COVID ကာလအတွင်းက လိင်တူချစ်သူအကြောင်း ရိုက်ကူးထားတဲ့ တရုတ်ရုပ်ရှင် An Unfinished Film ထိုင်ဝမ်ဆုပေးပွဲ Golden Horse မှာ ဆုကြီး ဆွတ်ခူး

 25

ရောင်နီ (NP News) - နိုဝင်ဘာ ၂၅

COVID ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလရဲ့လိင်တူချစ်သူတွေအကြောင်း ရိုက်ကူးထားတဲ့ တရုတ် ရုပ်ရှင် An Unfinished Film ဟာ စနေနေ့(နိုဝင်ဘာ ၂၄ ရက်) က ထိုင်ဝမ်မှာ ကျင်းပတဲ့ Golden Horse ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်နဲ့ ဒါရိုက်တာဆု ဆွတ်ခူးရရှိခဲ့ပါတယ်။

Golden Horse ဆုပေးပွဲဟာ ဆုအတွက် တရုတ်နိုင်ငံထဲမှာလို တင်းကြပ်တဲ့ ဆင်ဆာဖြတ်တောက်မှု မရှိဘဲ ရုပ်ရှင်အမျိုးမျိုးထဲက အကောင်းဆုံးကို ဆုရွေးချယ်ပေးတာဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ တရုတ်ဒါရိုက်တာလျို့ရီ ဟာ အကောင်းဆုံးဒါရိုက်တာဆု ရရှိခဲ့ပြီး၊ ရုပ်ရှင်ဟာလည်း အကောင်းဆုံးဇာတ်ကားဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ်နိုင်ငံမှာ ရိုက်ကူးတဲ့ တရုတ်ဒါရိုက်တာ ဂန်ဂျန်ရဲ့ လိင်တူချစ်သူ ဒရာမာ "Bel Ami" က အကောင်းဆုံး ဇာတ်ဆောင်ဆု၊ အကောင်းဆုံးတည်းဖြတ်ဆုတို့ကို ရရှိခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ လိင်တူဆက်ဆံမှု၊ လိင်တူလက်ထပ်ခြင်းအပေါ် အသိအမှတ်ပြုခြင်းမရှိသလို LGBTQ+ တက်ကြွလှုပ်ရှားသူတွေနဲ့ သရုပ်ဖော်တွေကိုလည်း အစိုးရက မီဒီယာတွေကတဆင့် နှိမ်နင်းလေ့ ရှိပါတယ်။

Zawgyi Version;
COVID ကာလအတြင္းက လိင္တူခ်စ္သူအေၾကာင္း ႐ိုက္ကူးထားတဲ့ တ႐ုတ္႐ုပ္ရွင္ An Unfinished Film ထိုင္ဝမ္ဆုေပးပြဲ Golden Horse မွာ ဆုႀကီး ဆြတ္ခူး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၅

COVID ကူးစက္ေရာဂါျဖစ္ပြားေနစဥ္ကာလရဲ႕လိင္တူခ်စ္သူေတြအေၾကာင္း ႐ိုက္ကူးထားတဲ့ တ႐ုတ္ ႐ုပ္ရွင္ An Unfinished Film ဟာ စေနေန႔(ႏိုဝင္ဘာ ၂၄ ရက္) က ထိုင္ဝမ္မွာ က်င္းပတဲ့ Golden Horse ဆုေပးပြဲမွာ အေကာင္းဆုံး႐ုပ္ရွင္နဲ႔ ဒါ႐ိုက္တာဆု ဆြတ္ခူးရရွိခဲ့ပါတယ္။

Golden Horse ဆုေပးပြဲဟာ ဆုအတြက္ တ႐ုတ္ႏိုင္ငံထဲမွာလို တင္းၾကပ္တဲ့ ဆင္ဆာျဖတ္ေတာက္မႈ မရွိဘဲ ႐ုပ္ရွင္အမ်ိဳးမ်ိဳးထဲက အေကာင္းဆုံးကို ဆုေ႐ြးခ်ယ္ေပးတာျဖစ္ပါတယ္။ ဒီဇာတ္ကားနဲ႔ တ႐ုတ္ဒါ႐ိုက္တာလ်ိဳ႕ရီ ဟာ အေကာင္းဆုံးဒါ႐ိုက္တာဆု ရရွိခဲ့ၿပီး၊ ႐ုပ္ရွင္ဟာလည္း အေကာင္းဆုံးဇာတ္ကားဆုကို ရရွိခဲ့ပါတယ္။ အဲဒီေနာက္ ျပင္သစ္ႏိုင္ငံမွာ ႐ိုက္ကူးတဲ့ တ႐ုတ္ဒါ႐ိုက္တာ ဂန္ဂ်န္ရဲ႕ လိင္တူခ်စ္သူ ဒရာမာ "Bel Ami" က အေကာင္းဆုံး ဇာတ္ေဆာင္ဆု၊ အေကာင္းဆုံးတည္းျဖတ္ဆုတို႔ကို ရရွိခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ လိင္တူဆက္ဆံမႈ၊ လိင္တူလက္ထပ္ျခင္းအေပၚ အသိအမွတ္ျပဳျခင္းမရွိသလို LGBTQ+ တက္ႂကြလႈပ္ရွားသူေတြနဲ႔ သ႐ုပ္ေဖာ္ေတြကိုလည္း အစိုးရက မီဒီယာေတြကတဆင့္ ႏွိမ္နင္းေလ့ ရွိပါတယ္။

Related news

© 2021. All rights reserved.