အာဆီယံဒေသအတွင်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးလုပ်ငန်း အများဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အဆင့်(၅)နေရာတွင် ရပ်တည်နေ
2277
ဂျန်ဇက် (NP News) - ဇူလိုင် ၁၉
မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများအနက် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်နေသော နိုင်ငံများစာရင်းတွင် အဆင့် (၅) နေရာ၌ ရပ်တည်နေကြောင်းသိရသည်။ ISEAS-Yusof Ishak Institute အဖွဲ့၏ ASEAN Studies Center သည် မကြာသေးမီက အာဆီယံဒေသအတွင်း ရင်းနှီး မြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းအများဆုံး လုပ်ကိုင်နေသည့်နိုင်ငံများစာရင်းကို စစ်တမ်းကောက်ယူခဲ့ပြီးနောက် ဖော်ပြခဲ့ကြောင်းသိရသည်။
အာဆီယံဒေသအတွင်းရှိ နိုင်ငံပေါင်း (၁၀) နိုင်ငံတွင် အာဆီယံအဖွဲ့၊ တရုတ်နိုင်ငံ၊ ဩစတြေးလျ၊ ဂျပန်၊ ဥရောပ သမဂ္ဂနှင့် အခြားနိုင်ငံတို့၏ ရင်းနှီးမြှုပ် နှံမှုနှင့်စီးပွားရေး လုပ်ကိုင်မှုများကို အဆိုပါစာရင်းက စစ်တမ်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးလုပ်ကိုင်မှုက (၆၀) ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံက (၂၀) ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံက (၇) ရာခိုင်နှုန်း၊ အာဆီယံအဖွဲ့က (၇) ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂက (၆) ရာခိုင်နှုန်း နှင့် အခြားနိုင်ငံများက (၂) ရာခိုင်နှုန်းရှိနေကြောင်း ASEAN Studies Center ၏ နောက်ဆုံး ထုတ်ပြန်သော စစ်တမ်းတွင် ဖော်ပြထားသည်။ အဆိုပါအဖွဲ့၏ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှုအများဆုံးနိုင်ငံက တရုတ်နိုင်ငံဖြစ်ပြီး အမေရိကန်နိုင်ငံက ဒုတိယ နေရာတွင် ရှိနေကြောင်းသိရသည်။
တရုတ်နိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေရာ လာအိုနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေး လုပ်ကိုင်မှု အများဆုံး ပြုလုပ်ထားကြောင်းသိရသည်။ တရုတ်နိုင်ငံ၏ အာဆီယံဒေသအတွင်း စီးပွားရေးလုပ်ကိုင်မှု နှင့် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သောနိုင်ငံများစာရင်းတွင် လာအိုနိုင်ငံတွင် (၇၈) ရာခိုင်နှုန်း၊ ထိုင်း နိုင်ငံတွင် (၇၁) ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံတွင် (၆၇) ရာခိုင်နှုန်း၊ ဘရူနိုင်းနိုင်ငံတွင် (၆၄) ရာခိုင်နှုန်း၊ မြန် မာနိုင်ငံတွင် (၆၀) ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံတွင် (၆၀)ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် (၆၀) ရာခိုင် နှုန်း၊ အင်ဒိုနီးရှားနိုင်ငံတွင် (၅၄) ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံတွင် (၃၁) ရာခိုင်နှုန်း၊ ဗီယက်နမ် နိုင်ငံတွင် (၅၃) ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၏ အာဆီယံဒေသတွင်းနိုင်ငံများအနက် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှု အများဆုံးနိုင်ငံများစာရင်းတွင် ဖိလစ်ပိုင်၊ စင်ကာပူ၊ မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံတို့ရပ်တည်နေကြောင်း သိရသည်။
zawgyi version
အာဆီယံေဒသအတြင္း တ႐ုတ္ႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္စီးပြားေရးလုပ္ငန္း အမ်ားဆုံး ႏိုင္ငံမ်ားစာရင္းတြင္ ျမန္မာႏိုင္ငံက အဆင့္(၅)ေနရာတြင္ ရပ္ တည္ေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၉
ျမန္မာႏိုင္ငံသည္ အာဆီယံေဒသတြင္းႏိုင္ငံမ်ားအနက္ တ႐ုတ္ႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျပဳလုပ္ေနေသာ ႏိုင္ငံမ်ားစာရင္းတြင္ အဆင့္ (၅) ေနရာ၌ ရပ္တည္ေနေၾကာင္းသိရသည္။ ISEAS-Yusof Ishak Institute အဖြဲ႕၏ ASEAN Studies Center သည္ မၾကာေသးမီက အာဆီယံေဒသအတြင္း ရင္းႏွီး ျမႇဳပ္ႏွံမႈႏွင့္ စီးပြားေရးလုပ္ငန္းအမ်ားဆုံး လုပ္ကိုင္ေနသည့္ႏိုင္ငံမ်ားစာရင္းကို စစ္တမ္းေကာက္ယူခဲ့ၿပီးေနာက္ ေဖာ္ျပခဲ့ေၾကာင္းသိရသည္။
အာဆီယံေဒသအတြင္းရွိ ႏိုင္ငံေပါင္း (၁၀) ႏိုင္ငံတြင္ အာဆီယံအဖြဲ႕၊ တ႐ုတ္ႏိုင္ငံ၊ ဩစေၾတးလ်၊ ဂ်ပန္၊ ဥေရာပ သမဂၢႏွင့္ အျခားႏိုင္ငံတို႔၏ ရင္းႏွီးျမႇဳပ္ ႏွံမႈႏွင့္စီးပြားေရး လုပ္ကိုင္မႈမ်ားကို အဆိုပါစာရင္းက စစ္တမ္းထုတ္ျပန္ခဲ့ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္ တ႐ုတ္ႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္စီးပြားေရးလုပ္ကိုင္မႈက (၆၀) ရာခိုင္ႏႈန္း၊ အေမရိကန္ႏိုင္ငံက (၂၀) ရာခိုင္ႏႈန္း၊ ဂ်ပန္ႏိုင္ငံက (၇) ရာခိုင္ႏႈန္း၊ အာဆီယံအဖြဲ႕က (၇) ရာခိုင္ႏႈန္း၊ ဥေရာပသမဂၢက (၆) ရာခိုင္ႏႈန္း ႏွင့္ အျခားႏိုင္ငံမ်ားက (၂) ရာခိုင္ႏႈန္းရွိေနေၾကာင္း ASEAN Studies Center ၏ ေနာက္ဆုံး ထုတ္ျပန္ေသာ စစ္တမ္းတြင္ ေဖာ္ျပထားသည္။ အဆိုပါအဖြဲ႕၏ေဖာ္ျပခ်က္အရ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ႏွင့္ စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္မႈအမ်ားဆုံးႏိုင္ငံက တ႐ုတ္ႏိုင္ငံျဖစ္ၿပီး အေမရိကန္ႏိုင္ငံက ဒုတိယ ေနရာတြင္ ရွိေနေၾကာင္းသိရသည္။
တ႐ုတ္ႏိုင္ငံသည္ အာဆီယံေဒသတြင္းႏိုင္ငံမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ႏွင့္ စီးပြားေရးလုပ္ငန္းမ်ားလုပ္ကိုင္ေနရာ လာအိုႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္စီးပြားေရး လုပ္ကိုင္မႈ အမ်ားဆုံး ျပဳလုပ္ထားေၾကာင္းသိရသည္။ တ႐ုတ္ႏိုင္ငံ၏ အာဆီယံေဒသအတြင္း စီးပြားေရးလုပ္ကိုင္မႈ ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျပဳလုပ္ေသာႏိုင္ငံမ်ားစာရင္းတြင္ လာအိုႏိုင္ငံတြင္ (၇၈) ရာခိုင္ႏႈန္း၊ ထိုင္း ႏိုင္ငံတြင္ (၇၁) ရာခိုင္ႏႈန္း၊ မေလးရွားႏိုင္ငံတြင္ (၆၇) ရာခိုင္ႏႈန္း၊ ဘ႐ူႏိုင္းႏိုင္ငံတြင္ (၆၄) ရာခိုင္ႏႈန္း၊ ျမန္ မာႏိုင္ငံတြင္ (၆၀) ရာခိုင္ႏႈန္း၊ စင္ကာပူႏိုင္ငံတြင္ (၆၀)ရာခိုင္ႏႈန္း၊ ကေမာၻဒီးယားႏိုင္ငံတြင္ (၆၀) ရာခိုင္ ႏႈန္း၊ အင္ဒိုနီးရွားႏိုင္ငံတြင္ (၅၄) ရာခိုင္ႏႈန္း၊ ဖိလစ္ပိုင္ႏိုင္ငံတြင္ (၃၁) ရာခိုင္ႏႈန္း၊ ဗီယက္နမ္ ႏိုင္ငံတြင္ (၅၃) ရာခိုင္ႏႈန္းရွိေနေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံ၏ အာဆီယံေဒသတြင္းႏိုင္ငံမ်ားအနက္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ စီးပြားေရးလုပ္ငန္းလုပ္ကိုင္မႈ အမ်ားဆုံးႏိုင္ငံမ်ားစာရင္းတြင္ ဖိလစ္ပိုင္၊ စင္ကာပူ၊ ျမန္မာ၊ ကေမာၻဒီးယားႏိုင္ငံတို႔ရပ္တည္ေနေၾကာင္း သိရသည္။