ပြည်တွင်းရုံတင်လက်မှတ်ရောင်းချမှုက မှတ်တိုင်တစ်ခုအထိရောက်ရှိသွားပြီဖြစ်တဲ့ Red One ဇာတ်ကား

 305

Pika (NP News) - နိုဝင်ဘာ ၂၈

အမေရိကန်ရုပ်ရှင်သရုပ်ဆောင် Dwayne Johnson ပါဝင်သရုပ်ဆောင်ထားသော Red One ဇာတ်ကားသည် ရုံတင် ပြီးနောက် သီတင်းပတ်(၂)ပတ်နီးပါးအကြာတွင် ပြည်တွင်းရုံတင်လက်မှတ်ရောင်းချမှုမှာ မှတ်တိုင်တစ်ခုကို ကျော် သွားပြီဖြစ်သော်လည်း မျှော်မှန်းထားသော အလားအလာအတိုင်းရရှိရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၁၅)ရက်တွင် ထွက်ရှိခဲ့သော Red One ဇာတ်ကားတွင် Dwayne Johnson သည် ပြန်ပေး ဆွဲခံရသော ဆန်တာကလော့စ်ကို ကယ်ဆယ်ရန်အတွက် အမေရိကန်ရုပ်ရှင်သရုပ်ဆောင် ခရစ်အီဗန်သရုပ်ဆောင် ထားသော ဟက်ကာဂျက်အိုမောလီ နှင့် လက်တွဲအလုပ်လုပ်ရန် တွန်းအားပေးခံရသည့် North Pole မြို့ အကြီးအကဲ ကော်လမ်ဒရစ်ဖ်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

Red One ဇာတ်ကားသည် ၎င်း၏ ပြဇာတ်ရုံတွင် အဓိက မှတ်တိုင်တစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ကြောင်း Box Office Mojo ၏ ဖော်ပြချက်အရ သိရသည်။ ရုံတင်ပြသပြီးနောက် သီတင်းပတ်(၂)ပတ်နီးပါးအကြာတွင် Red One ဇာတ်ကားသည် အမေရိကန်နိုင်ငံအတွင်းတွင် အမေရိကန်ဒေါ်လာသန်း(၅၀)ကျော်အထိ ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

သို့သော်လည်း အဆိုပါဝင်ငွေမှာ အောင်မြင်သောဇာတ်ကားတစ်ကားအဖြစ် ဆက်လက်ရပ်တည်သွားနိုင်ရန် လုံလောက်ခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။ Red One ဇာတ်ကား၏ စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာသန်း(၂၅၀)နီးပါးရှိမည်ဟု ခန့်မှန်းရပြီး ပြည်တွင်းရုံတင်လက်မှတ်ရောင်းချရမှုမှာ စုစုပေါင်း ကုန်ကျစရိတ်၏ (၃)ပုံပုံ (၁)ပုံခန့်ကိုသာ ပြန်လည်ရရှိနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြကြောင်းလည်း သိရသည်။
ထို့ပြင် Red One ဇာတ်ကားသည် နိုင်ငံတကာဈေးကွက်များတွင် အောင်မြင်မှုများရရှိရန် ရုန်းကန်နေရကြောင်း လည်း သိရသည်။ Red One ဇာတ်ကား၏ ကမ္ဘာတစ်ဝှမ်းရုံတင်ပြသငွေမှာ လက်ရှိအချိန်အထိ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ(၁၁၈)သန်းသာ ရရှိထားပြီး ၎င်း၏ စုစုပေါင်းကုန်ကျစရိတ်၏ တစ်ဝက်ခန့်ကိုပင် မရရှိသေး ကြောင်းလည်း သိရသည်။

Zawgyi Version;
ျပည္တြင္း႐ုံတင္လက္မွတ္ေရာင္းခ်မႈက မွတ္တိုင္တစ္ခုအထိေရာက္ရွိသြားၿပီျဖစ္တဲ့ Red One ဇာတ္ကား
Pika (NP News) - ႏိုဝင္ဘာ ၂၈

အေမရိကန္႐ုပ္ရွင္သ႐ုပ္ေဆာင္ Dwayne Johnson ပါဝင္သ႐ုပ္ေဆာင္ထားေသာ Red One ဇာတ္ကားသည္ ႐ုံတင္ ၿပီးေနာက္ သီတင္းပတ္(၂)ပတ္နီးပါးအၾကာတြင္ ျပည္တြင္း႐ုံတင္လက္မွတ္ေရာင္းခ်မႈမွာ မွတ္တိုင္တစ္ခုကို ေက်ာ္ သြားၿပီျဖစ္ေသာ္လည္း ေမွ်ာ္မွန္းထားေသာ အလားအလာအတိုင္းရရွိရန္ ႐ုန္းကန္ေနရဆဲျဖစ္ေၾကာင္း သိရသည္။

၂၀၂၄ ခုႏွစ္ ႏိုဝင္ဘာလ(၁၅)ရက္တြင္ ထြက္ရွိခဲ့ေသာ Red One ဇာတ္ကားတြင္ Dwayne Johnson သည္ ျပန္ေပး ဆြဲခံရေသာ ဆန္တာကေလာ့စ္ကို ကယ္ဆယ္ရန္အတြက္ အေမရိကန္႐ုပ္ရွင္သ႐ုပ္ေဆာင္ ခရစ္အီဗန္သ႐ုပ္ေဆာင္ ထားေသာ ဟက္ကာဂ်က္အိုေမာလီ ႏွင့္ လက္တြဲအလုပ္လုပ္ရန္ တြန္းအားေပးခံရသည့္ North Pole ၿမိဳ႕ အႀကီးအကဲ ေကာ္လမ္ဒရစ္ဖ္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားသည္။

Red One ဇာတ္ကားသည္ ၎၏ ျပဇာတ္႐ုံတြင္ အဓိက မွတ္တိုင္တစ္ခုကို ျဖတ္ေက်ာ္ႏိုင္ခဲ့ေၾကာင္း Box Office Mojo ၏ ေဖာ္ျပခ်က္အရ သိရသည္။ ႐ုံတင္ျပသၿပီးေနာက္ သီတင္းပတ္(၂)ပတ္နီးပါးအၾကာတြင္ Red One ဇာတ္ကားသည္ အေမရိကန္ႏိုင္ငံအတြင္းတြင္ အေမရိကန္ေဒၚလာသန္း(၅၀)ေက်ာ္အထိ ဝင္ေငြရရွိခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္လည္း အဆိုပါဝင္ေငြမွာ ေအာင္ျမင္ေသာဇာတ္ကားတစ္ကားအျဖစ္ ဆက္လက္ရပ္တည္သြားႏိုင္ရန္ လုံေလာက္ျခင္းမ်ိဳး မရွိေသးေၾကာင္းလည္း သိရသည္။ Red One ဇာတ္ကား၏ စုစုေပါင္းကုန္က်စရိတ္မွာ အေမရိကန္ေဒၚလာသန္း(၂၅၀)နီးပါးရွိမည္ဟု ခန႔္မွန္းရၿပီး ျပည္တြင္း႐ုံတင္လက္မွတ္ေရာင္းခ်ရမႈမွာ စုစုေပါင္း ကုန္က်စရိတ္၏ (၃)ပုံပုံ (၁)ပုံခန႔္ကိုသာ ျပန္လည္ရရွိႏိုင္လိမ့္မည္ဟု ေမွ်ာ္မွန္းထားၾကေၾကာင္းလည္း သိရသည္။
ထို႔ျပင္ Red One ဇာတ္ကားသည္ ႏိုင္ငံတကာေဈးကြက္မ်ားတြင္ ေအာင္ျမင္မႈမ်ားရရွိရန္ ႐ုန္းကန္ေနရေၾကာင္း လည္း သိရသည္။ Red One ဇာတ္ကား၏ ကမာၻတစ္ဝွမ္း႐ုံတင္ျပသေငြမွာ လက္ရွိအခ်ိန္အထိ ခန႔္မွန္းေျခ အေမရိကန္ေဒၚလာ(၁၁၈)သန္းသာ ရရွိထားၿပီး ၎၏ စုစုေပါင္းကုန္က်စရိတ္၏ တစ္ဝက္ခန႔္ကိုပင္ မရရွိေသး ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.