှိပါတယ်။ စက်ရုံကတော့ မတည်ဆောက်ရသေးပါဘူးဗျ။ ရင်းနှီးမြှုပ်နှံမှုကိစ္စအတည်ပြုပြီးရင် ဆက်လုပ်တော့မှာပါ။ စက်ရုံကဆောက်ရင်တော့ မကြာဘူးဗျ။ အဲဒီအထဲမှာတော့ ကျွန်တော်ထင်ပါတယ် စလုပ်တဲ့အချိန်ကနေပြီးတော့ တစ်နှစ်နဲ့တစ်နှစ်ကျော်ကျော်နဲ့တင် ပြီးပါလိမ့်မယ်” ဟု ဦးခန့်ဇော်က ပြောသည်။

မြန်မာနိုင်ငံအတွင်း သဘာဝမြေဩဇာ သုံးစွဲမှုကနည်းပါးနေပြီး ဓာတုဓာတ်မြေဩဇာသုံးစွဲမှုကို (၃၀)ရာခိုင်နှုန်း လျော့ချသုံးစွဲရန်နှင့်သဘာဝ မြေဩဇာကို ပိုမိုသုံးစွဲစေလိုသည့် ရည်ရွယ်ချက် ဖြင့်သာ အဆိုပါ စက်ရုံကိုတည် ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ‘‘တောင်သူလိုတာက မျိုးကောင်းမျိုးသန့် သွင်းအားစုကိုလိုတာဆိုတော့ သွင်းအားစုမသုံးရင်တော့ အထွက်နှုန်းမတိုးဘူးပေါ့။ အထွက်နှုန်းမတိုးရင်လည်း ဝင်ငွေမရဘူးပေါ့။ အဲဒီတော့ အထွက်နှုန်းတိုးအောင် ကျွန်တော်တို့က လုပ်ပေးတဲ့သဘောပါပဲ။ သွင်းအားစုက သဘာဝအားဆေး (သို့မဟုတ်) သဘာဝမြေဩဇာဟာဆိုရင် ဓာတ်မြေဩဇာနဲ့ယှဉ်ရင် ဈေးသက်သာတယ်။ ပြီးရင် သဘာဝမြေဩဇာဖြစ်တဲ့အတွက် ရေလည်းမပြုန်း၊ မြေလည်းကောင်းမယ်။ သီးနှံလည်း အထွက်ကောင်းမယ်။ အဲဒီအကျိုး ကျေး ဇူးတွေရမှာ”ဟု ၎င်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် ပြည် တွင်းပြည်ပလုပ်ငန်းရှင်များပါ ၎င်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံစေလိုကြောင်း ဦးခန့်ဇော်က အကြံပြုထားသည်။

zawgyi version
႐ုရွား၏ သဘာဝ႐ြက္ဖ်န္းအားေဆးစက္႐ုံစီမံကိန္း ေနျပည္ေတာ္တြင္ စတင္တည္ေဆာက္မည္
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၂၈

႐ုရွားႏိုင္ငံ RC Investments က သဘာဝ႐ြက္ဖ်န္းအားေဆးရည္ ထုတ္လုပ္မည့္စက္႐ုံကို တစ္ႏွစ္အတြင္း ေနျပည္ေတာ္၌ အၿပီးတည္ ေဆာက္ သြားဖြယ္ရွိေၾကာင္း သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီး ဌာနမွ အၿမဲတမ္းအတြင္းဝန္ ဦးခန႔္ေဇာ္က NP News သို႔ ေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ(၄)ရက္က ႐ုရွားႏိုင္ငံ ဗလာဒီေဗာ့စေတာ့ၿမိဳ႕၌ က်င္းပသည့္(၉) ႀကိမ္ေျမာက္ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္သို႔ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး ဦးေဆာင္သည့္ကိုယ္စားလွယ္အဖြဲ႕ တက္ေရာက္ၿပီးေနာက္ ျမန္မာႏိုင္ငံတြင္ သဘာဝ႐ြက္ဖ်န္း အားေဆးရည္ထုတ္လုပ္သည့္ စက္႐ုံတည္ေဆာက္ေရးႏွင့္ သက္ဆိုင္သည့္ ပူးေပါင္းေဆာင္႐ြက္မႈ စာခြၽန္လႊာ (MOU)ကို လက္မွတ္ေရးထိုး‌ခဲ့ေၾကာင္း သိရသည္။ “လုပ္ေနတာ ဘယ္အထိေရာက္ၿပီလဲလို႔ေျပာရမယ္ဆိုရင္ ႏွစ္ႏိုင္ငံအဆင့္သေဘာတူညီခ်က္ စာခ်ဳပ္ခ်ဳပ္တာေတာ့ ၿပီးပါၿပီ။ သူက ရင္းႏွီးျမဳပ္ႏွံမႈျဖစ္တယ္။ ၿပီးရင္ ေနျပည္ေတာ္မွာ တည္မွာဆိုေတာ့ ေကာ္မရွင္တင္တဲ့ Process လုပ္ေနတယ္။ အခု စက္႐ုံမၿပီးခင္ သူတို႔က သဘာဝေဆးရည္ကို တင္သြင္းၿပီးေတာ့ စမ္းသပ္တာေတြလုပ္ေနပါတယ္” ဟု ဦးခန႔္ေဇာ္က ေျပာသည္။

အဆိုပါ သဘာဝ႐ြက္ဖ်န္း အားေဆးရည္ ထုတ္လုပ္မည့္စက္႐ုံကို ေနျပည္ ေတာ္ ေကာင္စီနယ္ေျမ၊ ပ်ဥ္မနား-ေတာင္ညိဳလမ္းေပၚရွိ ေနျပည္ေတာ္စည္ပင္နယ္ေျမဧရိယာအတြင္း တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။ ‘‘အခု စေဆာက္မွာကေတာ့ အေသးစားပဲ ျဖစ္ဦးမွာပါ။ ေနျပည္ ေတာ္မွာ စတည္ၿပီးရင္ ေရရွည္ေမွ်ာ္မွန္းထားတာေတာ့ ေနာက္က်ရင္ မႏၲေလးတိုင္းမွာ လုပ္ဖို႔။ ဧရာဝတီတိုင္းထဲမွာ လုပ္ဖို႔။ ပဲခူးတိုင္းစသျဖင့္ ဆက္သြားမယ့္ Plan ေလးေတြရွိပါတယ္။ စက္႐ုံကေတာ့ မတည္ေဆာက္ရေသးပါဘူးဗ်။ ရင္းႏွီးျမႇဳပ္ႏွံမႈကိစၥအတည္ျပဳၿပီးရင္ ဆက္လုပ္ေတာ့မွာပါ။ စက္႐ုံကေဆာက္ရင္ေတာ့ မၾကာဘူးဗ်။ အဲဒီအထဲမွာေတာ့ ကြၽန္ေတာ္ထင္ပါတယ္ စလုပ္တဲ့အခ်ိန္ကေနၿပီးေတာ့ တစ္ႏွစ္နဲ႔တစ္ႏွစ္ေက်ာ္ေက်ာ္နဲ႔တင္ ၿပီးပါလိမ့္မယ္” ဟု ဦးခန႔္ေဇာ္က ေျပာသည္။

ျမန္မာႏိုင္ငံအတြင္း သဘာဝေျမဩဇာ သုံးစြဲမႈကနည္းပါးေနၿပီး ဓာတုဓာတ္ေျမဩဇာသုံးစြဲမႈကို (၃၀)ရာခိုင္ႏႈန္း ေလ်ာ့ခ်သုံးစြဲရန္ႏွင့္သဘာဝ ေျမဩဇာကို ပိုမိုသုံးစြဲေစလိုသည့္ ရည္႐ြယ္ခ်က္ ျဖင့္သာ အဆိုပါ စက္႐ုံကိုတည္ ေဆာင္ရျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။ ‘‘ေတာင္သူလိုတာက မ်ိဳးေကာင္းမ်ိဳးသန႔္ သြင္းအားစုကိုလိုတာဆိုေတာ့ သြင္းအားစုမသုံးရင္ေတာ့ အထြက္ႏႈန္းမတိုးဘူးေပါ့။ အထြက္ႏႈန္းမတိုးရင္လည္း ဝင္ေငြမရဘူးေပါ့။ အဲဒီေတာ့ အထြက္ႏႈန္းတိုးေအာင္ ကြၽန္ေတာ္တို႔က လုပ္ေပးတဲ့သေဘာပါပဲ။ သြင္းအားစုက သဘာဝအားေဆး (သို႔မဟုတ္) သဘာဝေျမဩဇာဟာဆိုရင္ ဓာတ္ေျမဩဇာနဲ႔ယွဥ္ရင္ ေဈးသက္သာတယ္။ ၿပီးရင္ သဘာဝေျမဩဇာျဖစ္တဲ့အတြက္ ေရလည္းမျပဳန္း၊ ေျမလည္းေကာင္းမယ္။ သီးႏွံလည္း အထြက္ေကာင္းမယ္။ အဲဒီအက်ိဳး ေက်း ဇူးေတြရမွာ”ဟု ၎က ေျပာသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံသည္ စိုက္ပ်ိဳးေရး အေျခခံသည့္ႏိုင္ငံျဖစ္သည့္အတြက္ ျပည္ တြင္းျပည္ပလုပ္ငန္းရွင္မ်ားပါ ၎က႑မ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံေစလိုေၾကာင္း ဦးခန႔္ေဇာ္က အႀကံျပဳထားသည္။

Related news

© 2021. All rights reserved.