၁၉၇၂ ခုနှစ်၊ မြူးနစ်အိုလံပစ်နဲ့ဆက်စပ်နေတဲ့ကြော်ငြာကမ်ပိန်းအတွက် Adidas ပြန်တောင်းပန်ခဲ့ရ

 778

ရောင်နီ(NP News) - ဇူလိုင် ၂၁

ကမ္ဘာကျော် ဇိမ်ခံ အားကစားအသုံးအဆောင် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Adidas ဟာ ၁၉၇၂ ခုနှစ်၊ မြူးနစ်အိုလံပစ်ကို အခြေခံထားတဲ့ retro sneakers အချို့အတွက် ကြော်ငြာကမ်ပိန်းပြုလုပ်ခဲ့ပြီးနောက် ဝေဖန်မှုများစွာ ရှိလာတဲ့ အတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။

မြူးနစ်အိုလံပစ်ပြိုင်ပွဲဟာ "Black September” လို့ လူသိများတဲ့ ပါလက်စတိုင်းအကြမ်းဖက်အဖွဲ့မှ အစ္စရေး အားကစားသမား ၁၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ပွဲဖြစ်ပါတယ်။
ဒါ့အပြင် ကမ့်ပိန်းမှာ မော်ဒယ် ဘယ်လာဟက်ဒစ်ကို ရွေးချယ်ခဲ့ခြင်းကလည်း ဝေဖန်မှုရဲ့အဓိကအချက် ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ သူမဟာ ပါလက်စတိုင်း-အမေရိကန်လူမျိုးဖြစ်ပြီး ပါလက်စတိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်ခဲ့ခြင်းတွေကြောင့် ထင်ရှားပါတယ်။ အဲဒါကြောင့် Adidas ဟာ ဂျူးနဲ့ အစ္စရေးတို့ရဲ့ဝေဖန်မှုတွေ ရရှိခဲ့ပြီး အဆိုပါ ဆိုရှယ်မီဒီယာပိုစ့်ကိုလည်း ပြန်ဖျက်ခဲ့ရပါတယ်။
ဒီအတွက် Adidas က "ဒါတွေဟာ လုံးဝမရည်ရွယ်ပေမယ့် ဝမ်းနည်းဖွယ်သမိုင်းဝင်ဖြစ်ရပ်တွေနဲ့ ဆက်စပ်မှုတွေအတွက် စိတ်ဆိုး၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်” လို့ Adidas ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့(ဇူလိုင် ၁၉) မှာ ပြောကြားပြီး ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

Zawgyi Version;
၁၉၇၂ ခုႏွစ္၊ ျမဴးနစ္အိုလံပစ္နဲ႔ဆက္စပ္ေနတဲ့ေၾကာ္ျငာကမ္ပိန္းအတြက္ Adidas ျပန္ေတာင္းပန္ခဲ့ရ
ေရာင္နီ(NP News) - ဇူလိုင္ ၂၁

ကမာၻေက်ာ္ ဇိမ္ခံ အားကစားအသုံးအေဆာင္ ကုမၸဏီ တစ္ခုျဖစ္တဲ့ Adidas ဟာ ၁၉၇၂ ခုႏွစ္၊ ျမဴးနစ္အိုလံပစ္ကို အေျခခံထားတဲ့ retro sneakers အခ်ိဳ႕အတြက္ ေၾကာ္ျငာကမ္ပိန္းျပဳလုပ္ခဲ့ၿပီးေနာက္ ေဝဖန္မႈမ်ားစြာ ရွိလာတဲ့ အတြက္ ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။

ျမဴးနစ္အိုလံပစ္ၿပိဳင္ပြဲဟာ "Black September” လို႔ လူသိမ်ားတဲ့ ပါလက္စတိုင္းအၾကမ္းဖက္အဖြဲ႕မွ အစၥေရး အားကစားသမား ၁၁ ဦးကို ဓားစာခံအျဖစ္ ဖမ္းဆီးသတ္ျဖတ္ခဲ့တဲ့ျဖစ္ရပ္တစ္ခုျဖစ္ခဲ့တာေၾကာင့္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့တဲ့ ပြဲျဖစ္ပါတယ္။
ဒါ့အျပင္ ကမ့္ပိန္းမွာ ေမာ္ဒယ္ ဘယ္လာဟက္ဒစ္ကို ေ႐ြးခ်ယ္ခဲ့ျခင္းကလည္း ေဝဖန္မႈရဲ႕အဓိကအခ်က္ ျဖစ္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူမဟာ ပါလက္စတိုင္း-အေမရိကန္လူမ်ိဳးျဖစ္ၿပီး ပါလက္စတိုင္း ကယ္ဆယ္ေရးလုပ္ငန္းေတြမွာ အားတက္သေရာ ပါဝင္ခဲ့ျခင္းေတြေၾကာင့္ ထင္ရွားပါတယ္။ အဲဒါေၾကာင့္ Adidas ဟာ ဂ်ဴးနဲ႔ အစၥေရးတို႔ရဲ႕ေဝဖန္မႈေတြ ရရွိခဲ့ၿပီး အဆိုပါ ဆိုရွယ္မီဒီယာပိုစ့္ကိုလည္း ျပန္ဖ်က္ခဲ့ရပါတယ္။
ဒီအတြက္ Adidas က "ဒါေတြဟာ လုံးဝမရည္႐ြယ္ေပမယ့္ ဝမ္းနည္းဖြယ္သမိုင္းဝင္ျဖစ္ရပ္ေတြနဲ႔ ဆက္စပ္မႈေတြအတြက္ စိတ္ဆိုး၊ စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့အတြက္ ေတာင္းပန္ပါတယ္” လို႔ Adidas ရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေသာၾကာေန႔(ဇူလိုင္ ၁၉) မွာ ေျပာၾကားၿပီး ျပန္လည္ေတာင္းပန္ခဲ့ရပါတယ္။

Related news

© 2021. All rights reserved.