လျှပ်စစ်မီး(၆)နာရီနီးပါး ပြန်ရနေသော်လည်း ဆန်ကြိတ်ခွဲမှုလုပ်ငန်းများ စိုးရိမ်နေ

 866

ယွန်း (NP News) - ဇူလိုင် ၂၂

ဆန်စက်လုပ်ငန်းများမှာ နေ့စဉ်လျှပ်စစ်မီး(၆)နာရီနီးပါးရရှိကာ အလုပ်ဖြစ်နေသော်လည်း တာဝါတိုင်များဖျက်ဆီးခံရသည့်အတွက် မီးရရှိမှု လျော့ နည်းမည်ကို စိုးရိမ်မှုများရှိနေကြောင်း NP News က ဆက်သွယ်မေးမြန်းထားချက်များ အရသိရသည်။

ပြီးခဲ့သည့်မေလက ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ ဆန်စက်များတွင် (၄) နာရီဆက်တိုက် မီးပေးနိုင်ရေး စတင်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် အထက်ပါကဲ့ သို့ လျှပ်စစ်မီးရရှိချိန်တိုးမြင့်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုကတော့ ဆန်စက်တွေမှာ လျှပ်စစ်က ပိုပြီးတော့ ပေးနိုင်နေပြီ။ ရပ်ကွက်ထဲမှာဆိုရင် အုပ်စု လိုက် မီးပေးတာတွေရှိမယ်။ ဆန်စက်တွေ၊ စက်မှုဇုန်တွေ မှာကတော့ မီးရရှိမှုက အရင်ကထက်ကောင်း သွားပြီ။ မိုးတွင်းလည်းဖြစ်တော့လေ။ အကြမ်းဖျင်းဆိုရင်တော့ စက်လည်ပတ်တဲ့ ၆ နာရီ၊ ၇ နာရီ လောက်ကတော့ ပုံမှန်ရနေပါပြီ။ မိုးတွင်းမှာဆိုရင် ရေအားလျှပ်စစ် စက်ရုံတွေလည်နိုင်တာ ဖြစ်တဲ့ အတွက် လျှပ်စစ်ပိုရ တယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကို ပြောသည်။

ထိုသို့လျှပ်စစ်မီးရရှိမှုကြောင့် ယခင်ထက် စပါးများကို ပိုမိုကြိတ်ခွဲလာနိုင်ပြီး ဆန်ဈေးနှုန်း များ ကျဆင်းလာနိုင်မည့် အလားအလာများရှိနေကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အပါအဝင် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် အဖျက်အမှောက်လုပ်ငန်းများကြောင့် တာဝါတိုင်များ ဖျက်ဆီးခံရမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

“နှစ်ခုတော့ စိုးရိမ်နေရတယ်။ တစ်ခုကတော့ အဖျက်အမှောက်လုပ်ငန်းတွေကြောင့် တာဝါတိုင် ဖျက်ဆီးခံရမှာကိုပေါ့။ တစ်ခါတစ်လေကျ အဖျက်အမှောက်လုပ်ငန်းတွေကြောင့် တာဝါတိုင်တွေဖျက်ဆီး ခံရရင် မီးပျက်တာတို့ဘာတို့ဖြစ်နိုင်တယ်။ ဘယ်လိုမှ မှန်းဆလို့မရဘူးလေ။ နောက်တစ်ခုက မိုးအရမ်း ရွာရင် System breakdown ဖြစ်တယ်လေ။ ပုံမှန်ဆိုရင်တော့ လျှပ်စစ်မီးက မိုးရာသီမှပို ရတာပေါ့။ အခက်အခဲရှိတာက နွေရာသီ။ အခုကတော့ တော်တော်များ များရနေပါပြီ” ဟု ဦးရဲမင်းအောင် ကပြောသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုတွင် စွမ်းအင်အရင်းအမြစ် ပါဝင်မှုအချိုးအစား (Generation Mix) အားဖြင့် ရေအား (၄၅) ရာခိုင်နှုန်း၊ သဘာဝဓာတ် ငွေ့(၅၀)ရာခိုင် နှုန်း၊ နေရောင်ခြည် (၃) ရာခိုင်နှုန်း၊ ကျောက်မီးသွေး (၂) ရာခိုင်နှုန်းတို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ် လျက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံ၌ လျှပ်စစ် ဓာတ်အား စက်ရုံပေါင်း (၆၄)ရုံရှိပြီးလျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်(၇၁၈၄ ဒသမ ၄၆)ထွက်ရှိနိုင်သော်လည်း နေ့စဉ်ပျမ်းမျှ မဂ္ဂါဝပ်(၂၈၆၅ ဒသမ ဝ၁)ခန့်သာထုတ် လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧကပေါင်း(၁၅)သန်းခန့်ရှိခဲ့ပြီး နှစ်စဉ်စပါးထွက်ရှိမှုနှုန်းမှာ တင်း သန်းပေါင်း(၁၀၈၈)သန်းရှိပြီး နွေစပါးစိုက်ဧက ပေါင်းမှာလည်း နှစ်သန်းရှိသည့်အတွက် စပါးတင်း သန်း ပေါင်း(၂၁၃)သန်းခန့်ထွက်ရှိကြောင်း သိရ သည်။ ပြည်တွင်း၌ စပါးများရှိနေသော်လည်း လျှပ် စစ်မီး ပုံမှန်မရရှိမှုကြောင့် ဆန်စက်များတွင် ကြိတ်ခွဲမှု ပမာဏလျော့နည်းခဲ့ပြီး ဈေးကွက်ထဲ၌ ဆန်ဈေးကြီးမြင့်မှုများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

zawgyi version
လွ်ပ္စစ္မီး(၆)နာရီနီးပါး ျပန္ရေနေသာ္လည္း ဆန္ႀကိတ္ခြဲမႈလုပ္ငန္းမ်ား စိုးရိမ္ေန
ယြန္း (NP News) - ဇူလိုင္ ၂၂

ဆန္စက္လုပ္ငန္းမ်ားမွာ ေန႔စဥ္လွ်ပ္စစ္မီး(၆)နာရီနီးပါးရရွိကာ အလုပ္ျဖစ္ေနေသာ္လည္း တာဝါတိုင္မ်ားဖ်က္ဆီးခံရသည့္အတြက္ မီးရရွိမႈ ေလ်ာ့ နည္းမည္ကို စိုးရိမ္မႈမ်ားရွိေနေၾကာင္း NP News က ဆက္သြယ္ေမးျမန္းထားခ်က္မ်ား အရသိရသည္။

ၿပီးခဲ့သည့္ေမလက ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတို႔ရွိ ဆန္စက္မ်ားတြင္ (၄) နာရီဆက္တိုက္ မီးေပးႏိုင္ေရး စတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ပိုင္းတြင္ အထက္ပါကဲ့ သို႔ လွ်ပ္စစ္မီးရရွိခ်ိန္တိုးျမင့္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုကေတာ့ ဆန္စက္ေတြမွာ လွ်ပ္စစ္က ပိုၿပီးေတာ့ ေပးႏိုင္ေနၿပီ။ ရပ္ကြက္ထဲမွာဆိုရင္ အုပ္စု လိုက္ မီးေပးတာေတြရွိမယ္။ ဆန္စက္ေတြ၊ စက္မႈဇုန္ေတြ မွာကေတာ့ မီးရရွိမႈက အရင္ကထက္ေကာင္း သြားၿပီ။ မိုးတြင္းလည္းျဖစ္ေတာ့ေလ။ အၾကမ္းဖ်င္းဆိုရင္ေတာ့ စက္လည္ပတ္တဲ့ ၆ နာရီ၊ ၇ နာရီ ေလာက္ကေတာ့ ပုံမွန္ရေနပါၿပီ။ မိုးတြင္းမွာဆိုရင္ ေရအားလွ်ပ္စစ္ စက္႐ုံေတြလည္ႏိုင္တာ ျဖစ္တဲ့ အတြက္ လွ်ပ္စစ္ပိုရ တယ္” ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကို ေျပာသည္။

ထိုသို႔လွ်ပ္စစ္မီးရရွိမႈေၾကာင့္ ယခင္ထက္ စပါးမ်ားကို ပိုမိုႀကိတ္ခြဲလာႏိုင္ၿပီး ဆန္ေဈးႏႈန္း မ်ား က်ဆင္းလာႏိုင္မည့္ အလားအလာမ်ားရွိေနေၾကာင္း သိရသည္။ သို႔ေသာ္ ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္ အပါအဝင္ ဆန္စက္လုပ္ငန္းရွင္မ်ားအေနျဖင့္ အဖ်က္အေမွာက္လုပ္ငန္းမ်ားေၾကာင့္ တာဝါတိုင္မ်ား ဖ်က္ဆီးခံရမည္ကို စိုးရိမ္လ်က္ရွိေၾကာင္း သိရသည္။

“ႏွစ္ခုေတာ့ စိုးရိမ္ေနရတယ္။ တစ္ခုကေတာ့ အဖ်က္အေမွာက္လုပ္ငန္းေတြေၾကာင့္ တာဝါတိုင္ ဖ်က္ဆီးခံရမွာကိုေပါ့။ တစ္ခါတစ္ေလက် အဖ်က္အေမွာက္လုပ္ငန္းေတြေၾကာင့္ တာဝါတိုင္ေတြဖ်က္ဆီး ခံရရင္ မီးပ်က္တာတို႔ဘာတို႔ျဖစ္ႏိုင္တယ္။ ဘယ္လိုမွ မွန္းဆလို႔မရဘူးေလ။ ေနာက္တစ္ခုက မိုးအရမ္း ႐ြာရင္ System breakdown ျဖစ္တယ္ေလ။ ပုံမွန္ဆိုရင္ေတာ့ လွ်ပ္စစ္မီးက မိုးရာသီမွပို ရတာေပါ့။ အခက္အခဲရွိတာက ေႏြရာသီ။ အခုကေတာ့ ေတာ္ေတာ္မ်ား မ်ားရေနပါၿပီ” ဟု ဦးရဲမင္းေအာင္ ကေျပာသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ လွ်ပ္စစ္ ဓာတ္အားထုတ္လုပ္မႈတြင္ စြမ္းအင္အရင္းအျမစ္ ပါဝင္မႈအခ်ိဳးအစား (Generation Mix) အားျဖင့္ ေရအား (၄၅) ရာခိုင္ႏႈန္း၊ သဘာဝဓာတ္ ေငြ႕(၅၀)ရာခိုင္ ႏႈန္း၊ ေနေရာင္ျခည္ (၃) ရာခိုင္ႏႈန္း၊ ေက်ာက္မီးေသြး (၂) ရာခိုင္ႏႈန္းတို႔ျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ လ်က္ရွိေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံ၌ လွ်ပ္စစ္ ဓာတ္အား စက္႐ုံေပါင္း (၆၄)႐ုံရွိၿပီးလွ်ပ္စစ္ဓာတ္အား မဂၢါဝပ္(၇၁၈၄ ဒသမ ၄၆)ထြက္ရွိႏိုင္ေသာ္လည္း ေန႔စဥ္ပ်မ္းမွ် မဂၢါဝပ္(၂၈၆၅ ဒသမ ဝ၁)ခန႔္သာထုတ္ လုပ္ျဖန႔္ျဖဴးေပးႏိုင္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ မိုးစပါးစိုက္ဧကေပါင္း(၁၅)သန္းခန႔္ရွိခဲ့ၿပီး ႏွစ္စဥ္စပါးထြက္ရွိမႈႏႈန္းမွာ တင္း သန္းေပါင္း(၁၀၈၈)သန္းရွိၿပီး ေႏြစပါးစိုက္ဧက ေပါင္းမွာလည္း ႏွစ္သန္းရွိသည့္အတြက္ စပါးတင္း သန္း ေပါင္း(၂၁၃)သန္းခန႔္ထြက္ရွိေၾကာင္း သိရ သည္။ ျပည္တြင္း၌ စပါးမ်ားရွိေနေသာ္လည္း လွ်ပ္ စစ္မီး ပုံမွန္မရရွိမႈေၾကာင့္ ဆန္စက္မ်ားတြင္ ႀကိတ္ခြဲမႈ ပမာဏေလ်ာ့နည္းခဲ့ၿပီး ေဈးကြက္ထဲ၌ ဆန္ေဈးႀကီးျမင့္မႈမ်ား ျဖစ္ေပၚေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.