ကျောက်မဲမြို့ကို တပ်မတော်က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်မည့် အနေအထားရှိလာ

 3937

သုတကျော် (NP News) - ဇူလိုင် ၂၁

တပ်မတော်က ကျောက်မဲမြို့ကို အပြည့်အဝပြန် လည်ထိန်းချုပ်နိုင်မည့်အနေအထားရှိနေပြီး တပ်မတော်နှင့် TNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ထံ NP News က မေးမြန်းထားချက်အရသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်တွင်စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် TNLA ၊MNDAA ပူးပေါင်းအဖွဲ့အများက ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ လားရှိုး၊ မိုးမိတ် အစရှိသဖြင့် မြို့အချို့နှင့် မန္တလေးတိုင်းဒေသကြီးက မတ္တရာ နှင့် စဉ့်ကူးမြို့နယ်တို့တွင် တိုက်ပွဲများဖော်ဆောင်ခဲ့ ခြင်းဖြစ်သည်။ ထိုသို့ တိုက်ပွဲများဖော်ဆောင်ရာတွင် ကျောက်မဲမြို့ကိုTNLA က ထိန်းချုပ်သည့်အနေအထားရှိခဲ့ကာ မြို့သိမ်းတိုက်ပွဲကာလအတွင်းTNLA က မြို့အတွင်းဝင်ကာ ဒေသခံများကို အကာအကွယ်ယူပြီး တိုက်ပွဲဖော်ဆောင်သောကြောင့် မြို့ခံများ သေဆုံးသည့်ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်။

"မနက်အထိကတော့ ဆက်လက်လှုပ်ရှားတယ် ပေါ့။ မနက်က (၈)နာရီခွဲ တစ်ကြိမ်၊ (၉) နာရီ (၁၅) တစ်ကြိမ် လေယာဉ်လာတယ်။ သူတို့ (TNLA) တော်တော်လေးထိသွားတယ်။ အခြေအနေကတော့ ပြန်ပြီးတော့ လွှမ်းမိုးနိုင်မယ့်အနေအထားတစ်ခုကို သွားနေပါတယ်။ မြို့မှာတော့ သူတို့ (TNLA) တွေ ပြန်ကျဲသွားပြီ"ဟု ကျောက်မဲမြို့ခံတစ်ဦးကဆိုသည်။

ပန်းပေါင်း၊ ဇောတိက စသည်ဖြင့် ကျောက်မဲ မြို့ပြင်တစ်ဝိုက်တွင်TNLA များ အင်အားစုဖွဲ့နေ သောကြောင့် တပ်မတော်က နယ်မြေရှင်းလင်းနေကာ ဇူလိုင်လ (၁၉) ရက်တွင် တိုက်ပွဲပြင်ထန်းခဲ့ကြောင်း သိရသည်။

"လက်ရှိမှာတော့ မြို့ကိုထိန်းချုပ်နိုင်ဖို့ အလား အလာများသွားပြီ။ ကြည်း(စစ်)ကြောင်းလည်း ထိုး ထားတယ်။ မြို့နဲ့အနီးဆုံးပေါ့ နာမည်တော့မပြောတော့ ဘူး။ အဲဒီမှာလည်း ထိုင်ထားလိုက်ပြီ။ မြို့ထဲမှာတော့TNLA တွေကျဲသွားတယ်။ မြို့ပြင်မွေးမြူရေးဇုန်ဘက်မှာ သူတို့အင်အားစုဖွဲ့တာရှိတယ်။ ဘုန်းကြီး ကျောင်းဝန်းထဲတွေ ဘာတွေမှာရှိတယ်"ဟု အထက်ပါ ဒေသခံကဆိုသည်။

မြို့အတွင်း ပိတ်မိနေသူများကလည်း ထပ်မံ ထွက်ခွာနေသကဲ့သို့ စစ်ဘေးရှောင်ပြည်သူများက လည်း မြို့ပြန်လည်ရရှိရေး တပ်မတော်စစ် ကြောင်းများလှုပ်ရှားရာတွင် အနှောင့်အယှက်မဖြစ်စေရန်အတွက် တိမ်း ရှောင်ပေးမှုများလည်းရှိနေကြောင်း ၎င်းကဆိုသည်။

zawgyi version
ေက်ာက္မဲၿမိဳ႕ကို တပ္မေတာ္က အျပည့္အဝျပန္လည္ထိန္းခ်ဳပ္ႏိုင္မည့္ အေနအထားရွိလာ
သုတေက်ာ္ (NP News) - ဇူလိုင္ ၂၁

တပ္မေတာ္က ေက်ာက္မဲၿမိဳ႕ကို အျပည့္အဝျပန္ လည္ထိန္းခ်ဳပ္ႏိုင္မည့္အေနအထားရွိေနၿပီး တပ္မေတာ္ႏွင့္ TNLA ပူးေပါင္းအဖြဲ႕ၾကား တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္ေနေၾကာင္း ေဒသခံသတင္းရင္းျမစ္အခ်ိဳ႕ထံ NP News က ေမးျမန္းထားခ်က္အရသိရသည္။

ၿပီးခဲ့သည့္ ဇြန္လ ၂၅ ရက္တြင္စတင္ခဲ့သည့္ ၁၀၂၇ စစ္ဆင္ေရး ဒုတိယပိုင္းအျဖစ္ TNLA ၊MNDAA ပူးေပါင္းအဖြဲ႕အမ်ားက ရွမ္းျပည္နယ္ေျမာက္ပိုင္းက ေက်ာက္မဲ၊ လားရႈိး၊ မိုးမိတ္ အစရွိသျဖင့္ ၿမိဳ႕အခ်ိဳ႕ႏွင့္ မႏၲေလးတိုင္းေဒသႀကီးက မတၱရာ ႏွင့္ စဥ့္ကူးၿမိဳ႕နယ္တို႔တြင္ တိုက္ပြဲမ်ားေဖာ္ေဆာင္ခဲ့ ျခင္းျဖစ္သည္။ ထိုသို႔ တိုက္ပြဲမ်ားေဖာ္ေဆာင္ရာတြင္ ေက်ာက္မဲၿမိဳ႕ကိုTNLA က ထိန္းခ်ဳပ္သည့္အေနအထားရွိခဲ့ကာ ၿမိဳ႕သိမ္းတိုက္ပြဲကာလအတြင္းTNLA က ၿမိဳ႕အတြင္းဝင္ကာ ေဒသခံမ်ားကို အကာအကြယ္ယူၿပီး တိုက္ပြဲေဖာ္ေဆာင္ေသာေၾကာင့္ ၿမိဳ႕ခံမ်ား ေသဆုံးသည့္ျဖစ္စဥ္မ်ားလည္း ျဖစ္ပြားခဲ့သည္။

"မနက္အထိကေတာ့ ဆက္လက္လႈပ္ရွားတယ္ ေပါ့။ မနက္က (၈)နာရီခြဲ တစ္ႀကိမ္၊ (၉) နာရီ (၁၅) တစ္ႀကိမ္ ေလယာဥ္လာတယ္။ သူတို႔ (TNLA) ေတာ္ေတာ္ေလးထိသြားတယ္။ အေျခအေနကေတာ့ ျပန္ၿပီးေတာ့ လႊမ္းမိုးႏိုင္မယ့္အေနအထားတစ္ခုကို သြားေနပါတယ္။ ၿမိဳ႕မွာေတာ့ သူတို႔ (TNLA) ေတြ ျပန္က်ဲသြားၿပီ"ဟု ေက်ာက္မဲၿမိဳ႕ခံတစ္ဦးကဆိုသည္။

ပန္းေပါင္း၊ ေဇာတိက စသည္ျဖင့္ ေက်ာက္မဲ ၿမိဳ႕ျပင္တစ္ဝိုက္တြင္TNLA မ်ား အင္အားစုဖြဲ႕ေန ေသာေၾကာင့္ တပ္မေတာ္က နယ္ေျမရွင္းလင္းေနကာ ဇူလိုင္လ (၁၉) ရက္တြင္ တိုက္ပြဲျပင္ထန္းခဲ့ေၾကာင္း သိရသည္။

"လက္ရွိမွာေတာ့ ၿမိဳ႕ကိုထိန္းခ်ဳပ္ႏိုင္ဖို႔ အလား အလာမ်ားသြားၿပီ။ ၾကည္း(စစ္)ေၾကာင္းလည္း ထိုး ထားတယ္။ ၿမိဳ႕နဲ႔အနီးဆုံးေပါ့ နာမည္ေတာ့မေျပာေတာ့ ဘူး။ အဲဒီမွာလည္း ထိုင္ထားလိုက္ၿပီ။ ၿမိဳ႕ထဲမွာေတာ့TNLA ေတြက်ဲသြားတယ္။ ၿမိဳ႕ျပင္ေမြးျမဴေရးဇုန္ဘက္မွာ သူတို႔အင္အားစုဖြဲ႕တာရွိတယ္။ ဘုန္းႀကီး ေက်ာင္းဝန္းထဲေတြ ဘာေတြမွာရွိတယ္"ဟု အထက္ပါ ေဒသခံကဆိုသည္။

ၿမိဳ႕အတြင္း ပိတ္မိေနသူမ်ားကလည္း ထပ္မံ ထြက္ခြာေနသကဲ့သို႔ စစ္ေဘးေရွာင္ျပည္သူမ်ားက လည္း ၿမိဳ႕ျပန္လည္ရရွိေရး တပ္မေတာ္စစ္ ေၾကာင္းမ်ားလႈပ္ရွားရာတြင္ အေႏွာင့္အယွက္မျဖစ္ေစရန္အတြက္ တိမ္း ေရွာင္ေပးမႈမ်ားလည္းရွိေနေၾကာင္း ၎ကဆိုသည္။

Related news

© 2021. All rights reserved.