မြန်မာ့ပေါ်ဆန်းကို GI မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရန် စီစဥ်နေ
256
ယွန်း (NP News)- နိုဝင်ဘာ ၂၇
မြန်မာ့ပေါ်ဆန်းကို GI မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရန် စီစဥ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုသည်။
ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ယနေ့(နိုဝင်ဘာ ၂၇)တွင် ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ရှိ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပဆန်တင်ပို့မှုတွင် ပြည်တွင်း၌စားသုံးခြင်းမရှိသည့် ဧည့်မထဆန်အုပ်စုများကိုသာ တင်ပို့နေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် တန်ချိန်(၂)သန်းနီးပါး တင်ပို့နိုင်ရန်လျာထားကြောင်း သိရသည်။
ထို့ပြင် မြန်မာ့ပေါ်ဆန်းကိုလည်း ပြည်ပနိုင်ငံများသို့တင်ပို့နိုင်ရေးအတွက် Brand တစ်ခုအနေဖြင့် မြှင့်တင်သွားမည်ဖြစ်ပြီး Geographical Product (GI) မှတ်ပုံတင်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရန် စီစဥ်နေကြောင်း သိရသည်။
"ပေါ်ဆန်းလိုဟာမျိုးကို ကမ္ဘာမှာ Introduce လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ အင်မတန်အရသာရှိတဲ့ဆန်။ ပါကစ္စတန်လည်း ဘာစမာတီနဲ့ပဲ ကမ္ဘာ့ဈေးကွက်ကိုထွက်တာ။ အိန္ဒိယမှာရှိတဲ့ပြည်နယ်တွေမှာစိုက်တဲ့ ဘာစမာတီဟာ ပါကစ္စတန်မှာလည်း စိုက်တယ်။ နီပေါမှာလည်းစိုက်တယ်။ ကမ္ဘာကလည်းလက်ခံတယ်။ အဲဒီလိုပဲ ထိုင်းနိုင်ငံကထုတ်တဲ့ ဂျက်စမင်းကလည်း ကမ္ဘာမှာ Brand ရှိတယ်။ ကြိုက်ကြတယ်။ အဲဒီလိုပဲ မြန်မာ့ပေါ်ဆန်းကို Brand တစ်ခုနဲ့မြှင့်တင်ရမယ်။ ရွှေဘိုပေါ်ဆန်းကတော့ ကမ္ဘာမှာ GI မှတ်ပုံတင်တဲ့စနစ်လုပ်ပြီးပြီ။ မြန်မာ့ပေါ်ဆန်းကိုလည်း GI မှတ်ပုံတင်ဖို့လုပ်ဖို့လည်း လုပ်နေတယ်။ မျိုးကလည်းသန့်ရမယ်။ အကုန်လုံးကလည်း သန့်သန့်ရှင်းရှင်းနဲ့ ဖြစ်ရမယ်။ ဒါတွေကိုလည်း လုပ်နေပါတယ်"ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ယခုဘဏ္ဍာနှစ်၏ အောက်တိုဘာလ၌ ဆန်နှင့်ဆန်ကွဲတန်ချိန်(၄)သိန်းကျော်တင်ပို့ခဲ့ပြီး ဘဏ္ဍာနှစ်၏ (၇)လအတွင်း တန်ချိန်အများဆုံး တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ အချက်အလက်များအရ သိရသည်။
zawgyi version
ျမန္မာ့ေပၚဆန္းကို GI မွတ္ပုံတင္ႏိုင္ေရး ေဆာင္႐ြက္ရန္ စီစဥ္ေန
ယြန္း (NP News)- ႏိုဝင္ဘာ ၂၇
ျမန္မာ့ေပၚဆန္းကို GI မွတ္ပုံတင္ႏိုင္ေရး ေဆာင္႐ြက္ရန္ စီစဥ္ေနေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF) ဥကၠ႒ ဦးရဲမင္းေအာင္က ဆိုသည္။
ဥကၠ႒ ဦးရဲမင္းေအာင္က ယေန႔(ႏိုဝင္ဘာ ၂၇)တြင္ ကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI) ရွိ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၊ အစည္းအေဝးခန္းမတြင္ က်င္းပခဲ့သည့္ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ျပည္ပဆန္တင္ပို႔မႈတြင္ ျပည္တြင္း၌စားသုံးျခင္းမရွိသည့္ ဧည့္မထဆန္အုပ္စုမ်ားကိုသာ တင္ပို႔ေနျခင္းျဖစ္ၿပီး ယခုဘ႑ာႏွစ္တြင္ တန္ခ်ိန္(၂)သန္းနီးပါး တင္ပို႔ႏိုင္ရန္လ်ာထားေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာ့ေပၚဆန္းကိုလည္း ျပည္ပႏိုင္ငံမ်ားသို႔တင္ပို႔ႏိုင္ေရးအတြက္ Brand တစ္ခုအေနျဖင့္ ျမႇင့္တင္သြားမည္ျဖစ္ၿပီး Geographical Product (GI) မွတ္ပုံတင္ႏိုင္ေရးကိုလည္း ေဆာင္႐ြက္သြားရန္ စီစဥ္ေနေၾကာင္း သိရသည္။
"ေပၚဆန္းလိုဟာမ်ိဳးကို ကမာၻမွာ Introduce လုပ္ရမယ္။ ဘာေၾကာင့္လဲဆိုေတာ့ အင္မတန္အရသာရွိတဲ့ဆန္။ ပါကစၥတန္လည္း ဘာစမာတီနဲ႔ပဲ ကမာၻ႔ေဈးကြက္ကိုထြက္တာ။ အိႏၵိယမွာရွိတဲ့ျပည္နယ္ေတြမွာစိုက္တဲ့ ဘာစမာတီဟာ ပါကစၥတန္မွာလည္း စိုက္တယ္။ နီေပါမွာလည္းစိုက္တယ္။ ကမာၻကလည္းလက္ခံတယ္။ အဲဒီလိုပဲ ထိုင္းႏိုင္ငံကထုတ္တဲ့ ဂ်က္စမင္းကလည္း ကမာၻမွာ Brand ရွိတယ္။ ႀကိဳက္ၾကတယ္။ အဲဒီလိုပဲ ျမန္မာ့ေပၚဆန္းကို Brand တစ္ခုနဲ႔ျမႇင့္တင္ရမယ္။ ေ႐ႊဘိုေပၚဆန္းကေတာ့ ကမာၻမွာ GI မွတ္ပုံတင္တဲ့စနစ္လုပ္ၿပီးၿပီ။ ျမန္မာ့ေပၚဆန္းကိုလည္း GI မွတ္ပုံတင္ဖို႔လုပ္ဖို႔လည္း လုပ္ေနတယ္။ မ်ိဳးကလည္းသန႔္ရမယ္။ အကုန္လုံးကလည္း သန႔္သန႔္ရွင္းရွင္းနဲ႔ ျဖစ္ရမယ္။ ဒါေတြကိုလည္း လုပ္ေနပါတယ္"ဟု ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။
ယခုဘ႑ာႏွစ္၏ ေအာက္တိုဘာလ၌ ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္(၄)သိန္းေက်ာ္တင္ပို႔ခဲ့ၿပီး ဘ႑ာႏွစ္၏ (၇)လအတြင္း တန္ခ်ိန္အမ်ားဆုံး တင္ပို႔ထားေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ (MRF) ၏ အခ်က္အလက္မ်ားအရ သိရသည္။